တိုက်ပွဲသတင်း

Lucky Man ဟိုတယ်မှာ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ရှိနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော

ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာ Lucky Men ဟိုတယ်တွင်း စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင် ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ထိရှိနေသေးတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက်  မှာရှိတဲ့ Lucky Man ဟိုတယ်ကနေ ဒီနေ့ထိထွက်ခွာသွားခြင်းမရှိဘဲ ဆက်ရှိနေသေးတဲ့အတွက် KIA ပူပေါင်းတပ်ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

“Lucky Man ဟိုတယ်ထဲမှာရှိနေတဲ့ အင်အား ၅၀ လောက်က အခုချိန်အထိ မထွက်လာသေးဘူး။ အဲဒါကြောင့် KIA ပူပေါင်းတပ်တွေကလည်း လမ်းကြောင်းအားလုံးကို ပိတ်ထားတယ်။ စစ်တပ်ဘက်ကလည်း အဲဒီစစ်ကြောင်းတွေကို ကယ်ထုတ်ဖို့ရန်အတွက် စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေလှမ်းထုတယ်။ ပြီးရင် လက်နက်ကြီးတွေနဲ့ နေ့တိုင်းလာပစ်တယ်။ အဲကြောင့် ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်။ ဖားကန့်မြို့တစ်ခုလုံးမှာရှိတဲ့ ပြည်သူတွေလည်း ကြောက်လန့်ပြီးတော့ စစ်ရှောင်နေကြတယ်လို့ပြောပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့ ဒီနေ့အထိ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အချင်းချင်း လမ်းကြောင်းအပြန်အလှန်ပိတ်ဆို့ထားသလို ဖားကန့် ဗျူစစ်တပ်ကုန်းကနေ တိုက်ပွဲဖြစ်တဲ့ ဆိုင်းတောင်ရွာဘက်ကို လက်နက်ကြီးတွေ အဆက်မပြတ်ယမ်းသမ်းပစ်ခတ်နေတာကြောင့် တိုက်ပွဲပိုပြင်းထန်နေတာလို့ ဒေသခံတွေပြောပါတယ်။

အလားတူ KIA ပူးပေါင်းတပ်ဘက်ကလည်း ဗျူဟာကုန်းဘက်ကို တန်ပြန်ပစ်ခတ်တာတွေလုပ်နေပြီး စစ်ကောင်စီဘက်ကနေ တစ်ရက်ကို  ကြိမ်နှုန်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ် မီးလောင်ပျက်စီးတာတွေ ဆက်လက်ရှိနေတယ်လို့လည်း သိရပါတယ်။

ဖားကန့် ဆိုင်းတောင်တိုက်ပွဲဟာ တစ်ရက်ပြီးတစ်ရက် ပိုမိုပြင်းထန်လာတဲ့အတွက် ဖားကန့်မြို့တွင်းကုန်စုံဆိုင်ရောင်းဝယ်တဲ့ လုပ်ငန်းရှင်တွေ၊ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ချို့တွေ လုပ်ငန်းတွေ ရပ်တန့်ထားပြီး စွန့်ခွာတဲ့ သူတွေများပြားလာတယ်လို့ သိရပါတယ်။

လက်ရှိ ဖားကန့်တိုက်ပွဲနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက အခုလို ဆက်ပြောပါတယ်။

ဆိုင်းတောင်တိုက်ပွဲသတင်းက မနေ့ည အထိ ပြင်းပြင်းထန်ထန်ပစ်ခတ်နေကြတုန်းပါပဲ။ အခုအဓိက တိုက်ပွဲဲဖြစ်နေတဲ့ နေရာက Lucky Man Hotel နဲ့ ယူမာကျောက်မျက်ရုံး  အနောက်ဖက်ခြမ်း ဥရုချောင်းနဲ့ ဂွေခါ ချောင်းဆုံအနီးတဝိုက်မှာပဲ တိုက်ပွဲက ဆက်ဖြစ်နေတာလို့ပြောပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့မှာလည်း ယူမာကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က တစ်ပြိုင်နက် ဂျက်လေယာဉ်  စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဆိုင်းတောင်တိုက်ပွဲဟာ စက်တင်ဘာလ  ရက်နေ့ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကာလကြာမြင့်လာတာနဲ့အတူ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလာသလို ဆိုင်းတောင်ကျေးရွာအပါ ထိစပ်တဲ့ ကျေးရွာအသီးသီးက ဒေသခံပြည်သူ  ထောင်ဝန်းကျင်ခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ရက်ပေါင်း ၂၀ ကျော်အတွင်း စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်တာတွေကြောင့် လူနေအိမ် ၅၀၀ ခန့် မီးလောင်းပျက်စီးမှုရှိနိုင်တယ်လို့ ဖားကန့် ဒေသခံ လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။

ဖားကန့် ဆိုင်းတောင်တိုက်ပွဲဟာ Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်ခွာသွားမှသာ တိုက်ပွဲငြိမ်သက်သွားနိုင်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button