-
May- 2024 -6 Mayတိုက်ပွဲ
ဝိုင်းမော်မြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ရွာပေါင်း ၃ ရွာထက်မနည်းစစ်ဘေးရှောင်နေရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲနယ်မြေမှာရှိနေတဲ့ ဒေသခံပြည်သူအားလုံးစစ်ရှောင်နေကြရတယ်လို့ ပြောပါတယ်။ ဝူယန်ကျေးရွာက ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က မကြာမခဏလာရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း စစ်ရေးလှုပ်ရှားနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်က ညတိုင်း ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနား မြောက်ပိုင်းတိုင်းဘက်က လက်နက်ကြီးတွေရမ်းတမ်းပစ်ခတ်တာကြောင့် လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် ရွာသားတွေ တိမ်းရှောင်ပြီလို့ ဝူယန်ကျေးရွာဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ကျနော်တို့ ဝူယန်ကျေးရွာတွေက အားလုံးရှောင်ပြီ။ ရွာမှာ ပြည်သူ့စစ်စခန်းရှိတော့ ခဏခဏ တိုက်ပွဲဖြစ်လို့ ရှောင်ပြီ။ မဒိန်ရွာတွေလည်း ရှောင်တော့ရှောင်ပေမဲ့ ရှောင်လိုက်၊ နေလိုက် ရှိနေပုံပဲ။ သွားလာရင် မဒိန်၊ ခကွမ်ရွာတွေ အိမ်တွေမှာရှိနေကြတာ တွေ့ရသေးတယ်။ ကျနော်တို့တော့ ပြည်သူ့စစ်နဲ့ကပ်ရပ်ဆိုတော့ နေလို့အဆင်မပြေတော့ဘူး။ ၅၈ တပ်ရင်းက လက်နက်ကြီးပစ်တာလည်း ရွာသားတွေကို လာထိတယ်။ စာသင်ကျောင်း၊ ဘုရားကျောင်းတွေမှာလည်း ထိတယ်။” …
Read More » -
6 Mayသတင်း
ဆိုင်းတောင်မှာ ဒုရဲအုပ်တစ်ဦးဖမ်းဆီးခံရပြီးနောက် စစ်တပ်ဘက်ကစစ်ရေးလှုပ်ရှားနေ
ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာမှာ ဒုရဲအုပ်တစ်ဦးဖမ်းဆီးခံရပြီးတဲ့နောက် ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းအသုံးပြုပြီးတော့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ KPDF တပ်သားတစ်ချို့ ဆိုင်းတောင် (ဆိပ်မူ) ရဲစခန်းက ဒုရဲအုပ်တစ်ဦးကိုဖမ်းဆီးလိုက်ပြီးနောက် ဆိုင်းတောင်ရွာအတွင်း စစ်ကောင်စီကစစ်ရေးလှုပ်ရှားဆက်တိုက်ရှိနေတဲ့အပြင် ဖမ်းဆီးစစ်ဆေးတာတွေလည်းလုပ်နေတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “ဆိုင်းတောင်မှာ ပိုက်ဆံထွက်လွှဲတဲ့ ဒုရဲအုပ်တစ်ယောက်ဖမ်းပြီးတဲ့နောက် နောက်ဆက်တွဲလို့ယူဆလို့ရပါ တယ်။အဲ့နောက်ပိုင်းမှာသူတို့က ရွာထဲမှာ စစ်ကြောင်းတွေထိုးတယ် မသင်္ကာသူတွေကိုဖမ်းတယ် ဆိုင်းတောင်ရွာထဲကိုထိုးတာဗျ။ စာသင်ကျောင်းထဲကိုပေါ့”လို့ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကဆိုရင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်း အဖွဲ့ဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အပြင် ဖားကန့်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်မြို့နယ်KPDF ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။…
Read More » -
6 Mayသတင်း
ကသာမှာ မိုးကြိုးပစ်လို့ အမျိုးသားတစ်ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ မေလ ၅…
Read More » -
3 Mayသတင်း
ဆယ်ဇင်းရွာအနီး သံယောဇဥ်ကုန်းမှာ တိုက်ပွဲဆက်ပြင်းထန်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ်ကုန်းမှာ စစ်ကောင်စီ၊SNA ပူးပေါင်းတပ် နဲ့ KIA၊KPDF တပ်တွေကြားတိုပ်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလေကြောင်းနဲ့ ပစ်ကူနေတယ်လို့ ဆယ်ဇင်းဒေသခံတွေဆီကနေ သိရပါတယ်။ ဆယ်ဇင်းကျေးရွာနဲ့ ၃ မိုင်ကျော်အကွာ ကချင်နဲ့စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ သံယောဇဥ်ရွှေမှော် ဒေသအခေါ်(သံယောဇဥ်ကုန်း)မှာတပ်စွဲထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA၊စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDFတပ်တွေကြား ဧပြီ ၂၆ ရက်နေ့ ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီကလေကြောင်းနဲ့ ပစ်ကူနေတယ်လို့ ဆယ်ဇင်းကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ပစ်တာတော့ပစ်နေကြတုန်းပါ့ ပစ်လိုက်နားလိုက်ပဲ တစ်ခါတလေကြရင်လည်း တစ်ညလုံးလိုလိုကိုပစ်နေကြတာ မနေ့ကတော့ညပိုင်းမှာ လေယာဥ်နဲ့နှစ်ကြိမ်ဝဲပြီး ဗုံးကြဲချသွားတယ်”လို့ ပြောပါတယ်။ ဖားကန့်ဆယ်ဇင်းနဲ့ ဟုမ္မလင်းနယ်နန့်တောကြားမှာရှိတဲ့ သံယောဇဥ်ကုန်းမှာ SNA အထိုင်တပ်တစ်ခုရှိတာဖြစ်ပြီး လက်ရှိ စစ်ကောင်စီ…
Read More » -
3 Mayသတင်း
စံလွန်ယန်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ် ခြေ ၂၀ ခန့်ထိခိုက်ပျက်စီး
ကချင်ပြည်နယ် မံစီမြို့နယ် စံလွန်ယန်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့်…
Read More » -
3 Mayသတင်း
ကိုးကန့်တပ်ဖွဲ့ ကချင်အမျိုးသမီးတစ်ဦးကိုဖမ်းဆီးထား
ရှမ်းမြောက် နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာမှာ ကိုးကန့်…
Read More » -
3 Mayသတင်း
မြစ်ကြီးနား နဲ့ ဝိုင်းမော်မှာ တစ်လအတွင်းယာဉ်တိုက်မှုပေါင်း အကြိမ် ၆၀ ကျော်ဖြစ်ပွား
မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း အကြိမ် ၆၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ စုစည်းထားချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း အကြိမ် ၅၀မှာ သေဆုံးမှုတစ်ကြိမ်ပါဝင်ပြီး ဝိုင်းမော်မြို့အခြေစိုက် မွန်မြတ်စေတာလူမှုကယ်ဆယ်ရေးအသင်းရဲ့စုစည်းထား ချက်အရ ယာဉ်တိုက်မှု ၁၁ ကြိမ်ဖြစ်ပွားခဲ့တဲ့ထဲမှာ သေဆုံးမှု တစ်ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလမှာ ဖြစ်ခဲ့တဲ့ယာဉ်တိုက်မှုတွေကတော့ သင်္ကြန်ကာလဖြစ်တဲ့အတွက် ပိုပြီးအဖြစ်များလာတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းရဲ့အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဒီလကတော့ သင်္ကြန်ကာလ ၄ ရက်မှာ အများဆုံး ဖြစ်သွားတယ် လူငယ်တွေနဲ့ အဖိုးအဖွားအရွယ်တွေ ပိုပြီးမှဖြစ်သွားတာပေါ့ ဖြစ်တာက ညနေစောင်းစောင်း အချိန်တွေမှာဟုတ်တယ်”လို့ ဆိုပါတယ်။…
Read More » -
3 Mayသတင်း
တာမခံကျေးရွာ မီးဘေးသင့်အိမ်ခြံတွေ လုပ်ငန်းရှင်တစ်ချို့ဝယ်ယူပြီး ကျောက်တူးဖို့စီစဥ်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာတိုက်ပွဲတွင်း မီးလောင်ပျက်စီးသွားတဲ့ အိမ်ခြံမြေတွေကို လုပ်ငန်းရှင်တစ်ချို့ဝယ်ယူပြီး ကျောက်တူးဖို့စီစဥ်နေကြတယ်လို့ တာမခံဒေသခံတွေဆီကနေ သိရပါတယ်။ တာမခံတိုက်ပွဲမှာ စစ်တပ်ရဲ့လေကြောင်းဗုံးကျဲတိုက်ခိုက်မှုအပြင် တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်ခြေ ၃၇၆ လုံးမီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မီးလောင်ပျက်စီးသွားတဲ့အိမ်ခြံမြေတွေကို လုပ်ငန်းရှင်တစ်ချို့စျေးနှိမ်ပေးဝယ်ပြီး ကျော်တူးဖို့စီစဥ်နေတယ်လို့ အသက် ၄၀ ကျော်အရွယ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ “ဟုတ်တယ်ရှင့် ဒီကအိမ်ခြံတွေက ပုံမှန်ဆိုရင်မြေမှန်တယ် ခြံကျယ်တယ်ဆိုရင် သိန်း ၅ ထောင်၊ သိန်း ၈ထောင်အဲ့လောက်ထိစျေးပေါက်တာ။ ဒါပေမယ့်အခုအဲ့လောက်မပေးဘူး ရာဂဏန်းလောက်ပဲပေးဝယ်နေတာ ဝယ်ပြီးမှကျောက်တူးမယ်မြေပြန်ဖို့ပေးခဲ့မယ်ပေါ့ သူတို့ညှိနေကြတုန်း ကျောက်တူးခွင့်ရမရကိုတော့မသိသေးဘူး”လို့ ပြောပါတယ်။ တာမခံကျေးရွာဟာ ဟောင်ပါး၊ ဆယ်ဇင်းနေရာတွေထက် ကျောက်စိမ်းအရည်အသွေးကောင်းပြီး ကျောက်ကောင်းထွက်တာကြောင့် ပုံမှန်အားဖြင့် ပေ ၈၀ ၊ပေ ၁၂၀ ကျယ်တဲ့ အိမ်ခြံတစ်ကွက် ပေါက်စျေးကျပ် သိန်း ၅၀၀၀ ကနေ ကျပ်သိန်း ၈၀၀၀ ကြားရှိတယ်လို့သိရပေမယ့် လက်ရှိလုပ်ငန်းရှင်တွေက ကျပ်သိန်း ၃၀၀ နဲ့ ကျပ်သန်း ၈၀၀ ကြားသာစျေးပေးဝယ်နေပြီး ကျောက်တူးဖို့စီစဥ်နေတာလို့သိရပါတယ်။…
Read More » -
3 Mayသတင်း
မိုးမောက်မြို့ စျေးဆိုင် နဲ့ လူနေအိမ်တစ်ချို့ဖောက်ထွင်းခံနေရတဲ့အပြင် အရပ်သားနေအိမ်တစ်ချို့မှာစစ်တပ်ကနေရာယူထား
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင် လူနေအိမ်တစ်ချို့မှာလည်း ဝင်ရောက်နေရာယူထားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကစပြီး မိုးမောက်မြို့ဈေးကြီးတံခါးရိုက်ချိုးပြီး ဈေးဆိုင်ထဲကပစ္စည်းတွေသယ်ယူနေတဲ့အပြင် လူမရှိတဲ့နေအိမ်တစ်ချို့မှာ စစ်သားတွေနေရာယူထားကြတယ်လို့ မိုးမောက်မြို့ခံတစ်ချို့ကပြောပါတယ်။ “ဈေးကြီးကိုဖျက်ပြီး ဆိုင်တွေမှာဝင်ပြီး နေရာတွေယူ၊ ပစ္စည်းတွေ ယူချင်သလိုယူနေကြတာ၊ ပြီးတော့ ညနေကျတော့ အဲ့ဒီဈေးရဲ့ မျက်စောင်းထိုးက ဆန်ဆိုင်ကနေပြီး ကားတွေရော အကုန်ယူသွားတာ”လို့ပြောပါတယ်။ မိုးမောက်မြို့မှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကနေ စစ်တပ်နဲ့ KIA တပ်တို့အကြား မကြာခနဆိုသလို တိုက်ပွဲဖြစ်နေတဲ့အပြင် မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် ဒေသခံအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးကြပြီဖြစ်ပါတယ်။သို့သော် မသန်စွမ်းသူတစ်ချို့နဲ့ အိမ်စောင့်အဖြစ်ကျန်နေသေးတဲ့ ဒေသခံပြည်သူတစ်ချို့ ရှိနေသေးတာဖြစ်ပါတယ်။ …
Read More » -
2 Mayသတင်း
ကသာမြို့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း…
Read More »









