-
Jul- 2023 -11 Julyသတင်း
NSCN- K အဖွဲ့ခေါင်းဆောင်ပိုင်းမှာ သဘောထားကွဲလွဲနေပြီး ရက်ပိုင်းအတွင်း ၂ကြိမ်ပစ်ခတ်မှုဖြစ်
စစ်ကိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခြေစိုက်ထားတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ( NSCN- K)အဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ပိုင်းတွေမှာ သဘောထားကွဲလွဲမှုတွေရှိလာနေပြီး အခုရက်ပိုင်းအတွင်းမှာပဲ အဖွဲ့အချင်းချင်းကြားပစ်ခတ်မှု ၂ ကြိမ်ရှိခဲ့တယ်လို့ နာဂအမျိုးသားရေးကျွမ်းကျင်သူတွေဆီကနေသိရပါတယ်။ NSCN- K အဖွဲ့ထိပ်သီးခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ယုန်းအောင်၊ ဗိုလ်ချုပ်အန်းမိုင်းနှင့်လန်ညေးတို့ကြားမှာ ၂၀၂၂ ခုနှစ်ကတည်းက အချင်းချင်းကြားသဘောထား ကွဲလွဲ မှုတွေ စတင်ဖြစ်ပွားခဲ့ပြီး…
Read More » -
11 Julyသတင်း
မုံရွာမှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတစ်ဦးသေဆုံ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မအူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီး၁ဦးသေဆုံးခဲ့ရပြီး ၂ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။ မနေ့က ညနေပိုင်း ၆နာရီဝန်းကျင်မှာ မုံရွာမြို့အဝင် မအူရွာစစ်ဆေးရေးဂိတ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မအူရွာဘက်ကို ၆၀မမ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါ တယ်။ “သူတို့က ရမ်းသမ်းပြီးပစ်တာ ဘာမှလည်းဖြစ်နေတာမဟုတ်ပဲ မအူရွာကိုကျတာထိတာကတော့၃ယောက်…
Read More » -
10 Julyသတင်း
ဝက်လက်မှာ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီများလိုအပ်နေ
စစ်ကိုင်းတိုင်း ဝက်လက်နယ်အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁သောင်းကျော်ဘေးလွှတ်ရာကိုထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။ မနေ့က မနက်ပိုင်း ၉နာရီလောက်မှာ ရွှေဘိုလေ့ကျင့်ရေး ၈ တပ်ကထွက်လာတဲ့ အင်အား၇၀ကျော်ရှိတဲ့ စစ်ကြောင်းဟာ ဝက်လက်နယ်လှတောကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ Wetlet Informational Network မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ဒီနေ့မနက်ခင်းမှာ…
Read More » -
10 Julyသတင်း
စစ်တပ်ဂိတ်ကဖမ်းသွားတဲ့ ကားသမား ၂လကြာပေမယ့် မိသားစုနဲ့အဆက်အသွယ်မရသေး
ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ KIA တပ်သား ၄ ဦးနဲ့အတူဖမ်းခံလိုက်ရတဲ့ ကားသမားကို ယနေ့ချိန်ထိ မိသားစုနဲ့အဆက်အသွယ်မရဖြစ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ကွတ်ခိုင်မြို့ ရပ်ကွက် ၇ တွင်နေထိုင်သော ဦးဇော်အောင်ဆိုတဲ့ကားသမားဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ ဖမ်းဆီးခံသွားရတာဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ်လဖိုင်ဂျာအိန်မှ KNG သတင်းဌာနအား ယခုလိုပြောပြသည်။ “အခုချိန်ထိ ဘာသတင်းမှမကြားတော့တာ။ သူက မူဆယ်နဲ့ကွတ်ခိုင်ကြား ကားဆွဲတဲ့အလုပ်လုပ်တယ်။ အဲ့နေ့က မူဆယ်ကနေ ဒီဘက်ကိုဆင်းလာဖို့လုပ်ချိန် ခရီးသည်မရှိတာကြောင့် အိမ်ကိုပဲတန်းပြန်လာပြီး…
Read More » -
10 Julyသတင်း
ရေဦးနယ် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းအနီးကို လေကြောင်းကတိုက်ခိုက်
စစ်ကိုင်းတိုင်း ရေဦးနယ် ရေမြက်ကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်း၁၀နာရီလောက်မှာ လေကြောင်းကနေဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့်ထိခိုက်ပျက်ဆီးမူတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ “ဒီမနက်မှာ ရေမြက်ကျေးရွာပေါ်ကို ပေါင် ၅၀၀ ဗုံး၃လုံးကြဲချတယ်စက်လက်နက်တွေနဲ့လည်းရွာပတ်ပတ်လည်ကိုဝဲပြီးပစ်သွားတယ်ဗျ။ ထိခိုက်မူကတော့ဘုန်းကြီးကျောင်းက စေတီတော်က ထီးတော်ပြုတ်ကျသွားတယ်ဆင်းတုတော် ၅ ဆူထက်မနည်းပျက်ဆီးသွားတယ် စာသင်ကျောင်းလည်း အနည်းငယ်ထိခိုက်သွား တယ် အရပ်သား ကျဆုံးမူတော့မတွေ့ရသေးပါဘူး”ဟု ကိုထူးခန့်ကပြောပါတယ်။ ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံး၃လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဓမ္မာရုံအနီးကျရောက်ခဲ့တဲ့တစ်လုံးကတော့ ပေါက်ကွဲခဲ့ခြင်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။လက်ရှိအခြေနေတွေကြောင့် ရေမြက်ကျေးရွာနဲ့အနီးတစ်ဝှိုက်က ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေကပြောပါတယ်။…
Read More » -
10 Julyသတင်း
ရွှေကူအရှေ့တောင်ခြမ်းက စစ်ရှောင်ပြည်သူများ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီလိုအပ်နေ
ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့တောင် ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များလာနေပြီး ဆေးဝါး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေကန သိရပါတယ်။ လွန်ခဲ့တဲ့ မတ်လကတည်းက တောတောင်တွေထဲစစ်ဘေးရှောင်နေရတဲ့မံဝင်း၊စီသာ၊ စီသောင်၊ နောင်လတ်ကြီး၊ နန့်လန်၊ မံနား၊ မံခါး၊ စီမူလေး၊စီမူကြီးနဲ့ အနီးဝန်ကျင်ကကျေးရွာပေါင်း ၁၂ ရွာက…
Read More » -
10 Julyသတင်း
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နမ့်ဖတ်ကာ ဒေသခံကချင်အမျိုးသမီးတစ်ဦး ထိခိုက်
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ မနေ့ည ၇ နာရီလောက်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ နမ်ဖတ်ကာရှိ စစ်ကောင်စီ ခလရ ၁၂၃ တပ်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် နမ်ဖတ်ကာအရှေ့ဘက် နားဖိုင်ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “တိုက်ပွဲမဖြစ်လဲ နမ်ဖတ်ကာစစ်တပ်က ပုံမှန်လက်နက်ကြီးရမ်းသမ်းပစ်နေကျ ဟုတ်တယ်။…
Read More » -
9 Julyသတင်း
မိုးရွာသွန်းမှုကြောင့် ဖားကန့်မြို့တွင်းလမ်းမကြီးနေရာတစ်ချို့ပျက်စီးနေပြီး ပြည်သူများသွားလာရေးခက်ခဲနေ
ဖားကန့်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် မြို့တွင်းလမ်းမကြီးနေရာတစ်ချို့ပျက်စီးနေတဲ့အတွက် ပြည်သူများ သွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။ လုံးခင်း-ဖားကန့် သွား လမ်းမကြီးပေါ်ရှိ မှော်စီစာကျေးရွာနှင့် နမ္မဖြစ်ကျေးရွာအကြားလမ်းအရှည် နှစ်မိုင်ခန့်ပျက်စီးနေကြောင်း ဒေသခံတစ်ဦးနေကြောင်း လုံးခင်းဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “လမ်းက အရင်တုန်းက ချိုင့်ခွက်တွေနဲ့မို့ မုန့်လင်မယားလို ဖြစ်နေတာ၊အခုက လကမ္ဘာပေါ်က မျက်နှာပြင်လို ဖြစ်နေပြီ” လို့ ပြောပါတယ်။ အဆိုပါလမ်းအပိုင်းမှာ ယခင်က ဆိုင်ကယ်၊ကားတွေ ကောင်းမွန်စွာဖြတ်သန်းသွားလာခွင့်ရပေမယ့် ခုရက်ပိုင်း မိုးသည်းထန်စွာရွာပြီးနောက် ချိုင့်ခွက်များ၊ရေအိုင်တွေနဲ့ ပြည့်နှက်နေတဲ့အတွက် သွားလာရေး အလွန်ခက်ခဲနေတယ်လို့…
Read More » -
8 Julyသတင်း
မိုးညှင်းမြို့ လောက်စာတောင်နားမှာ အိမ်ခြံမြေပွဲစားအမျိုးသမီးတစ်ဦး သတ်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့ မြို့ရှောင်လမ်းဘက် လောက်စာတောင်နားမှာ အိမ်ခြံမြေပွဲစားအမျိုးသမီးတစ်ဦးဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ သတ်ခံထားရတယ်လို့ ဒေသခံတွေက KNG ကိုပြောပါတယ်။ အဲ့ဒီအမျိုးသမီးဟာ ဇူလိုင်က ၇ ရက်နေ့ နေအိမ်မှာရှိနေချိန် အိမ်ခြံမြေကြည့်ချင်ကြောင်း အမျိုးသားတစ်ဦးက ဖုန်းဆက်ခေါ်လာတဲ့အတွက် အိမ်ခြံမြေပြဖို့ နေအိမ်ကနေ သားဖြစ်သူနဲ့ ဆိုင်ကယ်နဲ့ထွက်သွားတဲ့ချိန် မြို့ရှောင်လမ်းဘက် လောက်စာတောင်နားမှာ ဓါးနဲ့လုပ်ကြံသတ်ဖြတ်လခံရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “အိမ်ခြံမြေလိုက်ပြပေးပါ ကြည့်ချင်တယ်ဆိုပြီး ဖုန်းဆက်လာတော့ သူ့သားအငယ်နဲ့ အိမ်ကနေဆိုင်ကယ်နဲ့သွားလိုက်တာ သားကိုတော့…
Read More » -
8 Julyသတင်း
ခင်ဦးမှာ ကလေးနဲ့ သက်ကြီးရွယ်အို ၃၀၀ ကျော်အပါအဝင် ဒေသခံ ၃ထောင် ကျော်ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင် စီတပ်သားတွေနဲ့ပျူစောထီးအဖွဲ့ပေါင်းပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်သက်ကြီးရွယ်အိုနဲ့ကလေးငယ် ၃၀၀ကျော်အပါအဝင် ဒေသခံ ၃ထောင် ကျော်ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေထံကနေ သိရပါတယ်။ အင်းပတ်ကွေ့အထိုင်စစ်ကောင်စီတပ်ဖွဲ့နဲ့ ရွာသစ်ကုန်းရွာက ပျူစောထီးပူးပေါင်းအဖွဲ့အင်အား၂၀ကျော်က ဇူလိုင်လ ၇ရက်နေ့ကစပြီး ကျေးရွာတစ်ချို့မှာ ဝင်ရောက်စီးနင်းခဲ့ကြတာကြောင့် ဒေသခံတွေထွက်ပြေးနေကြရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “ နှစ်ရက်ရှိပြီ သူတို့အထိုင်စခန်းတွေနဲ့အနီးနားကရွာတွေကိုအကြမ်းဖက် ဝင်ရောက်ပြီးဒုက္ခပေးနေတာ ပြေးနေရတဲ့ဒေသခံတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ကလေးပေါင်းကို ၃၀၀ကျော် ၄၀၀ ဝန်းကျင်ရှိတယ် ဒေသခံ အားလုံးပေါင်းကို ၃၀၀၀ကျော်ရှိတယ်ဗျ” လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်က…
Read More »









