လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နမ့်ဖတ်ကာ ဒေသခံကချင်အမျိုးသမီးတစ်ဦး ထိခိုက်

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ မနေ့ည ၇ နာရီလောက်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

နမ်ဖတ်ကာရှိ စစ်ကောင်စီ ခလရ ၁၂၃ တပ်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် နမ်ဖတ်ကာအရှေ့ဘက် နားဖိုင်ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“တိုက်ပွဲမဖြစ်လဲ နမ်ဖတ်ကာစစ်တပ်က ပုံမှန်လက်နက်ကြီးရမ်းသမ်းပစ်နေကျ ဟုတ်တယ်။ ပြီးခဲ့တဲ့ရက်ကတည်းက သူတို့ချည်း တစ်ဖတ်သက် လက်နက်ကြီးပစ်နေတာ။ မနေ့ညတော့ နားဖိုင်ရွာက ရွာသားအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဆေးကုနေတယ်။” လို့ နမ်ဖတ်ကာ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဓါတ်ပုံ – ဇူလိုင်လ ၉ ရက်၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သော အမျိုးသမီး
ဓါတ်ပုံ – ဇူလိုင်လ ၉ ရက်၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သော အမျိုးသမီး

လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိသွားတဲ့ ကလေး ၁ ယောက်မိခင်၊ အသက် ၂၃ နှစ်အရွယ် ဒေါ် ခန်းဒါဘောက်ဆန်မိုင်ကို လက်ရှိ ဒီမာကျေးရွာမှာ ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ - ဇူလိုင်လ ၉ ရက်၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သော နေရာ
ဓါတ်ပုံ – ဇူလိုင်လ ၉ ရက်၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သော အမျိုးသမီး

နမ်ဖတ်ကာကျေးရွာ ဒေသခံတွေအနေနဲ့ နမ်မောပါ (Nammaw Pa) ဘက်ကို လယ်ခင်း၊ ယာခင်း၊ ခြံအလုပ် သွားလုပ်မယ်ဆိုရင် ညနေ ၆ နာရီခွဲ နောက်ပိုင်း သွားလာလှုပ်ရှားတာမျိုးမလုပ်ကြဖို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက စတင်ပြီးတော့ စစ်ကောင်စီတပ်တွေဟာ လားရှိုးကနေ မူဆယ်ဘက်ကို စစ်ရေးလှုပ်ရှားလာတယ်လို့ ရှမ်းမြောက်ဒေသ နိုင်ငံရေးလေ့လာသုံးသပ်သူ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဓါတ်ပုံ - ဇူလိုင်လ ၉ ရက်၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သော နေရာ
ဓါတ်ပုံ – ဇူလိုင်လ ၉ ရက်၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သော နေရာ

“အောက်ဘက်ကနေ စစ်ကြောင်းက ဒီအထက်ဘက်ကို ပုံမှန်ထိုးစစ်ဆင် လှုပ်ရှာနေတာတွေ့ရတယ်။ လားရှိုးမြောက်ပိုင်းတိုင်း ကနေ လောက်ကိုင်ဘက်တက်သူကတက်၊ ကွတ်ခိုင်-မူဆယ်ဘက် တက်သူကတက်။ သူတို့ရဲ့လှုပ်ရှားပုံအခြေအနေကို ကြည့်ရရင် SSPP ၊ KIA ၊ MNDAA ဒီဟာတွေကို အဓိကထားတိုက်ခိုက်နေတာတွေ့ရတယ်။”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကလည်း သိန္နီ ကနေ ကွတ်ခိုင်ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်မ ၉၉ စစ်ကြောင်းကို KIA က မန်ပိန်းကျေးရွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

Show More

Related Articles

Back to top button