• Oct- 2025 -
    10 October
    သတင်း

    ဆိုင်းတောင်ကိုရဖို့ စစ်တပ်က မလန်း(Malang) ရွာဘက်ခြမ်းကို လေကြောင်းနဲ့ တိုက်ခိုက်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာကို အလုံးစုံထိန်းချုပ်နိုင်ဖို့ မလန်းကျေးရွာဘက်ကို လေကြောင်းနဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်ဝင်ရောက်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဖားကန့်မြို့ အရေးပါတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ထဲမှာ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာက အဓိကပါဝင်နေပြီး စစ်တပ်ဟာ မြေပြင်စစ်ကြောင်းနဲ့ အလွယ်တူဝင်ရောက်နိုင်ဖို့…

    Read More »
  • 10 October
    သတင်း

    ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့ရပ်ကွက်ရုံးတစ်ချို့နဲ့မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးပိုတင်းကြပ်လာ

    လာမယ့် ဒီဇင်ဘာလကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲနီးလာချိန် စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း ရပ်ကွက်ရုံးတစ်ချို့နဲ့မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးတိုးမြင့်ပြီး ဖမ်းဆီးစစ်ဆေးမှုပိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ၃၃ ရပ်ကွက်ရှိတဲ့ထဲက မြို့အစွန်ရပ်ကွက်ဖြစ်တဲ့ ရွှေစက်အုပ်ချုပ်ရေးရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး ရုံးဝင်းအတွင်း သဲအ်ိတ်တွေနဲ့ကာထားတဲ့အပြင် အရပ်ဝတ်နဲ့သေနတ်ကိုင်ထားတဲ့သူတွေကိုလည်း ပုံမှန်မြင်တွေ့လာရတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီရွှေစက်အုပ်ချုပ်ရေးရုံးမှာဆိုရင် အရင်ကမရှိဘူး ခုက သဲအိတ်တွေနဲ့ဖြစ်လာပြီ။ ပြီးတော့ အရင်ကမမြင်ဖူး၊မတွေ့ဖူးတဲ့သူတွေလည်း သေနတ်တကားကားနဲ့ပုံမှန်စောင့်နေတာရှိတယ်။ တစ်ခါတစ်လေရုံးရှေ့နားထွက်လာပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်တာတွေရှိတယ်။ အဓိကတော့ ရုံးထဲမှာအရင်ကနဲ့မတူတဲ့ပုံစံတွေမြင်တွေ့လာရတယ်။ အမှန်ဆိုဒီရွှေစက်ရပ်ကွက်က မြို့တွင်းရပ်ကွက်လို့ပြောလို့ရပါသေးတယ် ဒီလိုရပ်ကွက်ရုံးတွေမှာ သေနတ်ကြီးတကားကားနဲ့မဖြစ်သင့်ဘူးလို့မြင်တယ်”လို့ ပြောပါတယ်။ ခုလိုရွှေစက်ရပ်ကွပ် အုပ်ချုပ်ရေးရုံးမှာ သိသိသာသာလုံခြုံရေးတိုးမြင့်လာသလို ည (၈) နောက်ပိုင်းဆို ရုံးရှေ့ထွက်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို မှတ်ပုံတင်စစ်တာ၊ဆိုင်ကယ်၊ကားတွေကို စစ်ဆေးတာပုံမှန်လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ရွှေစက်ရပ်ကွက်နေပြည်သူတွေသုံးသပ်ချက်အရ အုပ်ချုပ်ရေးရုံးအတွင်း ခုလိုလုံခြုံရေးတင်းကြပ်လာတာဟာ ရွေးကောက်ပွဲနီးလာတဲ့အတွက် အုပ်ချုပ်ရေးရုံးအဖွဲ့တွေကို လုံခြုံရေးယူပေးတာဖြစ်နိုင်သလို မြို့အဝင်အထွက် စီစစ်ဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးရုံးအတွင်း လုံခြုံရေးပေးနေသူတွေဟာ ရွှေစက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေမဟုတ်ပဲ ပြည်သူ့စစ်အဖွဲ့ဝင် (ဒါမှမဟုတ်) ပျူစောထီးတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ အလားတူ မြို့အဝင်ရပ်ကွက်တွေဖြစ်တဲ့ မော်ဖောင်းရပ်ကွက်ရုံးနဲ့ ဧရာဝတီမြစ်ကမ်းဘေး ကြက်ပေါင်ခြံရပ်ကွက်တွေမှလည်း ခုနောက်ပိုင်း လုံခြုံရေးတင်းကြပ်လာတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မြို့အဝင်အထွက် ဂိတွေအပြင် မြို့တွင်း ကား၊ဆိုင်ကယ် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးစစ်ဆေးရုံသာမက မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ လုံခြုံရေးတိုးမြင့်လာတဲ့အပေါ် မြစ်ကြီးနားမြို့တွင်းနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ခုလိုသုံးသပ်ထားပါတယ်။ “ခုကရွေးကောက်ပွဲလုပ်ဖို့ရာနီးလာတော့ တစ်နေ့ထက်တစ်နေ့လုံခြုံရေးက ပိုတင်းကြပ်လာမှာပဲ။ ဒီထက်တောင်ဆိုးလာနိုင်တယ် ဘာလို့လဲဆိုရင် ရွေးကောက်ပွဲအတွက် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေက အဓိကအခန်းကဏ္ဍမှာပါဝင်တယ်။ မဲစာရင်းထုတ်ပြန်တာတို့၊ လူဦးစာရင်းပြုစုပေးတာတို့က ရပ်ကွက်ရုံးတွေလုပ်တာကိုး ဒါကြောင့် ကျနော့်အမြင်ကတော့ ရွေးကောက်ပွဲနီးလာလေ ပိုဆိုးလာနိုင်တယ်လို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ မဲမသာမှုအကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ရွှေးကောက်ပွဲမတိုင်ခင် ၃ လအတွင်း ကချင်ဒေသတွင်းလက်လွှတ်လိုက်ရတဲ့ နေရာတွေကိုပြန်ရဖို့ စစ်ရေးအရ ထိုးစစ်ဆင်တာ သိသိသာသာလုပ်ဆောင်နေသလို တစ်ဖက်မှာလည်း မြို့တော်မြစ်ကြီးနားမြို့တွင်း အရပ်သားဖမ်းဆီးစစ်ဆေးတာ၊ ဗလမင်းထင်တံတားမှာ စစ်ဆေးရေးတင်းကြပ်တာအပြင် စက်တင်ဘာလနှောင်းပိုင်းကစပြီး ရပ်ကွက်အုပ်ချုပ်ရေးတစ်ချို့လုံခြုံရေးတိုးမြင့်လာနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြို့တွင်းရပ်ကွက်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့၊ရဲတွေဟာ အိမ်စီးကားနဲ့ ရပ်ကွက်ချင်းစပ်နေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။ ခုလိုဖမ်းဆီးစစ်ဆေးချိန် အင်တာနက်လိုင်းဖြတ်တောက်ထားပေမယ့် စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ကားထဲအသင့်တပ်ဆင်ထား စတားလင့်အသုံးပြုပြီး လမ်းသွားလမ်းလာပြည်သူတွေရဲ့ဖုန်းတွေကို အလွယ်တကူဖမ်းဆီးစစ်ဆေးတာမျိုးလည်း ခပ်စိပ်စိပ်တွေ့လာရတယ်လို့ မြို့ခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “သူတို့ကားထဲမှာစတားလင့်အသင့်တပ်ထားတာ စစ်ဆေးခံရပြီဆိုတာနဲ့ တစ်ခါထဲ ဖုန်းကိုဝိုင်ဖိုင်ချိတ်ပေးပြီး စစ်တော့တာပဲ။ လိုင်းမရဘူး ငါ့ဖုန်းတော့ စစ်မှာမဟုတ်ဘူးလို့မထင်ကြနဲ့ ခုက သူတို့ကားထဲမှာဝိုင်ဖိုင်စတားလင့်ကတပ်ထားပြီးသားဟုတ်တယ်”လို့ ပြောပါတယ်။  စစ်ကောင်စီတပ်ဟာ လာမယ့် ၂၀၂၅…

    Read More »
  • 9 October
    သတင်း

    ဖားကန့်နဲ့မြစ်ကြီးနားမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

    ကချင်ပြည်နယ် ဖားကန့် နဲ့ မြစ်ကြီးနားမြို့ နှစ်ခုမှာ စစ်ကောင်စီက အများပြည်သူလုံခြုံရေးထိခိုက်ပျက်ပြားစေတယ်ဆိုပြီး ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့နယ်အတွင်း လမ်းမကြီးများ၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာများမှာ လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေမလုပ်ဖို့…

    Read More »
  • 9 October
    သတင်း

    ဗန်းမော်စစ်ရေး ပြန်ပြီးအားကောင်းလာကြောင်း KIO ပြော

    ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်လွတ်ထားတဲ့ တပ်နေရာတွေရဲ့ ရှေ့တန်းကာကင်းတပ်စခန်းတွေကို ဆက်သိမ်းပိုက်တာတွေရှိနေပြီး ဗန်းမော်စစ်ရေးအခြေအနေအရ ပြန်ပြီးအားကောင်းလာတယ်လို့ KIO ပြောပါတယ်။ “စစ်ရေးအရဆိုပြန်အားကောင်းလာတယ်လို့ပြောလို့ရပါတယ်။ ဧရာဝတီမြစ်ကမ်းနဘေး မြို့မစည်ပင်ရုံးတွေရှိတဲ့ဘက်မှာလည်း တော်တော်ရှင်းလင်းဆောင်ရွက်လာနိုင်တာတွေရှိတယ်။ ပြီးရင် ဒီမနက်ကြတော့ ဗန်းမော် ၂ မိုင်၊…

    Read More »
  • 8 October
    သတင်း

    မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းအစစ်အဆေးပိိုမိုတင်းကြပ်လာ

    ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းက စစ်ကောက်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေမှာ အစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့သိရပါတယ်။ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ မြစ်ဆုံအထက် တန်ဖရဲဂိတ်နဲ့ ပူတာအိုမြို့နယ်ထဲက လုံရှာယန်၊ မူလာရှီးဒီဂိတ်တွေမှာ အခုနောက်ပိုင်းအစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့ ယင်းလမ်းပိုင်းမှာပုံမှန်သွားလာနေတဲ့ ပြည်သူတစ်ဦးပြောပါတယ်။ “အခုနောက်ပိုင်းက ကားနဲ့ခရီးသွားမယ်ဆိုလည်း သတိထားပြီးသွားလာတာကောင်းတယ် တခါတလေဖုန်းတွေစစ်ချင်စစ်တယ် ပိုဆိုးတာကမှတ်ပုံတင်အရမ်းစစ်လာတယ် လေယာဉ်စီးဖို့မှတ်ပုံတင်မရှိလို့ကားနဲ့သွားတာလုပ်လို့မရဘူးပိုစစ်တယ်မှတ်ပုံတင်မပါလို့မရဘူး”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။ မြစ်ကြီးနားမြို့အထွက် တန်ဖရဲဂိတ်နဲ့ပူတာအိုမြို့အထွက် မူလာရှီးဒီဂိတ်တွေမှာပိုမိုအစစ်အဆေးများပြီး သက်ကြီးပိုင်းတွေမှတ်ပုံတင်မပါလာရင်ညှိနှိုင်းပြောဆိုလို့ရပေမယ့် လူလတ်ပိုင်းတွေ မှတ်ပုံတင်မပါလာရင်ဒဏ်ငွေဆောင်ရတာ၊လှည့်ပြန်ခိုင်းတာတွေရှိနေကြောင်းသိရပါတယ်။ ဒီစစ်ဆေးရေးဂိတ်အားလုံးဟာ စက်တင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်းကတည်းက အစစ်အဆေးပိုမိုတင်းကြပ်လာတာလို့သိရပြီး ကုန်ကားတွေပစ္စည်းဖောက်စစ်တာမျိုးတွေလည်းရှိတယ်လို့သိရပါတယ်။ “ဂျက်ဖာတွေဆိုရင်ဖောက်စစ်တယ် အိတ်ဆိုလည်းဖွင့်စစ်တယ် တစ်နာရီ၊တစ်ခါတစ်လေ နာရီဝက်လောက်ကြာတယ်ခါတိုင်းအဲ့လောက်ကြီးမစစ်ဘူး”လို့ ပူတာအိုမြို့ခံတစ်ဦးပြောပါတယ်။ အခုလိုကုန်ကားတွေမှာပါတဲ့ပစ္စည်းတွေကိုစစ်ဆေးတာ ခရီးသည်တွေကိုအသေးစိပ်စစ်ဆေးတာတွေကြောင့် လမ်းခရီးကြန့်ကြာတာမျိုးလည်းကြုံတွေ့နေရကြောင်းသိရပါတယ်။ ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းမှာ ၂၀၂၄ ခုနှစ်ဧပြီလ မတိုင်မှီအထိ ပုံမှန်အတိုင်းသွားလာလို့ရပေမယ့် ၂၀၂၄ ခုနှစ် မေလမှာ ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်တဲ့နောက် အစစ်အဆေးပိုမိုတင်းကြပ်လာတာ၊ကားလမ်းဖြင့်လူငယ်တွေခရီးသွားလာခွင့်တားမြစ်ခံရတာတွေရှိလာပါတယ်။ လက်ရှိမှာတော့ပူတာအိုမြစ်ကြီးနားလမ်းပိုင်းထဲမှာ စစ်ကောင်စီတပ်ကထိန်းချုပ်ထားတဲ့နေရာတွေရှိသလို KIA နဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတဲ့ နေရာလည်းရှိနေပါတယ်။ မြစ်ကြီးနားမြို့နဲ့ မိုင်ပေါင်း ၂၁၈ မိုင်ရှိတဲ့ ပူတာအိုမြို့ဟာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ပူတာအိုခရိုင်ထဲက မချမ်းဘော့၊နောင်မွန်၊ခေါင်လန်ဖူးစတဲ့မြို့နယ်တွေဟာ မြစ်ကြီးနားကနေတဆင့်ပူတာအိုကိုတင်သွင်းလာတဲ့ကုန်စည်တွေအပေါ်အားထားနေရတာဖြစ်ပါတယ်။…

    Read More »
  • 8 October
    သတင်း

    အင်းတော်ကြီး-ဂွေခါလမ်းပိုင်း စစ်တပ်ပိတ်ထားလို့ အခြေခံစားသောက်ကုန်သယ်ယူဖို့ခက်ခဲလာ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး – ဂွေခါကားလမ်းပိုင်းကို စစ်တပ်ကပိတ်ထားတဲ့အတွက် ယင်းလမ်းပိုင်းရှိကျေးရွာတွေမှာ အခြေခံစားသောက်သယ်ယူဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ အင်းတော်ကြီး–ဂွေခါကားလမ်းပိုင်း လုံးတုံရွာမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်ကစပြီး ပိတ်လိုက်တာဖြစ်တယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လမ်းကပိတ်လိုက်ဖွင့်လိုက်နဲ့ဒီတခေါက်ပိတ်လိုက်တာကကြာတယ် လုံးတုံကနေပိတ်ချလိုက်တော့ အင်းတော်အနောက်ဘက်ခြမ်းရွာတွေက ဘယ်မှသွားလာလို့မရဘူးဘူးပိုဆိုးတာက စားသောက်ကုန်တို့ ဆန်၊ဆီ၊ဆားသယ်ယူပို့ဖို့အရမ်းခက်ခဲသွားတယ်လမ်းမပေါက်တော့”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ခုလို လမ်းပိတ်လိုက်တာကြောင့် အင်းတော်ကြီးကန်အနောက်ဘက်ခြမ်းရှိ လုံးတုံနဲ့ ဂွေခါကြားထဲက ရွာတွေဖြစ်တဲ့ ကုန်းမန၊ဟဲပန်၊လွဲမွန် ၊ နန့်ပတဲအစရှိတဲ့ကျေးရွာတွေဟာ အခြေခံစားသောက်ကုန်၊လူသုံးကုန်နဲ့အခြားလိုအပ်တဲ့ကုန်ပစ္စည်းတွေကို တောလမ်းကနေခက်ခက်ခဲခဲသယ်ယူနေရကြောင်း အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ “ကားလမ်းကတော့ပိတ်ထားတော့ ဟဲပန်တို့၊ကုန်းမနဘက်ကရွာတွေအခုဆန်၊ဆီ၊ဆားပေါ့လိုအပ်တဲ့ကုန်တွေကို တောလမ်းကနေဖြတ်ပြီးသယ်ယူရတာ ရွေမှော်သွားလမ်းတွေကနေတဆင့် သယ်ယူရတာပေါ့တချို့နေရာတွေတောရှင်းပြီးသွားလာရတာ ကားလည်းမပေါက်ဆိုင်ကယ်တောင်တချို့နေရာတွေပဲရတယ်ဒါတောင်မနည်းတိုးရတာ”လို့အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ အင်းတော်ကြီး–ဂွေခါလမ်း ပိတ်ထားတာကြောင့် အထက်ဖော်ပြပါကျေးရွာတွေဟာ လိုအပ်တဲ့ကုန်တွေကို မမုံကိုင် ကျေးရွာအနောက်ဘက်ခြမ်းတောလမ်းကနေတစ်ဆင့်သယ်ယူနေကြကြောင်းသိရပါတယ်။ ဒေသခံတွေပြောချက်အရ စစ်ကောင်စီတပ်ဟာ လုံးတုံနဲ့ဂွေခါကြားကိုသာပိတ်ထားပြီး လုံးတုံနဲ့ ဟိုပင်အထိကိုတော့လမ်းဖွင့်ထားကြောင်းသိရပါတယ်။ “အင်းအနောက်ဘက်ခြမ်းပဲပိတ်တာအင်းအရှေ့ဘက်ကတော့ပုံမှန်ပါပဲ ဘာလို့ဆိုအင်းအရှေ့ဘက် လုံးတုံကနေ နန့်မွန်း၊မိုင်းနောင်တကြောက SNA တွေနဲ့စကစ တွေနေရာယူထားတော့ဖွင့် အင်းအနောက်ဘက်က တောဘက်က(KIA) ရှိနေတော့ပေးမထွက်ခိုင်းတာ”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ လုံးတုံအနောက်ဘက်ရှိကုန်း မနကျေးရွာကနေ ညောင်ပင်၊ချောင်းဝ၊ဂွေခါတကြောအထိ KIAနဲ့ပူးပေါင်းတပ်တွေနေရာယူထားတယ်လို့ သိရပါတယ်။ သြဂုတ်လကတည်းကနေပိတ်ထားတဲ့ အင်းတော်ကြီး–ဂွေခါ ကားလမ်းပိုင်း အောက်တိုဘာ ၆ ရက်နေ့ကနေ ဒီကနေ့အထိ သီတင်းကျွတ်ပိတ်ရက်ကာလတွင်း ရက်အကန့်အသတ်နဲ့ခေတ္တပြန်ဖွင့်ပေးပေမယ့် အစစ်အဆေးများတာ၊ကုန်တွေလွတ်လွတ်လပ်လပ်သယ်လို့မရတာစတဲ့ကန့်သတ်ချက်တွေရှိနေကြောင်းသိရပါတယ်။ “လမ်းခနပဲဖွင့်တာပါသီတင်းကျွတ်ပိတ်ရက်မှာခနဖွင့်ပေးတာတဲ့ ဒီနေ့ပဲပိတ်မလားမနက်ဖြန်လောက်ပိတ်မလားမသေချာဘူး။ ပြန်ပိတ်မှာလို့တော့ ပြောနေကြတယ်”လို့ နန်းမားကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ လုံးတုံမှာထိုင်ထားတဲ့စစ်ကောင်စီတပ်ဟာ အင်းတော်ကြီး–ဂွေခါ လမ်းပိုင်းကို သြဂုတ်လနဲ့ မေလ ကြားထဲမှာလည်း မကြာခနဆိုသလို လမ်းပိတ်ထာမျိုးပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီနဲ့ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲကိုဝင်ရောက်နိုင်တဲ့ ဂွေခါ–အင်းတော်ကြီးက လမ်းပိုင်းကိုထိန်းချုပ်ဖို့နဲ့ အင်းတော်ကြီးဒေသထဲမှာ ရှမ်းနီပြည်သူ့စစ်တွေစိုးမိုးထားနိုင်ဖို့ ပြီးခဲ့တဲ့ မေလကတည်းကနေ အင်အားသုံးပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 8 October
    သတင်းဆောင်းပါး

    လက်နက်ကိုင်တပ်ဖွဲ့တွေကြား ရှင်သန်ဖို့ခက်ခဲလာတဲ့ ဖားကန့်ပြည်သူများ

    “KIA ကနေ စစ်မှုထမ်းဖို့အတွက် တပ်သားစုဆောင်းနေတာက ရည်ရွယ်ချက်ရှိပါတယ်။ တစ်ခုက စည်းလုံးညီညွှတ်ဖို့ရယ်။ နောက်ပြီး ငြင်းဆန်တာတွေရှိရင် ကြမ်းတမ်းတဲ့နည်းလမ်းတွေ အသုံးပြုပါတယ်။ ဒါဆိုရင် ဘယ်သူတွေကို ဖမ်းသလဲဆိုရင် များသောအားဖြင့် ပထက ကချင်လူမျိုးတွေက စစ်မှုမထမ်းမနေရ လုပ်နေတာဖြစ်တဲ့အတွက် ခေါ်ပါတယ်။  ပြီးရင် ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘယ်လူမျိုးမဆို တော်လှန်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ခေါ်ပါတယ်။ ဒီတော်လှန်ရေးလုပ်ငန်းက အားလုံးမှာတာဝန်ရှိပါတယ်”လို့ပြောပါတယ်။

    Read More »
  • 7 October
    သတင်း

    လက်နက်ကိုင်တပ်တွေရဲ့တပ်သားသစ်စုဆောင်းမှုကြောင့် နာဂလူငယ်များ ဒေသတွင်းပိတ်မိနေ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ လက်နက်ကိုင်တပ်တွေရဲ့ တပ်သားသစ်စုဆောင်းမှုခေါင်းစဉ်အောက် ပိတ်ဆို့ဖမ်းဆီးခံရမှုကြောင့် နာဂလူငယ်တွေ ဒေသတွင်းမှာပဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။ နာဂဒေသထဲဝင်ထွက်သွားလာနိုင်တဲ့ လမ်းကြောင်းနှစ်ခုထဲက ရှင်ဗွေယန်–တနိုင်းကားလမ်းပိုင်းမှာ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း Eastern Naga Defence Army…

    Read More »
  • 7 October
    ဆောင်းပါး

    စစ်ကောင်စီကျင်းပသည့် သီတင်းကျွတ်လပြည့်ည လူသတ်ပွဲတော်

    သီတင်းကျွတ်လပြည်နေ့ဖြစ်သော်လည်း အလုပ်မအားလပ်ဘဲ ဖုန်းတစ်လုံးနဲ့ ကိုမြကြီးတစ်ယောက် ပျာယာခတ်နေသည်။ စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်လှုပ်ရှားမှုများကို စောင့်ကြည့်ကာ ဒေသခံလူထုအန္တရာယ်ကင်းဖို့တစ်ထောင့် တစ်နေရာမှာပါဝင်ပြီး ကိုမြကြီး တစ်ယောက်အလုပ်ရှုပ်နေခြင်းဖြစ်သည်။ ကိုမြကြီးတို့ဒေသခံအဖွဲ့သည် ၎င်းတို့နေထိုင်သည့်ဒေသအတွင်း စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်စစ်ရေးလှုပ်ရှားမှု များကို နေ့ဒဓူဝ စောင့်ကြည့်နေသူများဖြစ်သည်။ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်ည ၇ နာရီဝန်းကျင်တွင် ဒေသခံလူထုအန္တရာယ်ကင်းဖို့စစ်ကောင်စီ၏ ဝေဟင် လှုပ်ရှားမှုများကို စောင့်ကြည့်နေချိန် ကိုမြကြီးတစ်ယောက် မထင်မှတ်ပဲ ကျယ်ကျယ်လောင်လောင်ပေါက်ကွဲသံနှစ်ချက်ကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။…

    Read More »
  • 7 October
    သတင်း

    နမ္မတူမြို့ကို စစ်တပ်က တစ်ပတ်အတွင်း ၃ ကြိမ်တိတိလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူများဘေးလွှတ်ရာတိမ်းရှောင်

    ရှမ်းမြောက်ပိုင်း နမ္မတူမြို့ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်လာတဲ့အတွက် ဒေသခံပြည်သူအများပိုင်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေပြည်သူတွေပြောပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ ဒီနေ့မနက် ၆ နာရီဝန်းကျင်  နမ္မတူမြို့ ၊ ရပ်ကွက် (၈)ဘုန်းကြီးကျောင်းအဆောင်ကို စစ်ကောင်စီတပ်ထပ်မံဗုံးကြဲသွားတယ်လို့သိရပြီး ဒီကနေ့ဗုံးကြဲခံရမှုမှာ အရပ်သားထိခိုက်သေဆုံးမှုမရှိပေမယ့် ကျောင်းဆောင်တစ်ချို့ပျက်စီးသွားတယ်လို့ သိရပါတယ်။  “ဟိုရှေ့နေ့က ဗုံးကျခဲ့တဲ့နေရာ အထက်မှာဟုတ်တယ်။ ဘုန်းကြီးကျောင်းဆောင်တည့်တည့်ကျတယ်။ ဗုံးကြဲပြီးထိခိုက်ပျက်စီးသွားတဲ့ နေရာကို မဝင်ခိုင်ဘူး။ ပုံတွေလည်းမရိုက်ခိုင်းဘူး။ အခုဖုန်းလိုင်းတွေလည်း အကုန်ပိတ်ထားပေးတယ်။ နမ္မတူမြို့က တိတ်ဆိတ်သွားပြီ။ ဒေသခံတွေလည်း အကုန်ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်ကုန်ပြီ။ လားရှိုးဆီ အများပိုင်းတိမ်းရှောင်တယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၂ ရက်နေ့ နမ္မတူမြို့ကို ပထမဆုံးအကြိမ် လေကြောင်းဗုံးကြဲခဲ့တဲ့အတွက် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် စုစုပေါင်း ပြည်သူ ၄ ဦး သေဆုံးပြီး နောက်ထပ်ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာလ ၆ ရက်နေ့၊ အောက်တိုဘာလ ၇ ရက်နေ့…

    Read More »
Back to top button