-
Aug- 2025 -1 Augustသတင်း
စစ်သင်္ဘောအားလုံး ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်နေပြီး မြစ်ကျဥ်းတဝိုက် တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် ရွှေကူမြို့နယ်ရောက် စစ်သင်္ဘောအားလုံး ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မနက်ပိုင်းမှာပဲ ဗန်းမော်မြို့ကိုဦးတည်ဆန်တက်နေတယ်လို့ မြစ်ကြောင်းတစ်လျှောက်စစ်ရေးအခြေနေစောင့်ကြည့်နေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လေကြောင်းကနေလည်း အမျိုးမျိုးသောရဟတ်ယာဥ်တွေနဲ့မြစ်ကမ်းဘေးတစ်လျှောက်ကိုပစ်ကူပေးနေပြီး စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဘက်ကလည်းခုခံနေတဲ့အတွက် နှစ်ဖက်တပ်အကြားအပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက“စစ်သင်္ဘောတွေကဒီမနက်အားလုံးတက်ကြတယ်တဲ့။အဲ့မှာမြစ်ကျဥ်းတစ်ဝှိုက်ပစ်ကြခတ်ကြတော့…
Read More » -
1 Augustသတင်း
မြစ်ကြီးနားမှာ ဆိုင်ကယ်လုယက်မှု ထပ်မံဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ် ၆ ဦးကနေပြီးတော့ ဆိုင်ကယ်တစ်စီးလုယက်တဲ့ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့တယ်လို့ လုယက်ခံရသူနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၃၁ ရက် မနေ့ည ၉ နာရီဝန်းကျင် စီတာပူရပ်ကွက် Autumn hotel…
Read More » -
Jul- 2025 -31 Julyသတင်း
မုံရွာကနေဆန်တက်တဲ့ စစ်သင်္ဘောတွေ ဟုမ္မလင်းမြို့မှာအများပိုင်းဆိုက်ကပ်ထား၊ ခန္တီးဘက် ၈ စီးဆန်တက်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကနေဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအုပ်စုဟာ ဇူလိုင်လ ၂၉ ရက်နေ့ ဟုမ္မလင်းမြို့မှာရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ပထမအပတ်ကစလို့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော စုစုပေါင်း ၃၈ စီး မုံရွာကနေစပြီး ဆန်တက်လာခဲ့ရာ ဇူလိုင် ၂၉ ရက်ည ဟုမ္မလင်းမြို့ကိုရောက်ရှိလာပြီး အဲ့ဒီထဲကသင်္ဘော ၈ စီးဟာ ဒီကနေ့မနက်ပိုင်းမှာပဲ ခန္တီးဘက်ကိုဆက်ဆန်တက်သွားတယ်လို့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အားလုံးပေါင်းဆိုရင် ၃၀ ကျော်ပေါ့ အပေါက်အပြဲတွေပဲရောက်လာတယ်။ အကုန်လုံးဖလက်ယာဥ်တွေကြီးပဲ တချို့ကရေလယ်ခေါင်မှာပဲရပ်ထားတယ်။ တချို့က ကမ်းကပ်ထားတယ် အဲ့ထဲက ရှစ်စီးက ဒီမနက်ကခန္တီးဘက်ကိုတက်သွားတယ်”လို့ သူကပြောပါတယ်။ စစ်သင်္ဘောပေါ်မှာ စားနပ်ရိက္ခာနဲ့လက်နက်ခဲယမ်းတွေလို့ယူဆရတဲ့ သေတ္တာအပြင် ဆန်အိတ်တွေတင်ဆောင်လာပြီး ဟုမ္မလင်းမြို့တွင်းတပ်မှာလည်း စစ်သားအင်အား၊ဆန်အိတ်နဲ့သေတ္တာတွေ ချနေတယ်လို့ သိရပါတယ်။ “ပစ္စည်းတွေကတော့ချနေတုန်း ဆန်အိတ်တွေကော၊ပြီးရင်သေတ္တာတွေနဲ့ချနေတာ စစ်သားကတော့ မနေ့က ဖောကား ၂ စီးနဲ့အပြည့်ပဲ ဟုမ္မလင်းတပ်ထဲကိုပို့လိုက်တယ်။ ကုန်တွေများတယ် သင်္ဘောက သဲအိတ်တွေနဲ့အပြည့်ကာထားတော့ဘာမှအသေအချာမမြင်ရဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့ ကာကွယ်ရေးတပ် ဖွဲ့ဝင်တစ်ဦးကဆက်ပြောပါတယ်။ ဟုမ္မလင်းကာကွယ်ရေးတပ်တွေရဲ့ပြောဆိုချက်အရ စစ်သင်္ဘောတွေပေါ်ကနေ တပ်မ ၈၈ ဘတ်တံဆိပ်ပါတဲ့ စစ်သားတွေ FAW ကားနှစ်စီးအပြည့်တင်ပြီး ဟုမ္မလင်းမြို့တွင်းတပ်ထဲပို့ဆောင်ထားထားတယ်လို့…
Read More » -
31 Julyသတင်း
ဖားကန့် ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း နှစ်ခုစလုံးကို စစ်တပ်က ပိတ်ဆို့ထားဆဲဖြစ်လို့ ပြည်သူတွေ ပိုမိုကြပ်တည်းလာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်တွေက ဖမ်းဆီးစစ်ဆေးတာတွေ တင်းကြပ်ထားတာကြောင့် ခရီးသွားပြည်သူတွေ သွားလာရေးခက်ခဲနေကြတယ်လို့ သိရပါတယ်။ အဲဒီလမ်းပိုင်းမှာ ကုန်ကားတွေကို သွားလာခွင့်တားမြစ်ထားတဲ့အပြင် ကချင်လူမျိုးတွေကိုပါ အဓိက…
Read More » -
31 Julyသတင်း
ဖားကန့်မှာလက်နက်ကြီးကျလို့ မိခင်ဖြစ်သူသေဆုံး၊ ကလေးငယ် ၂ ဦးဒဏ်ရာပြင်းထန်
ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းအုပ်စုမှာ မနေ့ညက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် ၃၇နှစ်အရွယ် ကလေးနှစ်ယောက်ရဲ့ မိခင်သေဆုံးခဲ့ရပါတယ်။ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအပိုင်ဖြူစင်ကုန်းက နေအိမ်တချို့ပေါ်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်သမီးဖြစ်သူရဲ့လက်လည်းဖြတ်လိုက်ရသလို ၁၃ နှစ်အရွယ်သားဖြစ်သူကတော့ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်ကတော့ မနေ့ကညပိုင်း…
Read More » -
30 Julyသတင်း
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်းပစ်ခတ်ခံရမှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
တနိုင်းသွားလီဒိုလမ်းပေါ် ရှိ ဝါရာဇွပ်ကျေးရွာမှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်ပစ်ခတ်ခံရတာကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ဝါရာဇွပ်ကျေးရွာရှိ…
Read More » -
30 Julyသတင်း
ရွာလုံးကျွတ် ရေထဲမျောပါသွားတဲ့ ထလာထုရွာပြည်သူများအတွက် အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ၊ပူတာအိုခရိုင် နောင်မွန်မြို့နယ်ထဲက ရေဘေးသင့်ခဲ့တဲ့ ထလာထုကျေးရွာနေပြည်သူတွေဟာ နောင်မွန်မြို့ပေါ်ကို ရွှေ့ပြောင်းလာကြပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ အိမ်ခြေ ၁၄ အိမ်ရှိတဲ့ ထလာထု ကျေးရွာမှာ ဇွန်လ ပထမပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေအားလုံး ရေစီးထဲမျောပါသွားခဲ့တာဖြစ်ပြီး အဲ့ဒီရေဘေးသင့်ပြည်သူတွေဟာလက်ရှိနောင်မွန်မြို့ပေါ်ကိုပြောင်းရွေ့နေထိုင်လာကြတာကြောင့် အကူအညီတွေလိုအပ်နေတာလို့…
Read More » -
30 Julyသတင်း
ကွတ်ခိုင်မြို့ စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံး
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့၊ရာစုသစ် ဟိုတယ် ( ၂ ) ကို စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်အပါအဝင် လူ ၆ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်…
Read More » -
29 Julyသတင်း
ကချင်မှာ အိမ်ခန်းငှားရမ်းခစျေး အဆမတန်မြင့်တက်လာလို့ စစ်ရှောင်တွေအခက်တွေ့
ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန်မြင့်တက်လာတဲ့အတွက် မြို့ပေါ်စစ်ဘေးရှောင်တဲ့ပြည်သူတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မိုးညှင်း၊ မိုးကောင်းမြို့၊ပူတာအိုမြို့၊ဖားကန့်မြို့တွေမှာ စစ်ဘေးရှောင်ပိုများလာတဲ့အပြင် တစ်ဖက်မှာလည်း ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် အိမ်ငှားခ၊ အခန်းငှားခစျေးပိုမြင့်တက်လာတယ်လို့ မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အိမ်ဌားခတွေ စျေးအဆမတန်မြင့်တယ် ခုမိုးညှင်းမှာ အင်းတော်ကြီးဘက်ကကော တစ်ချို့ဖားကန့်ဘက်ကလည်း စစ်ရှောင်တွေ လာစုရပ်ဖြစ်နေတော့ အိမ်ငှားခ အရင်က ငါးသောင်းတန် ခုတစ်သိန်းဝန်းကျင်ရှိတယ်။ ဈေးက တော်တော့်ကို တက်လာတာ”လို့ ပြောပါတယ်။ လတ်တလော မိုးညှင်းမြို့မှာ ဆယ်ပေ ပတ်လည် အခန်းတစ်ခန်းလျှင် ယခင် ၅ ရှစ်သောင်းဝန်းကျင်သာရှိပေမယ့် ခုတစ်သိန်းခွဲ၊ လုံးချင်းအိမ်တစ်အိမ်မှာ ယခင် သုံးသိန်းတန်၊ အခု ခြောက်သိန်းဝန်းကျင်အထိ ဈေးတက်တယ်လို့ သူက ဆက်ပြောပါတယ်။ မိုးညှင်းမြို့၊ မိုးကောင်းမြို့ပေါ် အိမ်ငှားနေထိုင်သူတွေဟာ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ စစ်ဘေးရှောင်များ၊ ဖားကန့် ဆယ်ဇင်းစစ်ဘေးရှောင်များဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လနဲ့ မေလအတွင်း KIA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲကြောင့် ခိုလှုံလာကြတာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ မြစ်ကြီးနားမြို့မှာလည်း အိမ်နဲ့ အိမ်ခန်းငှားခ ထက်ဝက်ခန့် ဈေးမြင့်တက်နေတယ်လို့ မြစ်ကြီးနား အိမ်ခြံမြေပွဲစား အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “ဒီခေတ်အခြေနေအရ ကုန်စျေးနှုန်းတွေအရလည်း အရင်စျေးအတိုင်းဌားလို့မရတော့ဘူးဆိုတာတော့ ဌားတဲသူတွေလည်း သိတယ်။ ဒါပေမယ့် တစ်ချို့ကျတော့ ငှားတဲ့သူတွေများလာတော့ မတရားကိုစျေးတင်ကြတာ။ အဲမှာတစ်ချို့ပွဲစားတွေကတစ်ဆင့် ပွဲစားခတစ်လစာလောက်ကို ယူနေကြတာတွေ့ရတယ်။ ကျနော်တို့လည်း ပွဲခတော့ ယူပါတယ်။ဒါပေမယ့် သူတို့တတ်နိုင်သလောက်လေး ဆီဖို့း၊ခေါက်ဆွဲဖိုးလောက်ပဲယူတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမြို့ ပျဉ်ထောင်နှစ်ထပ်လုံးချင်းအိမ်တစ်လုံး ယခင် ၃ သိန်းဝန်းကျင်၊ ယခု ၆ သိန်း ကျော်ရှိပြီး ၁၀ ပေပတ်လည် အခန်းတစ်ခန်း ယခင် ၅ သောင်း၊ ယခု တစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ အခုလို အိမ်၊ အခန်းငှားရမ်းခ ဈေးမြင့်တက်ပေမယ့် အိမ်ငှားသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာချိန် ဝိုင်းမော်မြို့နယ်ဘက်က ကျေးရွာပေါင်း ၂၀ ကျော် ပြည်သူသောင်းချီဟာ ဂွေထုနဲ့နောင်းချိန်းဘက်ကို သွားရောက်ခိုလှုံနေေထိုင်ကြတာရှိသလို ငွေကြေးတတ်နိုင်သူ အများပိုင်းက မြစ်ကြီးနားမြို့ပေါ် အိမ်လုံးချင်း၊ အခန်းငှားပြီး နေထိုင်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် အိမ်ငှား၊ အခန်းငှားသူများထဲမှာ ဗန်းမော်မြို့ဘက်က တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၂၀၁၁ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ရဲ့ တစ်ကြော့ပြန်စစ်ပွဲပြန်လည် စတင်ချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ (၁၁၀၅၀၀ ) ထိရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ရက်အထိမှာတော့ တစ်သိန်း ကိုးသောင်းလေးထောင်ကိုးရာ (၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိရှိခဲ့တဲ့ စစ်ရှောင်အရေအတွက်နဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ဩဂုတ်လအထိ မြင့်တက်ခဲ့တဲ့ စစ်ရှောင်အရေအတွက် နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်ပါက အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်း ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်ဦးရေ ၈သောင်း ၄ ထောင်၄ရာ (၈၄၄၀၀) ထိ တိုးလာပါတယ်။ By – CJ
Read More » -
29 Julyသတင်း
ဗန်းမော်ကိုဦးတည်နေတဲ့ စစ်သင်္ဘောများ ရွှေကူမြို့မှာဆိုက်ကပ်တာ ၄ ရက်ကြာရှိလာ
ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဦးတည်ဆန်တက်လာနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရွှေကူမြို့ကိုရောက်ရှိလာပြီး ကျောက်ချထားတာ ၄ ရက်ကြာရှိလာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ နဲ့ ၂၂ ရက်နေ့တွေကစပြီး…
Read More »









