-
Jul- 2025 -16 Julyသတင်း
ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ
ဖားကန့်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကျေးရွာအနီးတဝိုက်ကို လေကြောင်းပစ်ကူနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် ဂျက်လေယာဉ်တစ်စီးနဲ့ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီ နဲ့ ဆွတ်ငိုင်ယန်ကျေးရွာအနီးတဝိုက်ကို ဗုံးလာကြဲသွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “ဗုံး ၂ ကြိမ်လာကြဲသွားတယ်။ ဖားကန့် စုပေါင်း သင်္ချိုင်းနေရာတစ်ဝိုက် မှော်စတင် သင်္ချိုင်းရဲ့ အောက်ဘက်ခြမ်းမှာ ကျကွဲတယ်တဲ့။ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး ၊ ဆွတ်ငိုင်ယန် အဲ့ဒီကျေးရွာ ၃ ခုဆုံတဲ့ နေရာကို လာကြဲသွားတာ”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုရှိမရှိ အခြေအနေကို အသေးစိတ်စုံစမ်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်မှာလည်း စစ်ကြောင်းထိုးနေတဲ့ မော်မောလယန် ဘက်ကို ဂျက်လေယာဉ်နဲ့ နှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်ပြီးနောက် ဖားကန့် ဗျူဟာကုန်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေ မှော်ဝမ်းကလေး ဘုရားဝင်းအတွင်းနေရာယူထားတဲ့ စစ်ကြောင်းတွေကို KIA နဲ့ တော်လှန်တပ်ဖွဲ့တွေ ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ KIA ရဲ့ ပစ်ခတ်ခံရမှုမှာ စစ်ကောင်စီတပ်ဘက်က ၆ ဦးသေဆုံးခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။ “မှော်ဝမ်းကလေး ဘုရားကျောင်းမှာ ရှိနေတဲ့ စစ်ကြောင်းတွေကို KIA ဘက်က ၁၂၀ မမ ရှိတဲ့ ဒရုန်းနဲ့ သွားပစ်ခဲ့တယ်။ အဲထဲမှာ ၆ ယောက်သေတယ်၊ ၇ ယောက်က ဒဏ်ရာသွားတယ်။ နောက်ပြီး မှော်ဝမ်းကလေးကျေးရွာ တဝိုက်မှာပဲ စစ်ကောင်စီတပ်တွေရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း ၁၉ လောင်းကောက်ရတယ်”လို့ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ မော်မောဘွမ့်၊ လမောင်ကုန်း တောင်းကုန်းနေရာတွေကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတဲ့ ရုပ်အလောင်း ၁၉ လောင်းအထိ KIA ဘက်က ကောက်ယူရခဲ့တယ်လို့ ဆိုပါတယ်။ ဖားကန့်ဒေသမှာ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ စစ်ကောင်စီတပ်တွေ စစ်အင်အားအလုံးအရင်းနဲ့ စစ်မျက်နှာ နှစ်ခုနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဖားကန့် ဗျူဟာကုန်းရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာနဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ မော်မောလယန်၊ ရှရော်ခ ညောင်ပင်းကုန်း ကျေးရွာဘက် စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီတပ်တွေ သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ လမောင်ကုန်းနဲ့ မော်မောဘွမ့် တောင်ကုန်း နှစ်ခုဟာ ဖားကန့် ဗျူဟာကုန်းအတွက်အလွန်အရေးပါတဲ့ နေရာဖြစ်သလို ဖားကန့် မြို့တွင်း၊ မြို့ပြင် နေရာအားလုံးကို လှမ်းထောက်နိုင်တဲ့ နေရာတွေဖြစ်ပါတယ်။ ဖားကန့်တိုက်ပွဲ စစ်တပ်က ပြီးခဲ့တဲ့ ဇွန်လကတည်းက ဇူလိုင် ၁၀ ရက်ကျော်အထိ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်တဲ့ အထိသာရှိခဲ့ပေမယ့် ဇူလိုင် ၁၅ ရက်နေ့ကစပြီး လေကြောင်းအသုံးပြုတိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။ စစ်တပ်က ဖားကန့်ဒေသကို ထိန်ချုပ်နိုင်ဖို့ လေကြောင်းအသုံးပြုတိုက်ခိုက်လာတာကြောင့် ဖားကန့်ပြည်သူလူထုတွေဟာ စိုးရိမ်ထိပ်လန့်မှုတွေလည်းရှိနေပါတယ်။ လမောင်ကုန်းနဲ့ မော်မောဘွမ့်ဘက်ကို စစ်ကြောင်းထိုး ကြိုးပမ်းနေတဲ့ စစ်ကြောင်းတွေဟာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့ တိုက်ခိုက်ခံနေရတာကြောင့် ဆက်မတိုးနိုင်ဘဲ မော်မောလယန်၊ မှော်ဝမ်းကလေး၊ ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာတွေမှာ သောင်တင်နေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
16 Julyသတင်း
ကားမိုင်း – ဖားကန့်လမ်း KIA ပြန်လည်ဖွင့်ပေး
ကားမိုင်း – ဖားကန့်လမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပိတ်ထားတဲ့ လမ်းပိုင်းနေရာတစ်ချို့ ရှင်းလင်းရေးဆောင်ရွက်ကာ ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့ကတင်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ မြစ်ကြီးနား – မိုးကောင်းဘက်ကနေ ဖားကန့်ကိုတက်လို့ရတဲ့ ကားလမ်းမကြီးကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာကတည်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် နှစ်ဖက်စလုံးက လမ်းပိုင်းအားလုံးကို ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ထားတဲ့ ကားမိုင်း– မအူပင်ကျေးရွာအကျော် အွမ်ကထောင်ကျေးရွာကနေ နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ နန့်တိန့် အနီးတဝိုက်အထိ လမ်းကြောင်းအားလုံးကို ဒီကနေ့က စတင်ပြီး ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်သိရသလောက်ဆို ဒီမနက်ကစပြီး လမ်းတွေဖွင့်ပြီ။ ကပ်မှော်၊ ဆိုင်းဖရာ တစ်ကြော တပ်ရင်း ၄၄ နေရာတဝိုက် မိုင်းရှင်းလင်းရေးတွေ လုပ်နေကြပြီ။ အထက်အမိန့်ကမနေ့ကရတယ်လို့ ကြားတယ်။ KIA ဘက်က ဂိတ်ထိုင်ပြီး အရမ်းကြီး စစ်ဆေးမေးမြန်းဖို့ အရမ်းကြီးတော့ လုပ်ဖို့ အနေအထားတော့မတွေ့ရဘူး။ အဓိကတော့ မှတ်ပုံတင်၊ ကိုယ်နေထိုင်တဲ့နေရာက အချက်အလက် ထောက်ခံစာပြရင် ရပြီလို့ထင်ပါတယ်”လို့ပြောပါတယ်။ ကားမိုင်း – ဖားကန့်လမ်းကို အသုံးပြုပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် KIA နဲ့ စစ်ကောင်စီတပ်တွေကြား လမ်းပိုင်းတစ်လျှောက် စစ်ရေးတင်းမာမှုဖြစ်နေတာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် ဖားကန့်မြို့ထဲ ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ မော်မောလယန် နဲ့ ရှရော်ခ စတဲ့ ကျေးရွာတွေမှာ တိုက်ပွဲအရှိုန်မြင့်မားနေဆဲဖြစ်ပါတယ်။ အခုလို ဖားကန့်ဒေသထဲ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အချိန် KIA ဘက်က လမ်းပိုင်းဖြေလျှော့လိုက်တဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးတာလည်းဖြစ်ပါတယ်။ ဖားကန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားလာကတည်းက လဝါး – ကားမိုင်းကနေ မအူပင်အထိ ၊ နန့်တိန့် ကျေးရွာကနေ ဖားကန့်မြို့ဝင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းကျေးရွာအထိ လမ်းပိုင်းအားလုံးကို စစ်ကောင်စီတပ်တွေ လမ်းပိုင်းထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက နန့်ယားကျေးရွာကနေ နန့်တိန့်အနီးတဝိုက်အထိ လမ်းပိုင်းထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ခဲ့တဲ့ လမ်းပိုင်းနေရာတွေကို ပြီးခဲ့တဲ့ မေလကတည်းက ဖြေလျှော့ ထားတယ်လို့လည်း ဆက်သိရပါတယ်။ ဖားကန့်ဒေသထဲကို ကုန်စည်အဓိက စီးဆင်းနေတဲ့ ကားမိုင်း – ဖားကန့်လမ်းကို နှစ်ဖက်စစ်တပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် အင်းတော်ကြီး – ဂွေခါလမ်းတစ်ခုတည်းသာ ကုန်းကားအဝင်အထွက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုရက်ပိုင်းအတွင်းမှာ အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်၊ ရှမ်းနီ SNA ပူးပေါင်းတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကားမိုင်း – ဖားကန့်လမ်းကို ပြန်လည်အသုံးပြုဖို့ KIA ဘက်က ဖွင့်လိုက်တာဖြစ်နိုင်တယ်လို့ ပြည်သူတွေက သုံးသပ်နေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
15 Julyသတင်း
KIO ထိန်းချုပ်နယ်မြေမှာ တစ်လတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၄၁ ဦးဖမ်းဆီးရမိ
ကချင်လွတ်လပ်ရေးအစိုးရ KIO ထိန်းချုပ်နယ်မြေမှာ ဇွန်လ တစ်လအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၄၁ ဦးနဲ့ မူးယစ်ဆေးအများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ KIO ပိုင် ( Alen Yang -TV )ရုပ်သံကနေထုတ်ပြန် ကြေညာထားပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၄၁…
Read More » -
15 Julyသတင်း
မြစ်ကြီးနား-မန္တလေးလမ်းမကြီးတစ်နေရာ လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်း၊ ကောလင်းမြို့နယ် ဒိုးပင်ကျေးရွာအပိုင်းကို စစ်ကောင်စီတပ်က မနေ့က ဇူလိုင်လ ၁၄ ရက်နေ့မှာပဲလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကထုတ်ပြန်ထားကြပါတယ်။ ဒိုးပင်ကျေးရွာအပိုင်း မြစ်ကြီးနား–မန္တလေးလမ်းမကြီးတစ်နေရာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ခရီးသွားတစ်ချို့ထိခိုက်ဒဏ်ရာရှိခဲ့သလို စက်သုံးဆီကား ၂ စီးနဲ့ ထမင်းဆိုင်တစ်ဆိုင်လည်း…
Read More » -
15 Julyသတင်း
လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့ ပြည်သူတွေအခက်ကြုံနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘူးဂါးလျှပ်စစ်မီးမကြာခဏပြတ်တောက်မှုကြောင့် ပြည်သူတွေ အဖက်ဖက်ကအခက်တွေ့နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းလျှပ်စစ်မီးတွေကို ရပ်ကွက်အလိုက် ရပ်ကွက်တစ်ခု ၈ နာရီကြာအလှည့်စီပေးနေရာကနေ ၂၀၂၅ ဇန်နဝါရီလပိုင်းကစပြီး ရပ်ကွက်တစ်ခုကို မီးလာချိန် ၆ နာရီနဲ့…
Read More » -
14 Julyသတင်း
ဖားကန့်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
ဖားကန့်မှာ စစ်ကောင်စီတပ် ဂျက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတဲ့အတွက် မော်မောကုန်းကျေးရွာက စာသင်းကျောင်းထိခိုက်ပျက်စီးသွားသလို တိုက်ပွဲကြောင့်စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်အချိန် မော်မောကုန်း စာသင်ကျောင်းနေရမှာ ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးနှစ်ကြိမ်ပစ်ခတ်သွားပြီး တပြိုင်နက် စစ်ကောင်စီတပ်တွေရှိတဲ့ မော်မောလယန်ဘုန်းကြီးကျောင်းနဲ့ မှော်ဝမ်းကလေး စာသင်ကျောင်း နှစ်နေရာကိုသွားရောက်တိုက်ခဲ့တယ်လို့ ဖားကန့်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ကတော့ မော်မောဘွမ့်၊ လမောင်ကုန်း တောင်ကုန်းနေရာတွေကို ရဖို့လုပ်နေတယ်။ မနေ့ညနေလည်း လေယာဉ်နဲ့ လာကြဲနေတဲ့အချိန်ထဲမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီတပ်ရဲ့ မော်မောလယန်က ဘုန်းကြီးကျောင်းထဲမှာ နေရာယူထားတဲ့အဖွဲ့၊ ပြီးတော့ မှော်ဝမ်းလေးစာသင်ကျောင်း ရှိတဲ့ စစ်ကောင်စီတပ်တွေကို သွားရောက် တိုက်ခိုက်တာတွေလုပ်ခဲ့တော့ ပစ်ခတ်မှုတွေရှိခဲ့တယ်။ တိုက်ပွဲက အပြန်အလှန် နာရီဝက်လောက်ဖြစ်ခဲ့ပါတယ်”လို့ပြောပါတယ်။ မော်မောလယန်နဲ့ မှော်ဝမ်းကလေး နှစ်နေရာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လကတည်းကနေ မော်မောဘွမ့်နဲ့ မမောင်ကုန်းနေရာကိုရယူဖို့ ဆွတ်ဘွမ့်(အမှိုက်ပုံ) နဲ့ မော်မောလယန် ကျေးရွာအနီးတဝိုက်မှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ သုံးရက်တာအတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲမှာလည်း စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုများခဲ့တယ်လို့လည်း ဆက်သိရပါတယ်။ ဇူလိုင်လ ၁၃ ရက် မနေ့က စစ်ကောင်စီတပ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နောက် တိုက်ပွဲဧရိယာနယ်မြေတွေဖြစ်တဲ့ မော်မောလယန် နဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) စတဲ့ နေရာတွေမှာ မနေ့ည ၉ နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းအထိ လက်နက်ကြီးတွေသံတွေ ကြားနေရဆဲဲဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေ ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဟာ ဖားကန့် ဗျူဟာကုန်းကနေ လမ်းကြောင်းနှစ်ခုနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေတဲ့အတွက် မှော်ဝမ်းကနေ ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ အင်မားယန် ကျေးရွာတဝိုက်နဲ့ ရှရော်ခ ညောင်ပင်ကုန်း၊ မော်မောလယန်ကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ မော်မောကုန်းကျေးရွားက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိနေတယ်လို့ယူဆပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေ သုံးသပ်နေကြပါတယ်။ မော်မောကုန်းကျေးရွာနေပြည်သူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးတိမ်းရှောင်ထားတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မနေ့ည ၉ နာရီဝန်းကျင်အချိန်မှာ မှော်ဝမ်းကျေးရွာရှိ မူရင်းနှစ်ခြင်းအသင်း တော်ဘုရားကျောင်းဝင်းထဲမှာ စစ်အင်အားအလုံးအရင်း ဝင်ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ “အစပိုင်းတော့ စစ်ကြောင်းမှာပါတဲ့ တပ်သားတွေ သုံး၊ လေးယောက်နဲ့ ဖြည်းဖြည်းချင်းဝင်လာကြတယ်။ သူတို့ စစ်ဆေးမေးမြန်းတာတွေ လုပ်ချင်တယ်ပေါ့။ တာဝန်ရှိသူတွေနဲ့ တွေ့ချင်တယ်လို့အရင်ပြောတယ်။ ဘုရားကျောင်းထဲမှာ အမျိုးသား ဘယ်နှစ်ယောက်ရှိတာလဲမေးတယ်။ သော့ဖွင့်ထားတဲ့ရုံးခန်းတွေ အကုန်လုံးဝင်ကြည့်ကြတယ်။ သူတို့က ဒီတိုင်းလာစစ်မေးမြန်းတာလို့တော့ ပြောတယ်။ ဒါပေမယ့် ဘာမှတော့ လုပ်ဆောင်သွားတာမျိုးတော့မရှိဘူး”လို့ စစ်ဆေးခံရတဲ့ မှော်ဝမ်းမူရင်းနှစ်ခြင်းအသင်းတော်တာဝန်ရှိသူတွေနဲ့ နီးသူတစ်ဦးက ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကနေ စစ်ကောင်စီတပ်တွေက လမောင်ကုန်းနဲ့ မော်မောဘွမ့်တောင်ကုန်းနေရာတွေကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တက်လာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်ကြောင်းထိုးထားတဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) နဲ့ မော်မောလယန် ကျေးရွာတွေမှာလည်း အရပ်သားပြည်သူတွေ အကြောင်းမဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း နေ့စဉ်ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့မှာ ဖားကန့်၊ မရှီကထောင်ရပ်ကွက် ရွှေမြန်မာ ရွှေဆိုင်ရှေ့ စစ်ကြောင်းသွားလာလှုပ်ရှားနေချိန် စစ်ကြောင်းမှာပါလာတဲ့ ယခင် ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာက ဥက္ကဋ္ဌဟောင်း မင်းစိုးဦး နဲ့ ဂွေခါ အုပ်ချုပ်ရေးမှူး ဦးဘရန်မွန်းဆိုသူ နှစ်ဦးပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။…
Read More » -
14 Julyသတင်း
ဝါရာဇွပ်တွင်း ရွှေတူးဖော်နေမှုကို ဒေသခံတွေကန့်ကွက်
တနိုင်းသွားလီဒိုလမ်းပေါ် ဝါရာဇွပ်ကျေးရွာ၊ မိုးကောင်းချောင်းမြစ်ကမ်းနံဘေးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်ရေးတာဝန်ခံတစ်ချို့နဲ့ လုပ်ငန်းရှင်တွေပူးပေါင်းပြီး ရွှေတူးဖော်နေတဲ့အတွက် ဒေသခံတွေပြည်တွေ ကန့်ကွက်နေပါတယ်။ ဝါရာဇွပ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဝါရာဇွပ်ပြည်သူ့စစ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIO တပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် KIO တိုက်နယ်အရာရှိ ဦးဆန့်အောင်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာပါဝင်တဲ့ ဦးလမုန်လဂျာ နှစ်ဦးပူးပေါင်းပြီး ရွှေတူးဖော်နေတယ်လို့ ဝါရာဇွပ်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ကျေးရွာထဲက မြစ်ကမ်းနံဘေးမှာတင်…
Read More » -
10 Julyသတင်း
ဆွမ်ပရာဘွမ်ဘက်ကို စစ်တပ်က စစ်ရေးလှုပ်ရှားမှုစတင်ပြုလုပ်လာ
ကချင်ပြည်နယ် ပူတာအိုမြို့တွင်း အခြေစိုက် ခ.လ.ရ ၄၆ တပ်ထဲမှာ လက်နက်ခဲယမ်းတွေဖြည့်တင်ပြီးနောက် စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်ဘက်ကိုဦးတည်ပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်လာနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကို လက်နက်၊…
Read More » -
10 Julyသတင်း
ဖားကန့်မှာ အချဉ်ပေါင်းသည်တစ်ဦး ပစ်သတ်ခံရ
ဖားကန့်မြို့နယ်၊ မှော်ဆီစာကျေးရွာရှိ Sky ဟော်တည်ရှေ့မှာ အချဉ် ပေါင်းသည်တစ်ဦး ပစ်သတ်ခံရတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည် တစ်နာရီဝန်းကျင်မှာ ပစ်သတ်ခံရတယ်လို့ သိရပေမယ့် သတ်ခံရတဲ့အကြောင်းရင်းကို သေချာမသိရဘူးလို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦး…
Read More » -
10 Julyသတင်း
ဆိုင်ကယ်မှောက်သူကို ကူညီဟန်ဆောင်ပြီး ဆိုင်ကယ်လုယက်သွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မှောက်နေတဲ့ အမျိုးသားကို ကူညီဟန်ဆောင်ပြီး ဆိုင်ကယ်လုယက်သွားတယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ ည ၇ခွဲဝန်းကျင် မြို့သစ်ကြီး ရပ်ကွက် မိုင်တဲကွေ့နားမှာ အသက် ၃၀ အရွယ်အမျိုးသား…
Read More »









