-
Mar- 2026 -2 Marchသတင်း
ဟုမ္မလင်းမှာ ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တွေပြတ်လပ်စပြုလာ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ လေကြောင်းလိုင်းအာားလုံးပိတ်ထားတာကြောင့် ဒေသတွင်း ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တစ်ချို့ပြတ်လပ်တာ စတင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်စပြီး မန္တလေး–မုံရွာ–ဟုမ္မလင်းလေကြောင်းလိုင်းကို အကြေင်းပြချက်မရှိပိတ်ချလိုက်တဲ့နောက် ဆေးဝါးပြတ်လပ်တာ၊တစ်ခြားကုန်စည်တွေပြတ်လပ်စပြုလာပြီး လက်ကျန်ရောင်းချတဲ့ကုပစ္စည်းတွေလည်း စျေးအဆမတန်မြင့်တက်လာတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “လေယာဥ်လိုင်းပိတ်တာ တစ်ပတ်ကျော် ခုဘာတွေဖြစ်နေလဲဆိုတော့ ဆေးခန်းတွေပိတ်ထားတယ် ဆေးမရှိလို့တဲ့၊နောက်ပြီး ပုံမှန်လေယာဥ်နဲ့တင်နေတဲ့ကွမ်းရွက်က အရင်တစ်ပိဿတစ်သောင်းကနေ အခု နှစ်သောင်းအထိခုန်တက်သွားတယ် ဆပ်ပြာ၊ ခေါက်ဆွဲခြောက်တို့တစ်ချို့ဆိုင်တွေမှာဝယ်မရတော့ဘူး”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးက ပြောပါတယ်။ လေကြောင်းလိုင်းပိတ်လိုက်တဲ့နောက် လက်ရှိဟုမ္မလင်းမြို့ပေါ်က အခမဲ့ဆေးခန်းတွေပိတ်ထားရပြီး ဖွင့်နေကျအပြင်ဆေးခန်းတွေမှာလည်းဆေးဝါးတွေ မစုံတော့ကြောင်း သူကဆက်ပြောပါတယ်။ ဒါ့အပြင် ကြက်ဥ၊ကြက်သွန်နီ၊ကြက်သွန်ဖြူအစရှိတဲ့ အခြေခံစားသောက်ကုန်တွေလည်းပြတ်လပ်စပြုနေပြီလို့ သိရပါတယ်။ ဟုမ္မလင်းလေကြောင်းလိုင်းပိတ်တာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က တရားဝင်ပြောဆိုထုတ်ပြန်တာတွေမရှိသလို လေယာဉ်လက်မှတ်အရောင်းဌာနတွေကလည်း မသိရဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ စစ်ရေးအခြေအနေကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ “ဘာကြောင့်ပိတ်တာလဲဆိုရင် စစ်ရေးကြောင့်ပဲနေမှာ ဟိုတလေ သုံးရက်လေးရက်ဆက်တိုက် ကလေးဘက်ကလာတဲ့လေယာဥ်တွေဟုမ္မလင်းလေဆိပ်မှာနားပြီးဒီကနေသွားသွားကျဲတာလေး ပဲနုတ်ဆွပ်နဲ့နောင်မော်ဘက်ကိုအဲ့နောက်ပိုင်းကနေပိတ်သွားတာပဲ”လို့ ဟုမ္မလင်းမြို့ ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်အာဏာသိမ်းနောက်ပိုင်း မုံရွာ–နမ့်တော–ဟုမ္မလင်းကားလမ်းပိုင်း စစ်ရေးအရသွားလာလို့မရတဲ့နောက် မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကနေ ကုန်စက်စက်လှေတွေနဲ့သယ်ကြရတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် ကုန်စက်လှေတွေခရီးတစ်ခေါက်ကို ခြောက်လခန့်ကြန့်ကြာတာတဲ့အတွက် အခြေခံစားသောကုန်နဲ့လူသုံးကုန်တွေကိုလေကြောင်းကနေပဲသယ်ယူနေုကြတာဖြစ်တယ်လို့ ဒေသခံတွေဆိုပါတယ်။ By – Zaw Zaw
Read More » -
2 Marchသတင်း
မြစ်ကြီးနားလေကြောင်းလိုင်းရပ်ထားတဲ့အပေါ် ပြည်သူတွေရဲ့အမြင်ဘယ်လိုရှိလဲ
မြစ်ကြီးနားမြို့ရဲ့ လေကြောင်းခရီးစဉ်အားလုံး ယာယီရပ်နားလိုက်တာ ခုဆို ၁၀ ရက်တိတိရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ည ၈ နာရီခွဲဝန်းကျင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ ATR-72-600 ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေယာဉ်အမြီးပိုင်းအနည်းငယ်ထိမှန်ပျက်စီးခဲ့ပါတယ်။ စစ်တပ်ဘက်ကတော့ ဒီပေါက်ကွဲမှုအပေါ် KIA/PDF ရဲအကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်းထုတ်ပြန်လာပြီး ပြင်းထန်တဲ့တုံးပြန်မှုလုပ်ဆောင်သွားမယ်လို့ဆိုကာ လေကြောင်းခရီးစဉ်အားလုံးရပ်နားထားတာဖြစ်ပါတယ်။ မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ ကချင်ဒေသဟာ အာဏာသိမ်းပြီးနောက် ကုန်းလမ်းဖြစ်တဲ့ ရန်ကုန်–မန်းလေး–မြစ်ကြီးနားဗျူဟာလမ်းမကြီးရှိပေမယ့ စစ်ရေးအခြေနေကြောင့် လမ်းပိုင်းကြန့်ကြာမှုတွေရှိနေတဲ့အတွက် လေကြောင်းလိုင်းကိုအဓိက အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ခုလို လေယာဉ်ခရီးစဉ်အားလုံးရပ်နားလိုက်တဲ့ မြစ်ကြီးနားကနေ မန်းလေး–ရန်ကုန်ဆင်းမယ့် ခရီးသည်တွေ၊ ဆေးကုရက်ချိန်းထားသူ၊အရေးပေါ် ဆေးကုသဖို့ သွားရမယ့် လူနာတွေ၊ ပြည်ပကနေ ပြန်လာရမယ့်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောင်းသား၊သူတွေ အဖက်ဖက်ကနေ ပိုပြီးခက်ခဲကြပ်တည်းလာနေကြတာလည်းဖြစ်ပါတယ်။ ခုလိုလေကြောင်းခရီးစဉ်အားလုံး ရပ်နားထားတဲ့အပေါ် ခရီးသွားရေးတင်မကဘဲ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝအပေါ် ထိခိုက်မှုများစွာ ရှိနေပြီး အချိန်ကြာမြင့်စွာ ဆက်ပိတ်ပင်ထားမယ်ဆိုရင် ဒေသစီးပွားရေး ကျဆင်းနိုင်သလို လူထုရဲ့ နေ့စဉ်ဘဝလည်း ပိုမို ခက်ခဲလာနိုင်ပါတယ်။ ဒီအခြေအနေအပေါ် မြို့ခံတွေ ဘယ်လိုမြင်ကြလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရလဲဆိုတာကို KNG ကို မေးမြန်းထားပါတယ်။ မြစ်ကြီးနားမြို့နေ အမျိုးသားလူငယ်တစ်ဦး “လေကြောင်းလိုင်းတွေ အကုန်ပြန်ပိတ်သွားတော့ အကုန်လုံးက ညီးနေကြတယ်။ ဘာမှ မလုပ်တတ်သလို ဖြစ်သွားတယ်။ အကုန်လုံးက လေယာဉ်တစ်မျိုးနဲ့ဘဲ သွားနေတာကို လေယာဉ်ပြန် ပိတ်သွားတော့ ဘယ်မှမသွားတတ် မလုပ်တတ်နဲ့ အကုန်လုံးက။ ဘယ်လိုပြောရမလဲ ဟိုးအောက်ကို ပြန်ရောက်သွားသလို။ လေယာဉ်က ဘယ်အချိန်ပြန်ဖွင့်မလဲမသိတော့ အကုန်လုံးက အာရုံနှောက်ကုန်တာ။ ပြီးတော့ လောလောဆယ် မြစ်ကြီးနားမှာ ဖြစ်နေတာက အကုန်ကြောက်ပြီး စိုးရိမ်နေတယ်။ မြစ်ကြီးနားမှာ ဘယ်အချိန်တိုက်ပွဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ အကုန်လုံးက ကြောက်ပြီး နေနေရတယ်” ကိုးရီးယားသွားဖို့ ပြင်ဆင်နေတဲ့ လူငယ် အမျိုးသမီးတစ်ဦး “ကားနဲ့ သွားမယ်ဆိုရင် မလုံခြုံဘူးလေ။ လေယာဉ်နဲ့ဘဲ သွားရမှာ ။ အခုကျွန်မတို့ဆို ကိုးရီးယားသွားရတော့မှာ ရန်ကုန်တက်ရတော့မှာကွာ ခုလို လေယာဉ်တွေ ပိတ်သွားတော့ ကျွန်မတို့က ဘယ်လိုမှ လုပ်လို့မရနေဘူးကွာ။ ဘယ်လိုမှ လုပ်လို့မရတဲ့အတွက် ကားနဲ့ သွားမယ်ဆိုရင်လည်း မလုံခြုံဘူး အရမ်းခက်ခဲတယ်။ သွားလာရေးလည်း ပိုခက်လာတယ်။ လေယာဉ်ကဆို ပစ္စည်းတွေ ပိုရင်လည်း အမြန်ရောက်တယ်။ ကားနဲ့ဆိုရင် အရမ်းကြာတယ်လေ နှစ်ပတ်သုံးပတ်ကြာတယ်။ အရမ်းမကောင်းဘူး လုံးဝမကောင်းဘူး။ လေယာဉ်က အမြန်ဖွင့်ရင်ကောင်းမယ်” မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦး “ကျွန်တော်ထင်တာက အဲလောက်အကြာကြီးတော့ သူတို့မပိတ်လောက်ဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း လေယာဉ်နဲ့ဘဲ သွားလာနေတော့ အဲလောက်ကြာအောင် ပိတ်ထားလို့ မရလောက်ဘူး။ ဒါကြောင့် ကျွန်တော်က ဒီအတောအတွင်း ပြန်ဖွင့်မယ်လို့ ထင်တယ်။ သူတို့လည်း ခရီးသွားရမယ်ဆိုရင် လေယာဉ်နဲ့ဘဲ သွားရမှာပေါ့ ကားနဲ့မှ သွားလို့မရတာ။ ဒါကြောင့် ဘာဘဲ ဖြစ်ဖြစ် သူတို့ ပြန်ဖွင့်လာမယ်လို့ထင်တယ်။ မြစ်ကြီးနားမြို့ခံ အမျိုးသမီး လူငယ်တစ်ဦး “အခက်အခဲက အရမ်းများတယ်။ တကယ်လို့ ကိုယ်ပြန်ချင်တဲ့အချိန် အရေးပေါ် အခြေအနေတွေဆိုရင် ဖြစ်လာတဲ့အချိန်တွေကြလို့ရှိရင် ပြန်လို့မရတာပေါ့နော။ ကားလမ်းနဲ့ ပြန်ပြန်မယ်ဆိုရင်လည်း ကားလမ်းက သိတဲ့အတိုင်းဘဲ ရက်သတ္တပတ် ကြာတယ်။ ဒါကြောင့် အခုလောလောဆယ် သွားလာနေတာက လေယာဉ်နဲ့ပေါ့။ လေယာဉ်နဲ့ဆိုရင် မြန်ရောမြန်တယ်၊ လုံလည်းလုံခြုံတယ်။ အခုလိုမျိုး ပိတ်လိုက်တယ်ဆိုရင်က ကျွန်မတို့ ပြည်သူတွေအတွက် အရမ်းဒုက္ခရောက်တယ်။ မြစ်ကြီးနားကနေ ရန်ကုန် သွားချင်တဲ့သူတွေအတွက်လည်း သူတို့ အလုပ်ကိစ္စတွေလည်း ရှိတယ်လေနော။ အရမ်းနှောင့်နှေးတယ် အရာရာ ပြတ်တောက်သွားသလို ဖြစ်တော့ အဆင်မပြေဘူး။ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး “လေယာဉ်နဲ့ ခရီးသွားတာက ပိုက်ဆံသုံးနိုင်တဲ့ သူတွေဘဲဆိုတော့ ကျွန်တော်တို့ သာမန် လူလတ်တန်းစားတွေအတွက်တော့ လေဆိပ် ပိတ်တာဖြစ်ဖြစ် မပိတ်တာဖြစ်ဖြစ် ဘာမှ မပြောင်းလဲဘူး။ ဘာလို့ဆို ကျွန်တော်တို့ အများဆုံး သွားလာတာက တရုတ်ပြည်ဘက်က သွားလာတယ်။ မန္တလေးလမ်းဘက်က သွားလာတယ်။ ကုန်ဈေးနှုန်းတွေကို နှိုင်းယှဉ်ပြီး ပြောမယ်ဆိုရင်လည်း အရမ်းကြီး မပြောင်းလဲဘူး။ လေဆိပ်ပိတ်သွားတဲ့အတွက်ကြောင့် သာမန်ပြည်သူလူထုအတွက်တော့ ထိခိုက်နစ်နာတာ သိပ်မရှိဘူး။ ဒါပေမယ့် ရန်ကုန် မန္တလေးဘက်ကို သွားလာချင်တဲ့သူတွေလည်း ရှိမှာဘဲ လေယာဉ်နဲ့ဘဲ အများဆုံး သွားကြတာဆိုတော့။ ထိခိုက် နစ်နာတာက ရာခိုင်နှုန်းအဲသလောက် မရှိဘူး။ ကုန်ဈေးနှုန်းတွေလည်း ပုံမှန်ပါဘဲ။ ကုန်တွေက လေယာဉ်နဲ့လည်း အဓိက သယ်ယူတာမဟုတ်တော့“ ဝိုင်းမော်မြို့ခံလူငယ်တစ်ဦး “ကျနော့်အမြင့်ကတော့ ရှင်းပါတယ်။ စစ်တပ်က သူအသုံးလိုလို့ ဒါမှမဟုတ် KIA/PDF ကို ပြည်သူတွေအမြင်မှားအောင်လုပ်နေတာဖြစ်တယ်။ ပြောချင်တာက လက်နက်ကိုင်အချင်းချင်းတိုက်ချင်ရင် KIA/PDF ရှိတဲ့နေရာသွားတိုက်ကြပါ။ ဒါက အရပ်သားတွေအတွက် တကယ်လိုအပ်တဲ့လေကြောင်းလိုင်းပိတ်တာ လုံးဝမဖြစ်သင့်ဘူးလေ။ ပြီးတော့ လေယာဉ်ကလည်း ဒီတစ်စင်းပဲရှိတာလား တကယ်လုပ်ပေးချင်တဲ့ဆန္ဒမရှိလို့ပဲ စစ်တပ်ကမကောင်းကြံနေတာ အသိသာကြီးပါ။ ဒါကိုပြည်သူတွေအားလုံးလည်း သိပါတယ်” ဝိုင်းမော်မြို့ခံ အမျိုးသားတစ်ဦး…
Read More » -
2 Marchသတင်း
ပိတ်မိနေတဲ့ကုန်ကားတွေဆီက ကုန်တစ်ဝက်ကို စစ်ကော်မရှင်ပြန်ဝယ်နေ
မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ဝန်းကျင်လောက်ကနေ ပိတ်မိနေတဲ့ ကုန်ကားတွေဆီက ပါလာသမျှကုန်ပစ္စည်းရဲ့ တစ်ဝက်ကို စစ်ကော်မရှင်တပ်ဖွဲ့တွေက ပေါက်ဈေးအတိုင်းပြန်ဝယ်သွားတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းပိုင်းက ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေအကြားစစ်ရေးတင်းမာနေကြသလို လမ်းပိုင်းကို လည်းနှစ်ဖက်တပ်တွေက အပြန်အလှန်ပိတ်ဆို့ထားကြတာလို့…
Read More » -
Feb- 2026 -28 Februaryသတင်း
ပဋိပက္ခနဲ့နိုင်ငံရေးမတည်ငြိမ်မှုကြား GZ လူငယ်တစ်ချို့ ဘယ်လိုရုန်းကန်နေကြလဲ
စစ်ကော်မရှင်တပ်က အာဏာသိမ်းတာ ၅ နှစ်ပြည့်လာတာနဲ့အတူ အဖက်ဖက်ကနေဆိုးယုတ်လာတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက လူငယ်တွေထဲ ၄ ယောက်မှာ ၁ ယောက်ဟာ အလုပ်လက်မဲ့ဖြစ်နေပြီး နိုင်ငံရဲ့လူဦးရေထဲက ၄ သန်းနီးပါးသော လူငယ်တွေဟာ အလုပ်မရှိတဲ့အခြေနေကြုံနေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ကထုတ်ပြန်ထားပါတယ်။…
Read More » -
27 Februaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မြစ်ဆုံဆည်လုပ်တာက ဧရာဝတီကို သတ်တာပဲ
လူထုရဲ့ကန့်ကွက်မှုတွေကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကျော်ကြာ ရပ်နားခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းကို စစ်ကော်မရှင်က အာဏာသိမ်းပြီး ၅ နှစ်ပြည့်ချိန် ၂၀၂၆ ခုနှစ်အစပိုင်းမှာပဲ ပြန်လည်အကောင်အထည်ဖော်ဖို့ဆိုတဲ့ အရိပ်အယောင်တွေ စတင်တွေ့လာရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉နဲ့၃၀ ရက်နေ့တွေကဘဲ မြစ်ကြီးနားမြို့နယ် ပမ္မတီးကွက်သစ်…
Read More » -
27 Februaryသတင်း
မြစ်ကြီးနားမှာ KIA ကိုဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့အတွက် အကျဉ်းချုံးသာကျင်းပသွား
ကချင်ပြည်နယ် မြစ်ကြီးနားမှာ လေယာဉ်ကွင်းပစ်ခတ်ခံရတဲ့အပေါ် KIA ကိုအလိုမရှိကြောင်း ဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့အတွက် အကျဉ်းချုံးသာကျင်းပသွားတယ်လို့ ဌာနဆိုင်ရာနီးစပ်သူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်း မိုးလုံလေလုံကွင်းကနေစပြီး မြို့တွင်းရပ်ကွက်တွေမှာ စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်ပြီး စစ်တပ်ထောက်ခံတဲ့အင်အားတစ်ထောင်ခန့်အသုံးပြုကာ KIA ကိုအလိုမရှိကြောင်း ဆန္ဒပြဖို့စီစဉ်ထားတဲ့သတင်းပေါက်ကြားလာတဲ့တွက် အစီစဉ်ပျက်သွားခဲ့တယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး KNG ကိုပြောပါတယ်။ “အစက ပြည်သူ့စစ်တွေရော၊ဌာနဆိုင်ရာက ဝန်ထမ်းတွေလည်းပါတယ်ပေါ့ ပြီးရင်ဘာသာရေးခေါင်းဆောင်တစ်ချို့ စီတန်းလှည့်လည်ပြီးပြဖို့ဟုတ်တယ်။ မနေ့ည KNG မှာသတင်းတက်လာတော့ အစီစဉ်တွေအကျဉ်းချုံးဖြစ်သွားတာ“လို့ ပြောပါတယ်။ ဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့တွက် ဒီမနက်မှာတော့ ကြံ့ခိုင်ရေးပါတီဦးဆောင်ပြီး ကား ၃ စီးနဲ့ လူအင်အား ၅၀ ခန့်ကို မြစ်ကြီးနားလေယာဉ်ကွင်းရှေ့မှာပို့ဆောင်ပြီး မိနစ်ပိုင်းအတွင်းဆန္ဒပြပွဲလုပ်သွားတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာ “ မြစ်ကြီးနားလေဆိပ်အား FPV အသေခံဒရုန်းဖြင့်အကြမ်းဖက်တိုက်ခိုက်မှုအပေါ် မြစ်ကြီးနားမြို့ခံပြည်သူများမှငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်၊ အရပ်ဖက်ပစ်မှတ်ထား အဓိကထားတိုက်ခိုက်ခြင်းကို ကန့်ကွက်ပါသည်၊ ပြည်သူများကို နည်းမျိုးစုံနဲ့ဒုက္ခပေးနေသော အကြမ်းဖက်အဖွဲ့အား အလိုမရှိ”အစရှိတဲ့ကြွေးကြော်သံနဲ့ ခနတာကြွေးကြော်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကာ ကျင်းပသွားကြာဖြစ်တယ်လို့သိရပါတယ်။ “အဲသူတို့ဗီနိုင်းမှာက KIA/PDF ဆိုတဲ့စာတွေ ဆေးအနီရောင်နဲ့ဖျက်ထားကြတ အားလုံးတွေ့မှာပဲ။ အဓိက ကြံံ့ခိုင်ရေးပါတီက ဒီနေ့ဦးဆောင်သွားတာဟုတ်တယ်”လို့ အထက်မှာဖော်ပြတဲ့ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး ဆက်ပြောပါတယ်။ စစ်ကောင်စီနဲ့စစ်တပ်ထောက်ခံတဲ့အဖွဲ့စည်းကကျင်းပသွားကြတဲ့ ဒီဆန္ဒပြပွဲနဲ့ပတ်သက်ပြီး လူမူကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ “ဆန္ဒပြတာက မင်းအောင်လှိုင်ကိုပြရမှာလေ နေ့ည မနားလေယာဉ်နဲ့ပြည်သူတွေကို လိုက်သတ်နေတာ ခုပြောင်းပြန်ဖြစ်နေတယ် ဒါကအားလုံးသိပါတယ်။စစ်တပ်အသိုင်းအဝိုင်းလုပ်သွားတဲ့ ဆန္ဒပြပွဲပဲလေ”လို့ မြစ်ကြီးနားမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြောက်ပိုင်းစစ်ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ အရပ်ဘက်သုံးလေယာဉ်ကွင်းနဲ့ စစ်တပ်သုံးနမ့်ပေါင်လေတပ်စခန်းနှစ်ခုရှိပြီး အာဏာသိမ်းပြီးနောက် မကြာခနတိုက်ခိုက်ခံရတဲ့လေယာဉ်ကွင်းဟာ စစ်တပ်သုံး နမ့်ပေါင်လေတပ်စခန်းဖြစ်ပါတယ်။ ပြီးခဲတဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်တဲ့ ၆၅ နှစ် မြောက်ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ KIO ဒုတိယဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း မြစ်ကြီးနားနမ့်ပေါင်လေတပ်စခန်း ဌာနချုပ်ရဲ့ ရေဒါစခန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောငးပြောဆိုလာပါတယ်။ အဲဒီနောက် စစ်တပ်ဘက်က ဗိုလ်ချုပ်ကြီး ဂွန်မော်စကားကို အကြောင်းပြုပြီး ပြီးတဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့ မြစ်ကြီးနားလေဆိပ်အနီးကို အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရကြောင်း၊ နောက်ထပ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာလည်း မြစ်ကြီးနားလေဆိပ် ရန်ကုန်–မန္တလေး–မြစ်ကြီးနား ပြေးဆွဲနေတဲ့ Myanmar National Airline(MNA) ရဲ့လေယာဉ်တိုက်ခိုက်ခံရကြောင်း ဆက်တိုက်ထုတ်ပြန်လာပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က ဒီလေယာဉ်ကွင်းကို KIA/PDF တပ်ဖွဲ့ကတိုက်ခိုက်တာဖြစ်ပြီး ဒီလုပ်ရပ်အပေါ်ပြင်းထန်စွာတုံဲ့ပြန်သွားမယ့်အကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားသလို မြစ်ကြီးနားမြို့ရဲ့အရပ်ဘက်သုံးလေယာဉ်ခရီးစဉ်အားလုံးလည်း ဒီနေ့ထိပိတ်ထားဆဲဖြစ်ပါတယ်။ By – Zami
Read More » -
27 Februaryသတင်း
ပန်ဝါနယ်စပ်ဂိတ်ပိတ်လိုက်ပြီး မြေရှားလုပ်ကွက်တွေမှာ တရုတ်အလံလွှင့်ထူထား
KIO/KIA ထိန်းချုပ်ထားတဲ့ ပန်ဝါမှာ စစ်တပ်လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတဲ့အတွက် တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်လိုက်ပြီလို့ ဒေသတွင်းနေထိုင်သူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး ဆန်၊ ဆီ၊ ဆားကုန်စိမ်းတွေတင်သွင်းနေတဲ့ ပန်ဝါနယ်စပ်ဂိတ်တံခါးကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပန်ဝါဒေသထဲမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာလည်း တရုတ်ကုမ္ပဏီတွေက တရုတ်နိုင်ငံ အလံတွေ လွှင့်ထူထားတယ်လို့ သိရပါတယ်။ “နယ်စပ်တံခါးလည်း ပိတ်လိုက်ပြီ၊ ကုန်စိမ်းတွေလည်း မဝင်တော့ဘူး။ ဆန်တွေလည်း မဝင်တော့ဘူး မနေ့က နေ့လည်ကစပြီး ပိတ်လိုက်တယ်ပြောတယ်။ တရုတ်တွေကတော့ လေယာဉ်လာမယ်ဆိုလို့တဲ့ အဲဒါပဲပြောတယ်။ လုပ်ကွက်တွေမှာ ရိက္ခာချွေတာဖို့ ပြောနေတယ်။ လုပ်ကွက်တချို့မှာ တရုတ်အလံတွေထောင်ထားတာ လေယာဉ်လာမယ်ဆိုတဲ့သတင်းကြောင့်တဲ့။” လို့ ပန်ဝါမှာရှိတဲ့ လုပ်သားတစ်ဦးက ပြောပါတယ်။ လတ်တလော ပန်ဝါအနီးတစ်ဝိုက်မှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာ တရုတ်လုပ်ငန်းရှင်တွေက လုပ်သားတွေကို ရိက္ခာချွေတာဖို့ ပြောဆိုထားတာတွေရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး ပန်ဝါမြေရှားလုပ်ကွက်တွေမှာ စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲမယ်ဆိုလည်းသတင်းလည်းထွက်ပေါ်လာတဲ့နောက် တရုတ်လုပ်ငန်းရှင်တွေဟာ မြေရှားလုပ်သားတွေကို ဗုံးခိုကျင်းတူးခိုင်းထားတာတွရှိသလို မနေ့ကစပြီး လုပ်ကွက်နေရာတွေမှာအလံလွှင့်ထူတာလာတာဖြစ်တယ်လို့ မြေရှားလုပ်ကွက်မှာလုပ်ကိုင်နေသူတွေပြောပါတယ်။ ဒါ့အပြင် မြေရှားလုပ်ငန်းဆိုဒ်တစ်ချို့ ရပ်နားလိုက်တာတွေ ရှိနေတယ်လို့သိရပြီး အလားတူ ဒီအပတ်အတွင်းမှာပဲ မြစ်ကြီးနား – ချီဖွေ – ပန်ဝါလမ်းလည်း ပိတ်လိုက်ပြီလို့သိရပါတယ်။ ခုလို လုပ်ငန်းပိတ်၊လမ်းတွေပိတ်လိုက်တဲ့အတွက် ပန်ဝါထဲမှာရှိနေတဲ့သူတွေ အဖက်ဖက်ကနေခက်ခဲလာနေတယ်လို့ ပန်ဝါမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးလည်း အခုလို ပြောပါတယ်။ “မြစ်ကြီးနားပြန်မယ် လုပ်ထားတာ လမ်းလည်းပိတ်သွားပြီ။ ပန်ဝါမှာလည်း အလုပ်လည်းအဆင်မပြေ၊ အလုပ်လည်းမရလို့ အရမ်းခက်နေတယ်။ အခြေအနေမကောင်းလို့ ကားလမ်းပိုင်းလည်း ပိတ်လိုက်ပုံပဲ။ ကားတွေလည်း မတက်တော့ဘူး။ တရုတ်တွေက ဆိုဒ်တစ်ချို့ပိတ်လိုက်ပြီ။ ဆိုဒ်တစ်ချို့မှာ သူတို့နဲ့ တရုတ်အလံတွေ လွှင့်ထူထားတယ်။” လို့ ပြောဆိုပါတယ်။ လက်ရှိ ပန်ဝါမြို့အနီးတစ်ဝိုက် လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ပျံ့နှံ့နေပြီး တရုတ်ဘက်မှ တရုတ်ကုမ္ပဏီတွေကို ကြိုပြောထားတဲ့အခြေနေဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။ ခုလိုမြေရှားလုပ်ကွက်တချို့ပိတ်လိုက်တဲ့အပြင် ကားလမ်းတွေလည်းပိတ်လိုက်တာကြောင့် ပန်ဝါမှာပိတ်မိနေတဲ့ သူတွေလည်းရှိနေသလို လေယာဉ်ဗုံးကြဲမယ်သတင်းကြောင့် အားလုံးစိုးရိမ်စိတ်နဲ့နေနေရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်မှာ တရုတ်အစိုးရဟာ KIO နဲ့ တွေ့ဆုံမှုတစ်ခုရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် တရုတ်နှင့် KIO ဆွေးနွေးမှု နောက်ဆက်တွဲအခြေအနေကိုမသိရသေးတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ဖို့ တရုတ်နဲ့သဘောတူထားပြီး KIO ကို ဝိုင်းဖိအားပေးနေတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ By – ဂျာဘောက်ရာ
Read More » -
27 Februaryသတင်း
အင်းတော်ကြီးမှာ အရပ်သား ၅၀ ဝန်းကျင်စုဆောင်းရေးဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသထဲမှာ အရပ်သား ၅၀ ဝန်းကျင်ကို SNA တပ်ဖွဲ့က တပ်သားသစ်အဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရဲ့အနောက်ဘက် မြို့နဲ့ ၇ မိုင်အကွာ ဒေသအခေါ် (ပြည်တော်သာကွင်း)ထဲက လယ်ယာနဲ့စိုက်ခင်းတွေထဲ အလုပ်လုပ်နေတဲ့သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ နန့်မွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လယ်ကွင်းထဲ အလုပ်လုပ်နေတဲ့လူတွေကိုဝင်ဆွဲတာ ပြီးရင် အဲ့ကွင်းဘေးကတောင်ခြေမှာ လက်လုပ်လက်စားရွှေတူးတဲ့လူတွေလည်းရှိတယ် သူတို့ပါဝင်ဆွဲခံရတယ်။ အားလုံး ၅၀ ကျော်လောက်ရှိတယ်လူဦးရေအတိအကျတော့မသိရသေးဘူး”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဖမ်းဆီးသွားခံရသူတွေဟာ ဘိုကုန်းရွာ၊အင်းကုန်းရွာ၊ကျွန်းကုန်းရွာနဲ့ နန်းမားမြို့ထဲကနေ ပြည်တော်သာကွင်းမှာ လယ်ယာစိုက်ခင်းလာလုပ်တဲ့သူတွေနဲ့လက်လုပ်လက်စားရွှေလာတူးတဲ့သူတွေပါသွားကြောင်းသိရပါတယ်။ “ပြည်တော်သာကွင်းဆိုတာအကျယ်ကြီးပဲအဲ့မှာဘိုကုန်းတို့၊ကျွန်းကုန်းတို့နောက်ပြီးနန်းမာဘက်ကလူတွေအဲ့ကွင်းမှာအခင်းသွားလုပ်ကြရင်ဖမ်းခံရတာပြီးတော့ ကွင်းနားက ဂွချောင်းဆိုတာရှိတယ်အဲ့ချောင်းမှာရွှေတူးတဲ့သူတွေပါသွားတယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဖမ်းဆီးသွားတဲ့အရပ်သား ၅၀ ကျော်မှာ အသက် ၁၈ နှစ်ကနေ အသက် ၅၀ ကျော်လူကြီးပိုင်းအထိပါဝင်တယ်လို့သိရပြီး လူလတ်ပိုင်းအရွယ် အမျိုးသမီး ၁၀ ဦးခန့်ပါတယ်လို့သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးသွားတဲ့ ပြည်သူတွေကို လက်ရှိ နန့်မွန်းမြို့ထဲက စစ်သင်တန်းပို့ချတဲ့ကွင်းထဲမှာ ထိန်းသိမ်းထားပြီး ဒီကနေ့ အထိပြန်လွတ်လာတဲ့သူမရှိသေးဘူးလို့သိရပါတယ်။ အဲ့ဒီ SNA တပ်တွေဟာ နန့်မွန်းအထိုင်တပ်ထဲကလို့သိရပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်း တောလမ်းကနေဝင်လာပြီး ပြည်တော်သာကွင်းပတ်ပတ်လည်ကို ပိတ်စို့ကာ ဖမ်းဆီသွားတာလို့ဒေသခံတွေကဆိုပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ သူတို့ထိန်းချုပ်ထားတဲ့ လုံးတုံ၊နန်းမား၊မိုင်းနောင်၊မမံကိုင်စတဲ့ကျေးရွာတွေထဲမှာ ၂၀၂၄၊၂၀၂၅ခုနှစ်တွေကတည်းက လူငယ်တွေကိုစုဆောင်းရေးမကြာခနလုပ်နေတာကြောင့် လူငယ်၊လူလတ်အများပိုင်း ဘေးလွတ်ရာကိုတိမ်းရှောင်သွားသူတွေများတယ်လို့သိရပါတယ်။ ဒါကြောင့် အခုလို လယ်ယာစိုက်ခင်းလုပ်ကိုင်သူတွေနဲ့တောထဲလက်လုပ်လက်စားရွှေတူးတဲ့ပြည်သူတွေဘက်ကိုဦးတည်းပြီးဖမ်းဆီးနေတာလို့ဒေသခံတွေကဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ဒေသနေရာအနှံ့မှာ တော်လှန်ရေးတပ်တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တပ်သားသစ်စုဆောင်းတာကို ပိုမိုလုပ်ဆောင်လာကြတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
27 Februaryသတင်း
စစ်ကော်မရှင်ရဲ့ လေယာဥ်ဆီထောက်ပံ့ရေးကွင်းဆက်ကိုပိတ်ပင်ဖို့ နိုင်ငံ ၅ ခုကအစိုးရတွေကို Justice For Myanmar တောင်းဆို
စစ်ကော်မရှင်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို ချက်ချင်း ပိတ်ဆို့ဖို့၊ လေယာဉ်ဆီတင်ပို့မှုတွေကိုလည်း တားမြစ်ပိတ်ပင် ဖို့ အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတေးလျအစိုးရတွေကို Justice For Myanmar က တိုက်တွန်းတောင်းဆိုကြောင်း ထုတ်ပြန်လာပါတယ်။ ထုတ်ပြန်ချက်ထဲမှာ စစ်အုပ်စုနဲ့…
Read More » -
27 Februaryသတင်း
ကိုးကန့်တပ်ရဲ့ တောင်းဆိုမှုကြောင့် မုံးကိုးမြို့မှာ မနောပွဲကျင်းပ
ရှမ်းမြောက် မုံးကိုးမြို့မှာ ကိုးကန့် MNDAA တပ်ဖွဲ့ရဲ့တောင်းဆိုမှုကြောင့် မနောပွဲကိုကျင်းပခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဒီမနောပွဲတော်ဖြစ်မြောက်ဖို့ ကိုးကန့် MNDAA တပ်ဖွဲ့ဟာ မုံးကိုးမြို့ကိုစတင်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နှစ်ကစပြီး နှစ်စဉ် ဒေသခံကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့တွေကို ဆက်တိုက်တွန်းအားပေးတောင်းဆိုခဲ့ရာ ဒီနှစ်မှာတော့ မနောပွဲဖြစ်မြောက်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ် ကချင်ရိုးရာမနောပွဲကို မုံးကိုးမြို့တွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစပြီး ၂၄ ရက်နေ့အထိ မနောအိမ်တော်ဖွင့်ပွဲ နဲ့မနောပွဲတစ်ခုကို ကိုးကန့် MNDAA တပ်ဖွဲ့နဲ့အတူ ဒေသခံလူထုတွေ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “တကယ်ဆိုရင် ရိုးရာယဉ်ကျေးမှုအဖွဲ့လည်း မနောပွဲမလုပ်ချင်ပါဘူး။ အခုချိန်က ကျမတို့ ပြည်သူတွေလည်း အများကြီးခက်ခဲနေတဲ့အချိန်၊ သွေးစွန်းနေကြရတဲ့ကာလဖြစ်နေလို့ မနောပွဲမလုပ်သင့်လို့ ရိုးရာအဖွဲ့က အမျိုးမျိုးငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် ၂၀၂၆ လည်း ပြန်ပြီးသူတို့ပြောတယ် ဒီနှစ်တော့ မလွတ်တော့ဘူးပေါ့။ ကိုးကန့်ကလည်း သူတို့ အုပ်ချူပ်ခဲ့ တာ ၃နှစ်ရှိလာပြီဆိုတော့ မနောအကပွဲ ပြုလုပ်ပေးဖို့ တောင်းဆိုတာ။ ဒါပေမဲ့ ပွဲကတော့ အဓိကမနောအိမ်တော်ဖွင့်ပွဲ အဖြစ် မနောပွဲ ကျင့်ပခဲ့ခြင်းဖြစ်ပါတယ်”လို့ မုံးကိုးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ မနောပွဲဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးရှိပြီး Padang manau( အောင်ပွဲခံ မနောပွဲ) Sut manau, Kungdawn manau, Hpaji manau, စသဖြင့် အဓိပ္ပာယ်လိုက် ပြုလုပ်ရတဲ့အပြင် မုံးကိုးမြို့မှာ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ရဲ့ မနောအိမ်တော်လည်းမရှိသေးတာကြောင့် မနောပွဲကျင်းပလို့ မရကြောင်း ရိုးရာအဖွဲ့မှ ကိုးကန့်ကို နှစ်စဉ်ငြင်းဆိုခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာတော့ ကိုးကန့်ဘက်မှ မနောပွဲကိုမဖြစ်ဖြစ်အောင်လုပ်ဆောင်ပေးဖို့ ဒေသခံရိုးရာအဖွဲ့ကို ဆက်လက်တွန်းအားပေးခဲ့ကာ လိုအပ်တဲ့မနောအိမ်တော်တည်ဆောက်ဖို့အတွက်လည်း မတင်ငွေ တရုတ်ယွမ် ၂ သိန်းကိုလည်း MNDAA ဘက်ကကူညီပေးခဲ့တာလို့ ဆိုပါတယ်။…
Read More »









