• Jan- 2025 -
    18 January
    သတင်း

    ပူတာအိုကို တိုက်တော့မယ်ဆိုတဲ့ ဖော်ပြချက်အပေါ် စိုးရိမ်မှု မရှိကြဖို့ KPF တာဝန်ရှိသူပြော

    ကချင်ပြည်နယ် ပူတာအိုမြို့ကို တိုက်ခိုက်သိမ်းပိုက်တော့မယ်ဆိုတဲ့ လတ်တလော လူမှုကွန်ရက်မှာ ပြန့်နှံနေတဲ့ သတင်းတွေဟာ KPF ရဲ့ ထုတ်ပြန်ချက်လွဲမှားမှုသာ ဖြစ်ပြီး လူထုတွေ စိုးရိမ်မှု မရှိကြဖို့ KPF တာဝန်ရှိသူက ပြောဆိုပါတယ်။ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) Facebook စာမျက်နှာမှာ ဇန်နဝါရီလ ၁၆ ရက်နေ့က “ဌာနေပြည်သူ့စစ် တပ်ဖွဲ့၀င်နှစ်ဦး၏ ရုပ်အလောင်းအား သဂြိုလ်ပေးခြင်း” ဆိုတဲ့…

    Read More »
  • 18 January
    သတင်း

    ဝိုင်းမော်စစ်ရှောင် နေအိမ်များ ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံနေရ

    စစ်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ ဝိုင်းမော် စစ်ရှောင်တွေ ကျေးရွာဝင်ခွင့် တားမြစ်ခံရပေမယ့် နေအိမ်ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ အိမ်တွင်းပစ္စည်းများ ခိုးယူခံနေရတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်၊ ဆဒုံး – ကန်ပိုင်တည် လမ်းမပေါ်  နမ်ဝါ၊ မုတ်ကျိတ်၊ တန်ဘောင်၊ လမြန်၊ ဝူယန် စတဲ့ ကျေးရွာတစ်လျှောက်က ပြည်သူတွေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လတိုက်ပွဲ စတင်ကတည်းက ဂွေထူ၊ နောင်းချိန်း၊ အင်ဂန်း စတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ အဲဒီ စစ်ရှောင်ပြည်သူတွေဟာ ယခင်က နေအိမ်ကို ခွင့်တောင်းပြီး ပြန်လာခွင့်ရှိပေမယ့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း လုံခြုံရေးအခြေအနေအရ ကျေးရွာ ဝင်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေ ရွာထဲကို ဝင်ရောက်ခွင့် မရှိတော့တဲ့နောက်ပိုင်း ကျေးရွာထဲမှာ နေရာယူထားတဲ့ နှစ်ဖက် စစ်တပ်က ဒေသခံတွေရဲ့ နေအိမ်တွေကို ထွင်းဖောက်ပြီး အဖိုးတန်ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့ ဂွေထူဒေသမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင် အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ရွာထဲကို မဝင်ခိုင်းတာက နှစ်ဖက်စစ်တပ်ဘက်က…

    Read More »
  • 17 January
    သတင်း

    အင်းတော်မှာ စစ်ကောင်စီစစ်သားတွေက Non-CDM နဲ့ စစ်တပ်ထောက်ခံသူတွေကို လူသားဒိုင်းအဖြစ် အသုံးချနေ

    ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီစစ်သားတွေဟာ Non-CDM ဝန်ထမ်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး အင်းတော်မြို့ လက်မလွတ်ရေး ခုခံနေတယ်လို့ သိရပါတယ်။ လက်ရှိ အင်းတော်မြို့တွင်း အထိုင်တပ်၊ ဒေသအခေါ် (ရိက္ခာကုန်း) တစ်ခုတည်းသာကျန်ရှိပြီး အဲဒီတပ်ဟာ Non-CDM ဝန်ထမ်းတွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ သက်ကြီးရွယ်အိုတွေ  ကိုလူသားဒိုင်းအဖြစ်အသုံးချပြီး ခုခံနေတယ်လို့…

    Read More »
  • 15 January
    သတင်း

    ဖားကန့်မြို့နယ် နွံကန်ပြိုကျမှုကြောင့် သေဆုံးသူတွေထဲမှာ ၂နှစ်အရွယ်ကလေးသူငယ်ကနေ အသက် ၅၀ကျော်အရွယ်ထိပါဝင်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူအုပ်စု) စပေါ့ရွာမှာ နွံ့ကန်ပြိုကျမှုကြောင့် သေဆုံးသူတွေထဲမှာ ၂နှစ်အရွယ်ကလေးကနေ အသက်၅၀ကျော်အရွယ်ထိပါဝင်တယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ နွံကန်ပြိုကျတာကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ၁၃ရက်နေ့ မနက်၁နာရီ ဝန်ကျင်အချိန်မှာ ပြိုကျလာတာဖြစ်ပြီး ဒီကနေ့ ၃ ရက်မြောက်နေ့အထိ  ပြန်လည် တူးဖော်ရာမှာတော့…

    Read More »
  • 15 January
    သတင်း

    ဗန်းမော် အရပ်သားနေအိမ်ကို ဖျက်ပြီး စစ်ကောင်စီ ခံစစ်နေရာ ထပ်မံပြင်ဆင်

    ကချင်ပြည်နယ် ဗန်းမော်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ်၊ ခြံဝင်းတွေကို ဖြိုချဖျက်ဆီးလိုက်ပြီးတော့ တပ်နေရာယူ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ မံစီမြို့နယ်တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော်မြို့ပေါ် ရှိ  စစ်ကောင်စီ စကခ ၂၁ ၊ ခလရ ၄၇ မှာလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် KIA ကို ခုခံတိုက်ခိုက်နိုင်ဖို့…

    Read More »
  • 15 January
    သတင်းဖားကန့်

    ဖားကန့်ဘက်ရောက်နေတဲ့ ဟုမ္မလင်းနယ်ထဲက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို ရောက်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ ဖားကန့်နဲ့ ဟုမ္မလင်းမြို့နယ်ထဲအစပ် ပါဟုတ်ကြီးကျေးရွာ၊ လာရာတီးကျေးရွာနဲ့ ရေပေါ်မီးကျေးထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကတည်းက SNA စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KIA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲကြောင့် ဖားကန့်မြို့နယ်ဘက်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်လို့ ဖားကန့်…

    Read More »
  • 14 January
    သတင်း

    ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဆန်ခါကျေးရွာမှာ လေယာဉ်ဗုံးတစ်လုံးမပေါက်ကွဲဘဲ ကျန်ရှိနေ

    ဖားကန့်မြို့နယ် ဆန်ခါကျေးရွာမှာ စစ်ကောင်စီတပ် လာရောက်ဗုံးကြဲသွားတဲ့ လေယာဉ်ဗုံးတွေထဲကနေ တစ်လုံး ပေါက်ကွဲမှုမရှိသေးဘဲ ကျန်ရှိနေသေးတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ဆန်ခါကျေးရွာထဲက အရပ်သားပြည်သူတစ်ဦးရဲ့ နေအိမ်ဝင်းက အိမ်သာကျင်းဟောင်းတစ်ခုမှာ ပေါင် ၅၀၀ လောက်ရှိတဲ့ လေယာဉ်ဗုံးတစ်လုံး မြေမြှုပ်ကျန်ရစ်နေပြီး အဲဒီလေယာဉ်ဗုံးကြောင့် အနီးပတ်ပတ်လည်ရှိ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆန်ခါဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ညနေနဲ့ ဒီကနေ့ ကမနက်အထိတော့ တာဝန်ရှိတဲ့ KIA တွေလာကြည့်ကြတယ်။ မြေကြီးထဲမှာ အရမ်းကြီးနက်ဝင်နေတဲ့အတွက် ထုတ်လို့မရသေးဘူးလို့ပြောတယ်။ အဲဒီလေယာဉ်ဗုံးမှာ မီးလိုင်း ၃ ခုပါတယ်တဲ့။ အပေါ်ထပ်က မီးလိုင်းတစ်ခုကိုတော့ ဖြတ်ထားတယ်လို့ပြောတယ်။ ဒါပေမယ့် အရမ်းစိုးရိမ်ရသေးတယ်လို့ ပြောတယ်။ အခုချိန်အထိလည်း ထုတ်လို့မရသေးဘူး”လို့ပြောပါတယ်။ ပေါက်ကွဲမှုမရှိသေးတဲ့ဗုံးမှာ မြေအောက်ထဲကို စိုက်ဝင်နေပြီး ပန်ကာကပ်တဲ့ အပေါ်ပိုင်းအနည်းသာပေါ်နေတဲ့အတွက် အမြန်ဆုံးပယ်ရှားဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဲဒီလေယာဉ်ဗုံးကြောင့် ရပ်ကွက်တစ်ခုလုံး နီးပါး တိမ်းရှောင်ထားကြတယ်လို့ သိရပါတယ်။ အဲဒီလေယာဉ်ဗုံးဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်တွေ မန္တလေးတံတာဦးကနေ ဖားကန့် ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာ နှစ်ခုမှာ ၆ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။ ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်နဲ့ လမ်းမကြီးပေါ်တွေမှာ ကျမှန်ပေါက်ကွဲခဲ့ပြီးတော့ အရပ်သားပြည်သူ ၉ ဦးခန့် သေဆုံးမှုရှိခဲ့ပြီး အဲဒီထဲမှာ တစ်ဦးက နှလုံးရောဂါကြောင့် နှလုံးရပ်သေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၉ ဦးသေဆုံးတဲ့အပြင် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆက်သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ တစ်ရက်ခြားအတွင်းမှာပဲ ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းနဲ့ ရွှေမှော်ဒေသ နှစ်နေရာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၃ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ခန့်ရှိပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 14 January
    သတင်းphoto- မြစ်ကြီးနားမြို့တွင်းတစ်နေရာက စစ်ကောင်စီတပ်ဖွဲ့ဝင်များ

    ဝိုင်းမော်မြို့နယ် ကျေးရွာတစ်ချို့ လုံခြုံရေးတင်းကြပ်ပြီး အချိန်အကန့်သတ်နဲ့သာဖြတ်သန်းခွင့်ပြု

    ကချင်ပြည်နယ် ဝိုင်းမော်မြို့အထွက်အပါအဝင် ကျေးရွာတစ်ချို့မှာ စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို အချိန်အကန့်သတ်နဲ့သာ ဖြတ်သန်းခွင့်ပြုနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး ဝိုင်းမော်မြို့အထွက် မုတ်လွှဲလမ်းဆုံအနီး အထိုင်ချထားတဲ့ဂိတ်မှာ မနက်ပိုင်း ၆ နာရီကနေ ၉ နာရီအထိ၊…

    Read More »
  • 14 January
    အင်တာဗျူး

    ကချင်ဒေသက ကျောက်စိမ်းနဲ့  ရွှေမှော်ဒေသတွေကို စစ်ကောင်စီပစ်မှတ်ထားတိုက်ခိုက်လာတာဘာကြောင့်လဲ

    ကချင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ယခု ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ အဓိက ဝင်ငွေစီးဆင်းနေတဲ့ ကျောက်စိမ်းမှော် နဲ့ ရွှေမှော်ဒေသတွေကို ပစ်မှတ်ထားပြီး လေကြောင်းပြင်းပြင်းထန်ထန် တိုက်ခိုက်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ အသက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။…

    Read More »
  • 14 January
    သတင်း

    ဝိုင်းမောင် နောင်းချိန်း စစ်ရှောင်များ အနွေးထည်နဲ့ စောင်မလုံလောက်ဘဲ ဆောင်းအအေးဒဏ်ကို ကျော်ဖြတ်နေရ

    ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကထောင်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ ဆောင်းရာသီအအေးဒဏ်ကို စောင်နဲ့ အနွေးထည်လုံလောက်မှုမရှိဘဲ ဖြတ်သန်းနေရတဲ့အတွက် အကူညီလိုအပ်နေပါတယ်။ ၂၀၂၄ တစ်နှစ်တာမှာ တိုက်ပွဲ၊ ရေဘေးဒဏ်ကြုံတွေ့ခဲ့ရပြီးနောက် ဆောင်းအအေးဒဏ်တွေကြား လက်ရှိချိန် အနွေးထည်တွေနဲ့ စောင်လုံလောက်မှု မရှိတဲ့အကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ပြောဆိုပါတယ်။ “ကျမတို့က…

    Read More »
Back to top button