စစ်ရေး
-
May- 2026 -6 May
မော်လူးစစ်ကြောင်း ကချင်ပြည်နယ်ထဲဝင်ရောက်လာပြီလို့ဆို
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ ကချင်ပြည်နယ်ထဲက နန့်စီးအောင်မြို့အထိဝင်ရောက်လာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေပြောပါတယ်။
Read More » -
5 May
မော်လူးမြို့ထဲ စစ်ကော်မရှင်တပ်များဝင်ရောက်
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့ကိုစစ်ကြောင်းထိုးဝင်ရောက်နိုင်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေ ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို ဒီကနေ့ မေလ ၅ ရက်နေ့မနက်ပိုင်းမှာဘဲ ဝင်ရောက်သွားနိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
Read More » -
Apr- 2026 -28 April
KIA ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်ဘက် စစ်တပ်ကစစ်ကြောင်းထိုးနေ
ပူတာအိုမြို့နယ် ဆွမ်ပရာဘွမ်ကိုဦးတည်ပြီး စစ်ကော်မရှင်တပ်က စစ်ရေးလှုပ်ရှားလာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲဖြစ်ပွားကာ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More » -
28 April
အင်းတော်မြို့ကိုဦးတည်နေတဲ့ စစ်တပ် နဘားလမ်းဆုံအနီးရောက်လာ
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွှတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်ကိုဦးတည်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့တွေဟာ အင်းတော်မြို့နယ်နဘားလမ်းဆုံအနီး နတ်ပေါက်ဆင်စခန်းအထိရောက်ရှိလာပြီလို့ သိရပါတယ်။
Read More » -
27 April
စစ်တပ်က မြို့တွင်းထပ်မြင့်တွေမှာနေရာယူထားတဲ့အတွက်သတိနဲ့သွားလာဖို့ပြော
ဖားကန့်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေက မြို့တွင်းဘာသာရေးကျောင်းနဲ့အထပ်မြင့်တွေမှာနေရာယူထားတဲ့အတွက် ပြည်သူတွေသတိထားသွားလာကြဖို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။
Read More » -
24 April
ကသာမှာ စစ်တပ်က စစ်အင်အားဆက်တိုက်ဖြည့်တင်းနေ
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကိို စစ်တပ်က ဧပြီလ တတိယအပတ်ကစပြီး လက်ရှိချိန်ထိ စစ်အင်အားဆက်တိုက်ဖြည့်တင်းနေတယ်လို့ မြို့ခံတွေပြောပါတယ်။
Read More » -
22 April
အင်းတော်စစ်ရေးကြောင့် ဆေးဝါးနှင့်ရိက္ခာများကြိုတင်ပြင်ဆင်ထားရန် IR အဖွဲ့သတိပေး
တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့ကို စစ်ကော်မရှင်တပ်ဖွဲ့တွေဘက်က စစ်ကြောင်းထိုးနိုင်တဲ့သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဆေးဝါး၊ရိက္ခာနဲ့ အရေးကြီးပစ္စည်းတွေထုပ်ပိုး ပြင်ဆင်ကြဖို့ Indaw Revolution ( IR) အဖွဲ့အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More » -
17 April
ထီးချိုင့်က စစ်ကော်မရှင်စစ်ကြောင်း ကသာမြစ်ကမ်းနဘေးကျေးရွာတွေအထိ ဝင်ရောက်လာ
စစ်ကိုင်းတိုင်း– ကချင်ပြည်နယ်အစပ်က ထီးချိုင့်မြို့ကိုသိမ်းပိုက်ခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေ ကသာမြို့နယ်ကိုရောက်ရှိလာပြီလို့ ထွက်ပြေးနေရတဲ့ ကသာမြို့ကဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ကစလို့ စစ်ကော်မရှင်ရဲ့စစ်ကြောင်းဟာ ကသာမြို့နဲ့ထီးချိုင့်နယ်အစပ် ဧရာဝတီမြစ် ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့သိရပါတယ်။ နောက်ဆုံးသိရတဲ့အခြေနေအရ ဧပြီ ၁၆ ရက်နေ့မှာဘဲ…
Read More » -
6 April
ထီးချိုင့်ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် မြို့ပတ်လည်မှာ တပ်စွဲနေရာယူထား
စစ်ကိုင်းတိုင်း ကချင်အစပ်က ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း မြို့ရဲ့ပတ်ပတ်လည်ကို တပ်သားတွေကအထိုင်ယူနေရာချထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ဧရာဝတီမြစ်ကမ်းနဘေးက ထီးချိုင့်မြို့ကို ၂ နှစ်နီးပါး တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်ကဘဲ ပြန်လည်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ လက်တလောထီးချိုင့်မြို့ကိုထိန်းချုပ်လိုက်တဲ့ စစ်ကော်မရှင်တပ်တွေကတော့ ထီးချိုင့်မြို့…
Read More » -
Mar- 2026 -13 March
စစ်တပ်နှင့် SNA တပ်တို့ မရှီကထောင်ရွာအထိဝင်ရောက်နေရာယူပြီး တိုက်ပွဲဖော်ဆောင်လာ
ဖားကန့် မရှီကထောင်ကျေးရွာအနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA ပြည်သူ့စစ်အဖွဲ့တွေက မရှီကထောင်ကျေးရွာရပ်ကွက်တွင်းအထိ စစ်ရေးလှုပ်ရှားလာပြီး နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ တစ်လကျော်ခန့်အကြာ မရှီကထောင်အနောက်ဘက်ခြမ်းရှိ KBC ဆုတောင်းကုန်းခြေရင်းနဲ့ ထုံးဘိုတစ်လျှောက်မှာ စစ်ကြောင်းထိုးခြေကုတ်နေရာယူထားတဲ့ စစ်တပ်နဲ့ SNA တပ်တွေက မရှီကထောင်ကျေးရွာရပ်ကွက်တွေအထိ စစ်ရေးလှုပ်ရှားပြီးတိုက်ပွဲဖော်ဆောင်လာတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်တိုက်ပွဲက ရပ်ကွက်တွေအထိ ထိတွေ့တိုက်ပွဲတွေရှိလာတယ်။ အခုကမရှီကထောင်ရပ်ကွက်တစ်ခုလုံးကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်တွေက လမ်းပေါ် လမ်းကြား၊ လူနေအိမ်တွေမှာကော နေပြီး စစ်ရေးလှုပ်ရှားလာတယ်။ သိရသလောက်က တစ်နေရာမှာ ၁၀ ယောက်တစ်စု၊ ၇ ယောက်တစ်စုနေရာယူထားကြပြီ။ မရှီကထောင်ရဲ့ အနောက်ဘက်ခြမ်းမှာက စစ်ရေးရင်ဆိုင်နေရဆဲဖြစ်တယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ မရှီကထောင်ဆုတောင်းကုန်းတစ်လျှောက်ကို သိမ်းပိုက်ဖို့ကြိုးပမ်းနေတာဖြစ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ တစ်လကျော်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ သို့ပေမယ့် မရှီကထောင်ဆုတောင်းကုန်း အထက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနေရာယူထားပြီးတော့ ခုခံတိုက်ခိုက်နေတာကြောင့် စစ်ကြောင်းထိုးတက်လို့မရဘဲ လက်ရှိမှာ မရှီကထောင်ကျေးရွာတွင်းအထိ စစ်ရေးလှုပ်ရှားလာတာဖြစ်ပါတယ်။ မရှီကထောင်ကျေးရွာတွင်း နေရာယူပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက နေအိမ်တွေကိုဖောက်ထွင်းပြီး တန်းဖိုးရှိ အိမ်တွင်းပစ္စည်းတွေကို ခိုးယူတာတွေလည်း ဆက်ပြီးလုပ်နေတယ်လို့ အထက်ပါအမျိုးသားက ဆက်ပြီးပြောပြပါတယ်။ “အခုက မရှီကထောင်ကျေးရွာထဲမှာ နေရာယူထားပြီးတော့ သွားလာတယ်။ ပြည်သူပိုင်ပစ္စည်းတွေကို သယ်နိုင်သလောက် တခြားနေရာကို သယ်ယူကြတယ်။ ပြည်သူတစ်ချို့က စိုးရိမ်ပြီးတော့ ကိုယ့်အိမ်ထဲမှာပဲရသလိုနေကြတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မရှီကထောင်အနောက်ဘက်ခြမ်း တိုက်ပွဲစတင်ပြင်းထန်လာချိန် KBC ဆုတောင်းကုန်းပတ်လည်နေထိုင်ကြတဲ့ အိမ်ထောင်စု ၅၀ ခန့်က ပြည်သူတွေ လုံခြုံရေးအတွက်စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ ပြည်သူတွေအများပိုင်း နေအိမ်စွန့်ခွာပြီး ထွက်သွားပြီးနောက် စစ်တပ်က ရွာထဲဝင်ရောက်ခွင့်ကို ထပ်မံပိတ်ဆို့လိုက်ကာ နေအိမ်အတွင်းမှ ကျောက်စိမ်းတုံး၊ ကျောက်စိမ်းတူးဖော်ရာမှာအသုံးပြုတဲ့ စက်ယန္တရားသေးစားနဲ့ ကျောက်မီးသွေးတွေကိုပါ ခိုးယူမှုရှိခဲ့ပါတယ်။ တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထားတဲ့ပြည်သူတွေက အိမ်တွင်းပစ္စည်းတွေကို သယ်ယူဖို့ ဖားကန့်တပ်မကုန်းအထိ သွားရောက်ပြောဆိုခဲ့တာတွေရှိခဲ့ပေမယ့် ခွင့်မပြုဘဲ ခြိမ်းခြောက်ပြောဆိုလိုက်တဲ့ ဖြစ်စဉ်တွေလည်း ဖေဖော်ဝါရီလအတွင်းမှာဖြစ်ခဲ့ပါတယ်။ ယခုတစ်ဖန် မရှီကထောင်ကျေးရွာရပ်ကွက်တွင်းအထိ စစ်ရေးလှုပ်ရှားလာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူမရှိတဲ့ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူတာတွေဆက်ပြီးလုပ်ဆောင်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ ဖားကန့်မရှီကထောင်အနောက်ဘက်ခြမ်းမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီတစ်လုံးနှစ်ဖက်တပ် တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ ယခုမတ်လအတွင်းမှာ အနည်းငယ်ငြိမ်သက်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဖက်တပ်တိုက်ပွဲတွေငြိမ်သက်သလိုရှိပေမယ့် တစ်ရက်ခြား၊ နှစ်ရက်ခြား ထိတွေ့တိုက်ပွဲတွေဆက်ရှိနေသလို ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ခတ်တာတွေပုံမှန်လုပ်ဆောင်နေတယ်လို့ နောက်ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “စစ်တပ်သားတွေက မရှီကထောင်ဆုတောင်းကုန်းတဝိုက်နေရာယူထားသေးတယ်။ နှစ်ဖက်တပ် ပစ်လိုက်နားလိုက်နဲ့ရှိနေကြတယ်။ ပြီးရင် စစ်တပ်ဘက်က ဗျူဟာကုန်းကနေ ပုံမှန်ပစ်နေသေးတယ်။ ခါတိုင်းလိုပစ်တာ ခပ်စိပ်စိပ်မရှိတာပဲရှိတယ်။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်ကတော်တော်စိပ်တယ်။ မနေ့ကအထိတော့ နည်းနည်းငြိမ်တယ်”လို့ပြောပါတယ်။ လက်ရှိ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KBC ဆုတောင်းကုန်းအောက်ခြေရင်းတဝိုက်မှာ နေရာယူထားပြီး KIA နဲ့ PDF တပ်ဖွဲ့တွေက တောင်ကုန်းအပေါ်ဘက်မှာရှိကာ အပြန်အလှန်စောင့်ကြည့်နေတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ သတင်းအရင်းအမြစ်တွေပြောဆိုချက်ရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေတဲ့ကာလအတွင်း တိုက်ပွဲမဖော်ဆောင်ပေးဖို့ ပြည်သူတွေတောင်းဆိုထားတာတွေရှိနေတာကြောင့် တိုက်ပွဲအနည်းငယ်ငြိမ်သက်နေတာဖြစ်တယ်လို့ ဆက်ပြီးသိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ၂၀၂၆ ဇန်နဝါရီလကုန်ပိုင်းလောက်ကနေ KIA နဲ့ PDF တွေထိန်းချုပ်ထားတဲ့ ဆိုင်းတောင်၊ ဂွေခါ၊ တာမခံကျေးရွာတွေဘက်ကို ဝင်ရောက်တိုက်ခိုက်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာဖြစ်ပြီး မရှီကထောင်အနောက်ဘက်ခြမ်းကနေ တိုက်ပွဲဖော်ဆောင်လာတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေသုံးသပ်နေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »