ရွှေကူမြို့ခံများ မြို့စွန့်ခွာဖို့ အခက်အခဲရှိနေ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က မြို့စွန့်ခွာဖို့ သတိပေးထုတ်ပြန်ထားတဲ့ တစ်ဖက်မှာ စစ်တပ်ဘက်ကတော့ ရွှေကူမြို့အတွင်းမှာပဲ ဆက်လက်နေထိုင်ကြဖို့ အရပ်သားတွေကို တိုက်တွန်းနေတယ်လို့ ရွှေကူမြို့ခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဇွန်လ  ရက်နေ့ ရွှေကူမြို့ရှိ စာသင်ကျောင်းတချို့မှာ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေနဲ့ မိဘတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး မြို့အတွင်းကနေ ထွက်ခွာဖို့ မလိုအပ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သူတို့က စာသင်ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသားမိဘတွေ၊ ဆရာဆရာမတွေကို အစည်းအဝေးခေါ်တယ်။ ပြီးတော့ သူတို့အင်အားတွေ အများအပြား ရောက်ထားပြီ၊ တော်လှန်ရေးအင်အားစုတွေဘက်က လာပြီးတိုက်ခိုက်ရင်လည်း ကြောက်စရာမလိုဘူး၊ ဒါကြောင့် ထွက်ပြေးစရာမလိုဘူးဆိုပြီး စည်းရုံးဟောပြောတာတွေ လုပ်တယ် လို့ ရွှေကူဒေသက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းက ထီးချိုင့်မြို့နဲ့ တကောင်းမြို့အပါအဝင် မန္တလေးတိုင်းအတွင်းက ဧရာဝတီမြစ်ကမ်းဘေးဒေသတွေကို ပြန်လည်ထိန်းချုပ်ပြီးနောက် ထီးချိုင့်ငအိုး စတဲ့ဒေသတွေကနေ အင်အားရာနဲ့ချီ အသုံးပြုပြီး ရွှေကူမြို့ဘက်ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါစစ်ကြောင်းတွေဟာ  နှစ်ကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ဘက်ကို ဦးတည်နိုင်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ထားပါတယ်။

လက်ရှိမှာ ငအိုးရွှေကူလမ်းကြောင်းတလျှောက် နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့ အခြေအနေကြောင့် KIA ဘက်က ရွှေကူမြို့ခံတွေကို ဇွန်လ  ရက်နေ့က မြို့စွန့်ခွာဖို့ သတိပေးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်ဘက်ကတော့ အရပ်သားတွေကို မထွက်ခွာဖို့ တိုက်တွန်းနေတာဟာ လူသားဒိုင်းအသွင် ဖန်တီးလိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်တယ်လို့ အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

ဒါ သူတို့လုပ်နေကျအတိုင်းပါပဲ။ သူတို့က လူသားဒိုင်းအသွင် ဖန်တီးချင်တော့ မြို့ထဲမှာ လူတွေမထွက်လေ သူတို့အတွက် ပိုအဆင်ပြေလေပါပဲ။ ဒါကြောင့် ကျောင်းသားမိဘတွေ၊ ဆရာဆရာမတွေကို စည်းရုံးရေးပုံစံနဲ့ မထွက်ခွာဖို့ ပြောနေတဲ့သဘောပါ” လို့ ပြောပါတယ်။

တစ်ဖက်မှာ KIA က မြို့စွန့်ခွာဖို့ သတိပေးထုတ်ပြန်ထားပေမယ့် ရွှေကူမြို့ခံတွေဟာ မြို့အတွင်းကနေ ထွက်ခွာဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိအခြေအနေအရ ရွှေကူက ဘယ်ဘက်ကို ရှောင်ရမလဲဆိုတာတောင် တော်တော်လေး ရှုပ်ထွေးနေတယ်။ ရွှေကူက ကျွန်းလို ဖြစ်နေတော့ လမ်းကြောင်းတွေကလည်း မလုံခြုံဘူး။ ဘယ်လိုဖြစ်မလဲဆိုတာ မသေချာသေးဘူး” လို့ သူက ပြောပါတယ်။

ဒါပေမယ့် မြို့ထဲမှာ ကျန်ရှိနေတဲ့ ပြည်သူအများစုကတော့ မသေချာတဲ့ အခြေအနေကို စောင့်ကြည့်ရင်း လိုအပ်လာရင် အချိန်မရွေး ထွက်ခွာနိုင်ဖို့ ပြင်ဆင်ထားကြတယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိ ရွှေကူမြို့အခြေအနေဟာ မြို့စွန့်ခွာဖို့ သတိပေးချက်တွေနဲ့ မြို့အတွင်း ဆက်လက်နေထိုင်ဖို့ တိုက်တွန်းမှုတွေကြားမှာ ပြည်သူတွေက အခက်အခဲနဲ့ ရွေးချယ်မှုတစ်ခုကို ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ရွှေကူမြို့နယ်ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိပြီး ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းကြား လမ်းပန်းဆက်သွယ်ရေးအရ အရေးပါတဲ့မြို့နယ်ဖြစ်ပြီး KIA နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button