Covid-19 Reporting
-
Aug- 2020 -18 August
KIO နယ်မြေသို့ဝင်လာသူတိုင်း ကွာရန်တင်း ဝင်ရန် မလိုတော့
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်ဒေသသို့ဝင်လာသောသူတိုင်း ကွာရန်တင်းဝင်ရမည် မဟုတ်သော်လည်း ကိုယ်အပူချိန်မြင့်တက်သူများမှာ ဆက်လက်ပြီး ၅ ရက် ကွာရန်တင်း ဝင်ရမည်ဖြစ်သည်။ Covid-19 စတင်ဖြစ်ပွားလာသည့်ကာလတွင် KIO ထိန်းချုပ်နယ်မြေသို့ဝင်လာသူတိုင်း ၂၁ ရက်အထိ ကွာရန်တင်း ဝင်ခဲ့ရပြီး၊ နောက်…
Read More » -
7 August
၃ လကျော်ပိတ်ထားသည့် အောင်မြင်သာအပန်းဖြေစခန်းများ ပြန်ဖွင့်
COVID-19 ကပ်ရောဂါကြောင့် ၃ လကျော်ကြာပိတ်ထားခဲ့သော မြစ်ကြီးနားမြို့ရှိ အောင်မြင်သာအပန်းဖြေစခန်းကို ဇူလိုင် လကုန်ပိုင်းကစတင်ပြီး ဖွင့်လှစ်နေပြီဟု သိရသည်။ မြစ်ဆုံစီမံကိန်းကြောင့်ပြောင်းရွေ့ခံရပြီးနောက် ဈေးရောင်းသည့်လုပ်ငန်းကိုသာ မှီခိုနေရသော အောင်မြင်သာဒေသခံများသည် အပန်းဖြေရိပ်သာပြန်ဖွင့်နိုင်ရန် ဇူလိုင်လဆန်းပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ထံ အကြောင်းကြားခဲ့သည်ဟု သိရသည်။ “ရွာသူ…
Read More » -
Jul- 2020 -30 July
ICRC က KIO ကို Covid-19 ကာကွယ်ရေးပစ္စည်းများ ပေးအပ်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ Covid-19 ကာကွယ်ရေးနေရာများအတွက် International Committee of the Red Cross (ICRC) မှ ကူညီသော ရောဂါကာကွယ်ရေးပစ္စည်းများကို PCG ကတဆင့် သွားရောက်ပေးအပ်ခဲ့သည်ဟု သိရသည်။ ICRC…
Read More » -
30 July
ကချင်ပြည်နယ် Covid-19 စေတနာ့ဝန်ထမ်းအဖွဲ့များ၏နောက်ဆုံးအခြေအနေ
ကချင်ပြည်နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိမှု နည်းပါးသွားပြီးနောက် ပြည်သူလူထုကြားရောဂါအခြေအနေစိုးရိမ်မှု လျှော့ကျလာကာ စေတနာ့ဝန်ထမ်း Volunteer အဖြစ်ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ချို့သည်လည်း လုပ်ငန်းစဉ်များရပ်နားသွားသည်ကို မြင်တွေ့နေရသည်။ ဇူလိုင် ၃၀ ရက်နေ့အထိ ကချင်ပြည်နယ်တွင် Quarantine Center ၄၂၆ ခုသာရှိပြီး…
Read More » -
17 July
Covid-19 ပညာပေး ပန်းချီဆရာ ၃ ဦး အပြစ်မရှိဟု တရားရုံက အမိန့်ချ
Covid-19 ပညာပေးပန်းချီရေးဆွဲခဲ့သော လူငယ် ၃ဦးကို တရားစွဲဆိုထားသည့်အမှုတွင် ၎င်းတို့၌အပြစ်မရှိကြောင်း မြစ်ကြီးနား မြို့နယ်တရားရုံးက ဇူလိုင် ၁၇ ရက်နေ့တွင် စီရင်ချက် ချမှတ်လိုက်သည်ဟု သိရသည်။ လူငယ် ၃ ဦးရေးဆွဲခဲ့သည့် ပန်ချီကားနဲ့ပတ်သက်ပြီး တရားလိုက ထင်မြင်ယူဆချက်ဖြင့်သာ…
Read More » -
13 July
Covid-19 ပညာပေးပန်းချီဆရာ လူငယ် ၃ ဦးအမှု သောကြာနေ့တွင် အပြီးသတ်အမိန့်ချတော့မည်
မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် Covid-19 ပညာပေးပန်ချီရေးဆွဲခဲ့ကြသည့် လူငယ်သုံးဦး၏ အမှုကို လာမည့် ဇူလိုင် လ ၁၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချတော့မည်ဟု သိရသည်။ အဆိုပါအမှုသည် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးက တရားလိုပြုကာ Covid-19 ကာကွယ်ရေး စုပေါင်းပညာပေးအဖွဲ့မှ…
Read More » -
9 July
ကိုယ်ပိုင်ကျောင်းများကို အဆောင်နေခွင့်ပြုထားခြင်း မရှိ
ကချင်ပြည်နယ်တွင် ပညာရေးကျောင်းများပြန်ဖွင့်တော့မည်ဖြစ်သော်လည်း COVID-19 ကာလဖြစ်သောကြောင့် ကိုယ်ပိုင်ကျောင်းများကို စာသင်ခွင့်သာပေးထားပြီး အဆောင်နေခွင့်ပြုထားခြင်းမရှိသေးကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ “လောလောဆယ် ကိုယ်ပိုင်ကျောင်းတွေမှာ စာသင်ဖို့ပဲ ခွင့်ပြုထားတာရှိပါတယ်။ ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်နေတဲ့ကလေးတွေကိုတော့ လတ်တလောအခြေနေမှာ ခွင့်ပြုထားခြင်းမရ်ှိသေးပါဘူး။ ပြီးတော့ အဲစာသင်တဲ့နေရာမှာလည်း…
Read More » -
Jun- 2020 -28 June
Covid-19 ကာကွယ်တိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းအချို့ အနားယူရန် အိမ်ပြန်
Covid-19 ကာလတစ်လျှောက် စေတနာ့ဝန်ထမ်းအဖြစ်ကူညီခဲ့သည့် မြစ်ကြီးနားရှိ Kachin State Covid-19 Prevention Network က ကချင်လူငယ်အချို့သည် ပြန်လည်အားဖြည့်ရန်အတွက် အိမ်ပြန်ကြပြီဟု သိရသည်။ ဧပြီလဆန်းမှ ယနေ့ချိန်ထိ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ခဲ့ကြပြီး အချိန်ကြာလာသည့်အတွက် လူငယ်…
Read More » -
26 June
ကားမိုင်း Quarantine နေရာများတွင် စေတနာ့ဝန်ထမ်းများလိုအပ်နေ
ကားမိုင်းမြို့တွင် ၂၁ရက် Quarantine ဝင်ရောက်နေသူများကို စောင့်ကြည့်ရန်အတွက် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ကူညီပေးမည့်သူများမရှိသဖြင့် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။ မိုးဦးကာလ လယ်ယာလုပ်ငန်းများ စတင်လုပ်ကိုင်ချိန်ဖြစ်လာသည့်အတွက် Quarantine Center များတွင်တာဝန်ယူစောင့်ကြည့်ပေးမည့် စေတနာ့ဝန်ထမ်းလိုအပ်နေကြောင်း ဖားကန့်ဒေသခံ သိက္ခာတော်ရဆရာ ဆိုင်းအောင်က KNG သတင်းဌာနကို…
Read More » -
23 June
မိုးမောက် ပိုးတွေ့လူနာအမှတ် ၂၄၉ ဖြင့်ထိတွေ့ခဲ့သူ ၁၆၃ ဦးတွင် ပိုးမတွေ့၊ စစ်ဆေးရန်ကျန်ရှိနေသေး
ပိုးတွေ့လူနာအမှတ် ၂၄၉ ဖြင့်ထိစပ်မှုရှိခဲ့သူ စုစုပေါင်း ၂၂၆ ယောက်ရှိသည့်အနက် ၁၆၃ ဦး၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ပတ်ယူပြီး စစ်ဆေးခဲ့ရာတွင် ရောဂါပိုးမတွေ့ရှိရကြောင်း မိုးမောက်မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာတင်မေသင်းက ပြောသည်။ “ပိုးတွေ့တဲ့ဆရာမတော့ လက်ရှိကျန်းမာရေးအခြေနေကကောင်းတယ်။ ပထမတစ်ခါပိုးတွေ့တယ်ဆိုတာက ဇွန်လ…
Read More »









