Covid-19 Reporting

  • Apr- 2020 -
    29 April

    ဗန်းမော်ရှိ စစ်ရှောင်စခန်းများတွင် Covid-19 ကာကွယ်ရေးပစ္စည်းများ လုံလောက်မှုမရှိသေး

    ကချင်ပြည်နယ် ဗန်မော်မြို့အတွင်းရှိ စစ်ရှောင်စခန်းများတွင် Covid-19 ကာကွယ်သည့် အသုံးအဆောင်ပစ္စည်း လုံလောက်မှုမရှိသေးကြောင်း စစ်ရှောင်တာဝန်ခံများပြောသည်။ ဗန်မော်မြို့နယ် စစ်ရှောင်စခန်းများ ၈ ခုရှိပြီး စခန်းတစ်ခုချင်းစီတွင် အနည်းဆုံးလူဦးရေတစ်ထောင်ခန့် ခိုလှုံနေကြသဖြင့် ရောဂါကာကွယ်သည့် အသုံးဆောင်ပစ္စည်များကို လုံလုံလောက်လောက်အသုံးပြုနိုင်ရန် လိုအပ်နေကြောင်း ရောဘတ်စစ်ရှောင်စခန်းမှ…

    Read More »
  • 29 April

    ညမထွက်ရအမိန့်ချိုးဖောက်သူ အယောက် ၂၀ ကျော်ကို ထောင်ဒဏ်ချမှတ်

    ကချင်ပြည်နယ်အတွင်းမြို့နယ် ၁၄ ခုတွင် ညမထွက်ရအမိန့်ချမှတ်ပြီးနောက် မြစ်ကြီးနားမြို့အတွင်း အမိန့်ချိုးဖောက်သော အယောက် ၅၀ကျော်ကို အရေးယူထားသည်ဟု သိရသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ တရားစွဲပြီး အဆိုပါ စည်းကမ်းချိုးဖောက်သူအယောက် ၅၀ ကျော်အနက် ပထမအသုတ်၂၂ ယောက်ကို တည်ဆဲဥပဒေ…

    Read More »
  • 28 April

    Covid-19 ကာလ ဖားကန့် ရေမဆေးသမား လူအုပ်ကို ထိန်းချုပ်ရန်ခက်ခဲနေ

    ဖားကန့်တွင် ရေမဆေးသမားများကို Covid-19 ကာလထိန်းချုပ်ရန် ခက်ခဲမှုရှိနေကြောင်း ကချင်ပြည်နယ် ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးမှ သိရသည်။ “ရေမဆေးတွေနဲ့ ပတ်သက်ပြီး ဘယ်သူမှလည်းမကိုင်တွယ်နိုင်ဘူး။ ထောင်သောင်းနဲ့ သိန်းချီလုပ်ကိုင်နေကြတာ သူတို့ကိုသွားပြောလည်း ဂရုစိုက်လာမှာမဟုတ်ဘူး။ ကုမ္မဏီတွေကျတော့ Lock Down…

    Read More »
  • 28 April

    လွယ်ဂျယ်နယ်စပ်ဂိတ်မှဝင်လာသော တရုတ်ပြည်တော်ပြန် ၄ ထောင်နီးပါးရှိလာ

    တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားအရေအတွက်သည် ဧပြီ ၁၆ မှ ၂၇နေ့ထိ စုစုပေါင်း ၃၇၉၁ ဦးရှိပြီဖြစ်ကြောင်း ကချင်ပြည်နယ်လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအင်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။ လွယ်ဂျယ်နှင့် ကန်ပိုင်တီ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသော အဆိုပါ ပြည်တော်ပြန်များတွင်…

    Read More »
  • 27 April

    “ဗဟိုထိန်းချုပ်မှု မဖြစ်သင့်တော့ဘူး။” အင်တာဗျူး

    Kachin State Covid-19 Prevention Network သည် ကချင်အရပ်ဖက်အဖွဲ့အစည်းများစုစည်းထားသော ကွန်ရက်ဖြစ်ပြီး စစ်ရှောင်စခန်းများနှင့် လူထူထပ်သော နေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်းနှင့် ပညာပေးအစီစဉ်များပြုလုပ်နေသည်။ အထူးသဖြင့် တရုတ်ပြည်တော်ပြန်များကို ယာယီထားသော မြစ်ကြီးနား ကုန်တင်ကုန်ချစခန်းတွင် ပိုးသတ်ဆေးဖြန်းခြင်းကို လုပ်ဆောင်နေသည်မှာ…

    Read More »
  • 27 April

    ဖားကန့်မြို့သို့ ဝင်လာသူများ ကိုယ့်စားရိတ်ဖြင့် ၂၁ ရက် Quarantine နေရမည်

    လူဦးရေထူထပ်သော ဖားကန့် ရတနာမြေသို့ ဧပြီ ၂၅ရက်နောက်ပိုင်း ဝင်ရောက်လာသော မည်သူမဆို သတ်မှတ်ထားသည့်နေရာတွင် ၂၁ရက် Quarantine ဝင်ရမည်ဟု သိရသည်။ ကချင်ပြည်နယ် ဖားကန့်မြို့တွင်းသို့ ဧပြီလ ၁၁ရက်နေ့မှစတင်ကာ အဝင်အထွက်ကန့်သတ်ခဲ့ပြီးနောက် ဒေသန္တရလိုအပ်ချက်အရ ဧပြီ ၂၅ရက်နေ့မှစကာ…

    Read More »
  • 24 April

    အပြင်ထွက်ခွင့်တားမြစ်ခံရခြင်းကြောင့် လီဒိုလမ်း စစ်ရှောင်များအခက်တွေ့

    ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ စစ်ရှောင်စခန်းများတွင် Covid-19 ကြောင့် စားနပ်ရိက္ခာခက်ခဲလာနေကြောင်း စခန်းတာဝန်ခံများမှ သိရသည်။ အောင်ရာကျေးရွာနှင့် ရှဒူးဇွပ်ကျေးရွာရှိ စစ်ရှောင်ပြည်သူများကို လာရောက်ထောက်ပံ့သည့် အဖွဲ့အစည်းမရှိတော့သည့်အပြင် စခန်းအပြင်ထွက် ရှာဖွေစားသောက်ရန်လည်း အဝင်အထွက်တင်းကြပ်လိုက်သဖြင့် ယခုလို ခက်ခဲလာရခြင်း ဖြစ်သည်ဟု…

    Read More »
  • 24 April

    KIO Covid-19 ကာကွယ်ရေးကော်မတီဖြင့် ဆက်သွယ်မေးမြန်းခြင်း

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီသည် Covid-19 တားဆီးရေး ကော်မတီဖွဲ့ပြီး အသစ်ဝင်လာသူများကို သီးသန့် Quarantine ထားပြီးစောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် စောင့်ကြည့် သံသယလူနာများကို တရုတ်နိုင်ငံအစိုးရအကူညီဖြင့် ရောဂါပိုးစစ်ဆေးမှုများပြုလုပ်ခဲ့သည်ကို သိရသည်။ KIO နယ်မြေများတွင် Covid-19…

    Read More »
  • 23 April

    Covid-19 ကာကွယ်ရေး KIO နယ်မြေရှိ စစ်ရှောင်စခန်းများကို အဝင်အထွက်ပိတ်

    တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံနှံလာခဲ့သော Covid-19 ကူးစက်ရောဂါသည် ယခုချိန် မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိသူ တစ်ရာကျော်လာပြီ ဖြစ်သည်။ ယခုလလယ် ခန့်မှစပြီး တရုတ်နိုင်ငံမှ ပြည်တော်ပြန်များ ကချင် လွယ်ဂျယ် နယ်စပ်ဂိတ်မှတဆင့် ဝင်ရောက်လာပြီဖြစ်သည်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO…

    Read More »
  • 22 April

    Face Shield မျက်နှာကာများကို ဗန်းမော်လူငယ်များကိုယ်တိုင်ပြုလုပ်

    ကချင်ပြည်နယ် တရုတ်နယ်စပ်တစ်လျှောက်ရှိ ဆေးရုံများတွင်အသုံးပြုနိုင်ရန် Covid-19 ကူးစက်ရောဂါကာကွယ်ရေး မျက်နှာကာ Face Shield အခု ၅၀၀၀ခန့်ကို ဗန်းမော်မြို့ရှိ လူငယ်များကိုယ်တိုင်လက်မှုပြုလုပ်ကာ ယခုလအတွင်း သွားရောက်လှူဒါန်းရန် စီစဉ်နေကြောင်း သိရသည်။ ဗန်မော်မြို့ရှိ လူငယ်များက မျက်နှာကာ Face…

    Read More »
Back to top button