ရွေးကောက်ပွဲဆိုင်ရာ

  • Oct- 2020 -
    7 October

    ဗန်းမော်ခရိုင်တွင် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ကျော်တိုးလာ

    ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ခန့် ပြန်တိုးလာကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ ပထမအကြိမ် မဲစာရင်းကပ်ရာတွင် ဗန်းမော်ခရိုင်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်၂သိန်း ၄သောင်းခန့်ရှိသော်လည်း ဒုတိယအကြိမ်မဲစာရင်းတွင် ၈ထောင်ခန့်တိုးလာသည့်အတွက် လက်ရှိနောက်ဆုံးစာရင်းအရ မဲဆန္ဒရှင်စာရင်း၂၄၈၁၈၁…

    Read More »
  • 6 October

    ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နာဂ အမျိုးသားပါတီ

    လာမည့် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ပါက ဒေသဖွံ့ဖြိုးရေး၊ အခြေခံဥပဒေ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပင်လုံကတိကဝတ်အတိုင်း တိုင်းပြည်ပုံဖော်သည့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နာဂအမျိုးသားပါတီမှ ဥက္ကဌ ဦးရူမောင်က ပြောသည်။ “အနိုင်ရသွားပြီဆိုရင် တိုင်းရင်းသားပါတီတွေဖြစ်တဲ့အတွက် ၂ ပိုင်းရှိမယ်လို့ထင်တယ်။ တစ်ပိုင်းကကျတော့ ကိုယ့်ရဲ့မဲဆန္ဒနယ်ရဲ့နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရှိမယ်။…

    Read More »
  • 5 October

    KIO “နာမည်” အသုံးချပြီး ပြိုင်ဖက် KSPP ကို အပုပ်ချ မဲဆွယ်မှု NLD တောင်းပန်

    လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၎င်း၏ပြိုင်ဖက် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO “အမည်” အသုံးချပြီး မဲဆွယ်စည်းရုံးနေသည်ဟု မမှန်မကန် အပုပ်ချပြောဆိုခဲ့မှုအပေါ် တရား၀င်ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။ ‘လာမည့် ရွေးကောက်ပွဲတွင်…

    Read More »
  • 1 October

    မိုးညှင်းခရိုင်တွင် ပုံစံ (၃-က) မဲထည့်ရန်လျောက်ထားသော တပ် နဲ့ ရဲ အင်အား ၁ ထောင်ကျော်ရှိ

    မိုးညှင်းခရိုင်တွင် ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် ရက် (၉၀) နေထိုင်ကြောင်း ပုံစံ (၃-က) ဖြင့်အသစ် လာရောက်လျောက်ထားသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃၀၀ ဦးခန့်ရှိပြီဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ မိုးညှင်းခရိုင်တစ်ခုလုံးတွင် ပုံစံ (၃-က)ဖြင့်…

    Read More »
  • Sep- 2020 -
    28 September

    KIA တပ်စခန်းဖယ်ရှားပေးရေးကိစ္စကြောင့် တိုက်ပွဲဖြစ်လာမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများစိုးရိမ်

    ချီဖွေမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်း၂ ခုကို ရုပ်သိမ်းပေးရန် တပ်မတော်ဘက်ကအကြောင်းကြားခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှုများရှိနေသဖြင့် ထိုဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်လာမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း စိုးရိမ်နေကြသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး KIA တပ်စခန်း၂ခုကို ရုပ်သိမ်းပေးရန် နယ်လုံဝန်ကြီးက…

    Read More »
  • 25 September

    ပူတာအိုခရိုင်တွင် တပ်မတော်သားသီးသန့် မဲရုံ ၁ ရုံအပါ တပ်မဲရုံ ၄ ရုံသာရှိ

    ပူတာအိုခရိုင်တွင် လက်ရှိအချိန်ထိ တပ်မတော်သားများအတွက် မဲရုံ ၄ရုံသာရှိပြီး ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလတွင် ပြန်လည်ထုတ်ပြန်မည်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ) မှ သိရသည်။ အဆိုပါ မဲရုံ ၄ ရုံမှာ ပူတာအိုမြို့နယ်တွင် ၃ရုံ နှင့် မချမ်းဘောမြို့နယ်တွင်…

    Read More »
  • 22 September

    ဖားကန့်တွင် မဲဆွယ်စည်းရုံးမှုများ ရပ်နားထား

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်း (SOP) အရ Stay Home သတ်မှတ်ထားသည့် နေရာများတွင် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်ခွင့်မရှိကြောင်း သိရသည်။ ထို့ကြောင့် ကချင်ပြည်နယ် ဖားကန့်မြို့တွင်လည်း ပြည်သူနဲ့ ထိတွေ့ကာ မဲဆွယ်ခွင့်ရမည် မဟုတ်ကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ…

    Read More »
  • 21 September

    ငြိမ်းချမ်းရေးအတွက် ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်များကို​ ရွေးချယ်ကြမလဲ

    လာမည့်ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များသည် မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ငြိမ်းချမ်းမှုမရရှိသေးသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်သင့်သည့်အကြောင်း ကချင်လူထု၏ အမြင်ကို ရွေးချယ်တင်ဆက်ထားပါသည်။ စာဂျီ Kachin Development Network Group…

    Read More »
  • 3 September

    ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲစောင့်ကြည့်မည့်အဖွဲ့ မရှိသေး

    ကချင်ပြည်နယ်တွင် လာမယ့်ရွေးကောက်ပွဲ၌စောင့်ကြည့်ရေးလုပ်ငန်းများလုပ်ဆောင်ရန် လျှောက်ထားသည့် အရပ်ဘက်အဖွဲ့အစည်းမရှိသေးကြောင်း သိရသည်။ ရွေးကောက်ပွဲစောင့်ကြည့်ရေးလျှောက်ထားလိုသူများသည် ပါတီ၊ နိုင်ငံရေးကင်းရှင်းသူများဖြစ်ရမည်ဖြစ်ပြီး မိမိ၏အဖွဲ့စည်းမှတ်ပုံတင်များရှိရန် လိုအပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် က ဆိုသည်။ ကချင်ပြည်နယ်အတွက် ရွေးကောက်ပွဲစောင့်ကြည့်ရန် ကချင်အရပ်ဘက်အဖွဲ့စည်းများပူးပေါင်းပြီး လျှောက်ထားရန်ပြင်ဆင်နေပြီဟုလည်း Humanity Institute…

    Read More »
  • 1 September

    ကချင်တွင် တပ်မတော်သားသီးသန့် မဲရုံတစ်ရုံသာရှိ၊ ကျန်မဲရုံများ တပ်ပြင်ပအရပ်ဘက်နှင့်အတူထည့်ရမည်

    ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် တပ်မတော်သားသီးသန့်ထည့်ရမယ့် မဲရုံတစ်ရုံသာရှိပြီး ကျန်မဲရုံများမှာ အရပ်ဘက်မဲဆန္ဒရှင်များဖြင့် အတူထည့်ရမယ်ဖြစ်သည်ဟု သိရသည်။ တပ်မတော်သားများမဲထည့်ရမည့် မဲရုံပေါင်း ၅၃ ရုံရှိသည့်အနက် ပူတာအိုရှိ မဲရုံတစ်ရုံသာလျှင် တပ်မတော်သားသီးသန့် ပေးရမည်ဖြစ်သည်ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။ “…

    Read More »
Back to top button