ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင် စစ်ကိုင်းအစပ် မြို့နယ်များမှာ ရွေးကောက်ပွဲ ဖြစ်လာနိုင်မလား (မေးမြန်းချက်)

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပရန်စီစဉ်နေတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၉ ရက်ကစပြီး လူဦးရေသန်း‌ခေါင်စာရင်းကို စတင်‌ကောက်ခံ‌နေပြီဖြစ်ပါတယ်။

ယခုလို လူဦးရေသန်း‌ခေါင်စာရင်းကောက်ယူရမှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းနဲ့ စစ်ကိုင်းကချင်အစပ်ဒေသတွေမှာတော့ စစ်တပ်လုံခြုံရေးအပြည့်နဲ့ လိုက်လံကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က ကျင်းပမယ့် ဒီရွေးကောက်ပွဲက တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ စစ်ကိုင်းကချင်အစပ်ဒေသမှာရော တကယ်ဖြစ်နိုင်လား ဘယ်လောက်အတိုင်းအတာထိကျင်းပနိုင်မလဲအစရှိတဲ့ ရွေးကောက်ပွဲဖြစ်နိုင်‌ခြေအလားအလာ‌တွေကို ကသာ၊ ထီးချိုင့်၊ အင်းတော်နဲ့ ဗန်းမောက် ဒေသကတော်လှန်ရေးအင်အားစုတွေကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။

ဗန်းမောက်မြို့နယ် Banmauk Revolution-BR မှ တာဝန်ရှိသူတစ်ဦး

ကျနော်တို့ဗန်းမောက်မှာ ရွေးကောက်ပွဲကိုမဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်မယ်လို့ သူတို့ဘက်ကကြုံးဝါးထားတာတွေ ကြားရတယ်။ ဒါပေမဲ့ ဖြစ်ရင်တော်ကျနော်တို့ဆီမှာ မြို့ပေါ်ရပ်ကွက်၄ရပ်ကွက်ပဲဖြစ်မှာ တိတိကျကျပြောရရင် မြနန္ဒာရပ်ကွက်၊ မြို့မရပ်ကွက်၊ အောင်သာကုန်းရပ်ကွက်အဲ့ဒီရပ်ကွက်တွေလောက်ပဲ သူတို့ကဒီဘက်ရွာဘက်ကို လာပြီးစာရင်းကောက်နိုင်တဲ့ အနေအထားမရှိဘူး။ ကျနော်တို့ဗန်းမောက်မှာ ရွာပေါင်း၂၄၄ ရွာရှိတယ်။ ၂၀၀ကျော်လောက်က ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေတွေဖြစ်နေပြီ အဲ့ဒီရွာတွေမှာလည်း ကျနော်တို့ဘက်ကနေ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမူးတွေလည်းရှိနေပြီ အဲ့တာကြောင့်မို့ပြည်သူလူထုကလည်း သူတို့ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးမဟုတ်ရင်တော့ သူတို့လက်ခံမှာမဟုတ်ဘူး ကျနော်တစ်ဦးထဲအမြင်အရ အဖြူနဲ့အမည်းကွဲအောင်လို့တော့ လုပ်နိုင်ရင်လုပ်ပေါ့ ဒါပေမဲ့ ကျနော်တို့အဖွဲ့အစည်းတွေကတော့ ဒီတရားမျှတမူမရှိတဲ့ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့တားမဲ့အစီအစဥ်တွေရှိပါတယ်ပြောပါတယ်။

ထီးချိုင့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး (ပကဖ)

ကျနော်တို့ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီဘက် မဲစာရင်းကောက်လို့ရတဲ့နေရာ၊ ကျနော်တို့လက်လှမ်းမမှီတဲ့ နေရာပေါ့ ၃နေရာပဲရှိတယ်။ ထီးချိုင့်မြို့ပေါ်ရယ်၊ မြတောင်ရွာရယ်၊ မောင်းကုန်းတိုက်နယ် အဲ့ဒီနေရာပေါ့ ကျန်တဲ့နေရာတွေကတော့ မဲစာရင်းကောက်တဲ့သူတောင်မရှိစေရဘူး ရှိလည်းမရှိနိုင်ဘူး သူတို့နဲ့နီးစပ်တဲ့ နေရာတွေလောက်ပဲ အဲ့ဒီသုံးနေရာကလွဲပြီးကျန်တဲ့ ဘယ်နေရာမှသူတို့မစိုးမိုးနိုင်ဘူး ဘာလို့လဲဆိုတော့ ကျနော်တို့ထီးချုင့်မှာရွာအုပ်စုပေါင်း၃၁အုပ်စုရှိတယ်။ ကျနော်တို့က ၂၆အုပ်စု စိုးမိုးထားနိုင်ပြီ မြေပြင်မှာသူတို့အရင်ကလို မဲစာရင်းကောက်ဖို့ သူတို့ဘယ်လိုမှမဖန်တီးနိုင်ဘူး မဲပေးဖို့ သူတို့စည်းရုံးလာရင် စည်းရုံးတဲ့ပုံစံအလိုက် အရေးယူသွားဖို့လည်းရှိပါတယ်ပြောပါတယ်။

ကသာမြို့နယ်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး

စစ်ကောင်စီရဲ့ ကသာမြို့မှာမဲစာရင်းကောက်ယူမှုက မြို့ပေါ်မှာပဲသူတို့လှုပ်ရှားနိုင်တယ်။ ဒါတောင်မှ သူတို့က အိမ်ထောင်စုစာရင်းစစ်ရင်း၊ မီတာဖြတ်ရင်းနဲ့ပဲ လုံခြုံရေးယူပြီးသူတို့လာကြတာ မြို့ပေါ် UGတွေရဲ့ ဖောက်ခွဲ တိုက်ခိုက်မှုတွေကြောင့်လည်း သူတို့မလုပ်နိုင်ဘူးဖြစ်နေတယ်။ ကသာမြို့နယ်အနေနဲ့တော့ ရွေးကောက်ပွဲ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ဖို့မလွယ်ပါဘူး ဘာကြောင့်လဲဆိုတော့ ကသာမြို့နယ်မှာ ကျနော်တို့ တော်လှန်ရေးအင်အားစုကနေ ထိန်းချုပ်မူအများဆုံးရှိထားတယ်။ ပြီးတော့ မြို့ပေါ်မှာလည်း ၁၀ ရပ်ကွက်ရှိတယ် အဲ့ဒါကိုလည်း သူတို့ပြည့်ပြည့်ဝဝ လုပ်နိုင်မှာမဟုတ်ပါဘူး။ ပြည်သူတွေဘက်ကလည်း ခေတ်ကာလကောင်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ မဲစာရင်းကောက်ပြီးလုပ်တာတောင်မှ မဲစာရင်းမှားတယ်ဆိုပြီးတော့ ၂၀၂၀ အနိုင်ရ ပါတီ ဆီကနေ အာဏာကိုသိမ်းလိုက်တာကို ကျနော်တို့ အနယ်နယ်အရပ်ရပ်ကသူတွေအားလုံးကို တော်လှန်နေကြတဲ့ကာလမှာ သူတို့အနေနဲ့ ဘယ်လောက် မဲစာရင်းမှန်အောင်လုပ်နိုင်မှာလဲ လုပ်လာရင်ရော ဒီရွေးကောက်ပွဲက ငွေကုန်သံပြာဖြစ်မှာပဲလို့ ပြည်သူတွေကလည်းယုံကြည်ကြတာပဲပြောပါတယ်။

အင်းတော်မြို့နယ် Indaw Revolution-IR မှ ပြန်ကြားရေးတာဝန်ခံ

ဒီရွေးကောက်ပွဲကတော့ မြို့ထဲကရပ်ကွက်တွေအပေါ်တော့ အိမ်ထောင်စုစာရင်းလိုက်ကောက်တာတို့တော့ လုပ်ပြီးသွားပြီ ဒါပေမဲ့ ရပ်ကွက်စုံအောင်တော့မကောက်နိုင်ဘူး သူတို့ရွေးကောက်ပွဲကတော့ သူတို့ဘာသာလုပ်ကြံရင်လုပ်ကြံ အင်းတော်မြို့နယ်မှာတော့ သူတို့ရွေးကောက်ပွဲကဖြစ်နိုင်မယ်လို့တော့မထင်ဘူး ဘာလို့လဲဆိုတော့ ကျနော်တို့ရဲလွှမ်းမိုးမူက ၈၀ရာခိုင်နှုန်းလောက်လွှမ်းမိုးထားနိုင်ပြီ သူတို့လည်းမြို့ထဲပဲသွားလာနိုင်တယ် ဖြစ်နိုင်မယ့်အလားအလာကတော့ နိုင်ငံရေးထွက်ပေါက်အနေနဲ့ရွေးကောက်ပွဲကိုအကြောင်းပြမှာ ဖြစ်နိုင်မယ်မထင်ပါဘူး ပြည်သူတွေကလည်း ဒီရွေးကောက်ပွဲအပေါ်အယုံအကြည်မရှိသလို မဲလည်းထည့်မှာ မဟုတ်ကြဘူးပြောပါတယ်။

Show More

Related Articles

Back to top button