သတင်းဆောင်းပါး

ဗန်းမော်လက်မလွတ်ရေး စစ်တပ်က အစွမ်းကုန်ပြင်ဆင်နေ

လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ များပြားလာ

ဗန်းမော်ခရိုင်အတွင်းက မဟာဗျူဟာကျတဲ့ အထိုင်တပ်စခန်းတွေသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့တွင်းကနေ မြို့ပတ်ပတ်လည်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် အရပ်သားသေဆုံးမှု နဲ့ ပျောက်ဆုံးမှုများလာတယ်လို့ မြို့ခံတွေ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မတ်လ  ရက်နေ့ကစပြီး ဗန်းမော်မြို့ဝန်းကျင်ကို  နာရီခြား တစ်ကြိမ် လက်နက်ကြီးပစ်ခတ်နေတာဖြစ်ပြီး ဧရာဝတီမြစ် အနောက်ဘက် အလယ်ကျွန်းရှိ မိုးစိမ်းကျွန်းနှင့် မိုင်းကာကျေးရွာအပြင် ကမ်းနီကျေးရွာနဲ့ စင့်ကင်ရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးကြောင့် မတ်လ ၁၃ ရက်နေ့ ကမ်းနီရွာက အသက် ၁၀ အောက် ကလေး  ဦး နဲ့ မိခင်တစ်ဦး၊ နောက်ထပ် မိခင်တစ်ဦးသေဆုံးတဲ့အပြင် မိုင်းကာရွာဒေသခံအမျိုးသမီး တစ်ဦး၊ မိုးစိမ်းရွာက ကလေးငယ်တစ်ဦးနဲ့ စင့်ကာရွာက အမျိုးသမီးတစ်ဦး၊ မတ်လ  ရက်နေ့  မိုင်က ဦးသန်းဖေဆိုသူတစ်ဦးနဲ့ နောက်ထပ်အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် ဗန်းမော်မြို့ရှောင်လမ်း ၃ မိုင်  အရှေ့သာစည်   မိုင်အောင်သာ၊ ဟန်းတဲရပ်ကွက်တွေမှာလည်း လမ်းမပေါ်ထွက်လာတဲ့ဒေသခံတွေကို စစ်တပ်ကပစ်သတ်နေပြီး အလောင်းဖျောက်မီးရှို့ခံရတဲ့ အရပ်သား ၁၀ ဦး ထက်ဦးထက်မနည်း ရှိနေပြီလို့ သိရပါတယ်။

ပစ်သတ်ခံရသူတွေကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိရှိခွင့်မပေးဘဲ မှောက်လျှက်အနေထားနဲ့ထားရှိပြီး အလောင်းသယ်ယူတဲ့ နာရေးကူညီမှုအသင်းတွေကိုလည်း မှတ်တမ်းဓါတ်ပုံရိုက်ယူခွင့်မပြု မှောက်လျှက်အနေထားနဲ့သာသယ်ဆောင်ဖို့ ခန်ဝံကတိရေးထိုးခိုင်းစေတယ်လို့ ဆိုပါတယ်။

မတ်လ  ရက်နေ့ကတည်းကစပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ထဲကို ကာကွယ်ရေးတပ်ဖွဲ့ KPDF တွေဝင်ရောက်လာပြီဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့တွင်း၊ မြို့ပြင် အရပ်သားပြည်သူတွေကို စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။

မတ်လ  ရက်နေ့မှာလည်း ဟိုတယ်၊ တည်းခိုခန်းတွေမှာ ရှောင်တခင်ဝင်ရောက်စစ်ဆေး မြစ်ဆုံဟိုတယ်ပိုင်ရှင်ကိုဖမ်းဆီးခဲ့ပါတယ်။ မတ်လ  ရက်ညမှာတော့ ရောဘတ် စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသား ၁၅ ဦးတိတိကို ပြန်လည် ဖမ်းဆီးခဲ့ပါတယ်။ 

ဖမ်းဆီးခံရသူတွေကို ဗန်းမော် စကခ ၂၁ မှာ ဖမ်းဆီးထားတယ်လို့ သိရပြီး ဖမ်းဆီးထားသူတွေကို အညိုရောင်၊အနက်ရောင်၊ အဖြူရောင် စသဖြင့် အဆင့်သတ်မှတ်ပြီး စစ်ဆေးနေပြီးတော့ အဖြူရောင်အဆင့်ရောက်သူတွေကိုသာ ပြန်လွတ်ပေးတယ်လို့ သိရပါတယ်။

အခုလို အရပ်သားတွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်တာအပြင် လက်နက်ကြီးပစ်ခတ်နေတာဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA  ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF  ရက္ခိုင့်တပ်တော် AAပူးပေါင်းတပ်တွေဘက်က မြစ်ကြီးနား– ဗန်းမော်လမ်းတစ်လျှောက်အပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဗန်းမော်မြို့ အမှတ် –၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁ဗျူဟာကုန်း နဲ့ ဗန်းမော်မြို့အခြေစိုက် ၂၃၆တပ်ကနေ မြို့ပတ်ပတ်လည် လက်နက်ကြီးပစ်ခတ်တဲ့အခြေအနေနဲ့ပတ်သက်ပြီး မြို့ခံတစ်ယောက်ကဘယ်ချိန်ကိုယ့်အိမ်လာကျမလဲ စောင့်နေသလိုဖြစ်နေပြီ လက်နက်ကြီးပစ်တာဆိုတာ မနားတမ်းကိုပစ်နေတာ လိုင်းတွေကလည်း အများပိုင်းဖြတ်ထားတော့ ဘယ်သူဘယ်ဝါသေတယ် ဘယ်သူဖမ်းခံရလဲဆိုတာ မသိရဘူး။ အားလုံးက ကြောက်နေကြတာ မြို့ထဲမှာ ခုနေ့ခင်းတောင်ခြောက်ကပ်နေတယ်လို့ ရင်ဖွင့်ပြောဆိုပါတယ်။

ဗန်းမော်မြို့ခံတွေဟာ မိသားစုဝင်တစ်ချို့ ပျောက်ဆုံးနေပေမယ့် ဖုန်းလိုင်းအခက်ခဲနဲ့ လုံခြုံရေးအခြေနေတွေကြောင့် စုံစမ်းဖို့ခက်ခဲနေကြပြီး တစ်မြို့လုံးတိတ်ဆိတ်နေပြီလို့ ပြောပါတယ်။

ကချင်ပြည်နယ်ရဲ့ သင်္ဘောဆိပ်ကမ်းရှိတဲ့ ဗန်းမော်မြို့ဟာ အစိုးရအဆက်ဆက် ခရိုင်ရုံးစိုက်တဲ့မြို့နယ် ဖြစ်ပါတယ်။ မြို့ဧရိယာနည်းပြီး ကျေးလက်ဧရိယာများကာ ဧရာဝတီမြစ်ကမ်းနံဘေးမှာတည်ရှိတဲ့မြို့နယ်ဖြစ်ပါတယ်။ မြို့တော် မြစ်ကြီးနားမြို့ရဲ့ တောင်ဘက် မိုင် ၁၁၄ မိုင်အကွာမှာရှိပြီး တရုတ်နယ်စပ်နဲ့ မိုင် ၄၀ အကွာမှာရှိတာလည်း ဖြစ်ပါတယ်။ ပထဝီအနေထား နဲ့ စစ်ရေး အရေးပါတဲ့နေရာမှာတည်ရှိပြီး ဗန်းမော်မြို့ အရှေ့မြောက်ဘက် မိုင် ၄၀ အကွာမှာတော့လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိတာလည်းဖြစ်ပါတယ်။ 

သင်္ဘောဆိုက်ရာမြို့နယ်ဖြစ်တာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မန်းလေးကနေ ဗန်းမော်ဘက်ကို စစ်လက်နက်ရိက္ခာလာရောက်ပို့ဆောင်တဲ့ စစ်သင်္ဘောတွေဆိုက်ရောက်တိုင်း လုံခြုံရေးမကြာခနတင်းကြပ်ခံရဆုံးမြို့နယ်တစ်ခုလို့ ဆိုလို့ရသလို မကြာခနဆိုသလို အရပ်သားဖမ်းဆီးခံရမှုတွေကလည်း ရှိနေတာဖြစ်ပါတယ်။

အလားတူဘဲ ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် ဇူလိုင်လ စစ်ကောင်စီတပ်က လိုင်ဇာ၊နမ့်ဆန်ယန်ဘက်ကို စစ်ရေးစတင်လှုပ်ရှားလာတဲ့ချိန်ကစပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့အပြင် ပြီးခဲ့တဲ့လမှာလည်း ကမ်းနားလမ်းဘက်အရပ်သားအမြောက်အများဖမ်းဆီးခံထားရတာလည်းဖြစ်ပါတယ်။

စစ်တပ်ကဘာလို့ ခုလိုဖမ်းဆီးတာတွေလုပ်နေတာလဲဆိုတာ ပထဝီအနေထားအရ သိရှိထားဖို့လိုအပ်ပါတယ်။ ဗန်းမော်ခရိုင်မှာ မံစီမြို့နယ်၊မိုးမောက်မြို့နယ်၊ ရွှေကူမြို့နယ်၊ ဗန်းမော်မြို့နယ်ဆိုပြီး မြို့နယ်  မြို့နယ်ရှိပါတယ်။ ဒီမြို့နယ်  ခုစလုံးမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေ စစ်ရေးတင်းမာနေတဲ့အပြင် စခန်းသိမ်းစစ်ဆင်ရေးတွေကြောင့်စစ်ကောင်စီတပ်တွေက ကျဆုံးမှုများပြားနေတာလည်း ဖြစ်ပါတယ်။

နှစ်ဆန်းပိုင်းမှာပဲ မံစီမြို့နယ် ရှမ်းနယ်စပ် မံဝန်းကြီးကျေးရွာကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပါတယ်။ မံဝန်းကြီးကို မသိမ်းခင် အနီးတစ်ဝိုက်က ဗျူဟာကျစခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက် မဘိမ်းမြို့နယ်ကိုထပ်မံ သိမ်းပိုက်လိုက်ပါတယ်။

အဲဒီနောက် ကိုက်ထိပ်တပ်စခန်း၊ ဘလောင်ဒိန်ဆာတပ်၊ စီခမ်းကြီး နဲ့ မဂျီဂုန်ဗျူဟာကုန်းတွေကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗန်းမော်နဲ့ ရှမ်းပြည်ကြားက အရေးပါတဲ့ တပ်စခန်းအများစုကKIA ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

ဗန်းမော်မြို့နဲ့အနီးဆုံး မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲက စစ်ကောင်စီ ခမရ ၁၄၂ ဗျူဟာတပ်စခန်းကိုလည်း ပြီးခဲ့တဲ့ မတ်လ  ရက်နေ့မှာဘဲ KIA ပူးပေါင်းတပ်တွေတိုက်ခိုက်မှုကြောင့် အလံဖြူထောင်လက်နက်ချခဲ့ပါတယ်။

ဒါ့အပြင် မိုးမောက်မြို့နယ်မှာလည်း ဒါဆိုင်းရွာအထိုင်တပ်စခန်းဖြစ်တဲ့ ခလရ ၂၃၇ ကို KIA ပူးပေါင်းတပ်တွေက မတ်လ ၁၃ ရက်နေ့ သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဗန်းမော်ခရိုင်ထဲက တရုတ်နယ်စပ်မှာရှိတဲ့ လွယ်ဂျယ်မြို့နယ်တစ်ခုတည်းသာ စစ်ရေးအရငြိမ်သက်နေတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလမှာ လက်လွတ်လိုက်တဲ့ စီခမ်းစခန်းပြန်ရယူဖို့ စစ်တပ်က ရွှေကူဘက်ကနေ စစ်ကြောင်းထိုးလာခဲ့ပေမယ့် KPDF တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အတွက် တပ်ပြန်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးအရ အဖက်ဖက်ကနေခြိုးခြုံကျလာတဲ့စစ်ကောင်စီတပ်တွေဟာ မတ်လ  ရက်နေ့ ကနေ နေ့မနား၊ညမနား လက်နက်ကြီးပစ်ခတ်နေတာကိုကြည့်ခြင်းအားဖြင့် ဗန်းမော်အထိုင်စခန်းတွေတွက် အခြေနေအရမ်းစိုးရိမ်နေရပြီဆိုတာ သိသာထင်ရှားလှတယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက ခုလိုပြောပါတယ်။

တွေးကြည့်တာနဲ့ကို သိသာလွန်းတယ် ရမ်းပစ်နေတာ KIA တပ်တွေရှိလား မရှိလားမသိ ဇွတ်ပစ်နေတာ အဲတော့ ပြည်သူတွေဘဲအထိနာနေတယ် ဒါကိုကြည့်မယ်ဆိုရင် စစ်တပ်ထဲမှာအင်အားအရမ်းနည်းနေပြီး အခြေနေစိုးရိမ်နေရပြီဆိုတာ သိသာတယ်လို့ပြောပါတယ်။

ဒ့ါအပြင် ဗန်းမော်မြို့ကို အဓိက ဝင်ထွက်နိုင်တဲ့ လမ်းမကြီးတွေဖြစ်တဲ့ မန္တလေး– ဗန်းမော်လမ်း၊ ဗန်းမော်– မြစ်ကြီးနားလမ်း၊ဗန်းမော်– လွယ်ဂျယ်လမ်း စတာအပြင် နောင်ခိုဘက်ကနေ မြစ်ကြီးနားဘက်ကို ထွက်နိုင်တဲ့လမ်းတွေရှိပေမယ့်ဒီနေရာတွေမှာ ဂိတ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေက အဝင်ထွက်စစ်ဆေးရေးအလွန်တင်းကြပ်ထားကြောင့် မြို့နေပြည်သူတွေဟာ အပြင်ကိုမထွက်သလောက် ရှိနေပြီလို့လည်း ဆိုကြပါတယ်။

မတ်လ  ရက်ည စစ်ကောင်စီတပ်ဟာ ဗန်းမော်တက္ကသိုလ် နဲ့ စာသင်ကျောင်းနေရာတစ်ချို့ မှာ တပ်စွဲထားပြီး မြို့တွင်းလမ်းကြားပါမကျန် ကင်းပုန်းပြီးတော့ စစ်ဆေးဖမ်းဆီးမှုတွေ ရှိနေပေမယ့် တိတိကျကျစုံစမ်းဖို့ခက်တဲ့အကြောင်း ဒေသခံတွေ ပြောပါတယ်။

ဗန်းမော်မှာနေထိုင်တဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ယောက်ပြောတာကတော့ဗန်းမော်မြို့ကိုတော့ မြို့သိမ်းတိုက်ပွဲ မဖော်ဆောင်ဖို့ မလုပ်လောက်ဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလောက်ကြီးတဲ့မြို့ကိုပျက်စီးအောင်လုပ်တာလောက်တော့ မဟုတ်ဘူး ကျနော့်အမြင်ပြောရရင် ဘေးပတ်ပတ်လည်အားလုံးသိမ်းလိုက်နိုင်မယ်ဆိုရင် ဗန်းမော်ကအလိုလို လက်နက်ချသွားရင် ချသွားနိုင်လောက်တယ်။ ခုသတင်းတွေထွက်နေတာတောင်မှ စစ်တပ်နဲ့ရဲစခန်းတွေမှာ စစ်သားတွေနဲ့ရဲတွေ အနည်းအကျဉ်းဘဲရှိတယ်။ ကျန်တဲ့တစ်မြို့လုံး တက္ကသိုလ်လိုနေရာတွေမှာ နေရာယူထားကုန်ကြပြီ ပြီးတော့ သူတို့က PDF တွေဝင်နေပြီလို့လည်း ယူဆထားပုံရတယ်။မြို့သိမ်းဖို့တော့ လွယ်တော့ မလွယ်လောက်သေးဘူး” လို့ ပြောပါတယ်။ 

အလားတူ ဗန်းမော်လေဆိပ်မှာ မတ်လ  ရက်နေ့ လက်နက်ကြီး  လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်တပ်ဘက်က လေဆိပ်သွားတဲ့လမ်းနဲ့ လေယာဉ်အတက်အဆင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားတဲ့အပြင်ဗန်းမော်ပတ်ပတ်လည် ဖန်ခါးတပ် ခလရ ၄၇  မံစီတပ် ၃၁၉ ၊မင်းလှ စကခ ၂၁ တပ်တွေမှာလည်း အင်အားဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။ ဗန်းမော်မြို့နယ်ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်လည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button