အင်တာဗျူး

  • Sep- 2024 -
    23 September

    လေကြောင်းနဲ့တိုက်ခိုက်မှုအပြင်းထန်ကြုံနေရတဲ့ ပင်လည်ဘူးတိုက်ပွဲ ဆက်သွယ်မေးမြန်းချက်

    စစ်ကိုင်း– ကချင်အစပ်မှာရှိတဲ့ ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ တစ်လနဲ့ ၇ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ကောလင်းမြို့ရဲ့အနောက်မြောက်ဘက် ၂၅ မိုင်အကွာ၊ ဝန်းသိုမြို့နဲ့ ၄၁ မိုင်ကွာဝေးတဲ့နေရာမှာရှိတဲ့ ပင်လည်ဘူးမြို့ကို  KIA နဲ့  PDF ပူးပေါင်းတပ်တို့ဘက် ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်တိုင်းမြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ ၆ ကြိမ်တိုင်တိုင်ရှိလာပြီဖြစ်ပါတယ်။  ဒါပေမယ့် ဒီနေ့ထိ မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခြင်းမရှိသေးသလို ဩဂုတ်လ ၁၄ ရက်နေ့ကနေ စတင်လာတဲ့ ဒီတစ်ကြိမ်မြို့သိမ်းတိုက်ပွဲဟာ ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် ထိုးစစ်ဆင်နေတဲ့တိုက်ပွဲလည်းဖြစ်ပါတယ်။ တစ်လကျော်ထိုးစစ်ဆင်နေရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအခြေနေဘယ်လိုရှိနေလဲဆိုတာကို ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာပါဝင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကို KNG  က မေးမြန်းထားပါတယ်။ မေး– ပထမဆုံး ပင်လည်ဘူးတိုက်ပွဲနောက်ဆုံးအခြေနေကို ဦးစွာပြောပေးပါအုံး။ ဖြေ– ဟုတ် ဒီနေ့တစ်ရက်ထဲ တောကျောင်းဆိုတဲ့နေရာမှာ ရဲစခန်းနဲ့နီးတယ် မီတာအားဖြင့်ဆိုရင် ၁၄၆ မီတာလောက်ဘဲကွာတဲ့နေရာမှာ စစ်အင်အား လာချသွားတယ်။အဲဒါချနိုင်ဖို့ Y12  နဲ့တောက်လျှောက်ပစ်တာ နေ့လည် ၂ နာရီဝန်းကျင်အထိ ၁၂ ကြိမ်လောက်ရှိပြီ  Mi-17 နဲ့စစ်အင်အားချနေတာ ၇ ကြိမ်ရှိပြီ ဒါနောက်ဆုံးအခြေနေပါ။ မေး– အဲတော့ ဒီနေ့လာပို့သွားတဲ့ စစ်ကြောင်းက စစ်အင်အား ဘယ်လောက်ရှိနိုင်လဲ။ ဘယ်တပ်ရင်းဌာနချုပ်ကလဲဆိုတာကော သိရလား။ ဖြေ– စစ်အင်အားကတော့ ၁၀၀ ကျော်နိုင်တယ် ခန့်မှန်းပေါ့  ဒီနေ့ချတာက ကျနော်တို့သိရတဲ့အချက်လက်အရ မကွေးမြို့စောင့်တပ်လို့သတင်းရထားပါတယ်။ မေး– ပင်လည်ဘူး ခုလေလောဆယ်ကော စစ်တပ်ဘက်ကလည်း စစ်အင်အားဖြည့်နေတော့ နှစ်ဖက်ထိတွေ့အခြေနေဘယ်လိုရှိလဲ။ ဖြေ–ခုနက လာချသွားတဲ့အဖွဲ့နဲ့ ကျနော်တို့အဖွဲ့တိုက်ပွဲပြင်းထန်နေပါတယ်။ ပြီးတော့ သူတို့လေကြောင်းကနေချပေးတဲ့ စစ်လက်နက်ရိက္ခာတွေကိုလည်း ကျနော်တို့ဘက်က အများကြီးသိမ်းရမိထားတာတွေရှိပါတယ်။ ဘာတွေလဲဆိုတော့ တိတိကျကျမသိရသေးဘူ။ မေး–အရင်တစ်ခေါက်လည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ပို့နေတဲ့ စစ်လက်နက်ရိက္ခာတွေကို ကာကွယ်ရေးတပ်ဘက်က သိမ်းရမိတာရှိတယ်လို့ သိရတယ် ဟုတ်လား။ ဖြေ– ဟုတ်ပါတယ် ၈ လပိုင်း ၂၁ ရက်နေ့ လာချတဲ့ သိမ်းနိုင်တဲ့ထဲမှာ လက်နက်ခဲယမ်းနဲ့အစားသောက်အဓိကချသွားတာ ဆာလာအိတ်ရော၊သစ်သားသေတ္တာနဲ့ကော လေထီးနဲ့ချတာ။အဲချိန် လာပို့သွားတဲ့ စစ်ကြောင်းကိုလည်း ကျနော်တို့ဘက်က ဖမ်းရမိတာတွေလည်း များတယ်။ မေး– နောက်တစ်ခုက တိုက်ပွဲတစ်လတာအတွင်း ဖမ်းဆီးရမိတဲ့သုံ့ပန်းအခြေနေလေး သိရပါစေ။ ဖြေ–  ဒီနေ့လာချတာနဲ့ဆိုရင် စစ်အင်အားဖြည့်တာ ၃ ကြိမ်ရှိပြီ ပထမလာပို့တဲ့စစ်ကြောင်းက တစ်ကြောင်းလုံး လက်နက်ချအလင်းဝင်တယ်။ ဒုတိယအကြိမ်လာပို့တဲ့စစ်ကြောင်းက အရှင်ဖမ်းမိတာရှိတယ် နောက်တစ်ခုက ခုဒီမှာပို့လာတဲ့စစ်သားတွေက အောက်ပိုင်းကနေပို့လာတာဆိုတော့ ဒီဘက်ကို သူတို့နယ်မြေမကျွမ်းဘူး အဲတော့လမ်းမှားပြီး ကျနော်တို့ဘက်ကို ထွက်ပြေးလာတဲ့သူတွေလည်းရှိတယ်။ ပြီးတော့ တစ်ချို့ကစစ်မတိုက်ချင်တော့ဘူးဆိုပြီး ထွက်ပြေးသွားတဲ့သူတွေကိုဖမ်းရမိတာရှိတယ်။ဖမ်းဆီးရမိတာ၊သုံ့ပန်းနဲ့ပေါင်းရင်တော့ ၈၀ ကျော်ပြီ။ မေး–အဲဆိုရင် လက်ရှိ ပင်လည်ဘူးမြို့ထဲ ဘယ်နေရာ၊ဘယ်စခန်းတွေ ကျန်သေးလဲ။ ဖြေ– ခုမြို့ထဲကရဲစခန်းနဲ့အာရှဘဏ်ကုန်းဘဲကျန်တော့တယ် ကျန်တာအကုန်ရပြီ။ ဒီနေရာကို လက်မလွတ်အောင် စစ်တပ်က အပြင်းထန်လေကြောင်းသုံးနေတာ မသိရင် အပြည်ပြည်ဆိုင်ရာလေဆိပ်လားထင်ရတယ်။ နေ့တိုင်းလာပစ်တယ် မပစ်တဲ့နေ့မရှိသလောက်ပါဘဲ။ နေ့တိုင်းတိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲအခြေနေဖြစ်ပါတယ်။ မေး– ပင်လည်ဘူးတိုက်ပွဲမှာ စစ်တပ်က လေကြောင်းပစ်ခတ်မှုကို အဓိကအားထားနေရတယ်လို့ ပြောချင်တာလား။…

    Read More »
  • Aug- 2024 -
    21 August

    မြန်မာပြည်မှာ အရပ်သားသေဆုံးမှု မြင့်တက်ခြင်း၊ စီးပွားရေးထိုးကျခြင်းတွေက ဘယ်သူမှာ တာဝန်ရှိပါသလဲ။

    ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်း အဆင့် ၂ မှာ မြန်မာနိုင်ငံရှိနေပြီး ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဧရိယာက လည်း ကမ္ဘာ့အဆင့် ၉ နေရာမှာ ရပ်တည်နေလို့ သိရပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဒေသ ကျယ်ဝန်းလာတာနဲ့အတူ စစ်ပွဲကြောင့် အရပ်သားသေဆုံးမှုအများဆုံး ကမ္ဘာ့အဆင့် ၃ နေရာမှာ ရှိနေတယ်လို့  ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ တည်နေရာလေ့လာရေးအဖွဲ့ (ACLED) ဩဂုတ်လ ၆ ရက်နေ့…

    Read More »
  • 13 August

    ဖုန်း၊အင်တာနက်ပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ

    ဒါပေမယ့် MPT ဖုန်းလိုင်းကလည်း မြို့တွင်းနေရာ အကန့်အသတ်နဲ့သာရရှိနေပြီး ကျန်တဲ့ဖုန်းလိုင်းအော်ပရီတာလိုင်းတွေအားလုံးပြတ်တောက်နေဆဲဖြစ်တာကြောင့် ပြည်သူတွေဟာ အဖက်ဖက်ကနေ လူမူစီးပွားဆိုင်ရာ အခက်ကြုံနေကြတယ်လို့လည်း သိရပါတယ်။ 

    Read More »
  • 12 August

    တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်

    ဒါကြောင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိနေတဲ့ ဗန်းမော်မြို့အခြေနေကို ဗန်းမော်ကနေ တစ်ခြားနေရာကို ဒီမနက်ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။

    Read More »
  • Jul- 2024 -
    24 July
    မင်းအောင်လှိုင်

    စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ယာယီသမ္မသလွှဲပြောင်းယူလိုက်တဲ့အပေါ် ကချင်ပြည်သူတွေရဲ့ အမြင်သုံးသပ်ချက်

    အခုလို ယာယီသမ္မတတာဝန်ကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွှဲပြောင်းရယူလိုက်တဲ့ နောက် မြန်မာနိုင်ငံတဝှမ်း ဝေဖန်ထောက်ပြတာတွေရှိနေပါတယ်။

    Read More »
  • 15 July

    ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်  (KSCU) ကျောင်းရဲ့တတိယအကြိမ်မြောက် ကျောင်းဝင်ခွင့်လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ

    Kachin State Comprehensive University(KSCU)ရဲ့ ၂၀၂၅ခုနှစ် စာသင်နှစ်နဲ့ ပက်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ကို KNG ကနေပြီးတော့ KSCU ကျောင်းရဲ့ ဒု ဒုအဓိပတိဖြစ်သူ ဆရာဒေါက်တာ ဦးအောင်နိုင်သူနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။

    Read More »
  • 4 July

    ဧရာဝတီ မြစ်ရေစံချိန်ကျော်မြင့်တက်ခဲ့တဲ့ မြစ်ကြီးနားမြို့ အခြေအနေ မေးမြန်းချက်

    မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစပြီးဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာထက် ၆ ပေကျော်မြင့်တက်ခဲ့ပြီး တစ်မြို့လုံးနီးပါးရေဘေးဒဏ်ကြုံခဲ့ပါတယ်။ 

    Read More »
  • May- 2024 -
    15 May

    ကိုယ်ကျိုးထက် တိုင်းပြည်အကျိုးကို ရွေးချယ်သွားခဲ့တဲ့ KIA စစ်ဦးစီးချုပ် 

    ဒီနေ့မှာတော့ KIA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရုတ်ချောင်ခေါင်လွမ်းဆိုတာ ဘယ်လိုလူလဲ KNG သတင်းဌာန ဗိုလ်ချုပ်ကြီးရဲ့ မိသားစုဝင်တွေနဲ့ သိကျွမ်းသူတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

    Read More »
  • Apr- 2024 -
    23 April
    Rev.Dr Hkalam SamSon

    ဒေါက်တာခလမ်ဆမ်ဆွန်ကိုပြန်ဖမ်းဆီးတာဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့လို့ စစ်တပ်ရဲ့ ပြောဆိုမှုအပေါ် ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေဘာပြောလဲ

    KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် Rev. Dr Hkalam Sam Son ကို စစ်တပ်ကပြန်ပြီးဖမ်းဆီးလိုက်တာဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာသတင်းဌာနတစ်ချို့မှာ ဧပြီလ ၂၀ ရက်နေ့ ဖြေဆိုထားပါတယ်။ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ စစ်တပ်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြစ်ကြီးနားအကျဉ်းထောင်ထဲကနေ လွတ်မြောက်လာတဲ့ ဆရာတော်ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်း ၂ နာရီဝန်းကျင် လုံခြုံရေးအရခေတ္တစစ်ဆေးဖို့ဆိုပြီး ပြန်ဖမ်းသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဧပြီလ ၁၉ ရက်နေ့အထိ စစ်ဆေးမှုမလုပ်သေးဘဲ ဖမ်းဆီးထားဆဲဖြစ်ပြီး ဧပြီလ…

    Read More »
  • 23 April

    KIA သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်း ခိုင်မာစေဖို့ တတ်သိလူငယ်အများအပြား လိုအပ်နေတယ်လို့  ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်ပြော

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းခိုင်မာစေဖို့ တတ်သိလူငယ်အများအပြား လိုအပ်နေတယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ ကျင်းပတဲ့ ကချင်လူထုစည်းဝေးပွဲတစ်ခုမှာ ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော် က ပြောဆိုခဲ့ပါတယ်။ မတ်လ ၇ ရက်နေ့ စတင်လာတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ…

    Read More »
Back to top button