အင်တာဗျူး

  • Sep- 2025 -
    17 September

    မြစ်ကြီးနားမှာ PDF အမည်ခံပြီး ခြိမ်းခြောက်ငွေညှစ်မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်

    မြစ်ကြီးနားမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF)ဆိုတဲ့ အမည်ကို အသုံးပြုပြီး ခြိမ်းခြောက်ငွေညှစ် တာတွေ မကြာခဏကြားနေရပြီး ဒီနောက်ပိုင်းခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြစ်ကြီးနား ဒေသခံတွေပြောပါတယ်။ ခြိမ်းခြောက်ငွေညှစ် ခံရသူတွေထဲမှာ လုပ်ငန်းရှင်တွေ၊ ဈေးဆိုင်ဖွင့်ထားတဲ့ သူတွေသာမက ကိုယ်ပိုင်စာသင်ကျောင်းတွေအထိပါ ခြိမ်းခြောက်ငွေတောင်းရမ်းတာတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။…

    Read More »
  • Jul- 2025 -
    22 July

    မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှု ဘယ်လောက်ထိဆိုးရွားနေပြီလဲ

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယှက်မှုတွေက တစ်ရက်ထက်တစ်ရက်ပိုးဆိုးလာနေပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ခိုးဆိုးလုယှက်မှု‌တွေဟာဆယ်ကျော်သက်အရွယ်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် လူငယ်၊လူလတ်ပိုင်းတွေဖြစ်ပြီး ဒုတ်၊ဓါးကိုင်ဆောင်ကာ အုပ်စုဖွဲ့လုယက်နေတာလို့  မြစ်ကြီးနားဒေသခံတွေ ပြောပါတယ်။ ဒီခိုးဆိုးလုယှက်မှုလုပ်သူတွေဟာ အရင်က လူသူသွားလာမှုနည်းတဲ့…

    Read More »
  • 15 July

    လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့ ပြည်သူတွေအခက်ကြုံနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘူးဂါးလျှပ်စစ်မီးမကြာခဏပြတ်တောက်မှုကြောင့် ပြည်သူတွေ အဖက်ဖက်ကအခက်တွေ့နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းလျှပ်စစ်မီးတွေကို ရပ်ကွက်အလိုက် ရပ်ကွက်တစ်ခု ၈ နာရီကြာအလှည့်စီပေးနေရာကနေ ၂၀၂၅ ဇန်နဝါရီလပိုင်းကစပြီး ရပ်ကွက်တစ်ခုကို မီးလာချိန် ၆ နာရီနဲ့…

    Read More »
  • 2 July

    မြို့သိမ်းတိုက်ပွဲ ၇ လခန့်မြင့်လာတဲ့ဗန်းမော်တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဆက်သွယ်မေးမြန်းချက်

    ကချင်ပြည်နယ်ရဲ့ ကြီးမားတဲ့ မြို့သိမ်းတိုက်ပွဲအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်ဆင် တိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဒီဇူလိုင်ထဲမှာဆိုရင် တိုက်ပွဲကာလ ၇ လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ KIA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ…

    Read More »
  • Jun- 2025 -
    19 June

    KIO/KIA အစိုးရသိမ်းပိုက်ထားတဲ့နယ်မြေတွင်း ပညာရေးအခြေနေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ နေရာဒေသတွေများလာတာနဲ့အတူ အဲဒီနေရာဒေသတွင်းမှာလည်း စာသင်ကျောင်းတွေ ပိုမိုတိုးချဲ့ဖွင့်လှစ်လာနိုင်ပြီဖြစ်ပါတယ်။ ပြီးခဲ့ ၂၀၂၄– ၂၅ ပညာသင်နှစ်အထိ KIO အစိုးရအောက် အထက်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၄၅ ကျောင်း၊ မူလတန်းကျောင်း ၁၇၁ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းပေါင်း ၄၄၄ ကျောင်းထိရှိလာခဲ့တာဘဲ ဖြစ်ပါတယ်။ ဒီနှစ်၂၀၂၅–၂၆ စာသင်နှစ်မှာတော့ စာသင်ကျောင်းတွေ ဘယ်လောက်ထိထပ်တိုးထားနိုင်ပြီလဲ။ KIO အစိုးရအောက် ပညာရေးဌာနကနေပြီးတော့ ဘယ်လိုသင်ကြားမှုပုံစံတွေနဲ့သင်ကြားနေလဲဆိုတာနဲ့ ပတ်သက်ပြီး KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီး မလန်ဘရန်တောင်( Malang Brang Tawng) ကို KNG ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။   ။ ပထမဦးဆုံးအနေနဲ့ ၂၀၂၅–၂၆ပညာသင်နှစ်မှာ စာသင်ကျောင်းတွေဘယ်လောက်ထိပြန်လည်တိုးချဲ့ ဖွင့်လှစ်ထားနိုင်ပြီလဲ ဆရာ။ ဖြေ။   ။ အထက်တန်းကျောင်းအနေနဲ့ကတော့ ကေအိုင်အို ထိန်းချုပ်ရာ အရှေ့မြောက်ဒေသ(ချီဖွေ ပန်ဝါဒေသ)မှာ အထက်တန်းကျောင်း ၂ကျောင်း၊ အနောက်တောင်ဒေသ (တာမခံ၊ဆယ်ဇင်း)ဘက် ၂ကျောင်း၊ တပ်မဟာ၉(ဖားကန့်ဒေသ) ၁ကျောင်း၊ တပ်မဟာ ၁၁( မန်းဝင်းကြီးဒေသ)မှာ ၅ကျောင်း၊ ကေအိုင်အို ဗဟိုဌာနချုပ် ဒေသတစ်ဝိုက် ၃ကျောင်းထိ အသစ်ပြန်လည်ဖွင့်လှစ်ထားတယ်။ အလယ်တန်းကျောင်းကတော့ အရှေ့မြောက်ဒေသ(ချီဖွေ ၊ ပန်ဝါဒေသ)မှာ ၇ကျောင်း၊ တပ်မဟာ၉ (ဖားကန့်ဒေသ) ၃ကျောင်း၊ တပ်မဟာ၁၁(မန်းဝင်းကြီးဒေသ)ဘက်မှာတော့ ၁၅ကျောင်း၊, ဗဟိုဌာကချုပ်ဒေသ ဒေသတစ်ဝိုက် ၈ကျောင်း၊ တပ်မဟာ၁ မြောက်ပိုင်းဒေသ( ဆွမ်ပရာဘွမ်)ဘက်မှာတော့၂ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားပါတယ်။ မူလတန်းကျောင်းတော့ အရမ်းများတော့ အတိအကျ မသိဘူး ၆၀ ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်။ မေး။   ။ ဒီနှစ်ကျောင်းတက်မယ့်သူတွေအနေနဲ့ကော ကျောင်းအပ်ခတွေသွင်းရလားဗျ အဲတာနဲ့ ပက်သက်ပြီးတော့မှကော ဘယ်လိုညွှန်ကြားထားလဲ။  ဖြေ။   ။ ကျောင်းအပ်ခဆိုတာက ကျွန်တော်တို့အနေနဲ့ ကျောင်းခန်းမှာ လိုအပ်တဲ့ဟာသုံးဖို့အတွက် လုံလုံလောက်လောက်တော့ မပေးနိုင်ဘူး။ဒါကြောင့် ကျောင်းတိုင်းမှာ ကျောင်းကော်မတီဆိုတာရှိတယ်။ အဲဒီကျောင်းကော်မတီကနေပြီးတော့ ကျောင်းသားတစ်ဦးကိုတော့ ဘယ်လောက်လေးတော့ ထည့်ဝင်ခိုင်းရအောင်ဆိုပြီး ဆုံးဖြတ်တာမျိုးတော့ ရှိပါတယ်။ လုံးဝပိုက်ဆံ မကောက်ဘဲ ကျောင်းတက်နိုင်အောင် အရမ်းတော့ ကြိုးစားကြည့်ပေမယ့် မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ရုံးက ပိုက်ဆံက လုံလောက်စွာ မထုတ်ပေးနိုင်တဲ့အတွက် ကျောင်းလည်ပတ်နိုင်ဖို့အတွက်တော့ကျောင်းသားတွေဆီက နည်းနည်းပါးပါးတော့ကောက်ဖို့ လုပ်ထားပါတယ်။ ကျောင်းစာအုပ်တွေလည်း တချို့ အလကားပေးလို့ရတဲ့ဟာတွေ ရှိသလို အလကားပေးလို့ မရတဲ့စာအုပ်တွေကိုတော့ ပရင့်ပြန်ရိုက်ရတဲ့အတွက် ပရင့်တဲ့ကြေးကောက်တာတွေရှိပါတယ်။ မေး။   ။…

    Read More »
  • May- 2025 -
    6 May

    ငလျင်ဒဏ်သင့်ပြည်သူတွေ နောက်ဆက်တွဲကျန်းမာရေးပြသာနာ ဘာတွေရှိနေလဲ

    စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ၇ ဒဿမ ၇ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်က နေအိမ်အဆောက်အဦးတွေအပါအဝင် စစ်ကိုင်းတံတား၊ သမိုင်းဝင်အဆောက်အဦးများ ပြိုကျပျက်စီးခဲ့ရတာဘဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အဲဒီဒေသတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာတဲ့အတွက် ကုသမှုတွေလိုအပ်နေတာ…

    Read More »
  • Apr- 2025 -
    30 April

    စစ်တပ်ရဲ့ စစ်မှုထမ်းဥပ‌ဒေက အမျိုးသမီးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ

    စစ်ကောင်စီကနေပြီးတော့ ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် လူငယ်တွေကို စစ်သားစုဆောင်းမှုတွေ ပြုလုပ်လာတာဟာ ၂၀၂၅ဧပြီလ ထိဆိုရင်အပတ်စဉ် ၁၂ထိ ရှိလာပြီဘဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ ဖေဖော်ဝါရီလကနေ ၂၀၂၅…

    Read More »
  • 2 April

    စစ်ကောင်စီဥက္ကဌကို BIMSTEC ထိပ်တန်းအစည်းအဝေးတက်ရောက်ခွင့်ပိတ်ဖို့ တောင်းဆိုရတာ ဘာကြောင့်လဲ။

    ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ လာမယ့် ၂၀၂၅ ဧပြီ ၃ ရက်နဲ့ ၄ရက်နေ့မှာ BIMSTEC အဖွဲ့ဝင်နိုင်ငံ ခုနစ်နိုင်ငံဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာ တို့ကနေပြီးတော့ BIMSTEC ထိပ်တန်းအစည်းအဝေး…

    Read More »
  • Mar- 2025 -
    10 March

    မြစ်ကြီးနား၊ ဝိုင်းမော်မှာ အရပ်သား သတ်ဖြတ်ခံရသူ ၇ ဦးထိရှိလာတဲ့အတွက် ဘယ်လိုအခြအနေ ရှိနေလဲ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့မှာ တစ်လအတွင်းအရပ်သားသတ်ဖြတ်ခံရသူ ၇ ဦးထိရှိပြီး အဲဒီထဲမှာအမျိုးသမီး ၄ ဦးပါဝင်ကြောင်း လူမှုကယ်ဆယ်‌ရေးအသင်းတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ဝိုင်းမော်မြို့ အမှတ် ၅ ရက်ကွက် အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့ သတ်ဖြတ်ခံရမှု၊ မတ်လ ၄ ရက် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်၊ အမှတ်၆ ကျောင်းရှေ့ အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရှိမှု၊ မတ်လ ၃ ရက် မြစ်ကြီးနားမြို့ ရမ်ပူအောက်ချိုင့် ချမ်းသာကြီးဘုန်းကြီးကျောင်းအနီး နေအိမ်တစ်ခုမှာ လင်မယားနှစ်ဦးရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးကို ပုဆိန်နဲ့ ခုတ်သတ်မှု၊ ဖေ‌ဖော်ဝါရီ ၂၈ ရက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်  အမျိုးသမီးတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရမှု၊ ဖေဖော်ဝါရီ ၁၉ ရက် ဝိုင်းမော်မြို့ အာလူးဘာရီကျေးရွာ အသက်…

    Read More »
  • Feb- 2025 -
    26 February

    အမေရိကန် မူဝါဒအပြောင်းအလဲကြား မလေးရှားရောက် ကချင်ဒုက္ခသည်များ အခြေအနေ မေးမြန်းချက်

    မလေးရှားနိုင်ငံမှာ တတိယနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ဖို့ စောင့်ဆိုင်းနေတဲ့  မြန်မာနိုင်ငံသားအများအပြားရှိပြီး သူတို့ထဲမှာ တရားဝင်အထောက်အထားနဲ့ နေထိုင်သူတွေရှိသလို တရားမဝင် ပုံစုံမျိုးနဲ့ နေထိုင်ပြီး အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။ UNHCR ဖော်ပြချက်အရ ၂၀၂၅ ဇန်နဝါရီလကုန်ပိုင်းအထိ  မလေးရှားနိုင်ငံမှာ UNHCR မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် နဲ့ နိုင်ငံရေးခိုလှုံနေသူ ၁၇၀,၉၂၀ ဦးထိ ရှိပြီး သူတို့ထဲမှာ ရိုဟင်ဂျာ ၁၁၁,၉၈၀ ဦး၊ ချင်းလူမျိုး…

    Read More »
Back to top button