အင်တာဗျူး

ဒေါက်တာခလမ်ဆမ်ဆွန်ကိုပြန်ဖမ်းဆီးတာဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့လို့ စစ်တပ်ရဲ့ ပြောဆိုမှုအပေါ် ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေဘာပြောလဲ

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် Rev. Dr Hkalam Sam Son ကို စစ်တပ်ကပြန်ပြီးဖမ်းဆီးလိုက်တာဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာသတင်းဌာနတစ်ချို့မှာ ဧပြီလ ၂၀ ရက်နေ့ ဖြေဆိုထားပါတယ်။

ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ စစ်တပ်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြစ်ကြီးနားအကျဉ်းထောင်ထဲကနေ လွတ်မြောက်လာတဲ့ ဆရာတော်ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်း  နာရီဝန်းကျင် လုံခြုံရေးအရခေတ္တစစ်ဆေးဖို့ဆိုပြီး ပြန်ဖမ်းသွားတာဖြစ်ပါတယ်။

ဒါပေမယ့် ဧပြီလ ၁၉ ရက်နေ့အထိ စစ်ဆေးမှုမလုပ်သေးဘဲ ဖမ်းဆီးထားဆဲဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ထပ်ဖမ်းဆီးတာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖြစ်တယ်လို့  ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်နိုင်ငံရေးလေ့လာသူတွေနဲ့ကချင်လူထုတစ်ချို့ရဲ့အမြင်ကို KNG သတင်းဌာက စုစည်းမေးမြန်းထားပါတယ်။

ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး

“ဆရာခလမ်ဆမ်ဆွန်ကို ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးဆွေးနွေးဖို့လိုလို့ ပြန်ဖမ်းတယ်ဆိုတာ စစ်တပ်ရဲ့ အခြေအမြစ်မရှိတဲ့စကားဖြစ်တယ်။ အဲလိုသာဆိုရင် အစကတည်းက လွတ်ပေးသင့်တယ် လွတ်ငြိမ်းချမ်းသာခွင့်မရခင် လွတ်ပေးသင့်တယ်လေ။ ဘယ်ချိန်ဖြစ်ဖြစ်တွေ့ဆုံဆွေးနွေးလို့ရပါတယ် ဖမ်းစရာမလိုဘူး။ သူ့အိမ်သွားပြီးတွေ့ဆုံ ဆွေးနွေးဖို့လုပ်လို့ရတယ်လေ။ ခုနေပြည်တော်က ဒုတိယဗိုလ်ချုပ်ကြီးတစ်ယောက်နဲ့ ရာပြည့်တို့မြစ်ကြီးနားမှာ ရောက်နေတယ်လို့ ကြားတယ်။ သူတို့နဲ့တွေ့နေလားဆိုတာလည်းမသိရဘူး။ အဓိက ဘာလဲဆိုတော့ ဆရာတော်လွတ်လာတဲ့နေ့ ပြည်သူတွေရဲ့ကြိုဆိုမှု ပြည်သူတွေရဲ့အားပေးထောက်ခံမှုကိုကြည့်ပြီး စစ်တပ်က ဆရာတော်ကိုကြောက်သွားတာ။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်တပ်ကကြောက်လို့ တစ်ညတောင်အိပ်ခွင့်မပေးဘဲ ပြန်ဖမ်းဆီးတာ

KBC အမှုတော်ဆောင်တစ်ဦး

ပွင့်ပွင့်လင်းလင်းပြောရရင် ပြန်ပေးဆွဲထားတာလို့လည်း မမှားဘူး။ ဘာဖြစ်လို့လဲဆိုရင် သူကလွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်ပြီ လွတ်ပြီးသားသူကို ၂၄ နာရီတောင်မပြည့်ခင် ပြန်ဖမ်းတာ သူတို့အနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးချင်တယ်ဆိုရင် သူ့နည်းလမ်းအတိုင်းသွားလို့ရတယ်။ ခုဟာက အင်အားအများအပြားသုံးပြီး နေအိမ်ထိလာပြီးခြိမ်းခြောက်တဲ့ပုံစံနဲ့ပြန်လာဖမ်းသွားတာက သူတို့ဘယ်လိုဘဲစကားအချိုသတ်ပြောနေလည်း ကျနော့်အနေနဲ့တော့ ပြန်ပေးဆွဲတာလို့ဘဲမြင်မိတယ်။လောလောဆယ် ကချင်ပြည်နယ်ရဲ့စစ်ရေးအခြေနေတင်းမာ စစ်တပ်စခန်းလည်းဆက်တိုက်သိမ်းလာတဲ့အနေထားတစ်ခုမှာ နှစ်ဖက်တပ်စလုံးက ဒီအခြေနေသိထားကြပြီးသား။ စစ်ဆင်ရေးကလည်း ခုမြောက်ပိုင်းတိုင်းဌာနချုပ်နဲ့လည်း အရမ်းနီးလာပြီဆိုတော့ နည်းလမ်းတစ်မျိုးမျိုးထုတ်သုံးလာမယ့်အနေထားမှာရှိနေတယ်။

 နိုင်ငံခြားရောက် ကချင်နိုင်ငံရေးလေ့လာသူတစ်ဦး

ကျနော့်အမြင်က ငြိမ်းချမ်းရေးဘဲလုပ်လုပ် ဘာဘဲလုပ်လုပ် လူတစ်ယောက်ကို အတင်းအဓ္ဓမဖမ်းတာတွေမလုပ်ရဘူး ခုအခြေနေက ငြိမ်းချမ်းရေးအကြောင်းပြပြီး ဆရာတော်ကိုအတင်းအဓ္ဓမဖမ်းတာက လူ့အခွင့်ရေးချိုးဖောက်မှုကြီးတစ်ခုဖြစ်တယ်။ ကျနော့်အမြင်ကတော့ တမင်သက်သက်အကွက်ချပြီး ခေါင်းစဉ်ရှာနေတာဘဲလို့မြင်တယ်။ ခုအခြေနေမှာ ဆရာတော်ကိုအသုံးချပြီး ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုလည်း ဘယ်လိုမှအောင်မြင်နိုင်မှာမဟုတ်ပါဘူး

မြစ်ကြီးမြို့မှာနေထိုင်တဲ့ ကချင်အမျိုးသမီးတစ်ဦး

ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး ဆရာတော်ကိုညတွင်းချင်းပြန်ဖမ်းသွားတာက ဒါကအမှန်တကယ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုတာမဖြစ်နိုင်ဘူး မဟုတ်ဘူးဆိုပြီးမြင်မိတယ်။ ဘာဖြစ်လို့လဲဆိုရင် ညသန်းခေါင်ဒီလိုဖမ်းဆီးသွားတာက ပြည်သူတွေကို အကြောက်တရားနဲ့ခြိမ်းခြောက် ပြီးတော့ ပြည်သူတွေကို ထိတ်လန့်စေတာလို့ဘဲမြင်တယ်

ဧပြီလ ၁၇ ရက်နေ့  မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်တပ်က အကျဉ်းသား  ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးခဲ့တဲ့အထဲမှာ ဆရာခလမ်ဆမ်ဆွမ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဧပြီလ ၁၇ ရက်နေ့ ညအချိန်မှာ စစ်တပ်က စစ်အင်အား ၅၀ ဝန်းကျင်လောက်နဲ့ ဆရာဆမ်ဆွန်အိမ်ကို ဝိုင်းရံထားပြီး ၁၈ ရက်နေ့မနက်ပိုင်း  နာရီလောက်မှာ မေးမြန်းစရာရှိတယ်လို့ ပြောဆိုပြီး ပြန်လည်ခေါ်ဆောင် သွားတာဖြစ်ပါတယ်။

ဆရာဆမ်ဆွမ်ကို စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ပုဒ်မ ၁၇() ပုဒ်မ ၅၀၅(က)နဲ့ ပုဒ်မ ၅၂(ကစတဲ့ ပုဒ်မ  ခုနဲ့ တရာစွဲဆိုလိုက်ပြီး ဧပြီလထဲမှာ ပုဒ်မ  ခုအတွက် ထောင်ဒဏ်  နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ အကျဉ်းကျခံတဲ့ တစ်နှစ်နဲ့  လအကြာမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးခဲ့ပေမယ့် တစ်ရက်မပြည့်ခင် ပြန်ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button