,

Breaking News :

ပန်ဆိုင်း (ကြူကုတ်) တိုက်ပွဲမှာ အရပ်သား ပြည်သူ ၃ ဦး သေဆုံး

မြစ်ကြီးနားအခြေစိုက် သတင်းထောက်အားလုံး လွတ်မြောက်

နောင်မွန်မြို့မှ ဖမ်းဆီးခံရသည့် ဆရာတော် ၃ ဦး ပြန်လည် လွတ်မြောက်လာ

မြစ်ကြီးနား KBZ ဘဏ်ရှေ့ ဗုံးပေါက်ကွဲမှု ဗီဒီရိုက်ကူးခဲ့သည့် လူငယ် ပြန်လည်လွတ်မြောက်လာ

KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ကွယ်လွန်

မချမ်းဘော့ဒေသခံများ၏ စိုက်ပျိုးမြေကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က ရွှေတူးရန် သတ်မှတ်ယူ

ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

တရုတ်နယ်စပ်တိုက်ပွဲအတွင်း ဒေသခံတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာ ရ

မုံးကိုး နဲ့ တီးမ ကျေးရွာဘက် စစ်ကောင်စီ နဲ့ MNDAA ၊ KIA တို့ တိုက်ပွဲဖြစ်

အုပ်ချုပ်ရေးဒိုင်း ဘောလုံးပွဲကြောင့် နောင်မွန်တွင် Covid-19 ပိုးတွေ့ လူနာပိုများလာ

Category: တိုက်ပွဲ

တိုက်ပွဲ
ဝါရာဇွပ်ကျေးရွာနေအိမ်တစ်ခုကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်

ဝါရာဇွပ်ကျေးရွာနေအိမ်တစ်ခုကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်

လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာ နေအိမ်တစ်အိမ်ကို အာဏာသိမ်းစစ်တပ်က သွားရောက်ပစ်ခတ်မှု ဧပြီလ ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲ
ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲနေ

ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲနေ

ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု ၄ ကြိမ်ရှိခဲ့ပြီး ထိုအထဲတွင် အစိုးရစုပေါင်းရုံးနှင့် လေယာဉ်ကွင်းတို့ ပါဝင်ခဲ့သည်ဟု သိရသည်။ ဧပြီလ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်း ၈နာရီခွဲအချိန်ခန့်တွင် ဗန်မော်မြို့တွင်း အစိုးရစုပေါင်းရုံးရှေ့တွင် ဗုံးပေါက်ကွဲမူတစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။ “ဒီမနက် ၈နာရီခွဲလောက်မှာဟုတ်တယ်။ စုပေါင်းရုံးရှေ့မှာ ဟုတ်တယ်တဲ့။ အသံတအားကျယ်တယ်။ မြေကြီးတောင်ခါတယ်။ ဒီချိန်မှာက ဘယ်သူလုပ်တယ်ဆိုတာက ခွဲခြားပြီးပြောဖို့ အရမ်းခက်ခဲနေတယ်။ ဒီရက်ပိုင်းအတွင်းမှာဘဲ မြို့တွင်း ဗုံးပေါက်ကွဲမူ…

တိုက်ပွဲ
ဟိုပင် တစ်ဝက်ချောင်းတံတား ၂ စင်းဗုံးခွဲခံရ

ဟိုပင် တစ်ဝက်ချောင်းတံတား ၂ စင်းဗုံးခွဲခံရ

ဟိုပင်မြို့နှင့် ၂မိုင်ခန့်ဝေးသော တဝက်ချောင်း ကားလမ်းနှင့် ရထားလမ်း ၂ခု ဧပြီလ ၂၇ရက်နေ့ ည ၁၁နာရီခန့်က မိုင်းခွဲ ခံထားရကြောင်း သိရသည်။

တိုက်ပွဲ
မြို့သစ် ကုန်းလောကျေးရွာဘက်သို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ

မြို့သစ် ကုန်းလောကျေးရွာဘက်သို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ

မိုးမောက်မြို့နယ် မြို့သစ် ကုန်းလောကျေးရွာ အနီး အာဏာသိမ်းစစ်ကောင်စီတပ်မှ ၄ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံများ ပြောသည်။ အာဏာသိမ်းစစ်တပ်မှ ယခင်ရက်များနည်းတူ ယနေ့တွင်လည်း လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေသည့်အပြင် လက်နက်ကြီးငယ်နဲ့ပစ်နေကြောင်း သိရသည်။ “ခုရက်ပိုင်း ပုံမှန်ဆိုသလိုဘဲ စစ်တပ်ဘက်က လေယာဉ်နဲ့ပစ်တာတွေ တောက်လျှောက်လုပ်နေတယ်လို့။” အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။ ယခုကဲ့သို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်မှာ ၁လခန့်ရှိလာပြီဖြစ်ပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ဦးရေသည်လည်း ၅၀‌၀‌၀ ခန့်ရှိနေပြီဖြစ်သည်။ နှစ်ပေါင်း ၃၀ကျော် အာဏာသိမ်းစစ်တပ်က…

တိုက်ပွဲ
မိုးကောင်းမြို့အနီး အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဒေသခံများပြော

မိုးကောင်းမြို့အနီး အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဒေသခံများပြော

မိုးကောင်းမြို့အထွက် ဖားကန့်သွားလမ်းမကြီးပေါ်ရှိ သုံးမိုင်ကွေ့ နားတွင် မိုးကောင်းဘက်မှတက်လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကားယာဥ်တန်းများ မိုင်းခွဲခံလိုက်ရကြောင်း သတင်းရရှိပါသည်။

တိုက်ပွဲ
မြို့သစ်၊ ကုန်းလော ကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

မြို့သစ်၊ ကုန်းလော ကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ ကုန်းလော ကျေးရွာများတွင် ယနေ့ နံနက်မှစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲမှုများ ပြုလုပ်နေကြောင်း သိရသည်။ “ဒီမနက်ကနေ့ နေ့လည်အထိဆိုရင် လေယာဉ်နဲ့ဗုံးလာကြဲတာ ၅ခါထက်မနည်းတော့ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။ မြို့သစ်ကျေးရွာနှင့် စီဟက်ကျေးရွာကြား တာဝါတိုင်အနောက်ဘက်တွင် ယ​နေ့ နံနက်ပိုင်းမှ စတင်ကာ  တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ယခုကဲ့သို့ စစ်အာဏာသိမ်းစစ်တပ်မှ မိုးမောက်မြို့နယ်အတွင်းရှိ…

တိုက်ပွဲ
စံပြကျေးရွာ ပြည်သူ့စစ် ဂိတ်စောင့်တပ်သားတစ်ဦး ပစ်ခတ်ခံရ

စံပြကျေးရွာ ပြည်သူ့စစ် ဂိတ်စောင့်တပ်သားတစ်ဦး ပစ်ခတ်ခံရ

တနိုင်း လီဒိုလမ်းမပေါ် စံပြကျေးရွာရှိ အာဏာသိမ်းစစ်တပ်အောက် ပြည်သူ့စစ်တပ်စခန်း ဂိတ်စောင့် တပ်သားတစ်ဦးကို အရပ်ဝတ်ဖြင့် လူ ၂ ဦးက သေနတ်(တို) ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

တိုက်ပွဲ
မြို့သစ်အရှေ့ဘက် ရဲစခန်းတွင် တိုက်ပွဲဖြစ်ပွားနေ

မြို့သစ်အရှေ့ဘက် ရဲစခန်းတွင် တိုက်ပွဲဖြစ်ပွားနေ

မိုးမောက်မြို့နယ် ဗန်းမော်-လိုင်ဇာ ကားလမ်းမကြီးပေါ်က မြို့သစ်ကျေးရွာအနီး ရဲတပ်စခန်းတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲ
ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကောင်းချိုင့်ဝှမ်းဒေသ နမ့်ဗျူ (Nam Byu) ကျေးရွာအနောက်ဘက်ခြမ်းရှိ အင်းဂါးဂါးနှင့် စိန်ခွင်(၁)ကျေးရွာ ၂ခုတွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

တိုက်ပွဲ
ဖားကန့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း ၂ ခုကို KIA သိမ်းပိုက်

ဖားကန့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း ၂ ခုကို KIA သိမ်းပိုက်

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကန်ဆီး (Ginsi Mare) ကျေးရွာအနီးတဝိုက်တွင် ဧပြီလ ၁၈ရက်နေ့ ညနေပိုင်း ၅နာရီနာအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ အာဏာသိမ်းစစ်တပ်၏ တပ် စခန်း ၂ခုကို သိမ်းယူနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။