တိုက်ပွဲ

  • Sep- 2023 -
    22 September

    တန့်ဆည်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြားတိုက်ပွဲဖြစ်ပြီး နှစ်ဖက်အကျအဆုံးရှိ

    စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေအထိုင်ချတပ်စွဲထားတဲ့ ဒေါင်းမင်းဆီဆိုင်နဲ့ လဝကရုံးတွေကို ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်ဘက်က တစ်ယောက်ကျဆုံးတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၁၂ နာရီကျော်လောက်မှာ ကာကွယ်ရေးတပ်ဘက်က စစ်ကောင်စီတပ်တွေရဲ့ ဂိတ်စခန်းတွေကိုသွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ နှစ်ဖက်တိုက်ပွဲ ၃ နာရီကြာပြင်းထန်ခဲ့တယ်လို့ Voice of Taze- VOT က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ရွှေဒေါင်းမင်း (စက်သုံးဆီ ၊ ဆန်စက် )ထဲမှာ…

    Read More »
  • 21 September

    ရေလှဲ၊ ဆင်တပ်ရွာ မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးထက်နည်းထိခိုက်သေဆုံး

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ရေလှဲရွာနဲ့ဆင်တပ်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၄ ဦးထက်မနည်းသေဆုံးမှုရှိခဲ့တယ်လို့ ရွှေကူ PDF အဖွဲ့က သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ…

    Read More »
  • 20 September

    ဆွမ်ပရာဘွမ် စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

    မြစ်ကြီးနား- ဆွမ်ပရာဘွမ် ကားလမ်းမပေါ်ရှိ ဒရူချောင်း ( Daru Hka) စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/ KPF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရမိသလို အရာခံဗိုလ်တစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။…

    Read More »
  • 20 September

    ပန်းတင်တံတားဂိတ်ပစ်ခတ်ခံရပြီး  စစ်တပ်ဘက်က ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံး

    ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာရှိတဲ့  စစ်ကောင်စီတပ်ရဲ့ဂိတ်စခန်းပစ်ခံရပြီး စစ်တပ်ဘက်က  ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံးတာ‌တွေရှိတယ်လို့ ဖားကန့်ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ အဲဒီပန်းတင်တံတားဂိတ်ကို ဖားကန့် KIA,PDF ပူးပေါင်းတပ်ဖွဲ့ဘက်က သွားရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့…

    Read More »
  • 20 September

    ရွာခန်းမဆောင်မှာတပ်စွဲနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့များ ဒရုန်းနဲ့တိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ကားမိုင်းမြို့ ကောင်ရာရပ်ကွက်မှာရှိတဲ့ ရွာခန်းမဆောင်မှာ လာရောက်တပ်စွဲနေထိုင်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF အဖွဲ့က ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကားမိုင်းဒေသခံတွေဆီကနေ သိရပါတယ်။ အင်အား ၅၀ လောက်ရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ စက်တင်ဘာလ ၁၅ ရက်နေ့ကတည်းကနေ ကောင်ရာရပ်ကွက်…

    Read More »
  • 18 September

    မူဆယ်မြို့အနီး စစ်တပ်နဲ့ TNLA တပ်တို့အကြား စစ်ရေးတင်းမာနေ

    ရှမ်းမြောက် မူဆယ်မြို့အနီး နေရာ ၂ ခုမှာ စစ်တပ်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA  တို့ မနေ့ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီလောက်မှာ မူဆယ်မြို့ ဟူးဘောကျေး ရွာနဲ့ ဂျေလန်ကျေးရွာအနီး ဝိန်းနန်းရွာဘက် စစ်ကောင်စီတပ်နဲ့ TNLA ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ထိ ၁၀၅ မိုင် စစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းတမ်းပစ်ခတ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာာဖြစ်တယ်လို့…

    Read More »
  • 16 September
    ထီးချိုင့်

    လိုင်လွမ့်အောင်ဂျာ စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

    မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် နမ့်ဆန်ယန်ကျေးရွာတစ်ဖက်ကမ်းရှိ လိုင်လွမ့်အောင်ဂျာ (Lailum AungJa) စစ်ကောင်စီတပ်စခန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီမနက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ စစ်ကောင်စီ စစ်အင်အား ၅၀ လောက်တပ်ချထားတဲ့ အောင်ဂျာတပ်စခန်းကို မနက် ၈ နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ရဲ့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က ပြောပါတယ်။ “စခန်းကို ၈ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးတာနဲ့…

    Read More »
  • 12 September

    ခလားမှာတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်း ထိခိုက်သေဆုံးမှုများတဲ့အတွက် ယာဉ်တန်းတစ်ကြောင်းလုံး ဆုတ်ခွာ

    မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အထက် ခလားရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရဲ့ လမ်းကြောင်းပိတ် ဆို့ပြီး တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီ စစ်ရိက္ခာသယ် ယာဉ်တန်းတစ်ဖွဲ့လုံးအထိနာ သေဆုံးမှုများလာတဲ့အတွက် ပြန်ပြီးဆုတ်ခွာသွားပြီလို့ ဒေ့ါဖုန်းယန်ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်အင်အား ၂၀၀ ဝန်းကျင်လောက် လုံခြုံရေးတင်းကြပ်ထားပြီး စစ်ကား ၂၅ စီးနဲ့ စစ်ရိက္ခာအပြည့်တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းအဖွဲ့ဟာ ၃…

    Read More »
  • 11 September

    ခလားယန်(Hkala Yang)မှာ KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဉ်တန်းအထိနာနေ

    စစ်ရေးတင်းမာနေတဲ့ နမ်ဆန်ယန်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ခလားယန်(Hkala Yang)မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး အထိနာနေတယ်လို့  ဒေ့ါဖုန်းယန်ဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလဆန်းပိုင်းကနေဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲရောက်ရှိနေတဲ့ စစ်ကောင်စီယာဉ်တန်း ၂၅ စီးဟာ စက်တင်ဘာလ ၉ ရက်နေ့ ဒေါ့ဖုန်းယန်အထက်ဘက်ကို ပြန်လည်ထွက်ခွာလာတဲ့အချိန် ၂ မိုင်လောက်အကွာမှာရှိတဲ့ ခလားယန်မှာ…

    Read More »
  • 7 September

    ဒေါ့ဖုန်းယန်အနောက်ဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ

    ဒေါ့ဖုန်းယန့်မြို့အနောက်ဘက်ကို စစ်ကောင်စီ စစ်ကြောင်းတွေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ပန်ကောင်းမှုနဲ့ လုံဂျုံယန်ရပ်ကွက် ၂ ခုက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ စစ်ကား ၇ စီးနဲ့ စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီ…

    Read More »
Back to top button