တိုက်ပွဲ

  • Oct- 2024 -
    2 October

    ချီဖွေမြို့ အစိုးရရုံးအားလုံးချိတ်ပိတ်ပြီး  KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်ဖို့ ပြင်ဆင်နေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ကိုသိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ ဌာနဆိုင်ရာအစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီးတော့ KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ချီဖွေမြို့အပါ ရဲစခန်းနဲ့ စစ်တပ်ကုန်း အားလုံးကို ထိန်းချုပ်လိုက်ပြီးနောက်  အောက်တိုဘာလ ၁ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေဟာ အစိုးရရုံးနဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးရုံး၊ လဝကရုံး၊ တရားရုံး စတဲ့နေရာတွေကို ‘KIO/KIA’ စားသားလိုက်လံရေးသားပြီး ချိတ်ပိတ်ထားတယ်လို့ ချီဖွေဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “ချီဖွေမြို့မှာ သေနတ်သံတွေက မကြားရတော့ဘူး တိတ်သွားပြီ။ အခု KIA တွေက အုပ်ချုပ်ရေးယန္တရားစတင်ဖို့ အစိုးရရုံးနဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာ ရုံးအားလုံးကို မှုတ်ဆေးအနီနဲ့ KIO/KIA နားမည်တွေလိုက်ရေးပြီး ချိတ်ပိတ်ထားတယ်။ ကချင်အလံထောင်တာတော့မတွေ့ရသေးဘူး”လို့ပြောပါတယ်။ KIO အစိုးရအောက်မှာ အုပ်ချုပ်ရေးစနစ်တွေပြုပြင်ပြောင်းလဲပြီး ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေကို အမြန်ဆုံးအကောင်အထည်သွားဖို့ ရှိနေတယ်လို့လည်းသိရပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှာ KIO အုပ်ချုပ်တာဝန်ခံအဖွဲ့တွေက ချီဖွေမြို့ပေါ်က ဘာသာရေးပေါင်းစုံက ဒေသခံပြည်သူတွေကို ခေါ်ယူပြီး ကျေးရွာအုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်ပြီး အလွတ်တန်းဆွေးနွေးပြောဆိုခဲ့တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ KIO အနေနဲ့ ဒေသခံပြည်သူတွေနဲ့ အလွတ်တန်း တွေ့ဆုံဆွေးနွေးမှုမှာ ဒေသအတွင်း အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲသွားဖို့နဲ့  ပြည်သူတွေအနေနဲ့ သွားချင်တဲ့ အုပ်ချုပ်ရေးစနစ်တွေ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ချီဖွေဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။ “မနေ့ကတော့ အကုန်လုံးကို ခေါ်ပြီးတော့ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောကြတယ်။ အဓိက KIO သွားမယ့် အုပ်ချုပ်ရေးစနစ်နဲ့ ပြည်သူတွေသွားစေချင်တဲ့ ပုံစံတွေကို ပြောကြတာပေါ့လေ။ အတည်တကျလေးတော့မဟုတ်ဘူး။ အလွတ်သဘောဆွေးနွေးကြတဲ့သဘောပါ။ မြို့ရဲ့ အုပ်ချုပ်မယ့်စနစ်၊ ပညာရေး၊ ကျန်းမာရေးအကုန်ပါတယ်”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၂၉ ရက်နေ့ကနေ ချီဖွေမြို့နေရာအားလုံးကို နေရာယူထိန်းချုပ်ထားပြီဖြစ်ပြီးတော့ အုပ်ချုပ်ရေးယန္တရားစတင်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်း KIO အုပ်ချုပ်ရေးပိုင်းနဲ့ ပြည်သူတွေ တွေ့မှုအပြီး ၄ နာရီလောက်မှာ စစ်ကောင်စီတပ်ဟာ ဂျက်လေယာဉ်တစ်စီးနဲ့ ချီဖွေမြို့ပေါ်ကို ဗုံး လေးကြိမ်ထက်မနည်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ KIA က အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ လုပ်ဆောင်နေပြီဖြစ်ပေမယ့် တစ်ဖက်မှာ စစ်ကောင်စီတပ်တွေဟာ ချီဖွေမြို့တစ်ခုလုံးကို လက်လွတ်လိုက်ရတဲ့နောက် နေ့တိုင်းလိုလို လေယာဉ်နဲ့ လာရောက်ပျံဝဲပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်သေးတာလည်းဖြစ်ပါတယ်။ အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်ရှိနေတဲ့အတွက် ချီဖွေဒေသခံ အများပိုင်းဟာ လေကြောင်းရန် စိုးရိမ်ပြီး မြို့ထဲကို ပြန်မဝင်ရဲသေးဘဲ တောတွင်းနေရာတွေမှာ စစ်ရှောင်နေကြဆဲဖြစ်တယ်လို့ ဆက်သိရပါတယ်။ ဒါ့အပြင် ဒေသခံတစ်ချို့က စစ်ကောင်စီဘက်ကနေ တန်ပြန်တိုက်ခိုက်လာပြီး မြို့ပေါ်မှာ တိုက်ပွဲပြန်လည် ပြင်းထန်လာမှာကိုလည်း စိုးရိမ်နေကြတာဖြစ်တယ်လို့သိရပါတယ်။ ချီဖွေမြို့သိမ်းတိုက်ပွဲကြောင့် မြစ်ကြီးနား – ချီဖွေကားလမ်းပိုင်းနဲ့ ချီဖွေကနေ ပန်ဝါကို သွားတဲ့ ကားလမ်းပိုင်းတွေကို KIA က ယာယီပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။ ချီဖွေမြို့ဟာ မြစ်ကြီးနားကနေ ၈၈ မိုင်၊ပန်ဝါကနေ မိုင် ၄၀ အကွာမှာရှိပြီး ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေတွင်းမှာရှိပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 2 October

    ဆော့လော်မြို့နယ်မှာ ကျန်ရှိနေတဲ့ ခလရ ၂၉၈ တပ်ရင်းကို KIA ထပ်မံသိမ်းပိုက်လိုက်ပြီ

    ဆော့လော်မြို့နယ် မြို့တွင်းတပ် ခလရ ၂၉၈ တပ်ရင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ဆော့လော်မြို့နယ်တွင်း တစ်ခုတည်းသောစခန်းဖြစ်တဲ့  ခလရ ၂၉၈ တပ်ရင်းကို စက်တင်ဘာလ ၂၉ ရက်ကနေ တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့  အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဆော့လော်ကို ၄ ရက်တိုက်တယ်လို့ပြောလို့ရတယ်။ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာက အားလုံးသိမ်းပိုက်နိုင်ခဲ့တယ်။ ဆော့လော်ဒေသတစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီလို့ ပြောလို့ရပြီ။ စစ်တပ်မရှိတော့ဘူး”လို့ပြောပါတယ်။ ဆော့လော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းအများပြားကိုလည် KIA တပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပြပေမယ့် အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA သိမ်းပိုက်လိုက်တဲ့ ဆော့လော် ခလရ ၂၉၈ တပ်ရင်းဟာ ဆော့လော်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တပ်ရင်းတစ်ခုဖြစ်ပြီးတော့ နယ်စပ်ဒေသကို အဓိက လုံခြုံရေးယူထားပေးတဲ့ တပ်ရင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဆော့လော် ခလရ ၂၉၈ တပ်ရင်းဟာ တနိုင်းလီဒိုလမ်းမပေါ် ဒွမ်ဘန်အခြေစိုက် ခလရ ၂၉၈ တပ်ရင်းက လာရောက်အခြေစိုက်ထားတဲ့ တပ်စခန်းလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလလောက်မှာ ဆော့လော်ဒေသကို KIA ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ဧပြီလမှာ စစ်တပ်စခန်း ၃ နေရာလောက်ကို သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။ ဧပြီလ ၁၁ ရက်နေ့မှာ ဆော့လော်မြို့ကို သွားတဲ့ ၅ မိုင်အကွာ မျောမော်(Myawmaw) ပြည်သူ့စစ်တပ်စခန်းနဲ့ ထောက်ပို့တပ်စခန်းဖြစ်တဲ့ မျှော်ဇန်းကူး(Myaw Zan Ku) နယ်ခြားစောင့်တပ်စခန်းတွေကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၁၆ ရက်နေ့အထိ ဆော့လော်မြို့တွင်းတပ်စခန်း တစ်ချို့နဲ့ နယ်ခြားစောင့်တပ် စုစုပေါင်း ၅ ခုအထက် သိမ်းပိုက်ထားနိုင်ခဲ့ပြီး တိုက်ပွဲငြိမ်သက်သွားတဲ့ ၆ အကြာမှာ တပ်စခန်းကြီးဖြစ်တဲ့ ခလရ ၂၉၈ တပ်ရင်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ဆော့လောက်မြို့နယ်တစ်ခုလုံး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်သွားတဲ့ မြို့နယ်တစ်ခုဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ ဆော့လော်မြို့နယ်ကို မသိမ်းပိုက်မှီ စက်တင်ဘာလ ၂၉၊ ၃၀ ရက်မှာ နယ်ခြားစောင့်တပ်နဲ့ ဦးဇခုန်တိန့်ယိန်းအဖွဲ့တွေ ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ အဓိက ထိန်းချုပ်ထားတဲ့ ချီဖွေမြို့တစ်ခုလုံးကိုလည်း KIA တပ်တွေ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ချီဖွေနဲ့ ဆော့လော်မြို့ နှစ်ခုစလုံးကို တစ်ရက်ခြားအကြာမှာပဲ KIA သိမ်းပိုက်လိုက်ပြီးနောက် မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါဒေသဘက်ကို စစ်ရေးအရ ဦးတည်လာနေတယ်လို့လည်း စစ်ရေးသုံးသပ်သူတွေပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Sep- 2024 -
    30 September

    ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် တပ်စခန်း ၅ နေရာကို KIA သိမ်းပိုက်ထား

    ကချင်ပြည်နယ် ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ၅ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က တစ်ရက်အတွင်း အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်အထူးဒေသ ၁ အတွင်းရှိ  ချီဖွေမြို့  မြို့မရဲစခန်း၊ ချီဖွေကနေ ပန်ဝါသွားလမ်းပေါ်က ၄ မိုင်စစ်တပ်ဂိတ်၊ ချီဖွေမြို့အဝင် နန်းဦးပြည်သူ့စစ်ဂိတ် ၊ ကန်ပိုင်ယန်သွားလမ်း အေးရှားဝေါဘောလုံးကွင်းအနီးက ကာကင်းစခန်းတစ်ခုနဲ့ ရှငေါ် ပြည်သူ့စစ်ဂိတ်အပါအားလုံးကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ စက်တင်ဘာလ ၂၉ ရက်နေ့ တစ်ရက်အတွင်း တစ်ပြိုင်နက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ “တိုက်ပွဲက မနေ့က မနက်ပိုင်း ၅ နာရီလောက်မှာ အေးရှားဝေါး ဘောလုံးကွင်းနေရာကနေ စတင်ပစ်ခတ်မှုဖြစ်ပွားရာကနေ တစ်ရက်လုံး ချီဖွေမြို့မှာ တိုက်ပွဲဖြစ်တယ်။ ည ၁၂ နာရီလောက်မှာက စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ လာကြဲတဲ့ ဗုံးအရေအတွက်က အချက် ၄၀ လောက်ရှိမယ်။ ညသန်ခေါင်ယံဆိုတော့ သေချာမသိဘူး။ ချီဖွေမြို့တွင်း ထိခိုက်မှုကများတယ်”လို့ချီဖွေမြို့မှာရှိနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ ရဲတပ်သား အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ချီဖွေမြို့မရဲစခန်းကို စက်တင်ဘာလ ၂၉ ရက်နေ့  ၂ နာရီဝန်းကျင် သိမ်းပိုက်နိုင်ခဲ့ပြီးတော့ တပ်ရင်းမှူးထိုင်ထားတဲ့ ချီဖွေ စစ်တပ်ကုန်းနေရာကိုတော့ မနေ့ည ၈ နာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်။ ချီဖွေမြို့စောင့်တပ်ဖြစ်တဲ့ စစ်တပ်ကုန်းမှာ စစ်အင်အား ၅၀ ဝန်းကျင်ရှိပြီး KIA ရဲ့ တိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှုများသလို တပ်သားတစ်ချို့ အရပ်ဝတ်တွေနဲ့ ထွက်ပြေးလွတ်မြောက်သွားသူလည်းရှိတယ်လို့ သိရပါတယ်။ လက်ရှိ ချီဖွေမြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်ထားပြီလို့ ချီဖွေဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။ “KIA ဘက်ကတော့ မြို့တစ်ခုလုံးကို သိမ်းထားပြီဖြစ်တဲ့အတွက် အုပ်ချုပ်ရေးတွေလည်ပတ်လာအောင်အထိ လုပ်သွားမယ်လို့ထင်ပါတယ်။ ဒါပေမယ့် စစ်တပ်ကလည်း လေကြောင်းနဲ့ လာပစ်နေတယ်ဆိုတော့ ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်မလဲပေါ့။ အခုချိန်တော့ မြို့တစ်ခုလုံးကို KIA ထိန်းချုပ်ထားပြီလို့ ပြောလို့ရပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ချီဖွေမြို့တစ်ခုလုံးအပါ မြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်စခန်း ၅ နေရာကို လက်လွတ်လိုက်ရတဲ့အတွက် မနေ့ည ၁၂ နာရီလောက်မှာ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့တွင်း ထိခိုက်သေဆုံးမှုရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ချီဖွေဒေသခံပြည်သူတွေဟာ  တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကနေ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြို့တွင်းထဲကနေ ကိုယ်လွတ်ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဆက်သိရပါတယ်။ ချီဖွေမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG သတင်းဌာနကနေဆက်သွယ်မေးမြန်းရာ မြို့တွင်းရဲစခန်းအပါ မြို့တွင်း စစ်တပ်ကုန်းနဲ့ တခြားရှေ့တန်းတပ်စခန်းတစ်ချို့ကို သိမ်းပိုက်ထားတဲ့အပြင် တိုက်ပွဲဆက်လက်ဖြစ်နေဆဲဖြစ်တယ်လို့ ပြောဆိုပါတယ်။ “မြို့နေရာတွေက သိမ်းပိုက်ထားတယ်။ ရဲစခန်းပါမယ်။ တပ်မကုန်းက သိမ်းဖို့ကျန်သေးတယ်လို့တော့ကြားတယ်။ အဲ့ကြောင့် ပစ်နေကြသေးတယ်။ ရှငေါ်ဘက်မှာလည်း သိမ်းပိုက်ထားရှိတယ် လောလောဆယ်က အဲလောက်ပဲကြားရသေးတယ်”လို့ပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ ချီဖွေဒေသဟာ တခြားမြို့နယ်တွေလို တိုက်ပွဲမကြာခဏဖြစ်ပွားတာနည်းပေမယ့် အာဏာသိမ်းစစ်ကောင်စီရှိတဲ့ မည်သည့်နေရာဒေသမဆို ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းလောက်ကနေ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်၊ ကျေးရွာတွေမှာ ရှိတဲ့ စစ်ကောင်စီတပ်နေရာတွေကို စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ ချီဖွေမြို့ဟာ ခရိုင်ခရိုင်ရုံးစိုက်ရာမြို့နယ်ဖြစ်ပြီး မြစ်ကြီးနားကနေ အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ မေခမြစ်အရှေ့ဖက်ကမ်းပေါ်မှာ ရှိပါတယ်။ အရှေ့တောင်ဖက် တရုတ်–မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါမြို့နဲ့ မိုင် ၄၀ မိုင်ခန့်ကွာဝေးသလို မြောက်ဖက်မှာ လောက်ခေါင်၊ ထော်ဂေါ့၊ ဆော့လော်မြို့ဘက်ကို ကားလမ်းဖြင့် ဆက်သွယ်ထားတာလည်းဖြစ်ပါတယ်။ လတ်တလော KIA ပူးပေါင်းတပ်က ချီဖွေမြို့ကိုသိမ်းပိုက်ထားပြီး ဆော့လော်တပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ သိရပေမယ့်  အသေးစိတ်သိရဖို့ ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 26 September

    မိုးမောက်မြို့ ပြန်သိမ်းနိုင်ဖို့ စစ်တပ်က ထိုးစစ်ဆင်နေတာ တစ်လကျော်ကြာမြင့်လာ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ် လေကြောင်းအပြင် မြေပြင်နဲ့ စစ်အင်အားအလုံးအရင်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ မိုးမောက်မြို့တစ်လုံးအပါ ခမရ ၄၃၇ တပ်ရင်းကို KIA တပ်က ပြီးခဲ့တဲ့ ဩဂုတ်လ…

    Read More »
  • 23 September

    Lucky Man ဟိုတယ်မှာ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ရှိနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော

    ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာ Lucky Men ဟိုတယ်တွင်း စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင် ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ထိရှိနေသေးတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၄ မှာရှိတဲ့ Lucky Man ဟိုတယ်ကနေ ဒီနေ့ထိထွက်ခွာသွားခြင်းမရှိဘဲ ဆက်ရှိနေသေးတဲ့အတွက် KIA ပူပေါင်းတပ်ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “Lucky Man ဟိုတယ်ထဲမှာရှိနေတဲ့ အင်အား ၅၀ လောက်က အခုချိန်အထိ မထွက်လာသေးဘူး။ အဲဒါကြောင့် KIA ပူပေါင်းတပ်တွေကလည်း လမ်းကြောင်းအားလုံးကို ပိတ်ထားတယ်။ စစ်တပ်ဘက်ကလည်း အဲဒီစစ်ကြောင်းတွေကို ကယ်ထုတ်ဖို့ရန်အတွက် စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေလှမ်းထုတယ်။ ပြီးရင် လက်နက်ကြီးတွေနဲ့ နေ့တိုင်းလာပစ်တယ်။ အဲကြောင့် ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်။ ဖားကန့်မြို့တစ်ခုလုံးမှာရှိတဲ့ ပြည်သူတွေလည်း ကြောက်လန့်ပြီးတော့ စစ်ရှောင်နေကြတယ်”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့ ဒီနေ့အထိ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အချင်းချင်း လမ်းကြောင်းအပြန်အလှန်ပိတ်ဆို့ထားသလို ဖားကန့် ဗျူစစ်တပ်ကုန်းကနေ တိုက်ပွဲဖြစ်တဲ့ ဆိုင်းတောင်ရွာဘက်ကို လက်နက်ကြီးတွေ အဆက်မပြတ်ယမ်းသမ်းပစ်ခတ်နေတာကြောင့် တိုက်ပွဲပိုပြင်းထန်နေတာလို့ ဒေသခံတွေပြောပါတယ်။ အလားတူ KIA ပူးပေါင်းတပ်ဘက်ကလည်း ဗျူဟာကုန်းဘက်ကို တန်ပြန်ပစ်ခတ်တာတွေလုပ်နေပြီး စစ်ကောင်စီဘက်ကနေ တစ်ရက်ကို ၂ ကြိမ်နှုန်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ် မီးလောင်ပျက်စီးတာတွေ ဆက်လက်ရှိနေတယ်လို့လည်း သိရပါတယ်။ ဖားကန့် ဆိုင်းတောင်တိုက်ပွဲဟာ တစ်ရက်ပြီးတစ်ရက် ပိုမိုပြင်းထန်လာတဲ့အတွက် ဖားကန့်မြို့တွင်းကုန်စုံဆိုင်ရောင်းဝယ်တဲ့ လုပ်ငန်းရှင်တွေ၊ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ချို့တွေ လုပ်ငန်းတွေ ရပ်တန့်ထားပြီး စွန့်ခွာတဲ့ သူတွေများပြားလာတယ်လို့ သိရပါတယ်။ လက်ရှိ ဖားကန့်တိုက်ပွဲနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက အခုလို ဆက်ပြောပါတယ်။ “ဆိုင်းတောင်တိုက်ပွဲသတင်းက မနေ့ည အထိ ပြင်းပြင်းထန်ထန်ပစ်ခတ်နေကြတုန်းပါပဲ။ အခုအဓိက တိုက်ပွဲဲဖြစ်နေတဲ့ နေရာက Lucky Man Hotel နဲ့ ယူမာကျောက်မျက်ရုံး ၊ အနောက်ဖက်ခြမ်း ဥရုချောင်းနဲ့ ဂွေခါ ချောင်းဆုံအနီးတဝိုက်မှာပဲ တိုက်ပွဲက ဆက်ဖြစ်နေတာ”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့မှာလည်း ယူမာကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က တစ်ပြိုင်နက် ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဆိုင်းတောင်တိုက်ပွဲဟာ စက်တင်ဘာလ ၇ ရက်နေ့ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကာလကြာမြင့်လာတာနဲ့အတူ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလာသလို ဆိုင်းတောင်ကျေးရွာအပါ ထိစပ်တဲ့ ကျေးရွာအသီးသီးက ဒေသခံပြည်သူ ၅ ထောင်ဝန်းကျင်ခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ရက်ပေါင်း ၂၀ ကျော်အတွင်း စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်တာတွေကြောင့် လူနေအိမ် ၅၀၀ ခန့် မီးလောင်းပျက်စီးမှုရှိနိုင်တယ်လို့ ဖားကန့် ဒေသခံ လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။…

    Read More »
  • 13 September

    KIA ပူးပေါင်းတပ်သိမ်းထားတဲ့ စင်းခန်းရွာဘက်ကို စစ်တပ်က လေကြောင်းအကူနဲ့မြေပြင်စစ်ကြောင်းထိုးနေ 

    “တိုက်ပွဲတော့ အဲလောက်မဖြစ်ဘူး သူတို့က ရွှေကူကနေ စစ်ကြောင်းထိုးလာတာ လေယာဉ်နဲ့ပစ်ပြီး စစ်ကြောင်းဆက်တိုက်ထိုးလာနေတယ်။ ကျနော်တို့ ဆုတ်ပေးရမယ့်အခြေနေဖြစ်နေတယ် ”လို့ ပြောပါတယ်။

    Read More »
  • 12 September

    ဆိုင်းတောင်ရွာကို စစ်တပ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်အများအပြား မီးလောင်ပျက်စီး

    စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်နေတဲ့ Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

    Read More »
  • 11 September

    ပန်ဝါ တိုက်ပွဲ ၅ ရက်ခန့် ကြာမြင့်လာ

    ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလဆန်းပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းနေထိုင်တဲ့ တပ်စခန်းတစ်ခုကို KIA တပ်သိမ်းပိုက်လိုက်ပြီးနောက် ပန်ဝါဒေသမှာ စစ်ရေးတင်းမာနေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ လဂွေပြည်သူ့စခန်း လက်လွတ်လိုက်ရတဲ့နောက်…

    Read More »
  • 10 September

    အင်းတော်မြို့ နေအိမ်တစ်ချို့ကို စစ်တပ်ကမီးရှို့ဖျက်ဆီး

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့ရဲ့  မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ အရပ်သားနေအိမ်တွေကို စက်တင်ဘာလ ၉ ရက်နေ့ကစတင်ပြီး မီးရှို့ဖျက်ဆီးနေတာလို့သိရပြီး မြို့သိမ်းတိုက်ပွဲလည်းပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဘက်က နယ်မြေရှင်းလင်းတဲ့ပုံစံ နဲ့ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတာလို့ ရှေ့တန်းရောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “တိုက်ပွဲကဖြစ်နေဆဲ ရန်သူဘက်ကအင်းတော်ကိုမီးရှို့လိုက်တယ်။ ကာကွယ်ရေးတပ်တွေ အကာအကွယ်ယူ မယ့်နေရာ လမ်းကြောင်းတွေကိုရှင်းအောင်မီးရှို့လိုက်တဲ့သဘောဟုတ်တယ်။”လို့ ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက မြို့တွင်းနေအိမ်တစ်ချို့ကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ပေမဲ့ ဒီကနေ့ရိုက်မိတဲ့ဒရုန်းမှတ်တမ်းတွေအရဆိုရင် နေအိမ်အတော် များများမီးလောင်ဖျက်ဆီးခံထားရတာကိုတွေ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ တစ်ဖက်မှာ အင်းတော်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုဘက်ကရော စစ်ကောင်စီဘက်ကပါ မည်သူမျှ ထိန်းချုပ်ထားနိုင်ခြင်းမရှိပဲ နှစ်ဖက်တပ်လုံးမြို့တွင်းစစ်ရေးလှုပ်ရှားတာတွေရှိတဲ့အတွက် နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ စာရင်းအချက်လက် အသေးစိတ်သိရဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ “စစ်တပ်ဘက်ကလည်း မြို့ပေါ်ကိုထိန်းချုပ်ပြီးစစ်ကြောင်းထိုးနိုင်တဲ့အနေအထားမဟုတ်တော့ဘူး။ နှစ်ဖက်လုံး နေရာယူထားကြတာ။ သူတို့အထိုင်ချထားတဲ့နေရာဝန်းကျင်တော့သူတို့ထိန်းချုပ်နိုင်တာပေါ့။”  လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဟာ အင်းတော်မြို့နယ်ထဲက ဒေသအခေါ် ဂျပန်လှိုဏ်ဂူမှာအထိုင်ချတပ်စွဲ ထားပြီး အဲ့ဒီနေရာကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေလုပ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကပြောပါတယ်။ မီးရှို့ခံနေရတဲ့ အင်းတော်မြို့ပေါ်ရပ်ကွက်တွေဟာလည်း စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန် ဂျပန် လှိုဏ်ဂူနေရာနဲ့ ကပ်လျှက်အနီးတစ်ဝှိုက်မှာရှိတဲ့ရပ်ကွက်တွေဖြစ်တယ်လို့ သိရပြီး ဂျပန်လှိုဏ်ဂူတပ်စခန်းမှာ တပ်မ ၇၇ လက်အောက်ခံတပ်ရင်း အထိုင်ချထားပြီး မြို့တွင်းတပ်ဖြန့်ပြီးစစ်ရေးလှုပ်ရှားလျှက်ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား အင်းတော်မြို့နယ်ထဲမှာ မကြာခဏ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း စစ်ရေးအရအရေးပါတဲ့ အင်းတော်မြို့ကို လက်မလွှတ်ရရေး အစွမ်းကုန်ခုခံနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ အင်းတော်မြို့နယ်ဟာ မြစ်ကြီးနား–ရွှေဘိုလမ်းမကြီးပေါ်မှာတည်ရှိတာဖြစ်ပြီး ကချင်ပြည်နယ်အတွက်အဓိကဝင်ပေါက်မြို့ဖြစ်သလို နှစ်ဖက်တပ်တွေအတွက် စစ်ရေးအရအရေးပါတဲ့မြို့ တစ်မြို့ ဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။ By – အမိုး

    Read More »
  • 10 September

    ပင်လည်ဘူးလက်မလွှတ်ရရေး စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းရောမြေပြင်ကနေလူအင်အားထပ်မံဖြည့်တင်းထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့ နဲ့ ၉ ရက်နေ့တို့မှာ ဝန်းသိုမြို့နယ်ဘက်ကနေ မြေပြင်စစ်ကြောင်းထိုးပြီးတက်လာပေမယ့် မြေပြင်စစ်ကြောင်းထိုးမရလို့ လေကြောင်းအသုံးပြုပြီး စစ်အင်အားထပ်ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။ “ပင်လည်ဘူးမြို့ကမသိမ်းနိုင်သေးပါဘူးဗျ။ စစ်ကောင်စီဘက်က လေကြောင်းကနေ Mi 17 ၄ စင်းနဲ့ စစ်ကူ ထပ်ဖြည့်လို့တိုက်နေရတုန်းပါ။ ဝန်းသိုကလာတဲ့စစ်ကြောင်း မြေပြင်ကတိုးမရလို့ ဝေဟင်က ထိုးလာတာ”လို့ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ပင်လည်ဘူးမြို့နယ်ရဲ့နေရာအတော်များများကို KIA နဲ့ပူးပေါင်းအဖွဲ့ဘက်ကထိန်းချုပ်ထားပြီဖြစ်ပြီး စစ်ကောင်စီက မြို့တွင်းရဲစခန်းတွင်အဓိကနေရာယူပြီးခုခံနေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြော ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့တွေကို KIA အပါအဝင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF ၊ NUG လက်အောက်ခံ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက မြို့သိမ်းတိုက်ပွဲအဖြစ်ဆောင်ရွက်နေတာဖြစ်ပြီး ပင်လည်ဘူးမြို့နယ်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ်က တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ပြောတာက “ကချင်နဲ့စစ်ကိုင်းအစပ်ဘက်ကတော့ ကျနော်တို့ KIO အနေနဲ့ကူညီနေတဲ့သဘောမျိုးပဲဖြစ်ပါတယ်။ တာဝန်ယူပြီးထိုးစစ်ဆင်နွှဲနေတာကတော့ NUG ရဲ့ အမှတ် ၁ စစ်ဒေသဘက်က စစ်ဦးစီးမှုူးတွေပဲဖြစ်တော့ အသေးစိတ်တော့မသိရဘူး”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကတော့ ပင်လည်ဘူးမြို့နယ်ထဲက လေကြောင်းနဲ့လာပို့ထားတဲ့ အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခု ကာကွယ်ရေးတပ်ဆီ လက်နက်ချအညံ့ခံခဲ့ပါသေးတယ်။ ဒါ့အပြင် ပင်လည်ဘူးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်အကြား နှစ်စဉ်နှစ်တိုင်းတိုက်ပွဲပြင်းထန်နေတဲ့မြို့ဖြစပြီး ဒေသခံပြည်သူတွေက  ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေကြောင့် ဘေးလွှတ်ရာကို ထွက်ပြေးခဲ့ရာကနေ ဒီနေ့ထိ ပြန်မလာတဲ့သူတွေများတယ်လို့ ဆိုပါတယ်။ ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ခစန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ တိုက်ခိုက်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တာတော့ မရှိခဲ့ပါဘူး။ ဒါကြောင့် KIA/KPDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ်တိုက်ပွဲထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ By –…

    Read More »
Back to top button