တိုက်ပွဲ

  • Jun- 2024 -
    14 June

    ဝူယန်ပြည်သူ့စစ်တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့

    ဝိုင်းမော်မြို့နယ် ဝူယန်ပြည်သူ့စစ်တပ်စခန်းကို ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ ဝူယန်ပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရတာကြောင့် ခလရ ၅၈ တပ်ရင်းကို လုံခြုံရေးယူပေးနေတဲ့အဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တိုက်ပွဲဖြစ်တာက ဝူယန်မှာဟုတ်တယ်။ ဝိုင်းမော် ခလရ…

    Read More »
  • 14 June

    ကသာမှာတိုက်ပွဲပြင်းထန်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား ဒီကနေ့ ဇွန်လ ၁၄ ရက်နေ့မနက်ပိုင်းကစပြီးတော့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီကသိရပါတယ်။ တိုက်ပွဲက ဒီကနေ့ မနက်ပိုင်း ၆ နာရီလောက်ကနေ ကသာမြို့အနောက်ဘက် ဝဲကြီးကျေးရွာအနီးတစ်ဝှိုက်မှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ “ကသာအောက်ဘက်မှာထိတွေ့မှုတွေဖြစ်နေတာ အဲ့ဘက်ကိုစစ်ကြောင်းက မကြာမကြာထိုးနေတာ ဒီမနက်တော့ ထိတွေ့မှုကတော်တော်ဖြစ်လိုက်တယ်။ မနက်ပိုင်းတော့တိုက်ပွဲကပြင်းထန်တယ်။ အခုတော့ အသံ တွေတော့ကြားနေရတယ်။” လို့ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီး ဝဲကြီးရွာအနောက်ဘက်ကိုကျရောက်ပေါက် ကွဲခဲ့လို့ ဝဲကြီးရွာကဒေသခံတစ်ချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကသာဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဒေသခံတွေရဲ့အခြေနေနဲ့ပတ်သက်လို့ အတည်ပြုနေဆဲဖြစ်သလို လက်နက်ကြီးက ဘယ်အဖွဲ့အစည်းက ပစ်ခတ်လိုက်တာလဲဆိုတာကိုလည်း KNG က သီးခြားအတည်ပြုနိုင်တာတော့မရှိသေး ပါဘူး။ တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက ကသာမြို့ပြင်မှာရှိတဲ့ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေပြီး စစ်သားစုဆောင်းတာတွေပါလုပ်နေတယ်လို့ ကာကွယ်ရေး တပ်တွေဘက်ကပြောပါတယ်။ “ကသာမှာက သူတို့စစ်ကြောင်းက မြို့ပြင်တွေကိုထွက်ပြီး စုဆောင်းရေးတွေလုပ်တယ်။ စစ်ရေး အတွက် လည်းပြင်ဆင်တာတွေရှိတယ်။ အဓိကတော့ မြို့နဲ့နီးတဲ့ရွာတွေပတ်ချာလည်စစ်ကြောင်းထိုးတာ။ “လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားတဲ့အခါ စစ်ကြောင်း ၃ကြောင်းခွဲပြီး လှုပ်ရှားလေ့ရှိပြီဂ  စစ်ကြောင်းတစ်ကြောင်းကို အင်အား ၃၀ ကျော်နဲ့ ထိုးလေ့ရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ဝဲကြီးရွာဟာ ကသာြမို့အနောက်ဘက် ၃ မိုင်အကွာမှာတည်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကသာမြို့နယ် မြို့ပြင်က ပေါမမြိုင်ရွာမှာလည်း ပြီးခဲ့တဲ့ မေလ နဲ့ ဇွန်လ ပထမအပတ်ကလည်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့သေးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကပြောပါတယ်။ ကသာမြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မြို့နယ်ရုံးတွေအခြေစိုက်ရာ မြို့ဖြစ်သလို ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ လူဦးရေ ၁သိန်း၆သောင်းကျော်ရှိတဲ့မြို့ကြီး ဖြစ်ပြီး ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိတဲ့မြို့ဖြစ်ပါ တယ်။ By – အမိုး

    Read More »
  • 11 June

    ဆဒုံးဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုကို KIA က တစ်ရက်တည်းအပြီးသတ်သိမ်းပိုက်

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ဆဒုံးမြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်ဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုနေရာလောက်ကို တစ်ရက်တည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဝိုင်းမော်နဲ့ ဆဒုံးတစ်ကြော စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီလို့သိရပါတယ်။ ဝိုင်းမော်မြို့နယ်ထဲကနေ ဆဒုံး – ကန်ပိုင်တည်သွားတဲ့ ကားလမ်းမပေါ် တစ်ကြောမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်(ဂေါ်ဆက်ယန်)၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်၊ ဒိန်ဂါစစ်တပ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်းနေရာတွေကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းတပြိုင်နက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဂေါ်ဆက်ယန် ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်နဲ့ လဖိုင်ပြည်သူ့စစ်တပ်စခန်းတွေကို ဒီကနေ့ နေ့လည် ၁၂ နာရီမတိုင်မှီ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဆဒုံးဗျူဟာကုန်းကိုတော့ ညနေပိုင်း ၅ နာရီလောက်မှာ တပ်စခန်းထဲဝင်ရောက်နိုင်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဆဒုံးတပ်စခန်းကို ညနေပိုင်း ၅ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်တာဖြစ်ပြီ။ ဝိုင်းမော်ကနေ ဆဒုံးကားလမ်း တစ်ကြောစစ်တပ်စခန်းတွေမရှိတော့ ကုန်ပြီ။ အခုကျန်နေတာက ကန်ပိုင်တည်မြို့တစ်ခုသာ ကျန်နေပြီဖြစ်တယ်”လို့ပြောပါတယ်။ KIA တပ်တွေ သိမ်းပိုက်လိုက်တဲ့ ဆဒုံးဗျူဟာကုန်းတပ်စခန်းဟာ မြို့ရဲ့ အရှေ့ဘက်ခြမ်းတောင်ကုန်းပေါ်မှာတည်ရှိပြီး ရ ရှေ့တန်းတပ်စခန်းအငယ် ၃ ခုလောက်နဲ့ စစ်အင်အား အခိုင်အမာတပ်ချထားတဲ့ ဗျူဟာကုန်းအကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဆဒုံးဗျူဟာကုန်းအပါ ၁၃ မိုင်စုပေါင်းဂိတ်(ဂေါ်ဆက်ယန်) နဲ့ ဘွမ့်တောင် ပြည်သူ့စစ်တပ်စခန်းတွေဟာ ဝိုင်းမော်ကနေ ဆဒုံး – ကန်ပိုင်တည်သွားတဲ့ကားလမ်းကြောင်းတစ်ကြောမှာရှိတဲ့ တပ်စခန်းတွေဖြစ်တာကြောင့် စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။ အဲဒီတပ်စခန်းတွေအားလုံးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းထိုင်ထားကြတဲ့ တပ်စခန်းတွေဖြစ်သလို ခရီးသွားပြည်သူတွေနဲ့ ကုန်းကားတွေကို ငွေကြေးကောက်ခံတဲ့အပြင် တရုတ်နိုင်ငံသားတွေကိုလည်း တရားမဝင် ပြည်တွင်းထဲ ဝင်ခွင့်ရနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် အခုသိမ်းပိုက်လိုက်တဲ့ တပ်စခန်းတွေဟာ စစ်ရေးအရ အလွန်အရေးပါတဲ့နေရာတွေဖြစ်ပြီး ပြည်သူလူထုတွေအတွက် သွားရေးလာရေးမှာ အနှောက်အယှက်ပေးတဲ့ နေရာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “အခုသိမ်းလိုက်တဲ့ တပ်စခန်းတွေက အားလုံးအရေးကြီးတဲ့ နေရာတွေပဲဖြစ်တယ်။ ချီဖွေနဲ့ ကန်ပိုင်တည်ဘက်ကို သွားတဲ့ စုပေါင်းဂိတ်ရှိမယ်။ ဘွမ့်တောင်ဆိုတဲ့ စခန်းကလည်း ဒီတိုင်းပါပဲ။ ပြည်သူလူထုတွေ သွားရေးလာရေးမှာ အနှောက်အယှက်ပေးနေတဲ့ စခန်း။ ပြီးရင် တပ်ရင်း(၃) နေရာတွေကို ထိန်းချုပ်ပေးနေတဲ့ တပ်စခန်းတွေလည်းဖြစ်တယ်။ အားလုံးက ဗျူဟာမြောက်တပ်စခန်းတွေပဲ”လို့ပြောပါတယ်။ ဒါ့အပြင် အခု KIA တပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ တပ်စခန်းတွေက တရုတ်နယ်စပ် ဆဒုံး – ကန်ပိုင်တည် နယ်စပ်ကုန်သွယ်ရေးအတွက်လည်း အရေးပါတဲ့ ကားလမ်းကြောင်း တစ်ကြောကို KIA က ထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက KIA ပူးပေါင်းတပ်တွေက ဝိုင်မော်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလထဲမှာတော့ ဝိုင်းမော်မြို့ ဒဘတ်ချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၃ ခုလောက်ကို အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့မှာတော့ ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ ကားလမ်းတစ်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခုလောက်ကို တစ်ရက်ထဲမှာပဲ အပြီးသတ်သိမ်းလိုက်တာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 11 June

    ဆဒုံး – ကန်ပိုက်တည်လမ်းက ၁၃ မိုင်စုပေါင်းဂိတ်နဲ့ ဘွမ့်တောင်တပ်စခန်း ၂ ခု KIA သိမ်းပိုက်

    ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုင်တည်လမ်းမပေါ်ကျန်ရှိ‌ နေ‌သေးတဲ့စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း ၄ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်အထိ တပ်စခန်း ၂ နေရာကို…

    Read More »
  • 10 June

    ဖားကန့်ဒေသ တပ်မဟာ ၉ နဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာတစ်ချို့မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ

    ဖားကန့်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နဲ့ တပ်ရင်း ၆ အပါအဝင် KIA ပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးထားတဲ့ပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ တိုက်ပွဲငြိမ်းသက်သွားတဲ့ တစ်လ ကျော်လောက်ကြာမြင့်လာပြီဖြစ်တဲ့ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်တွေက ဇွန်လ ၉ ရက်နေ့ ည ၁၀နာရီလောက်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ တပ်မဟာ ၉ နဲ့ တပ်ရင်း ၆ နေရာတွေမှာ တပြိုင်နက် လာရောက်ဗုံးကြဲတိုက်သွားတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “၇ နာရီ၊ ၈ နာရီလောက်ရှိပြီ တပ်ရင်း ၆ မှာတစ်နေရာ၊ တပ်မဟာ ၉ မှာတစ်နေရာ ကျမှန်တယ်လို့သိရတယ်။ ထိခိုက်ပျက်စီးတာတော့ လုံးဝမရှိဘူးလို့ပြောပါတယ်။ ခန့်မှန်းပြီးလာပစ်တယ်ဆိုတော့ ထိခိုက်တာမရှိတာပါ။ ဂျက်ဖိုက်တာက ၂ စီးဟုတ်တယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်နေ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တပ်မဟာ ၉ နယ်မြေနဲ့ တပ်ရင်း ၆ နေရာတစ်ချို့မှာ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှုရှိခဲ့ပေမယ့် ထိခိုက်ပျက်စီးတာတွေမရှိခဲ့ဘူးလို့ ပြောပြတာဖြစ်ပါတယ်။ အခုလို စစ်တပ်ဘက်ကနေ ညတွင်းချင်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ မတ်လအတွင်း တိုက်ပွဲမှာ KIA/ PDF တပ်ထံအညံ့ခံဝင်ရောက်လာတဲ့ ရဲအုပ်တစ်ဦး ဇွန်လ ၉ ရက်နေ့ ဖားကန့်ဗျူဟာကုန်းထဲထွက်ပြေးလွတ်မြောက်သွားတာကြောင့်KIA တပ်တွေရှိတဲ့နေရာဘက်ကိုဦးတည်ပြီး လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်နိုင်တယ်လို့ ဖားကန့်ဒေသခံ သုံးသပ်ပြောဆိုပါတယ်။ ဒါ့အပြင် မတ်လအတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးထားပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ်ထဲက အောင်မြေ(၁) ၊ အောင်မြေ(၂) နေရာတွေမှာ စစ်ကောင်စီတပ်တွေက ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေသေးတာကြောင့် ထိခိုက်ပျက်စီးတာတွေကြုံနေရတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုဆက်ပြောပါတယ်။ “မနေ့ညလည်း ပစ်၊ တစ်နေ့ကလည်း အဲလိုပစ်နေလို့ ရွာလမ်းမကြီးပေါ်မှာရှိတဲ့ နေအိမ်တွေတောင် တော်တော်ပျက်စီးနေပြီ။ လက်နက်ကြီးက စျေးနေရာတွေမှာတောင်ကျတယ်။ မနေ့လည်းပစ်တယ်။ မနေ့ည ပစ်တာက ဘယ်ဘက်ထိတာလဲတော့ သေချာမသိရသေးဘူး”လို့ပြောပါတယ်။ ဇွန်လ ၉ ရက်နေ့ညမှာ အောင်မြေ(၁)၊ အောင်မြေ(၂)နဲ့ ခါးရှီတစ်ဝိုက်မှာ ဗုံးကြဲတိုက်ခိုက်ရတဲ့အပြင် KIA တပ်တွေ နယ်မြေစိုးမိုးထားတဲ့ ခါးရှီကျေးရွာတွေအထိ စစ်ကောင်စီတပ်ဘက်ကနေ စစ်ကြောင်းထိုးလာတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာဘက်ကို ဝိုင်းမော်မြို့နဲ့ အနီးနေရာမှာ ကျန်ရှိနေသေးတဲ့ ခလရ ၅၈ တပ်ရင်းကနေ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းအထိ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာလည်း ဟူးကောင့်ချုင့်ဝှမ်းဒေသ ပယင်းမှော်ဒေသမှာရှိတဲ့ လပူခမှော်အနီး ဒေသအခေါ် ရေကန်တောင်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်စခန်း နေရာကို KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့လည်းသိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 7 June

    မိုးမိတ်မှာတိုက်ပွဲပြန်ဖြစ်နေ

    ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊မိုးမိတ်ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကစပြီး တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပြီးတော့ မိုးမိတ်မြို့နားက မန်ဖွယ်ရွာဟောင်းနဲ့ သက်ရက်တောရွာတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “၄ ရက်နေ့ကတိုက်ပွဲပြန်ဖြစ်တာဗျ မိုးမိတ်မြို့နဲ့ကပ်လျှက်ရွာကစဖြစ်တာ ကေအိုင်အေပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီနဲ့ပေါ့ အဲ့ရွာမှာက စစ်ကောင်စီကတပ်စွဲနေတော့ဝင်တိုက်တာလို့ပြောတယ်။ ဒီနေ့တော့ တိုက်ပွဲ ဖြစ်သံမကြားဘူး။ မနေ့ကအထိပေါ့ ၂ ရက်ဖြစ်တာတဲ့”လို့ပြောပါတယ်။ အခုလိုတိုက်ပွဲပြန်ဖြစ်လာတဲ့အတွက် မိုးမိတ်မြို့အနီးတစ်ဝှိုက်နဲ့ တိုက်ပွဲဖြစ်တဲ့နေရာတစ်ဝှိုက်ကအရပ်သားတွေ ယာယီထွက်ပြေးတိမ်းရှောင်ရတဲ့အခြေနေတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးမိတ်မြို့မှာ ခမရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းတွေအခြေစိုက်ပြီး ဗျူဟာမှူးကိုယ်တိုင်အထိုင်ချ ကွပ်ကဲသလို မိုးမိတ်မြို့ဟာ ခရိုင်အဆင့်ရှိတဲ့မြို့လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ စစ်ကောင်စီနဲ့KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲမှာ မြို့ပျက်လုနီးပါး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ ဒေသခံတွေဟာ ဒီတစ်ကြိမ်တိုက်ပွဲကြောင့် ကြိုတင်တိမ်းရှောင်နေကြပြီး ရှောင်ရတဲ့ လူဦးရေ ၂ ထောင်ခန့်ရှိတယ်လို့ မိုးမတ်ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ “တိုက်ပွဲက နှစ်ရက်လောက်ဖြစ်လိုက်တော့ မိုးမိတ်ကအရပ်သားတွေလည်းပြန်ထွက်ပြေးနေရတယ်။ မိုးမိတ်မှာက ဗျူဟာကုန်းရှိတယ်။ အခုဖြစ်တာက ကာကင်းတွေဖြစ်မယ်။ မိုးမိတ်မြို့ခံပြည်သူတွေက မြို့ထဲပြန်ရောက်တာတောင်မကြာသေးဘူး အခုပြန်ပြေးနေရတာ။ ပြည်သူတွေကလည်း ခံဖူးထားတာ ဆိုတော့ လန့်နေကြတာ”လို့ပြောပါတယ်။ မိုးမိတ်မြို့ကို သိမ်းပိုက်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်း အဖွဲ့တွေကြိုးစားခဲ့ပေမဲ့ မြို့တွင်းကိုသာထိန်းချုပ်နိုင်ခဲ့ပြီး အထိုင်ချတပ်ရင်းတွေကိုမတိုက်ပဲ ပြန်ဆုတ်ခွာခဲ့ကြတာဖြစ်ပါတယ်။ မိုးမိတ်မြို့ဟာ ခရိုင်အဆင့် မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးမိတ်ဗျူဟာလက်အောက်မှာ ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းတွေ အခြေစိုက်တဲ့မြို့ဖြစ်ပြီး မ်းပြည်နယ်အနောက်မြောက်ဘက်မှာရှိကာ နယ်နိမိတ်အားဖြင့် မြောက်ဘက်မှာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ အရှေ့ဘက်မှာ သိန္နီနယ်နဲ့ တောင်ပိုင်နယ်၊ တောင်ဘက်မှာ သီပေါနယ်၊ အနောက်ဘက်မှာ ရွှေဘိုခရိုင်တို့ရှိတာဖြစ်ပါတယ်။ By…

    Read More »
  • May- 2024 -
    28 May

    ဆွမ်ပရာဘွမ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းတစ်ရင်းလုံးပြုတ်

    ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ခလရ( ၄၆ )တပ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ ခလရ (၁၃၇) တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ဆွမ်ပရာမြို့အခြေစိုက် ခလရ(၄၆)တပ်ရင်းဘက်ကို စစ်ကူအနေနဲ့ သွားရောက်ကူညီတဲ့ ခရလ(၁၃၇)တပ်ရင်းမှူး အပါအဝင် စစ်ကောင်တပ်သား ၁၀ ဦးကျော်ကို မေလ ၁၈ ရက်နေ့ ပူတာအိုမြို့ ရှေ့တန်းတစ်နေရာမှာ ပူတာအိုခရိုင် PDF အဖွဲ့တွေ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ခလရ (၁၃၇) တပ်ရင်းမှူးဟာ တိုက်ပွဲတွင်းထိခိုက်ဒဏ်ရာတွေကြောင့် တစ်ရက်အကြာမှာဘဲ သေဆုံးသွားခဲ့တယ်လို့  ပူတာအိုတော်လှန်ရေးအင်အားစုထဲက အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဖမ်းမိတဲ့ အချိန် အဲဒီတပ်ရင်းမှူးက ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ် ခြေထောက်ကျိုးတာတို့ သွေးထွက်လွန်တာ  ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲက အတက်နိုင်ဆုံးကုသပေမယ့် သူရရှိတဲ့ဒဏ်ရာကြောင့် နောက်တစ်နေ့မှာဘဲ ဆုံးသွားတယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် ပူတာအိုတော်လှန်ရေးအင်အားစုတွေဘက်က ခလရ ( ၁၃၇ ) တပ်ဖွဲ့ဝင်များထဲက တပ်သား ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးရမိထားသလို တိုက်ပွဲတွင်းသေဆုံးသွားသူတွေလည်းများတာကြောင့် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။  ဆွမ်ပရာဘွမ်တိုက်ပွဲမှာ  ဖမ်းဆီးရမိခဲ့တဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းက စစ်ကောင်စီတပ်သားတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့  တော်လှန်ရေးအင်အားစုတွေထဲကတာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတော့ စစ်ဥပဒေ (Geneva Convention) နဲ့ အညီ ထိန်းသိမ်းထားတာ ရှိပါတယ်။ ခလရ ၁၃၇ ကတော့ ဖမ်းဆီးရမိတာ တစ်ခါ ၃ ယောက်၊ ၉ ယောက် ဖမ်းဆီးရထားတာရှိတယ်။ ခလရ(၄၆) တပ်ရင်းက တချို့ကတော့လွတ်မြောက်နေဆဲဖြစ်တယ်”လို့ဆိုပါတယ်။ ဒါပေမယ့် ဆွမ်ပရာဘွမ်အခြေစိုက် ခလရ(၄၆) တပ်ရင်းမှူးကတော့ လက်ရှိချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။   ခလရ (၄၆)တပ်ကို KIA/KPFနဲ့ ပူတာအို PDFပူပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကတည်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလ ၅ ရက်နေ့မှာဘဲ တပ်ရင်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိခဲ့တာဘဲ ဖြစ်ပြီး မတ်လ ၈ ရက်နေ့က စတင်လာတဲ့စစ်ဆင်ရေးကာလ ၂ လအတွင်း စခန်းကြီးငယ် ၁၀၀ ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆွမ်ပီယန်ဒေသတစ်လျှောက်မှာလည်း စစ်ကောင်စီဘက်က စစ်အင်အား ၁၀၀ကျော် ပြန်လည်ဖြည့်တင်းထားပြီး စစ်ရေးတင်းမာ လာနိုင်ချေရှိတယ်လို့ လည်း ပူတာအိုတော်လှန်ရေး အင်အားစုတွေ ဆီကနေ သိရပါတယ်။ By – Hope

    Read More »
  • 27 May

    ဟုမ္မလင်းနယ်မှာ SNA နဲ့ စစ်တပ်တို့ တပ်စွဲနေထိုင်တဲ့ ရွာ ၄ ရွာကို PDF တိုက်ခိုက်သိမ်းပိုက်

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အထက်ပိုင်းထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းတပ် တပ်စွဲနေထိုင်တဲ့ကျေးရွာပေါင်း ၄ ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်လို့ သိရပါတယ်။ အဲဒီရွာတွေဟာ ဟုမ္မလင်းအထက်ဘက် ချင်းတွင်းမြစ်တစ်ကြောမှာရှိတဲ့ မုက္ကလီ၊ တုံမာဟဲ၊ ပုရစ်…

    Read More »
  • 27 May

    မံစီ ခမရ ၃၁၉၊ ခမရ ၆၀၁ တပ်ရင်း ၂ ခုနဲ့  မိုးမောက် ခမရ ၄၃၇ တပ်ရင်းတွေကို KIA သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ

    ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီ မြို့  ၂ ခုမှာရှိတဲ့ မြို့တွင်းတပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ခြင်းမရှိသေးတာကြောင့် ရက်ပေါင်း ၂၀ ကြာမြင့်လာပေမယ့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ မေလ ၇ ရက်နေ့ စတင်ပြီး KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့…

    Read More »
  • 27 May

    စစ်ကိုင်း နဲ့ ကချင်အစပ်ကမြို့တွေမှာ တိုက်ပွဲပြင်းထန်နေ

    စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ မြို့နယ် ၃ မြို့မှာ စစ်ကောင်စီတပ်၊ ရှမ်းနီးအမျိုးသားတပ်မတော် SNA ပူးပေါင်းအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ တိုက်ပွဲဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကတည်းကစတင်ဖြစ်ပွားနေတာဖြစ်ပြီးတော့ စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကောလင်း၊ ဝန်းသို နဲ့…

    Read More »
Back to top button