တိုက်ပွဲသတင်း

ဟုမ္မလင်းနယ်မှာ SNA နဲ့ စစ်တပ်တို့ တပ်စွဲနေထိုင်တဲ့ ရွာ ၄ ရွာကို PDF တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အထက်ပိုင်းထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းတပ် တပ်စွဲနေထိုင်တဲ့ကျေးရွာပေါင်း ၄ ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်လို့ သိရပါတယ်။

အဲဒီရွာတွေဟာ ဟုမ္မလင်းအထက်ဘက် ချင်းတွင်းမြစ်တစ်ကြောမှာရှိတဲ့ မုက္ကလီ၊ တုံမာဟဲ၊ ပုရစ် ၊ ဖါနှိုင်းရွာစတဲ့ ကျေးရွာဖြစ်ပြီး ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တွေက မေလ ၂၄ ရက်နေ့ကနေ ထိုးစစ်ဆင်သိမ်းပိုက်ထားပြီလို့ ဟုမ္မလင်း PDF တာဝန်ရှိသူ တစ်ဦးက KNG ကိုပြောပါတယ်။

တိုက်ပွဲက ၂၄ ရက်နေ့က စတာ အခုလောလောယ် ပုရစ် ဖါနှုင်းတို့ မုက္ကလီတို့ကိုတော့ရထားပြီ။ တစ်ချိန်ထဲနဲ့ လေး ၊၅ နေရာကိုဝင်တိုက်ခဲ့တာဟုတ်တယ်။ တစ်ချို့မရတဲ့နေရာတွေလည်းကျန်သေးတယ်။မြင်သာတို့တွေကျန်နေသေးတယ် စစ်ရေးကတော့တင်းမာနေဆဲပဲ ပစ်လိုက်နားလိုက်ပေါ့လို့သူကပြောပါတယ်။

လက်ရှိသိမ်းပိုက်ရရှိထားတဲ့ ပုရစ်၊ ဖါနှိုင်းစတဲ့ ကျေးရွာတွေဟာ ရွှေမှော်ဒေသတွေဖြစ်ပြီး SNA ၊စစ်ကောင်စီတပ်တွေက အားဏာသိမ်းနောက်ပိုင်းတပ်ထိုင်ကာ ရွှေလုပ်ကွက်တွေကနေ အခွန်လိုက်ကောက်နေတဲ့တပ်တွေဖြစ်တယ်လို့သိရပါတယ်။

ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေအနေနဲ့နောက်ထပ် နောင်ပိုအောင်၊ လွှစင်ကုန်း ၊မြင်သာ စတဲ့ကျေးရွာတွေကိုသိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ရေပြင်ထန်နေတာကြောင့် ကျေးရွာအများအပြားလည်းတိမ်းရှောင်နေရတယ်လို့ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီနေ့တော့နည်းနည်းငြိမ်တယ် ဟိုနေ့တွေကတော့ညကောနေ့ကောတစ်နေကုန်နီး ပါးဖြစ်တယ် ရှောင်တာကတော့ အများကြီးရှောင်နေတယ် မြင်သာရွာ၊ငိုးပင်းရွာ၊ ပုရစ် ဖါနှိုင်းရွာတွေ မုက္ကလီရွာတွေ ဆပ်ကယားရွာတွေကတော့ရှောင်နေရတယ် ရွှေတောတွေမှာရှောင်နေကြတာတောထဲမှာပေါ့လို့ သူကပြောပါတယ်။

ဟုမ္မလင်းအထက်ဘက်က ကျေးရွာတိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က စစ်ရေးရှူံးနှိမ့်နေတာကြောင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်၊ လေကြောင်းနဲ့ဗုံးကျဲတာတွေရှိတဲ့အတွက် ထိခိုက်ပျက်စီးမှုတွေရှိနေ တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဟိုနေ့က (မေလ ၂၅ရက်)နေ့တုန်းကတော့တစ်ရက်ထဲလေကြောင်းသုံးကြိမ်လာကျဲသွားတယ်။ ပုရစ်ရွာနဲ့ ဖါနှိုင်းရွာကိုကျဲတာ အိမ်တွေထိခိုက်ပျက်စီးသွားတယ်လို့သိရတယ် ဖုန်းကကောင်းကောင်းဆက်မရဘူးအဲ့ဘက်က်ို မနေ့ညကလည်းနောင်ပိုအောင်ရွာထဲလက်နက် ကြီးတစ်လုံးကျလို့ကလေးတစ်ယောက်ခြေတောက်ပြတ်သွားတယ်လို့ ဒေသခံအမျိူးသမီးတစ်ဦးကပြောပါတယ်။

ဟုမ္မလင်း PDF မဟာမိတ်တပ်တေရဲ့စခန်းသိမ်းတိုက်ပွဲတွေဟာ လက်ရှိ နောင်ပိုနောင်အောင်နဲ့လွှစင်ကုန်းရွာဘက်ကိုနီးကပ်လာနေပြီလို့သိရပါတယ်။

SNAနဲ့ စစ်ကောင်စီတပ်တွေအတွက်အရေးပါတာကြောင့် အင်အားအများအပြားသုံးပြီး တပ်ထိုင်ခဲ့တဲ့လွှစင်ကုန်းကျေးရွာစခန်းကို ၂၀၂၃ ခုနှစ် တုန်းက PDF တွေတစ်ကြိမ်တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပေမယ့် စစ်ကောင်စီဘက်ကလေကြောင်းနဲ့ပစ်နေတာကြောင့် စခန်းသိမ်း ပြီး ၂ရက်အကြာမှာတပ်ဆုတ်ပေးလိုက်ရပြီး လက်ရှိစစ်ကောင်စီတွေတပ်ပြန်ထိုင်နေတယ်လို့သိရပါတယ်။

ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဒီနှစ် ဧပြီလတုန်းကလည်း ဟုမ္မလင်းမြို့အနောက်ဘက် ခြမ်းက ကျွန်းကုန်း၊ မနော်သာ၊အင်ကြင်းမော်စတဲ့ကျေးရွာတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button