တိုက်ပွဲသတင်း

ဆွမ်ပရာဘွမ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းတစ်ရင်းလုံးပြုတ်

ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ခလရ၄၆ )တပ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ ခလရ (၁၃၇တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ  ရက်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ဆွမ်ပရာမြို့အခြေစိုက် ခလရ(၄၆)တပ်ရင်းဘက်ကို စစ်ကူအနေနဲ့ သွားရောက်ကူညီတဲ့ ခရလ(၁၃၇)တပ်ရင်းမှူး အပါအဝင် စစ်ကောင်တပ်သား ၁၀ ဦးကျော်ကို မေလ ၁၈ ရက်နေ့ ပူတာအိုမြို့ ရှေ့တန်းတစ်နေရာမှာ ပူတာအိုခရိုင် PDF အဖွဲ့တွေ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ခလရ (၁၃၇တပ်ရင်းမှူးဟာ တိုက်ပွဲတွင်းထိခိုက်ဒဏ်ရာတွေကြောင့် တစ်ရက်အကြာမှာဘဲ သေဆုံးသွားခဲ့တယ်လို့  ပူတာအိုတော်လှန်ရေးအင်အားစုထဲက အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

ဖမ်းမိတဲ့ အချိန် အဲဒီတပ်ရင်းမှူးက ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ် ခြေထောက်ကျိုးတာတို့ သွေးထွက်လွန်တာ  ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲက အတက်နိုင်ဆုံးကုသပေမယ့် သူရရှိတဲ့ဒဏ်ရာကြောင့် နောက်တစ်နေ့မှာဘဲ ဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပူတာအိုတော်လှန်ရေးအင်အားစုတွေဘက်က ခလရ ( ၁၃၇ ) တပ်ဖွဲ့ဝင်များထဲက တပ်သား ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးရမိထားသလို တိုက်ပွဲတွင်းသေဆုံးသွားသူတွေလည်းများတာကြောင့် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ 

ဆွမ်ပရာဘွမ်တိုက်ပွဲမှာ  ဖမ်းဆီးရမိခဲ့တဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းက စစ်ကောင်စီတပ်သားတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့  တော်လှန်ရေးအင်အားစုတွေထဲကတာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။

ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတော့ စစ်ဥပဒေ (Geneva Convention) နဲ့ အညီ ထိန်းသိမ်းထားတာ ရှိပါတယ်။ ခလရ ၁၃၇ ကတော့ ဖမ်းဆီးရမိတာ တစ်ခါ  ယောက်၊  ယောက် ဖမ်းဆီးရထားတာရှိတယ်။ ခလရ(၄၆တပ်ရင်းက တချို့ကတော့လွတ်မြောက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဆွမ်ပရာဘွမ်အခြေစိုက် ခလရ(၄၆တပ်ရင်းမှူးကတော့ လက်ရှိချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။  

ခလရ (၄၆)တပ်ကို KIA/KPFနဲ့ ပူတာအို PDFပူပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကတည်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလ  ရက်နေ့မှာဘဲ တပ်ရင်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိခဲ့တာဘဲ ဖြစ်ပြီး မတ်လ  ရက်နေ့က စတင်လာတဲ့စစ်ဆင်ရေးကာလ  လအတွင်း စခန်းကြီးငယ် ၁၀၀ ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဆွမ်ပီယန်ဒေသတစ်လျှောက်မှာလည်း စစ်ကောင်စီဘက်က စစ်အင်အား ၁၀၀ကျော် ပြန်လည်ဖြည့်တင်းထားပြီး စစ်ရေးတင်းမာ လာနိုင်ချေရှိတယ်လို့ လည်း ပူတာအိုတော်လှန်ရေး အင်အားစုတွေ ဆီကနေ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button