တိုက်ပွဲ

  • Feb- 2024 -
    26 February

    ရွှေကူအထက်လေးလမ်းဆုံ ဂိတ်ကိုလာတိုက်တဲ့ စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်ခွာ

    ကချင်ပြည်နယ် ရွှေကူမြို့အထွက် ရွှေကူနယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) တွေထိန်းချုပ်ထားတဲ့ အထက်လေးလမ်းဆုံဂိတ်ကို လာရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေက အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ် LPDF အဖွဲ့က သိရပါတယ်။ ရွှေကူ – ဗန်းမော်–မန္တလေးကားလမ်းပိုင်းမှာရှိတဲ့ LPDF တွေရဲ့ အထက်လေးလမ်းဆုံဂိတ်ကို စစ်ကောင်စီတပ်အင်အား…

    Read More »
  • 26 February

    ရွှေဘိုနဲ့ အင်းတော်လမ်းပိုင်း ခရီးသည်ကားရာကျော်ပိတ်ဆို့နေ

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ရွှေဘိုနဲ့ အင်းတော်လမ်းတစ်လျှောက် ခရီးသည်ယာဉ်တွေသွားလာခွင့်မရဘဲ လမ်းပိတ်ဆို့ထားတာ ၄ ရက်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဘက်ကတက်လာတဲ့ ခရီးသည်ယာဉ်တွေက ရွှေဘိုမြို့နယ် စပါယ်နံ့သာမှာ ပိတ်ဆို့ထားပြီး မြစ်ကြီးနားဘက်ဆင်းလာတဲ့ကားတွေဟာ အင်းတော်နဲ့မဲဇာတောင်ခြေအနီးတဝိုက်မှာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေ့စပြီး ၂ ဖက်စစ်တပ်က ပိတ်ဆို့ထားတာဖြစ်တယ်လို့ နန့်စီးအောင်စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုပိတ်ထားတဲ့နေရာတွေက အထိုင်ချထားတဲ့ ဂိတ်နေရာတွေမှာမဟုတ်ဘူး။ တိုက်ပွဲဖြစ်ပွားလို့ လမ်းခုလပ်နေရာတွေမှာ ပိတ်ထားတာဖြစ်တယ်။ ဒီကနေ့နေ့ဆိုရင် လမ်းပိတ်ထားတာ ၄ ရက်နေ့မြောက်ရှိသွားပြီ။ တိုက်ပွဲဖြစ်တာက ကျောက်တန်းနဲ့မဲဇာကြားမှာဖြစ်နေတယ်လို့ကြားတယ်”လို့ပြောပါတယ်။ ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ လက်ရှိအချိန်အထိ ၂ ဖက်တပ် စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အပြင် ပစ်ခတ်တာတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိ အင်းတော်နယ်ထဲမှာတင် နန့်တဲ၊ ဘူးတလက်နဲ့ ကျောင်းကုန်းနေရာတွေမှာ အထက်ကိုတက်လို့မရအောင် ပိတ်ဆို့ထးတာကြောင့် ကားအကြီးအသေးအရီသည်းကား အစီး ၅၀၀ လောက် ပိတ်ဆို့နေပြီး ရွှေဘိုဘက်ခြမ်းမှာလည်း ရာကျော်ပိတ်ဆို့မှုရှိနိုင်တယ်လို့ ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနားဘက်ကနေဆင်းလာတဲ့ ခရီးသည်ကားတွေဟာအထက်ကို ဆက်တက်လို့မရဘဲ အင်းတော်နယ် မဲဇာတောင်ခြေအနီးတဝိုက်မှာ ပိတ်ဆို့မှု အများဆုံးဖြစ်နေတယ်လို့ လက်ရှိပိတ်ဆို့ခံထားရတဲ့ ကားသမားတစ်ယောက်က အခုလိုပြောပြလာပါတယ်။ “မန္တလေးဘက်ကနေ တက်လာတဲ့ကားတွေက ကျောက်တန်းမှာ တိုက်ပွဲဖြစ်လို့ ပိတ်ထားတာကြားလို့ အင်းတော်နယ်ဖက်မှာ ပိတ်ထားတာဖြစ်တယ်။ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ ရှေ့ဆက်တိုးလို့မရဘူး ။ ဒီကအဖွဲ့အစည်းတွေလည်း မမောင်းခိုင်းဘူး။ အသံတွေက ကြားနေရသေးတယ်”လို့ပြောပြပါတယ်။ ပိတ်ဆို့ထားတာ ၄ ရက်လောက်ကြာမြင့်လာချိန် အင်းတော်ဘက်က ခရီးသည်ကားအသေးတစ်ချို့ ဒီကနေ့စပြီးရှောင်ကွင်းလမ်းဘက်ကနေသွားလာနေကြပြီလို့ သိရပေမယ့် ကုန်တင်ကားအကြီးတွေနဲ့ ခရီးသည်ယာဉ်အကြီးတွေကတော့ သွားလာလို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးဘက်ကနေတက်လာပြီး ရွှေဘိုမြို့နယ်ခြမ်းမှာပိတ်ဆို့နေတဲ့ ကားသမားတွေရဲ့အခြေနေကိုလည်း ဖုန်းအင်တာနက်လိုင်းတွေပြတ်တောက်နေတာကြောင့် ဆက်သွယ်လို့မရသေးဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်နဲ့ ကောလင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပုံမှန်ဖြစ်ပွားနေပြီး သွားလာရေးလမ်းပိုင်းကို မကြာခဏပိတ်ဆို့ခံထားရတာရှိသလို မန္တလေး– မြစ်ကြီးနား လမ်းမ နန့်စီးအောင်ဂိတ်မှာလည်း စစ်ရေးအခြေနေအရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တစ်ပတ်ခန့်ပိတ်ဆို့ခံထားရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 23 February

    စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားအလောင်း ၇၀ ကျော်တွေ့ရှိ

    ကချင်ပြည်နယ် မံစီမြို့နယ်ထဲက စီးခမ်းကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေဆောင်ရွက်ရာမှာ စစ်ကောင်စီစစ်သားတွေရဲ့ ရုပ်အလောင်း ၇၀ ကျော်အထိ ရှာဖွေတွေ့ရှိခဲ့ပြီး လက်နက်ခဲရမ်းတွေလည်း ဆယ်ဘီးကားတစ်စီခန့် သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ အခိုင်အမာနဲ့ ခြေကုပ်ယူထားတဲ့ စီးခမ်းကြီးဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF၊AA ရွှေကူနယ်…

    Read More »
  • 22 February

    ပင်လည်ဘူးမြို့ပေါ် မှာ တိုက်ပွဲပြင်းထန်နေ

    “မနေ့က မနက်အစောကတည်းကစဖြစ်နေတာပါ မနေ့ကတော့ လေယာဥ်နဲ့ ဂျက်တွေရောပေါ့ လာပစ်သွားတယ် တိုက်ပွဲကလည်း မြို့ပေါ်မှာပဲဖြစ်နေတာပါ လေကြောင်းက မနေ့ကတည်းက ရော ဒီနေ့မနက်ရောတိုက်ခိုက်နေတယ်” လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

    Read More »
  • 21 February

    ကချင်နဲ့စစ်ကိုင်းအစပ်က လက်လွတ်ခဲ့ရတဲ့မြို့တွေကိုပြန်ရဖို့ စစ်ကောင်စီတပ်ကြိုးပမ်းနေ

    “စစ်ကောင်စီက ရွှေပြည်အေးကိုပြန်ရဖို့စစ်ကြောင်းထိုးနေတာက ဇန်နဝါရီလတည်းက ဟုတ်တယ် ဒါပေမယ့် သူတို့ပြန်ဆုတ်သွားပြီးမှ  ခုမြင်သာရွာမှာတပ်ဆွဲနေတယ် ဟိုနေ့က အင်အား ၆၀ ကျော်ထပ်ဖြည့်ထားတယ်။ လောလောဆယ် မြင်သာမှာ ၂၀၀ နီးပါးရှိနေတယ် သူတို့ကလောလောဆယ် ရွာတွေဘက်ထိတော့ရောက်ရောက်လာတယ် ရွှေပြည်အေးထိတော့မရောက်လာသေးဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

    Read More »
  • 21 February

    စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများ

    “ကျနော်တို့ဘက်ကကျတာက ၉ ယောက် AA ထဲက တစ်ယောက်ပါတယ် ခုလက်ရှိလည်း စိစစ်နေတုန်း KPDF ထဲက အများဆုံးပဲဒဏ်ရာရတာလည်း ၄၀ ယောက်ကျော်တယ် ကျဆုံးသွားတဲ့ ၉ယောက်ထဲက ၆ ယောက်ကတော့ကျွန်တော်တို့ မီးရှို့သဂြိုလ်ခဲ့ပြီ”လို့အထက်ပါ တာဝန်ရှိသူ ကပြောပါတယ်။

    Read More »
  • 19 February

    ဆင်ဘိုမှာ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

    မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ ၁၄၁ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ နီးစပ်ရာကျေးရွာတွေနဲ့တောတောင်တွေမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဆင်ဘိုမြို့တပ်စခန်းကို KIA,KPDF  ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီလ ၁၀…

    Read More »
  • 19 February

    စီခမ်းကြီး ဗျူဟာမြောက် အထိုင်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

    နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိတဲ့ ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး (Jehkam) စစ်ကောင်စီ ဗျူဟာမြောက်အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊  ရက္ခိုင့်တပ်တော် AA နဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက ဒီကနေ့မနက် ၁၀…

    Read More »
  • 17 February

    စီခမ်းကြီးတပ်စခန်းကို KIA ထိုးစစ်ဆင်တိုက် ခိုက်‌နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

    ကချင်ပြည်နယ် မံစီမြိုနယ် စီခမ်းကြီးကျေးရွာမှာရှိတဲ့ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဒေသကာကွယ်ရေးတပ် KPDF တို့ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲဆက်နွှဲနေတာ‌ကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၅…

    Read More »
  • 14 February

    ရွှေပြည်အေးကို ကာကွယ်ရေးတပ်တွေ ဒုတိယအကြိမ် ပြန်လည်ထိန်းချုပ်ထားနိုင်

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒုတိယအကြိမ်ပြန်လည်ထိန်းချုပ်နိုင်ပြီလို့သိရပါတယ်။ စစ်ကောင်စီတပ် ၊ SNA တပ်တွေ နဲ့ ပျူစောထီး ပူးပေါင်းတွေပါဝင်တဲ့ အင်အား ၁၀၀ ခန့်က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရွှေပြည်အေးမြို့ထဲက…

    Read More »
Back to top button