,
အိမ်ထောင်စု တစ်ရာကျော် မှီတင်းနေထိုင်သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ဇီးအွန် (ဇီးလွန်) စစ်ရှောင်စခန်းတွင် အစားအသောက်အတွက် အကူအညီလိုအပ်နေကြောင်း စခန်းတာဝန်ခံများမှ သိရသည်။ ''ကျွန်တော်တို့ဆီမှာ အခုလောလောဆယ်တော့ အစားအသောက်ပဲခက်ခဲနေတယ်။ အစားအသောက်ကအရင်ကဆိုရင် လူကယ်ပြန်ကလာပေးတယ် ဆန်တွေဘာတွေလာပေးတယ်။ အခုတစ်လ နှစ်လတော့ လာပေးတာမရှိတော့ဘူး။ နေ့စားသွားပြီးမှ ဝယ်စားနေရတာ။ အလုပ်ကလည်း နေ့တိုင်းမရှိတော့ ခက်ခဲနေတာ''ဟု ၎င်းကပြောသည်။ ဇီးအွန် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၃၆ စု၊ လူဦးရေ ၆၉၇
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာ ကဘူဒမ်း စစ်ရှောင်စခန်းမှ စစ်ရှောင်မိသားစုဝင်အချို့၏ တောင်ယာစပါးခင်း ဧက (၁၀) ကျော် ယခုနှစ် မိုးခေါင်မှုကြောင့် စပါးမဖြစ်ထွန်းပဲ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။ စိုက်ပျိုးထားသည့် တောင်ယာစပါးခင်းအတွက် အချိန် ၊ ငွေကြေး ၊ လုပ်အားစိုက်ထုတ်မှု အားလုံးအရှုံးပေါ်ခဲ့သဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရတယ်လို့ ကဘူဒမ်းစစ်ရှောင်စခန်း တာဝန်ခံက ပြောသည်။ “သူတို့စားဝတ်နေရေးအတွက် ဟင်းသီးဟင်းရွက်တွေ စိုက်ရအောင်ဆိုပြီးလုပ်ထားခဲ့တာ။ စိုက်ထားတဲ့အရာက ဒီနှစ်ရဲ့ ရာသီဥတုအားပေးမှုကလည်း
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အလော့ဘွမ်အနီး ပြီးခဲ့သော ဧပြီလအတွင်း မြို့သစ်စလောင်းကုန်းတိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ရပ်နားခဲ့ရသောဒေသခံများသည် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် အခက်ကြုံနေရသည်ဟု သိရသည်။ (more…)
ကချင်စစ်ရှောင်များနေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူများကို နိုဝင်ဘာလ ၁ ရက်နေ့က နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အပါဝင် ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူ ၁၀ ဦးခန့်နှင့် စစ်ကောင်စီဘက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့က ၃နာရီခန့်အကြာ တွေ့ဆုံဆွေးနွေးရာတွင် စစ်ရှောင်များနေရပ်ပြန်ရေးကို အဓိက ဆွေးနွေးမှုပြုလုပ်ခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် KBC တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာလဂန်ဇေခေါင် မှ KNG
ကချင်ပြည်နယ် အင်ဂျန့်ယန်မြို့နယ်ရှိ ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေရသဖြင့် ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။ “အင်ဂျန်ယန် စစ်ရှောင်ပြည်သူတွေက လက်ရှိသူတို့မှာ အစားအသောက်အရမ်းခက်ခဲနေတယ်။ ဘာကြောင့်ဆိုရင် အဲ့ဒီကို သွားဖို့ ဂိတ်တွေကြောင့်နဲ့ လမ်းခရီးက ကြမ်းတမ်းတော့ ရောက်နိုင်ဖို့ တော်တော်ခက်ခဲတယ်။ ပစ္စည်းတွေပို့ဖို့ဆိုလည်း ဆာလာအိတ်တစ်အိတ်ကို သိန်းချီ ကုန်တာကြောင့် ပို့ပေးနိုင်ဖို့ ခက်ခဲတယ်။ နေဖို့ထိုင်ဖို့လည်း ခက်ခဲနေတယ်။ သူတို့ဟာသူတို့ တဲဆောက်ပြီး နေနေရတာကြောင့်၊ ဖျားပြီဆိုရင်လည်း ဘယ်မှသွားပြစရာနေရာမရှိဘူး။ ဖုန်းလိုင်းလည်း
ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ယခုလအတွင်း Covid-19 အတည်ပြုလူနာ ပိုမိုတွေ့ရှိလာသဖြင့် Lockdown ချထားရသောကြောင့် အစားအသောက်အခက်အခဲ ကြုံတွေ့နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ မြစ်ကြီးနားမြို့ Jaw Masat (မော်တောင်း) စစ်ရှောင်စခန်းတွင် အောက်တိုဘာလဆန်းမှ ယနေ့ထိ ပိုးတွေ့လူနာ ၁၇၀ ကျော်ရှိပြီဖြစ်ကြောင်း ဂျော်မဆပ်စခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “တို့ စစ်ရှောင်စခန်းမှာ ဇူလိုင်လကနေ သူများတွေအရမ်းဖြစ်နေရင်တောင် ကျမတို့မှာ ပိုးတွေ့လူနာတစ်ယောက်မှမရှိဘူး။ ဒါပေမဲ့ စက်တင်ဘာလကုန်ပိုင်းမှ စပြီး ပြန်စစ်ဆေးတာ
မုံးကိုး မြို့ စစ်ဗျူဟာကုန်းအနီး ယနေ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူအများအပြား ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ အများအပြား တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ “၆ ယောက်ထိတယ်။ နှစ်ဖက်လုံး လက်နက်ကြီး သုံးတယ်။ စစ်ကောင်စီ ဘက်က ပိုသုံးတယ်။ ရွာကလူတွေ မထွက်ပြေးနိုင်လို့ တော်တော် ဒုက္ခ ရောက်ရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ပေါ်သို့ ထွက်ပြေးလာသော စစ်ရှောင်စခန်းများအတွက် တမံတလင်းပေါ်အိပ်ရန် အထပ်သားများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင် ကူညီ ပေးနေသူတစ်ဦးထံမှ သိရသည်။ (more…)
မုံးကိုးမြို့နယ် နော့ဂူအုပ်စု၊ နော့ဂူဒေသခံများမှာ စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်နေမှုကြောင့် ကျေးရွာတွင် ဆက်လက်နေထိုင်ရန် မလုံခြုံတော့သဖြင့် နေရာအသစ်တွင် စစ်ရှောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ (more…)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲရှိ စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့် နီးစပ်ရာကျေးရွာများမှ မုံးကိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော စစ်ဘေးဒုက္ခသည် ၇၀၀ ကျော်ရှိလာပြီဟု သိရသည်။ မုံးကိုးမြို့အနီး ကျေးရွာပေါင်း ၉ ရွာမှ အိမ်ခြေ ၁၅၀ ကျော်ဖြစ်ပြီး ထိုအထဲ အမျိုးသား ၃၄၀၊ အမျိုးသမီး ၃၆၁ ဦး၊ စုစုပေါင်း ၇၀၄ ဦး ရှိကြောင်း လက်ရှိ စစ်ရှောင်များကို