မြေယာနှင့် သဘာဝပတ်ဝန်းကျင်

  • May- 2026 -
    17 May

    ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် မချမ်းဘော့မြို့ခံတွေ စည်ပင်ရေ ဝယ်သုံးသူ များလာ

    ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက မချမ်းဘော့မြို့မှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် မြို့ခံတွေ သောက်သုံးရေ ခက်ခဲလာပြီး စည်ပင်ရေ ဝယ်သုံးရတဲ့သူတွေ ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။

    Read More »
  • 15 May

    နမ့်ခမ်းမှာ မြေရှားစမ်းသပ်ရှာဖွေနေမှုကို ဒေသခံတွေ ကန့်ကွက်စာ တင်ထား

    ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို မြေရှားသတ္တုတူးဖော်ဖို့ ကိုးကန့်တပ်ဖွဲ့က စမ်းသပ်တူးဖော်ရေးတွေ လိုက်လံလုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။ နမ့်ခမ်းမြို့ကနေ ကား၊ဆိုင်ကယ်နဲ့ တစ်နာရီဝန်းကျင်အကွာအဝေးမှာရှိတဲ့ ၀လိုင်းကျေးရွာ ဆင်လီဘွမ်တစ်ကြောကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဒေသခံတွေကို အသိမပေး ညှိနှိုင်းခြင်းမရှိပဲ ရွာခံတွေမသိအောင် မြေရှားသတ္တုတူးဖော်ဖို့ စမ်းသပ်ဝင်ရောက်နေခဲ့တာလို့ ၀လိုင်းကျေးရွာဒေသခံတွေက ပြောပါတယ်။ “သူတို့က ရွာသားတွေကို ဘာမှအသိပေး ညှိနိုင်းတာမရှိပဲ လိုက်စမ်းသပ်တူးဖော်နေတာဖြစ်တယ်။ အခု သူတို့လိုက်စမ်းတူးပြီး မြေရှားထွက်နှုန်းရှိရင်တော့ တူးဖို့စီမံကိန်းရှိတဲ့အနေအထားဖြစ်တယ်။ ရွာက လူကြီးတွေက ကိုးကန့်ကို မတူးပေးဖို့ မစမ်းသပ်ဖို့ သွားပြောတော့ သူတို့က စစ်သားတွေအဖွဲ့လိုက်နဲ့ အင်အားနဲ့ပြန်လာပြီး ဆက်တူးနေကြတာ။ ဒါကြောင့် ဒေသခံတွေ ကန့်ကွက်စာ ထပ်ထည့်ထားတယ်။” လို့ နမ့်ခမ်းမြို့နယ် ၀လိုင်းကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ကျော်ကစပြီး ဆင်လီဘွမ်တစ်ကြောကို မြေရှားတူးဖို့ ကိုးကန့်တပ်ဖွဲ့တွေ ရွာခံတွေကို အသိမပေးပဲ စတင် ဝင်ရောက် စမ်းသပ် တူးဖော်လာတာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ကိုးကန့်တပ်ဖွဲ့တွေ မြေရှားစမ်းသပ်တူးဖော်နေကြတာကို ဧပြီလ ၂၉ ရက်နေ့မှာ ရွာခံတွေ သွားရောက်တွေ့ရှိခဲ့ပြီးနောက် လုပ်ငန်းကို ရပ်တန့်ပေးဖို့ ကျေးရွာတာဝန်ရှိသူတွေက သွားရောက်တောင်းဆိုခဲ့ပေမယ့်  ကိုးကန့်ဘက်က လုံခြုံရေးအပြည့်နဲ့ ဆက်လက်တူးဖော် နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ထပ်မံပြီး ဒေသခံတွေက  ကိုးကန့်တပ်ဖွဲ့ဆီ ကန့်ကွက်စာတင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ နမ့်ခမ်းမြို့နယ်ရှိဒေသခံပြည်သူတွေဟာ စိုက်ပျိုးရေးကိုသာ အဓိက မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတာကြောင့် အခုလို မြေရှားသတ္တုဆိုဒ်တွေ ဝင်ရောက်လာပါက ရေ၊ မြေ၊ တောတောင်တွေ အဆိပ်သင့် ပျက်စီးပြီး ဒေသခံတွေ လုပ်စားရာမြေနေရာ ပျက်စီးလာမှာကို စိုးရိမ်တာကြောင့် အဓိက ကန့်ကွက်နေကြတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ “ဒီဒေသတွေက လုပ်ကိုင်စားသောက်ရာနေရာတွေ သိပ်မရှိဘူးလေ။ တောတောင်တွေ အဲလောက်သိပ်မရှိတာကို သူတို့က မြေရှားသတ္တုတူးလိုက်မယ် ဆိုရင် သောက်သုံးရေတွေ ပျက်စီးသွားမယ်၊ စားကျက်မြေတွေ ဆုံးရှုံးလာမယ်။ ဒါကြောင့် ကန့်ကွက်တာဖြစ်တယ်။” လို့ ၀လိုင်းရွာခံ အမျိုးသားက ဆက်ပြောပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ဟာ တအာင်း PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ကို လက်နက်အင်အားနဲ့ အတင်းအဓမ္မ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ မြေရှားသတ္တုတူးဖော်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိ မန်တုံဘက်မှာလည်း ကိုးကန့် MNDAA ၊ TNLA နဲ့ UWSA လက်နက်ကိုင်တွေဟာ ၀ကုမ္မဏီ  ၊ တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ  မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းဆိုက်တွေ ဖွင့်ကာ လုပ်ငန်းလုပ်ဆောင်နေပြီလို့ ဆက်လက်သိရပါတယ်။ လက်ရှိ ကိုးကန့် MNDAA ဟာ မန်တုံ – နမ့်ခမ်းတစ်ကြော စမ်းသပ်တူးဖော်ရေးတွေ လုပ်ဆောင်ပြီးသလောက်ရှိနေပြီဖြစ်ပြီး ဟိုနမ့်ရွာ – ၀လိုင်းရွာ ဆင်လီဘွမ်တစ်ကြောဆီ ရောက်ရှိလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ “သူတို့က မြေရှားလိုက်စမ်းတူးပြီး ရှိတယ်ဆိုရင်တော့ ပြည်သူတွေ သဘောမတူဘူးဆိုလည်း အတင်းအဓမ္မတူးဖို့ လုပ်နေတဲ့အနေအထားဖြစ်တယ်။ ပြည်သူတွေကို ဘာမှမကြောင်းမကြား၊ ညှိနှိုင်းတာလည်းမရှိ သွားပြောလည်း စစ်သားတွေ လုံခြုံရေးအင်အားထပ်ဖြည့်ပြီး စမ်းတူးနေတာဖြစ်တယ်။ ဒေသခံတွေက မရရအောင် ကန့်ကွက်သွားမှာ ဖြစ်တယ်။”  လို့ ၀လိုင်းကျေးရွာ ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။    အဲဒီ နမ့်ခမ်း – ဆင်လီဘွမ် တစ်ကြောနေရာမှာ အရင်ကလည်း တအာင်းတပ်ဖွဲ့ TNLA က မြေရှားသတ္တုတူးဖော်ဖို့ လုပ်ငန်းဆိုက် အဆောင်တွေ ဆောက်လုပ်ပြီးခဲ့ပြီဖြစ်ပေမယ့် ဒေသခံတွေ သဘောမတူ ကန့်ကွက်ခဲ့ကြတာကြောင့် လုပ်ငန်းပြန်ရုတ်သိမ်းလိုက်တဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထပ်မံပြီး မြေရှားတူးဖော်ဖို့ လုပ်ဆောင်နေခြင်းဖြစ်ကာ TNLA ထိန်းချုပ်နယ်မြေတွေမှာ အတင်းလိုက်လံတူးဖော်နေတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံက ပြောဆိုနေပါတယ်။ နမ့်ခမ်းမြို့နယ်ဟာ လက်ရှိ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး ကချင် နဲ့ ထိစပ်နေတဲ့…

    Read More »
  • 1 May

    အလန်ဂါးရွာအဝင် ထီခချောင်းပျောက်ကွယ်လုနီးပါးအထိ ရွှေတူးဖော်နေ

    ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က ထီခချောင်းမှာရွှေအလွန်အကျွံတူးဖော်မှုကြောင့် ချောင်းပျောက်ကွယ်လုနီးပါးအထိဖြစ်နေပြီလို့ ဒေသခံတွေပြောပါတယ်။

    Read More »
  • Apr- 2026 -
    30 April

    မြစ်ဆုံစီမံကိန်းကို ချက်ချင်းရပ်တန့်ဖို့တောင်းဆို ဒေသခံတွေတောင်းဆို

    မြစ်ဆုံရေကာတာစီမံကိန်းကိုအပြီးတိုင်ရပ်တန့်ပေးဖို့ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသခံ ၈၀ ကျော်ဟာ ဧပြီလ ၂၉ ရက်နေ့ မနေ့က ဧရာဝတီမြစ် ကမ်းတစ်နေရာမှာ စုပေါင်းပြီး ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

    Read More »
  • 20 April

    ပူတာအိုဒေသရဲ့ အထင်ကရ မူလာချောင်းမှာရွှေတူးဖော်တာကို တားမြစ်ပေးဖို့ဒေသခံတွေတောင်းဆို

    ကချင်ပြည်နယ် ပူတာအိုဒေသရဲ့ အထင်ကရချောင်းတစ်ခုဖြစ်တဲ့ မူလာချောင်းထဲမှာ ရွှေအလွန်အကျွံတူးဖော်နေတာတွေကိုတားမြစ်ပေးကြဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။

    Read More »
  • 17 April

    မေခမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှု ပိုများလာ

    ကချင်ပြည်နယ် ချီဖွေ – ဆော့လော်လမ်း မေခမြစ်ကြောင်းတစ်လျှောက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုတွေ ယခင်ထက် အဆမတန် များလာပြားလာတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “မေခမြစ်ကို ဟိုရွှေ့ ဒီရွှေ့နဲ့ အားလုံးလုပ် လိုက်ပြီ။ အဲဒါတွေကြည့်ပြီး တော်တော်စိတ်မကောင်းဘူး။ အရင်တုန်းကထက် ပိုဆိုးရွားစွာ ဗြောင်းဆန်အောင် လုပ်ပလိုက်ပြီ” လို့ ချီဖွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ချီဖွေမြို့နယ်ကို…

    Read More »
  • Mar- 2026 -
    27 March

    စစ်ပွဲနောက်ကွယ်မှာ ပျောက်ကွယ်သွားတဲ့ ပယင်းဈေးကွက်

    ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်ထဲမှာ ဆယ်စုနှစ်တစ်ခုအကြာအထိ ရောင်းဝယ်ရေးအားကောင်းခဲ့တဲ့ ပယင်းစျေးကွက်ဟာ လက်ရှိမှာဝယ်ယူသူမရှိသလောက်နည်းပါးသွားတဲ့အပြင် စျေးကွက်ပါ ပျောက်လုနီးပါးဖြစ်လာတယ်လို့ သိရပါတယ်။

    Read More »
  • 23 March

    ဥရုချောင်းမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုတွေကြောင့် ရေကြောင်းလမ်းပျက်စီးလာ

    ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု မရှိသလောက်ဖြစ်ခဲ့ပေမယ့် လက်ရှိမှာ စက်ယန္တရားအများအပြားနဲ့ ဥရုချောင်းရေလမ်းကြောင်း ပိတ်ဆို့နေတဲ့အထိ ပေါ်ပေါ်တင်တင် ရွှေတူးဖော်နေကြတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။

    Read More »
  • 23 March

    အင်းတော်ကြီးဒေသမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်သောက်သုံးရေခက်ခဲတဲ့အထိဖြစ်လာ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင် နဲ့ မမုံကိုင်ကျေးရွာတွေမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်ဒေသခံတွေသောက်သုံးရေ ခက်ခဲတဲ့အထိ ဖြစ်လာနေတယ်လို့ သိရပါတယ်။ အင်းတော်ကြီးသေထဲမှာ တရားမဝင် ရွှေတူးဖော်မှုတွေဟာ စစ်အာဏာသိမ်းနောက်ပိုင်းကစပြီး တနေ့တခြား ပိုမိုဆိုးရွားလာရာကနေ ၂၀၂၄–၂၀၂၅ ခုနှစ်တွေမှာ ကျေးရွာဧရိယာအထိ ရွှေတူးဖော်မှု…

    Read More »
  • 15 March

    မြေရှား လုပ်သားများ၏ လုပ်ခလစာ ခေါင်းပုံဖြတ်ခံနေရမှုကို ဖြေရှင်းပေးရန် တောင်းဆို

    မိုင်ဂျာယန် နဲ့ အင်ခေါင်းပါကျေးရွာကြားရှိ မြေရှားသတ္တုလုပ်ကွက်ထဲက အလုပ်သမားတွေ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှု နှင့် လစာပုံမှန် မရရှိမှု စသည့်အခြေနေတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။ တရုတ်နယ်စပ် မိုင်ဂျာယန် နဲ့ အင်ခေါင်းပါကြားက မြေရှားသတ္တုလုပ်ကွက်တွေမှာ မြေရှားလုပ်သားတွေဟာ တစ်လကို တရုတ် ယွမ်ငွေ ၂,၆၀၀ ကနေ…

    Read More »
Back to top button