သတင်း

  • Oct- 2024 -
    29 October

    လုံးခင်းရွာ ဘေလီသံတံတားပျက်ဆီးနေပြီး အမြန်ဆုံးပြုပြင်ပေးဖို့လိုအပ်နေ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ ဘေလီသံဘောင်တံတားပျက်ဆီးနေတဲ့အတွက် လမ်းသွားလမ်းလာဒေသခံတွေနဲ့ တံတားအသုံးပြုနေတဲ့ ကျောင်းသူ၊သားတွေအတွက် အန္တာရယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီတံတားဟာ လုံးခင်းကျေးရွာ အထက်တန်းကျောင်းမှာတက်နေတဲ့ ကျောင်းသား၊သူတွေအတွက် အရေးကြီးဆုံးတံတားဖြစ်ပြီး ကြမ်းခင်းအပြား ၃ ပေလောက်လန်ထွက်နေတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့နဲ့နှစ်စဥ်ထိန်းသိမ်းပေးဖို့ ဒေသခံတစ်ဦး ခုလိုပြောပါ တယ်။…

    Read More »
  • 29 October

    နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ အရပ်သားတွေကိုဖမ်းဆီးပြီး ငွေနဲ့ရွေးခိုင်းနေ

    ရှမ်းပြည်နယ်မြောက်ပိုင်း KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့တွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ မြို့ထဲအရပ်သားတွေကိုဖမ်းဆီးပြီး ငွေကြေးနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာမြို့အတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ သက်ဆိုင်ရာအုပ်ချူပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှုမရှိပဲ ပြည်သူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ငွေကြေးသိန်းဆယ်ချီနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။ …

    Read More »
  • 28 October

    ရွှေကူမှာ ရွှေဖောင်အစီးရေ ၁၀၀ ဝန်းကျင်နဲ့ ရွှေပြန်လည်တူးဖော်နေ

    ကချင်ပြည််နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင်ရွှေတူးဖော်မှု အလွန်အကျွံလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်  ရွှေကူမြို့အနီးဝန်းကျင်မှာရွှေဖောင်ကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေလုပ်နေတယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • 28 October

    ဖမ်းဆီးခံရတဲ့ သတင်းသမား ၂ ဦးပြန်လည်လွတ်မြောက်

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးခံထားရတဲ့ ဖားကန့်မြို့ နယ်ခံသတင်းထောက် ၂ ဦး ပြန်လည်လွှတ်မြောက်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ  ၂၉ ရက်နေ့၊ ၃၀ ရက် ဖားကန့်နယ်ခံသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုတာလင်းမောင်နဲ့ ကိုနှောင်ရိုးကို KIA ဘက်က ဖမ်းဆီးသွားပြီးနောက် အောက်တိုဘာလ ၂၈ ရက်နေ့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။…

    Read More »
  • 28 October

    သိန္နီမြို့ KBC နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်

    ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်  KBC ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဖြစ်စဉ်ကတော့ အောက်တိုဘာ၂၇ ရက်နေ့ ည၉နာရီ ၄၅ မိနစ် စစ်ကောင်စီဘက်ကနေပြီးတော့ ဘုရားကျောင်းအပေါ်တည့်တည့် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။…

    Read More »
  • 28 October

    KIA သိမ်းပိုက်ထားတဲ့ ပန်ဝါဒေသမှာ နေအိမ်ဖောက်ထွင်းခံရတာတွေရှိနေ

    ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို KIA သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ဒေသခံတွေရဲ့နေအိမ်တစ်ချို့ကို ဖောက်ထွင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။…

    Read More »
  • 28 October

    ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ အောက်တိုဘာလ ၂၇ ရက်နေ့ မနေ့ည  ၆ နာရီဝန်းကျင်အချိန် ဝိုင်းမော်ရပ်ကွက် ၁ က နန့်မြင့်ခချောင်းတံတားပေါ်မှာ အမျိုးသားနှစ်ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့တဲ့အတွက် တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တစ်ဦးထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့တယ်လို့ မွန်မြတ်စေတနာအသင်းရဲ့တာဝန်ရှိသူတစ်ဦးက ခုလိုဆိုပါတယ်။…

    Read More »
  • 28 October

    လုံရှာယန်နဲ့ဆွမ်ပီယန်ကြား စစ်တပ်က အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားနေ

    ပူတာအိုမြို့နယ် လုံရှာယန်နဲ့ ဆွမ်ပီယန်ကြားမှာ စစ်ကောင်စီအင်အားဖြည့်စစ်ရေးလှုပ်ရှားနေပြီး လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ၂၀၂၃ ခုနှစ် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လုံရှာယန်၊ဆွမ်ပီယာန် ဒေသခံတွေ ၂၀၂၄ နှစ်ဆန်းပိုင်း ပြည်သူတစ်ချို့နေရပ်ပြနလာပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ လယ်ယာ၊တောင်ယာ လာရောက်လုပ်ကိုင်ရင်း နေထိုင်နေကြတာဖြစ်ပါတယ်။ …

    Read More »
  • 25 October

    နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်နိုင်‌ သေးတဲ့အတွက် ဒေသခံများ သွားလာရေး ခက်ခဲ

    စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ…

    Read More »
  • 24 October

    တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမှာ စက်သုံးဆီနဲ့ အခြေခံစားသေက်ကုန်ဈေးနှုန်းမြင့်တက်

    မြန်မာ–တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကချင်ပြည်နယ် ကံပိုက်တည်နဲ့လွယ်ဂျယ်ဂိတ်တွေပိတ်လိုက်ပြီးနောက်  မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် ဈေးနှုန်းပြန်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ မြန်မာ–တရုတ်နယ်စပ်မှာရှိတဲ့ ကချင်အထူးဒေသ (၁) ဌာနချုပ် ပန်ဝါမြို့ကို KIA၊KPDF ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီးနောက် ကံပိုက်တည်၊ လွယ်ဂျယ် ၊ ပန်ဝါနယ်စပ်ဂိတ်တွေကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်ပါတယ်။…

    Read More »
Back to top button