ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ အောက်တိုဘာလ ၂၇ ရက်နေ့ မနေ့ည ၆ နာရီဝန်းကျင်အချိန် ဝိုင်းမော်ရပ်ကွက် ၁ က နန့်မြင့်ခချောင်းတံတားပေါ်မှာ အမျိုးသားနှစ်ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့တဲ့အတွက် တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တစ်ဦးထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့တယ်လို့ မွန်မြတ်စေတနာအသင်းရဲ့တာဝန်ရှိသူတစ်ဦးက ခုလိုဆိုပါတယ်။
“ဒဏ်ရာကတော့ ခေါင်းမှာရတာဗျ ခေါင်းမှာဆိုတော့ ခေါင်းပိုင်းဆိုင်ရာထိခိုက်သွားတယ်ထင်တယ် နှခေါင်းနဲ့ပါးစပ်ကသွေးတွေထွက်ပြီးအဲနေရာမှာဘဲ သေသွားတာ”လို့ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ အမျိုးသားနှစ်ဦးလုံးဟာ အသက် ၆၀ ဝန်းကျင်အရွယ်တွေဖြစ်ကြပြီး သေဆုံးသွားသူကတော့ လီဆူအမျိုးသားဖြစ်သလို ဝိုင်းမော်ရပ်ကွက် ၅ စစ်ရှောင်စခန်းမှာနေထိုင်တယ်လို့သိရပါတယ်။
“ယာဉ်တိုက်မှုကတော့ အမြဲဖြစ်နေတာပါဘဲ ဆိုးတာနဲ့မဆိုးတာဘဲရှိတာ သုံးသပ်ရရင်တော့ မူးပြီးမောင်းတဲ့လူနဲ့ မဆင်မခြင်မောင်းတဲ့လူတွေရှိလို့ ယာဉ်တိုက်မှုတွေဖြစ်နေတာပေါ့”လို့ဆိုပါတယ်။
ဝိုင်းမော်မြို့မှာ ယာဉ်တိုက်မှုတွေကြောင့် လတိုင်းလိုလို သေဆုံးသူတွေ၊ ခြေလက်ကျိုးပဲ့သူတွေ အမြဲရှိနေပေမယ့်လည်း စည်းကမ်းမဲ့ ယာဉ်မောင်းနှင်သူတွေတော့ များနေဆဲဘဲ ဖြစ်ပါတယ်။
ဒါအပြင် ယာဉ်တိုက်မှုတွေကတော့ ပျမ်းမျှအားဖြင့် တစ်လကို အနည်းဆုံးဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားနေတာဖြစ်တယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူကပြောပါတယ်။
By – Hope