သတင်း
-
Apr- 2024 -6 April
ဝူယန်ပြည်သူ့စစ်စခန်းက ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ရွာထဲကျရောက်ပေါက်ကွဲ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်…
Read More » -
5 April
မိုးမိတ်မှာ သတ်ဖြတ်ပြီးစွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့
ရှမ်းမြောက်နဲ့ ကချင်အစပ်…
Read More » -
5 April
လမ်းခရီးကြောင့် တရုတ်ဘက်ပို့လို့မရတော့တဲ့ ဖရဲသီးနဲ့ငှက်ပျောသ်ီးများ ပြည်သူတွေကိုဝေပေးနေ
စစ်ရေးတင်းမာနေတဲ့ ဗန်းမော်– လွယ်ဂျယ်သွားသွားလမ်းမကြီးပိတ်ထားလို့ တရုတ်ပြည်ဘက်သွင်းမယ့် ငှက်ပျောသီးနဲ့ ဖရဲသီးတွေကို ကားသမားတွေဟာ မြို့မှာရှိတဲ့ပြည်သူတွေကို လိုက်ဝေပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။…
Read More » -
5 April
နန်းခွင်ဆေးရုံသစ်မှာ SNA တပ်နေရာယူတပ်စွဲထား
မိုးကောင်းမြို့နယ် နန်းခွင်ရွာမှာရှိတဲ့ ဆေးရုံထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ တပ်စွဲနေရာယူထားပြီး ဆေးရုံရှေ့မှာ အခွန်ခကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီနေ့မနက် ၅ နာရီဝန်းကျင်ကစပြီး မိုးကောင်းမြို့နယ်ထဲမှာ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ SNA တပ်တွေဟာ ဆေးရုံအဆောက်အဦးထဲ ဝင်ရောက်တပ်စွဲနေပြီး ဆေးရုံရှေ့လမ်းမမှာတော့ လမ်းသွားလမ်းလာသူပြည်သူတွေကို စစ်ဆေးပြီး အခွန်ကောက်ခံနေတယ်လို့ နန်းခွင်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။…
Read More » -
5 April
ဗန်းမော် နမ့်ဖားဂိတ်မှာ စစ်ဆေးရေးတင်းကြပ်လို့ ရွာပေါင်း ၂၀ ကျော်ကပြည်သူတွေစားသောက်ကုန်သယ်ယူဖို့ခက်ခဲနေ
စစ်ကောင်စီတပ်စွဲထားတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့က နမ့်ဖားဂိတ်မှာ စစ်ဆေးရေးတင်းကြပ်နေပြီး ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေ စားသောက်ကုန်တွေနဲ့ စက်သုံးဆီသယ်ယူခွင့် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဆေးရေးတင်းကျပ်တာဟာ ဒီနှစ် ၁လပိုင်းလောက်ကနေ စခဲ့တာ ဖြစ်ပေမဲ့ လက်ရှိမှာတော့ ပိုမိုတင်းကျပ်လာတဲ့အနေအထားမှာ ရှိနေတယ်လို့ ဗန်းမော်မြို့နယ် ကျွဲချိုကျေးရွာက ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။…
Read More » -
5 April
ကျောက်စခန်းရွာမှာ ပိတ်မိနေတဲ့ ပြည်သူများလွတ်မြောက်လာ
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကျောက်စခန်းရွာနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်တပ်တို့အကြားတိုက်ပွဲမှာ ပိတ်မိနေတဲ့ပြည်သူတွေ ဒီနေ့မနက်မှာလွတ်မြောက်လာပြီဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ ဧပြီလ ၄ ရက်နေ့ မနေ့ကစပြီး ကျောက်စခန်းရွာနားမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က မိုးမောက်ဘက်ကနေလက်နက်ကြီးပစ်ကူနေတဲ့အပြင် လေကြောင်းနဲ့ပါပစ်ခတ်ခဲ့အတွက် သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်များ ဒေသခံပြည်သူတွေဟာ တစ်ရက်လုံးရွာထဲမှာပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်။…
Read More » -
5 April
ကျွန်းကုန်းရွာမှာပိတ်မိနေတဲ့ SNA နဲ့စစ်သားတွေကို ကယ်ထုတ်ဖို့ စစ်တပ်ဘက်က ၅ ရက်တွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ရှိ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာထဲမှာပိတ်မိနေတဲ့ SNA စစ်သားတွေနဲ့ စစ်ကောင်စီစစ်သားတွေကို ကယ်ထုတ်ဖို့အတွက် စစ်တပ်ဘက်က ကျွန်းကုန်းအနီးဝန်းကျင်တွေကို ၅ ရက်ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။ ဧပြီလ ၁ ရက်နေ့ ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတွေပိတ်စို့တိုက်ခိုက်မှုကြောင့် လက်ရှိကျွန်းကုန်းကျေးရွာထဲမှာရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၇၅၃ တပ်နဲ့ တောင်တွတ်ဘက်ကဆင်းလာတဲ့စစ်ကောင်စီစစ်သားတွေနဲ့ ပျူစောထီးတွေစုစုပေါင်း အင်အား ၂၀၀ ကျော်ပိတ်မိနေတာဖြစ်ပြီး ဒီအဖွဲ့တွေကိုကယ်ထုတ်ဖို့ စစ်တပ်က ကျွန်းကုန်းနဲ့ မနောသာကျေးရွာတွေကို ၅ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေတယ်လို့ ဟုမ္မလင်းPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
5 April
မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားရာနဲ့ချီပြီးပိတ်မိနေ
မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ…
Read More » -
5 April
ဟန်ထက်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ
နှစ်ရက်အကြာ တိုက်ပွဲပြင်းထန်နေတဲ့…
Read More » -
4 April
လွယ်ဂျယ်မြို့ အစိုးရရုံးအားလုံး KIA ချိတ်ပိတ်
“စစ်သားတွေက ရှိနေပေမယ့် KIA တပ်တွေက သူတို့လက်လှမ်းမှီသလောက် အစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီ။ ကျန်တာတော့ ဘယ်လိုဆက်လုပ်နေကြလဲမသိဘူး”လို့ လွယ်ဂျယ်ဒေသခံအမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။
Read More »









