သတင်း

လမ်းခရီးကြောင့် တရုတ်ဘက်ပို့လို့မရတော့တဲ့ ဖရဲသီးနဲ့ငှက်ပျောသ်ီးများ ပြည်သူတွေကိုဝေပေးနေ

စစ်ရေးတင်းမာနေတဲ့ ဗန်းမော်– လွယ်ဂျယ်သွားသွားလမ်းမကြီးပိတ်ထားလို့ တရုတ်ပြည်ဘက်သွင်းမယ့် ငှက်ပျောသီးနဲ့ ဖရဲသီးတွေကို ကားသမားတွေဟာ မြို့မှာရှိတဲ့ပြည်သူတွေကို လိုက်ဝေပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ  ရက်နေ့ ဒီနေ့မှာတော့ ၁၂ ဘီးကားအပြည့်တင်ထားတဲ့ ဖရဲသီးတင်ထားတဲ့ကားနဲ့ ငှက်ပျောသီးတင်ထားတဲ့ကားတွေဟာ တရုတ်ပြည်ဘက်ကိုပို့ဖို့အဆင်မပြေတော့တဲ့အတွက် လူများတဲ့ဗန်းမော်မြို့ထဲက ရပ်ကွက်၊ ကျေးရွာတွေမှာရပ်ပြီး လိုက်ဝေပေးနေတယ်လို့ ဗန်းမော်မြို့ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ငှက်ပျော၊ ဖရဲကားတွေက လူများလောက်တဲ့နေရာတွေမှာရပ်ပြီး ဝေပေးနေကြတယ် တက်ယူတဲ့သူတွေကယူနဲ့ ကြိုက်သလောက် ယူနေကြတယ်။ တစ်ချို့က သုံးဘီးတွေနဲ့ တောင်လာယူကြတယ်၊ ဆိုင်ကယ်တွေနဲ့ရောဘဲ တင်ယူနေကြတယ်လို့ပြောပါတယ်။

ဒီအသီးတွေဟာ ဗန်းမော်မြို့နယ် မန်တောင်၊ စီကော်၊ နောင်းဖောင်၊ နောင်လိုက်၊ မအူပင်၊ မန်ရွတ်၊ အောက်ခြောက်လမ်း၊ ငအိုဘက်လမ်းတွေစတဲ့ ငှက်ပျောခြံ၊ ဖရဲခြံတွေတင်လာတာဖြစ်ပြီး လမ်းခရီးအခက်ခဲကြောင့် တရုတ်ပြည်မပို့နိုင်တော့တာကြောင့် ခုလိုရပ်ကွက်၊ကျေးရွာတွေမှာ လိုက်ဝေပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ငှက်ပျောကား၊ ဖရဲကားတွေအနေနဲ့ အခုလို ရပ်ကွက်တွေမှာဘဲ လိုက်ဝေတာမျိုးအပြင် စစ်ဘေးရှောင်တွေဆီလည်း သွားရောက်လှူဒါန်းပေးစေချင်တယ်လို့လည်း ဗန်းမော်မြို့ဒေသခံတစ်ယောက်က ဆိုပါတယ်။

ဗန်းမော်လွယ်ဂျယ်လမ်းပိတ်သွားပြီးနောက် လက်ရှိမှာ တရုတ်ပြည်ဘက်ကိုသွားနိုင်မယ့် တရားမဝင် မှောင်ခိုလမ်းတွေရှိပေမဲ့ အဲ့ဒီလမ်းကြောင်းတွေမှာ လေယာဉ်နဲ့ ပစ်ခတ်တာမျိုးတွေရှိတဲ့အတွက် အန္တာရယ်များတယ်လို့ ကားသမားတစ်ယောက်က ကိုပြောပါတယ်။

ကျွန်တော်တို့ကတော့ လမ်းမပိတ်ခင်ကတည်းက အန္တရာယ်များလို့ မသွားဖြစ်တော့တာ  သွားတဲ့သူတွေကျတော့လည်း ဒီလမ်းပိတ်သွားပေမဲ့ တင်ပြီးသားဖြစ်တဲ့အတွက် ရောက်အောင်သာသွားလိုက်တယ် အဆင်မပြေတာတွေ အများကြီးဖြစ်တယ်။ လမ်းကြောင်းမှာ လေယာဉ်ပစ်တာတို့ ရှိတယ် တရားဝင်လမ်းမဟုတ်တဲ့အတွက်ကြောင့်လေလို့ပြောပါတယ်။

အထက်ပါ တရားမဝင်လမ်းကြောင်းအတိုင်းသွားလို့ရပေမယ့် တစ်ဖက်မှာတရုတ်ဘက်ကခွင့်မပြုလျှင် အဆင်မပြေမှုတွေရှိလာနိုင်တာကြောင့် ကားသမားတွေအနေနဲ့ ကားဆက်မသွားတော့ဘဲ အခုလိုလိုက်ဝေးပေးနေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဗန်းမော်လွယ်ဂျယ် လမ်းတစ်လျှောက် ဂိတ်စုစုပေါင်း  ဂိတ်လောက်ရှိတယ်လို့  သိရပြီး ဂိတ်စခန်းတစ်ချို့ကု KIA ဘက်က တိုက်ခိုက်သိမ်းပိုက်ထားတာတွေရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကစပြီး ဗန်းမော်– လွယ်ဂျယ်သွားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်စခန်းတွေကို KIA တပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး တိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေတဲ့အတွက် လုံးဝသွားလို့မရတော့တဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button