စစ်ရေးသတင်း

လွယ်ဂျယ်မြို့ အစိုးရရုံးအားလုံး KIA ချိတ်ပိတ်

တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက် အစိုးရရုံးတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဧပြီလ  ရက်နေ့ ဒီနေ့မှာ ချိတ်ပိတ်လိုက်ပြီလို့ သိရပါတယ်။

KIA တပ်ဖွဲ့ဟာ လွယ်ဂျယ်မြို့တွင်းရှိတဲ့ စျေး၊ ဆေးရုံးနေရာနဲ့ အုပ်ချုပ်ရုံးနေရာမှာ အစိုးရအလံတွေလိုက်ဖြုတ်သိမ်းတာအပြင်ယခုနေရာအား သိမ်းပိုက်စိုးမိုးထားပြီဆိုတဲ့ သတိပေးစာတွေ လိုက်လံကပ်ထားတာမြင်တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကနေ လွယ်ဂျယ်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေ ဝိုင်းရံပိတ်ဆို့ထားပြီး မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ငြိမ်းချမ်းစွာတပ်ဆုတ်ထွက်ခွာသွားဖို့ သတိပေးပြောခဲ့ရာ ဧပြီလ  ရက်နေ့ ရဲတပ်ဖွဲ့တွေက ရဲစခန်းကို စွန့်ခွာပြီး စစ်ကောင်စီတပ်သားတွေနဲ့ သွားရောက်ပူးပေါင်းနေတာကြောင့်  ရဲစခန်းကို ဝင်ရောက်ရှင်းလင်းသိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဧပြီလ  ရက်နေ့ ဒီကနေ့ထိ လွယ်ဂျယ်မြို့တွင်း တပ်စခန်း  နေရာမှာ စစ်သားတွေရှိနေတဲ့အပြင် မြို့တွင်းနေရာတစ်ချို့မှာလည်း စစ်သားတွေပုန်းအောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

စစ်သားတွေက ရှိနေပေမယ့် KIA တပ်တွေက သူတို့လက်လှမ်းမှီသလောက် အစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီ။  ကျန်တာတော့ ဘယ်လိုဆက်လုပ်နေကြလဲမသိဘူးလို့ လွယ်ဂျယ်ဒေသခံအမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။

KIA တပ်တွေက လွယ်ဂျယ်မြို့ကို ချိတ်ပိတ်လာတာနဲ့ ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီစစ်သားတွေက စစ်တပ်စခန်းထဲမှာရှိနေကြတယ်။ မြို့မရဲတွေကလည်း စစ်သားတွေနဲ့ သွားပေါင်းလိုက်ပြီ။ ရဲစခန်းတွေကိုလည်း စွန့်ခွာသွားကြတယ်။ အရပ်ဖက်ဝန်ထမ်းတွေလည်း သူတို့ဖာသာ ထွက်သွားကြတယ်။ ဒါပေမယ့် လွယ်ဂျယ်မြို့ကို KIO/KIA ရဲ့ အုပ်ချုပ်မှုယန္တရားက မလုပ်သေးဘူးလို့ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက လွယ်ဂျယ်မြို့ထဲမှာ ကျန်ရှိနေတဲ့ တပ်စခန်းတွေထဲမှာ ရှိနေကြပြီး တစ်ချို့ကအရပ်ဝတ်များနဲ့ မြို့တွင်းထဲက တည်းခိုခန်းနဲ့ ဟိုတယ်တွေမှာရှိနေကြတယ်လို့ သိရပါတယ်။

KIA တပ်ဘက်ကလည်း လက်နက်သံမထွက်ဘဲ လွယ်ဂျယ်မြို့ထဲကို ဝင်ရောက်နေရာယူထားကြတာဖြစ်ပေမယ့် ရာနှုန်းပြည့် ထိန်းချုပ်ဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

လွယ်ဂျယ်မြို့ထဲမှာ လက်နက်သံတွေ မထွက်ပေးဖို့ တရုတ်အစိုးရကနေ ဖိအားပေးပြောဆိုထားတာတွေရှိနေတာကြောင့် KIA ဘက်က သေနတ်မထွက်ဘဲ လွယ်ဂျယ်မြို့ကို အပြီးသတ် ထိန်ချုပ်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button