စစ်ရေးသတင်း

ကျောက်စခန်းရွာမှာ ပိတ်မိနေတဲ့ ပြည်သူများလွတ်မြောက်လာ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကျောက်စခန်းရွာနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်တပ်တို့အကြားတိုက်ပွဲမှာ ပိတ်မိနေတဲ့ပြည်သူတွေ ဒီနေ့မနက်မှာလွတ်မြောက်လာပြီဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

ဧပြီလ  ရက်နေ့ မနေ့ကစပြီး ကျောက်စခန်းရွာနားမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က မိုးမောက်ဘက်ကနေလက်နက်ကြီးပစ်ကူနေတဲ့အပြင် လေကြောင်းနဲ့ပါပစ်ခတ်ခဲ့အတွက် သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်များ ဒေသခံပြည်သူတွေဟာ တစ်ရက်လုံးရွာထဲမှာပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဧပြီလ  ရက်နေ့ ဒီမနက်မှာတော့ မိုးလင်းတာနဲ့တစ်ပြိုင်နက် ကျောက်စခန်းရွာခဝမ်ဘန်)မှာ ရှိတဲ့ပြည်သူတွေအားလုံး မိုးမောက်၊ နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေအိမ်ကိုတိမ်းရှောင်နိုင်ခဲ့ကြတယ်လို့ ကျောက်စခန်းရွာကဒေသခံ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

အခုလိုဖြစ်ရပ်မျိုးတစ်ခေါက်မှမကြံဖူးဘူး ဒီမနက်ထွက်လို့ရတဲ့ အချိန်တစ်ခါတည်းထွက်လာခဲ့တော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဘဲ မှတ်ပုံတင်တောင်မယူနိုင်ခဲ့ဘူး ခုတော့ ဆွေမျိုးအိမ်မှာသူတို့ကျွေးတာစားပြီးနေနေတာပေါ့လို့ပြောပါတယ်။

ရွာသားတွေထွက်ခွာသွားပြီးနောက် ဒီမနက်  ခွဲဝန်းကျင်လောက်မှာတော့ စစ်ကောင်စီဘက်ကလေယာဉ်နဲ့ ပြန်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထွက်ပြေးတိမ်းရှောင်ဖို့ပြင်ဆင်နေတဲ့ ပြည်သူ  ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတစ်ဦးကခုလိုပြောပြပါတယ်။

သုံးယောက်တော့ ထိတယ် မှိုင်းထိလား သေနတ်ထိလားတော့မသိဘူး ကလေးတစ်ယောက်က လက်မှာ မှိုင်းစထိတယ် နောက်နှစ်ယောက်ကတော့‌ ခြေထောက်မှာထိတယ်လို့ဆိုပါတယ်။

ကျောက်စခန်းရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာအပြင် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာထဲကနေအိမ်တော်တော်များများလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးမောက်မြို့နဲ့  မိုင်လောက်အကွာမှာရှိတဲ့ ကျောက်စခန်းရွာဆုတောင်းကုန်းပေါ်မှာတပ်ချထားတဲ့ တပ်စခန်းကို KIA တပ်တွေက မတ်လ  ရက်နေ့  နာရီလောက်မှာ ထိုးစစ်ဆင်ပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရွာနီးမှာတော့တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျောက်စခန်းရွာဟာ အိမ်ခြေ ၁၆၀ရှိတဲ့ ရွာလေးတစ်ရွာဖြစ်ပြီး လူဦးရေအားဖြင့် ၇၀၀ ဝန်းကျင်ရှိတာဖြစ်တယ်လို့ ကျောက်စခန်းရွာ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button