ကချင်ပြည်နယ်
-
Oct- 2024 -7 Octoberသတင်း
ဝိုင်းမော်နဲ့ ရွှေညောင်ပင်လမ်းမကြီး စစ်တပ်က အကန့်သတ်နဲ့သာသွားလာခွင့်ပြုနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ကနေ ရွှေညောင်ကျေးရွာ သွားတဲ့ကားလမ်းကြီးကို စစ်ကောင်စီတပ်က ပိတ်ထားပြီး အကန့်သတ်နဲ့သွားလာခွင့်ပြုနေတယ်လို့ ဝိုင်းမော်နယ်ခံတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့နယ် နေရာတစ်ချို့မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာနေတဲ့အတွက် ဝိုင်းမော်မြို့တွင်း ပြည်သူ့ဆေးရုံရှေ့နဲ့ မြို့အကျော် မုဒ်ဝလွှဲလမ်းဆုံမှာအဓိကပိတ်ထားတယ်လို့ ဝိုင်းမော်မြို့နေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ပြည်သူ့ဆေးရုံထိတော့သွားလို့ရတယ်လေး ဆေးရုံကိုကျော်ပြီးတော့ဟိုဘက်တော့သွားမရဘူးကြာပိတ်လမ်းပိတ်ထားတာ ဟိုဘက်ကလည်းလာလို့မရ ဒီမြို့ထဲကလည်းဟိုဘက်ကိုသွားလို့မရအခက်တွေ့နေကြတယ် မပိတ်ထားသင့်ဘူး”လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ မတ်လ ၇ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့ရှေ့တန်းစခန်းတွေဖြစ်တဲ့ ရွှေညောင်ပင်တပ်စခန်းအပါအဝင် မြို့အနီးဝန်းကျင်ရှေ့တန်းစခန်းအားလုံးနီးပါး လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်ဟာ ဝိုင်းမော်ပြည်သူ့ဆေးရုံနဲ့ ရဲစခန်းအကျော် မြို့အထွက်နေရာ၊ ခတ်ချို၊မုတ်လွှဲလမ်းဆုံနေရာတွေမှာ ပေပါပုံး၊သံဆူးတွေနဲ့ပိတ်ထားပြီး အကန့်သတ်နဲ့သာသွားခွင့်ပြုနေတယ်လို့ ကားသမားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ပုံမှန်သွားခွင့်တော့ မရှိဘူး အချိန်ပိုင်းခနတစ်ဖြုတ်ဖွင့်ပေးတယ် နေ့လည်လောက်ဆို ခနတစ်ဖြုတ်ဖွင့်တယ် ဝိုင်းမော်ကနေ မုတ်လွှဲလမ်းခွဲမှာ အထိုင်ချထားတယ်။ အဲမှာဆို မှတ်ပုံတင်စစ်သလားမမေးနဲ့ မှတ်ပုံတင်မပါတဲ့သူဆို ရွာဘက်တွေဝင်လို့မရဘူး။ ပြီးတော့ မိန်းမတွေဆိုအဲလောက် မစစ်ဘူးစစ်ကောင်စီဘက်က ခုလိုလမ်းပိတ်ထားပြီး အကန့်သတ်နဲ့သာသွားလာခွင့်ပြုနေတဲ့အပြင် ရွှေညောင်ပင်၊ စန်းကား၊ခတ်ချို၊ နောင်ဟီး၊အောင်မြေ ၁ စတဲ့ကျေးရွာနေပြည်သူတွေဟာ မိမိရပ်ရွာကို ခနတစ်ဖြုတ်ပြန်သူတွေကိုလည်း မှတ်ပုံတင်ပါမှ ဝင်ခွင့်ပြုတယ်လို့”သူကဆက်ပြောပါတယ်။ ခုလို ဒေသခံတွေအဓိကသွားလာနေတဲ့ လမ်းမကြီးတွေကို ပိတ်ထားတဲ့အတွက် သွားရေးလာရေးအခက်ကြုံနေကြရသလို စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်ဧရာဝတီမြစ်ကူးတံတားမှာလည်းပုံမှန်ထက် အစစ်အဆေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်းတွေအားလုံးကို KIA၊KPDF ပူးပေါင်းတပ်တွေက ဇွန်၊ဇူလိုင်လတုန်းက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ နဲ့ ဝူယန်ပြည်သူ့စစ်ဂိတ်သာကျန်ရှိတော့တာကြောင့် မြို့ဝင်မြို့ထွက်ကို တင်းကြပ်နေတာ ဖြစ်ပါတယ်။ လတ်တလော စစ်တပ်ကပိတ်ထားတဲ့ လမ်းမကြီးဟာ ဝိုင်းမော်– လိုင်ဇာ– ဗန်းမော်သွားလမ်းမကြီးဖြစ်ပြီး ရွှေညောင်ပင်ကျေးရွာဟာ မြို့အစွန်မှာရှိတဲ့ရွာဖြစ်ပြီး ကျေးရွာနေပြည်သူတွေအများပိုင်းက မတ်လ ၇ ရက်နေ့နောက်ပိုင်း တစ်ခြားနေရာတွေမှာ တိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
7 Octoberသတင်း
ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ သန်ခေါင်စာရင်းစာတင်ကောက်ယူနေ
ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ စစ်ကောင်စီတပ်က အောက်တိုဘာလဆန်းပိုင်းကစပြီး သန်ခေါင်စာင်းကောက်ယူနေပြီလို့ သိရပါတယ်။ တစ်နိုင်ငံလုံး စစ်ရေးပြင်းထန်နေချိန် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်းတိကျဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနား၊ တနိုင်း၊ပူတာအိုစတဲ့မြို့တွေမှာ စတင်ကောက်ယူနေပြီလို့ သိရပါတယ်။ “ခု မြစ်ကြီးနား တစ်ချို့ရပ်ကွက်တွေတော့ကောက်နေပြီဗျ ရမ်ပူတို့ သီတာတို့မှာစပြီ။ တပ်ကုန်းမှာလည်းလာမယ်လို့တော့အကြောင်းကြားထားပြီအိမ်တွေမှာလာတော့မကောက်သေးဘူး”လို့ ရမ်ပူဒေသခံတစ်ဦး ပြောပါတယ်။ ပူတာအိုမြို့ပေါ်ရပ်ကွက်တွေမှာတော့ အောက်တိုဘာ ၂ ရက်နေ့ကနေစပြီး စတင်ကောက်ယူနေပြီလို့ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ “ပူတာအိုမှာလည်းစပြီမနေ့ကနေစကောက်နေတယ် တစ်အိမ်ဝင်တစ်အိမ်ထွက် ညမှာတော့မဟုတ်ဘူးနေ့ခင်းမှာကောက်နေတာ ဘယ်မှမသွားရဘူးတစ်အိမ်တစ်ယောက်စောင့်ရမယ်ဆိုလို့တစ်နေကုန်သူတို့ကိုစောင့်နေရတာ”လို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ စစ်ကောင်စီကအခုလိုသန်ခေါင်စာရင်းကောက်ယူရာမှာတော့ အိမ်ထောင်စုစာရင်းမှာပါဝင်တဲ့လူတစ်ဦးချင်းစီရဲ့အသက်၊ပညာအရေအချင်း၊ ကျန်းမာရေးအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိမရှိ၊ အိမ်အသုံးအဆာင်ပစ္စည်းစတဲ့အချက်အလက်တွေပါတဲ့ မေးခွန်း ၆၀ ကျော်ပါတဲ့စာတမ်းနဲ့ကောက်ယူတာအပြင် Digital စနစ်နဲ့ကောက်ယူနေတာလို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “ဘာတွေမေးမှန်းမသိဘူး ကျောင်းဘယ်နှစ်တန်းအထိတက်ခဲ့လဲ၊ အကြားအာရုံကောင်းလားအမြင်အာရုံကောင်းလား အဲ့တာကအစမေးတယ် အိမ်မှာအမျိုးသားဘယ်နှစ်ယောက်ရှိလဲ မေးတယ်။ ပြီးရင်သူတို့မေးတဲ့အချက်တွေကိုဖုန်းထဲမှာဖြည့်ပြီးတခါတည်းသိမ်းသွားတယ် သူတို့က ဆော့ဝဲထဲသိမ်းတာ။ ဖုန်းဆော့ဝဲထဲအချက်အလက်အကုန်သိမ်းသွားတယ်”လို့ အသက် ၄၀ ကျော်အရွယ်မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင်စစ်ကောင်စီက အိမ်ထောင်စုထဲကနေ ပြည်ပထွက်ခွာသူရှိပါက ပြည်ပမှာနေထိုင်နေသူရဲ့အချက်လက်အသေးစိတ်အချက်အလက်တွေကိုလည်းကောက်ယူသွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက လက်ရှိကောက်ယူနေတဲ့ သန်ခေါင်စာရင်းတွေကို စစ်ကောင်စီပြင်ဆင်နေတဲ့ လာမယ့်ရွေးကောက်ပွဲအတွက်အသုံးချဖို့ဖြစ်သလို ၎င်းတို့ပြဌာန်းထားတဲ့စစ်မှုထမ်း ဥပဒေအတွက် အသုံးချဖို့လည်းဖြစ်နိုင်တယ်လို့ ပြည်သူတွေက သုံးသပ်နေကြပါတယ်။ By – Zaw Zaw
Read More » -
Aug- 2024 -23 Augustဆောင်းပါး
ကချင်ပြည်နယ်က ဖျက်ဆီးခံရတဲ့ သဘာဝရဲ့တုံ့ပြန်မှု
ကချင်ပြည်နယ်မှာ နှစ်ပေါင်း ၂၀ အကြာ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဧရာဝတီမြစ်ရေကြောင့် လမ်းတံတားပျက်စီးမှု၊ မြေပြိုမှုနဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ပြည်သူတွေ အများအပြားရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်း မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ အနောက်တောင်မုတ်သုံလေကြောင့် ကချင်ပြည်နယ် အထက်ပိုင်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မေခ၊ မလိခမြစ်ရေကြီးလာရာကနေ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့…
Read More » -
Nov- 2023 -17 Novemberသတင်း
ကချင် – စစ်ကိုင်း ပြည်ထောင်စုလမ်းမကြီး ၂ ဖက် စစ်တပ် သွားလာခွင့်ပိတ်ဆို့ထား
ကချင်ပြည်နယ်ကနေ စစ်ကိုင်းဘက်ကိုဆင်းတဲ့ ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် စစ်တပ်ဂိတ်နေရာနဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့စလုံးက နိုဝင်ဘာလ ၁၆ ရက်နေ့စပြီး သွားလာခွင့်ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက ပင်ဝယ်၊ နဘား၊ မော်လူးတစ်လျှောက် ဖြတ်သန်းသွားလာခွင့်ပိတ်ဆို့ထားလိုက်ပြီးနောက် ညနေပိုင်း စစ်ကောင်စီတပ်ဘက်ကနေ…
Read More » -
16 Novemberသတင်း
စစ်မီးဝိုင်းနေတဲ့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်တစ်ခုလုံး အင်တာနက်ဖြတ်တောက်ထား
ကချင်– စစ်ကိုင်းအစပ်မှာ စစ်ရေးအရှိန်မြင့်လာတဲ့အပြင် မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်က အခိုင်အမာတပ်စခန်းတစ်ခုပြီးတစ်ခု လက်လွတ်လာနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်တစ်နယ်လုံးကို ဖုန်းအင်တာနက်ဖြတ်တောက်ထားတာ ခုဆိုရင် တစ်ပတ်ရှိလာပြီ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်အကြာ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ကနေ စတင်ခဲ့တဲ့…
Read More » -
Jul- 2023 -24 Julyသတင်းဆောင်းပါး
မူးယစ်ဆေးသမားတွေကို တပ်သတင်းပေးအဖြစ် အသုံးနေချတဲ့စစ်တပ်
ကချင်- စစ်ကိုင်းအစပ်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အလွတ်လပ်ဆုံးသူတွေကိုညွှန်းပါဆိုရင် မူးယစ်ဆေးဝါးရောင်းချတဲ့သူတွေနဲ့သုံးစွဲတဲ့သူတွေလို့ပဲ ညွန်းချင်ပါတယ်။ “ ဖိုးသမားတွေကိုခေါ် ခေါ်ပြီးတော့မှ ဆေးဖိုးဘာဖိုးတွေပေး သူတို့လိုချင်တဲ့သတင်းတွေကိုယူခိုင်းလုပ်နေတာ”လို့ စစ်ကိုင်းတိုင်း အင်းတော်နယ် အောင်းကုန်းရွာက လအသက် ၄၆ နှစ်ဦးအောင်(အမည်လွဲ)က ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ နှင့် တပ်မ ၈၈ တပ်တွေဟာ အင်းတော်နယ်မှာရှိတဲ့ နန့်သာရွာနဲ့ မော်တိတ်ရွာအနီးပတ်ဝန်းကျင်ရွာတွေမှာ ပြီးခဲ့တဲ့ မတ်လကတည်းကနေ တပ်စွဲနေထိုင်နေပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို တပ်သတင်းပေးအနေနဲ့ သိသိသာသာအသုံးပြုလာနေတာဖြစ်တယ်လို့…
Read More » -
Feb- 2023 -28 Februaryရွေးကောက်ပွဲဆိုင်ရာ
စစ်တပ်က ကျင်းပဖို့ကြံစည်နေတဲ့ ရွေးကောက်ပွဲအပေါ် ကချင်ပြည်နယ်အတွင်းက လူငယ်တွေရဲ့အမြင်
မဲမသမာမှုရှိတယ်ဆိုပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပရန် ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကကျင်းပမယ့် ဒီရွေးကောက်ပွဲက ကချင်ပြည်နယ်မှာကော တကယ်ဖြစ်နိုင်မလား ဘယ်လောက်အတိုင်းအတာထိကျင်းပနိုင်မလဲအစရှိတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ခြေအလားအလာတွေကို ကချင်ပြည်နယ်မြို့နယ်အချို့က လူငယ်တွေရဲ့အမြင်ကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ မိုးညှင်းဒေသခံလူငယ်တစ်ဦး “ရွှေးကောက်ပွဲလုပ်တာက သူတို့လုပ်ခဲ့တဲ့…
Read More » -
25 Februaryသတင်း
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU ပထမအကြိမ် ဘွဲ့နှင်းသဘင် လိုင်ဇာမြို့တွင် ပြုလုပ်
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် (KSCU) ပထမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန် KIO ဗဟိုဌာနချူပ် လိုင်ဇာမြို့ Sinpraw Majoi ခန်းမတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် NUG အစိုးရ၏ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် ဒု–ဝန်ကြီး ဆရာမ ဂျာထွယ်ပန် တို့မှ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် တက္ကသိုလ်၏ အဓိပတိ ဒု–တိယဗိုလ်ချူပ်ကြီး…
Read More » -
Jan- 2023 -31 Januaryသတင်း
အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ တစ်နိုင်ငံလုံး တိတ်ဆိတ် ငြိမ်သက်ခြင်းသပိတ် (အသံတိတ် အာဏာဖီဆန်ရေး လှုပ်ရှားမူ) ပြုလုပ်သွားမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးသပိတ်တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းမှု ၂…
Read More » -
Dec- 2022 -12 DecemberCovid-19 Reporting
နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် ချမှတ်ထားသည့် သတ်မှတ်ချက်များကို တရုတ်အစိုးရဖြေလျော့
ကချင်ပြည်နယ် မြန်မာ–တရုတ်နယ်စပ် ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တရုတ်အစိုးရဘက်က ချမှတ်ခဲ့သည့် ကိုဗစ် စည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်ဖြေလျော့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ပြီး တရုတ်အစိုးရဘက်က ယခုကဲ့သို့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ ဖြေလျော့လိုက်သည့်အတွက် ကုန်စည်တင်ပို့မှု…
Read More »