ကချင်ပြည်နယ်
-
သတင်း
တနိုင်း ပယင်းမှော်ဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့နေမှုကြောင့် လမ်းပျက်စီးနေ
ကချင်ပြည်နယ် တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာ အလွန်ရှိ ပယင်းမှော်နှင့် ရွှေမှော်များဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့မှုကြောင့် အများပြည်သူသွားလာသောလမ်းများ ဆိုးရွားစွာ ပျက်စီးလာနေကြောင်း ဒေသခံများပြောသည်။ လုပ်ငန်းရှင်များသည် လူသုံးကုန်၊ စားသုံးကုန်နှင့် စက်ပစ္စည်းများကို ယခုနှစ် မိုးရာသီအစပိုင်းကတည်းက ဆင်များအသုံးပြုကာ တင်ပို့နေသောကြောင့် လက်ရှိတွင် တနိုင်း–မိုင်းခွန်–ပယင်းမှော်ဘက်သွားလမ်းများ ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အများပြည်သူ သွားလာရခက်ခဲနေကြောင်း…
Read More » -
သတင်း
ပူတာအိုမြို့နယ်တွင် ဘေချီဥရှာရင်းပြုတ်ကျသေဆုံးသူ ၇ဦးခန့်ရှိလာ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ရေခဲတောင်ပေါ်တွင် ပေါက်ရောက်တတ်သော ဘေချီဥရှာဖွေရင်း ပြုတ်ကျသေဆုံးသူ တစ်နှစ်အတွင်း ၇ ဦးခန့်ရှိလာပြီဟု သိရသည်။ စက်တင်ဘာလ ပြုတ်ကျသေဆုံးခဲ့သူများသည် ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာ၊ မလိခွမ်ကျေးရွာ၊ ခေါင်လန်ဖူးမြို့နယ် ဆန်ဒမ်းကျေးရွာများမှ ဒေသခံများဖြစ်ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်းပါဝင်သည်ဟု သိရသည်။ “ဆေးမြစ်ရှာရဖို့အတွက် အလုအယက်လုပ်နေကြတာပါ နှစ်စဥ်သေဆုံးသူကအတော်လေးများပါတယ်။ ဒီနှစ်ဘေဥချီဥထွက်ချိန်မှာပဲကျနော်တို့သိသလောက်…
Read More » -
သတင်း
ဖားကန့်တွင် ဖယောင်တိုင်မီးမှတဆင့် ၂ထပ်တိုက် ၄လုံး မီးလောင်ပျက်စီး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာတွင် ဖယောင်းတိုင်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ထပ်တိုက် ၄လုံးတဆက်တည်း မီးလောင်ပျက်စီးမှု ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဆိုင်းတောင် အမှတ် (၂)ရပ်ကွက် ကချင်စားသောက်ဆိုင်တစ်ခုဖြစ်သည့် ‘Num Ri…
Read More » -
သတင်း
နန်းမားတွင် လင်မယားနှစ်ဦးဖမ်းဆီးခံရပြီး အမျိုးသားဖြစ်သူကို သတ်ဖြတ်ထား
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှ လင်မယားနှစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီနောက် အမျိုးသားဖြစ်သူမှာ သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံများထံ မှသိရသည်။ စက်တင်ဘာလ ၂၆ ရက်နေ့ နန်းမားကျေးရွာ နန်းခမ်းရပ်ကွက်မှ ဦးတင်ဌေး ၊ ဒေါ်နေကြည်တို့ လင်မယားကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့တွင် အမျိုးသားဖြစ်သူ ဦးတင်ဌေးသတ်ဖြတ်ခံလိုက်ရကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ ”၂၆ ရက်နေ့ည ၇နာရီခွဲလောက်မှာ ဖမ်းခေါ်သွားတယ်တဲ့…
Read More » -
သတင်း
စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ
ကချင်ပြည်နယ် ရွှေကူနယ် ကျွန်းတော်ရွာမှ မိုးစစ်ကျေးရွာဘက်သို့ကူးလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ စက်လှေ ၄စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး စက်လှေ ၃စီးနစ်မြှုပ်သွားကာ စစ်ကောင်စီဘက် သေဆုံးသူ ၂၇ဦးအထက်ရှိနိုင်ကြောင်းသိရသည်။ စစ်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်တွင် စစ်အင်အား ၁၀၀…
Read More » -
Covid-19 Reporting
ကချင်တွင် ကိုဗစ်ပိုးတွေ့လူနာ နေ့စဥ်တိုးနေပြီး ယခုလအတွင်း လူပေါင်း ၁၀၀ နီးပါးတွင် ကိုဗစ်ပိုးတွေ့
ကချင်ပြည်နယ်တွင် နေ့စဥ် ကိုဗစ်-၁၉ ပိုးတွေ့လူနာတိုးနေပြီး စက်တင်ဘာ ၁ ရက်နေ့မှ ယနေ့ အထိ ကူးစက်လူနာအသစ် ၁၀၀ နီးပါး ရှိပြီဟု စစ်ကောင်စီလက်အောက် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ကိုဗစ်ပိုးတွေ့လူနာ နေ့စဥ်တိုးလာနေမှုနှင့် ပက်သက်၍ ကိုဗစ်-၁၉ အရေး ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းတစ်ခု တာဝန်ရှိသူက ယခုကဲ့သို့ သုံးသပ်ပြောဆိုထားသည်။ ”လူတွေက ကိုဗစ်ဆိုရင်သိပ်ပြီးမကြောက်တော့ဘူးဖြစ်နေတာ။ တွေ့နေရတာ လူဆယ်ယောက်မှာတစ်ယောက်လောက်ပဲ mask တပ်တော့တယ်ဆိုတော့…
Read More » -
သတင်း
မြစ်ကြီးနားတွင် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါ ရှော့ဖြစ်ပြီး သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲပြီး ရှော့ဖြစ်ကာ သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိရကြောင်း ရပ်ကွက်နေပြည်သူများထံမှသိရသည်။ ယနေ့နံနက် ၈နာရီဝန်းကျင် ခေမာသီရိရပ်ကွက် ခေမာစီဝံဘုန်းကြီးကျောင်းလမ်းကြားတွင် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦး KNG…
Read More » -
သတင်း
လုံးခင်းတွင် ရွှေဆိုင်တစ်ခု ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၅၀၀ ကျော်လုယူသွား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက် ၃ ရှိ ရွှေဆိုင်တစ်ခုတွင် စက်တင်ဘာလ ၁၅ရက်နေ့ ညနေပိုင်း ၄နာရီဝန်းကျင် ဓားပြတိုက်ခံရပြီး ငွေသားကျပ်သိန်း ၅၀၀ ကျော် လုယူသွားကြောင်း ဒေသခံများထံမှသိရသည်။ ဝေဖြိုးအောင် အမည်ရှိ ရွှေဆိုင်အတွင်းသို့…
Read More » -
သတင်း
အဆိပ်သင့် ဘိုင်အိုဒိုင်ဗာစတီ
ကချင်ပြည်နယ်အရှေ့ဘက် ပန်ဝါဒေသရဲ့ တောင်တွေမှာ မြေရှားသတ္တုတူးဖော်ရာတွင်အသုံးပြုသည့် သတ္ထုပျော်ရည် စုဆောင်းသည့် ကန်ပေါင်း ၂၇၀၀ ကျော်ကို ဂြိုလ်တုမှ ရှာဖွေ့တွေ့ရှိထားကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Global Witness ရဲ့ အဆိပ်သင့်တောင်တန်းများ ဆိုသည့်အစီရင်ခံစာ ထွက်ပေါ်လာသည်။ မြေရှားတူးဖော်မှုကို တရုတ်ကုမ္မဏီများနှင့် တရုတ်အစိုးရပါဝင်သည့်…
Read More » -
သတင်း
ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သော ပျောက်ကြားသပိတ် ဦးဆောင်ခဲ့သည့် ဦးချစ် အပါအဝင် PDF တပ်သား ၄ ဦးအား စစ်ကောင်စီတပ် ဖမ်းဆီးထားရာမှ ၂ဦးကို ထောင်တွင်း သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း နီးစပ်ရာ ပြည်သူတစ်ဦးထံမှသိရသည်။ ပြီးခဲ့သော ဧပြီလ…
Read More »