ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များကြား သုံးရက်ကြားတိုက်ပွဲ ပြင်းထန်နေကြောင်းသိရပြီး နတ်ချောင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ငါးကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ကလေးမြို့မှ အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သည် မေလ ၃၁ရက်နေ့မှ စတင်ကာ နတ်ချောင်းကျေးရွာတွင်းသို့ တပ်စွဲနေထိုင်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့သောကြောင့် သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး နတ်ချောင်းရွာကိုလည်းစစ် ကောင်စီတပ်က ၅ကြိမ်တိုင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ “နတ်ချောင်းဘက်မှာတော့ စစ်ကြောင်းတွေထိုးပြီးတော့ ထိတွေ့မှုတွေဖြစ်နေတယ်အခုလည်း
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းတွင် ကလေး ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာနေ ကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ ဧပြီလ ၂၇ ရက်နေ့စတင်ကာ ယနေ့ထိ တိုက်ပွဲ ဆက်တိုက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာနေကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ "ဒီရက်ပိုင်းအဓိက တိုက်ပွဲပြင်းထန်ခဲ့တာကတော့ ဧပြီလ ၂၇ ရက်နေ့လောက်ကပေါ့။ အဲ့နေ့တုန်းက အရှေ့စည်းကျေးရွာ ဝန်းကျင်မှာ တိုက်ပွဲတော်တော်လေးပြင်းထန်ခဲ့တယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ဘက်ရှိ နတ်ချောင်းကျေးရွာအနီး ဒီဇင်ဘာလ ၂၂ ရက်ညမှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ထားသည့် ဒေသခံပြည်သူများ၏အလောင်းများ ကောက်ရန်ခက်ခဲနေကြောင်း နီးစပ်သူများထံမှ သိရသည်။ (more…)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သံဖိုကျေးရွာမှ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားသည့် လူငယ်တစ်ဦးအား စစ်ကောင်စီတပ်မှ အိုးမြေထူးရွာကို မီးရိူ့မှုတွင် မောင် Lal Ro Mawi ကိုပါမီးရိူ့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံရင်းမြစ်မှ သိရသည်။ "ဖမ်းခံရတာက ၃ ရက်လောက်ရှိပြီလို့ သိရတယ် အိုးမြေထူးရွာရှို့တဲ့ထဲ တစ်ပါတည်း မီးရိူ့သတ်ခဲ့ကြမှန်း ဒီမနက်မှ သိကြတာ" ဟု ဒေသခံ တစ်ဦးကပြောသည်။ မီးရှို့သတ်ဖြတ်ခံရသူသည် အသက် ၂၄ နှစ်အရွယ် မောင်လားရိုမွာလ်ဆိုသူဖြစ်ပြီး ဒီဇင်ဘာလ ၄ရက်နေ့ မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ