ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF တို့ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသာ သတင်းအမှား
,
မူဆယ်နယ်စပ် ရွှေလီ ကျယ်ဂေါင်အုပ်ချုပ်ရေးဧရိယာတွင် တရုတ်အစိုးရအနေနဲ့ ပိုးသတ်ဆေးဖြန်းမှာဖြစ်တာကြောင့် အဆိုပါ ဧရိယာအတွင်း နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားများနဲ့ နိုင်ငံခြားသားများ အနေဖြင့် ထွက်ခွာသွားရမည်ဟု ကူမင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယနေ့ ထုတ်ပြန်ထားသည်။ “ရွှေလီ-ကျယ်ဂေါင်တွင်နေထိုင်သည့်ဒေသခံပြည်သူများနဲ့ မြန်မာနိုင်ငံသားများ၏ အသက်အန္တရယ်လုံခြုံအာမခံချက်ရရှိစေရန်အတွက် ရွှေလီမြို့အနေဖြင့် ကျယ်ဂေါင်အုပ်ချုပ်ရေးဧရိယာအတွင်း ပိုးသတ်သောလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း” ဟု ကူမင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယနေ့ (အောက်တိုဘာ ၂၉) တွင် ထုတ်ပြန်ထားသည်။ အဆိုပါနယ်မြေတွင် လက်ရှိ ဝန်ထမ်းများကလွဲပြီး မည်သူမှ ဝင်ခွင့်ပြုမှာမဟုတ်ကြောင်း ဆိုထားသည်။
တရုတ် မြန်မာ နယ်စပ် တရုတ်ဘက်ခြမ်း ကျယ်ဂေါင်မှာ အချိန်ကြာ ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားနဲ့ ပစ္စည်းတွေကို မကြာမီရက်ပိုင်းအတွင်း မြန်မာဘက်ကို တင်သွင်းခွင့်ပြုတော့မှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားကြရန် မူဆယ် - နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက အောက်တိုဘာ ၃ ရက်နေ့ အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။ “အဲဒါ ဘယ်ရက် ဖြစ်မလဲတော့ တိတိကျကျ မသိသေးဘူး။ အဆင်သင့်လုပ်ထားလို့ရအောင် ပြင်ဆင်သင့်တာ ပြင်ဆင်ထားလို့ရအောင်ဆိုပြီးတော့ စာထွက်ထားတာပါ။” လို့ မူဆယ် - နမ့်ခမ်း