သတင်း

ရွှေလီ ဂျယ်ဂေါင်မြို့တွင် ရောဂါပိုးသတ်မည့်လုပ်ငန်းကြောင့် ပြည်သူအားလုံးရွှေ့ပြောင်းရမည်ဟု ထုတ်ပြန်ထား

မူဆယ်နယ်စပ် ရွှေလီ ကျယ်ဂေါင်အုပ်ချုပ်ရေးဧရိယာတွင် တရုတ်အစိုးရအနေနဲ့  ပိုးသတ်ဆေးဖြန်းမှာဖြစ်တာကြောင့် အဆိုပါ ဧရိယာအတွင်း နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားများနဲ့ နိုင်ငံခြားသားများ အနေဖြင့် ထွက်ခွာသွားရမည်ဟု ကူမင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယနေ့ ထုတ်ပြန်ထားသည်။

“ရွှေလီ-ကျယ်ဂေါင်တွင်နေထိုင်သည့်ဒေသခံပြည်သူများနဲ့ မြန်မာနိုင်ငံသားများ၏ အသက်အန္တရယ်လုံခြုံအာမခံချက်ရရှိစေရန်အတွက် ရွှေလီမြို့အနေဖြင့် ကျယ်ဂေါင်အုပ်ချုပ်ရေးဧရိယာအတွင်း ပိုးသတ်သောလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း” ဟု ကူမင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယနေ့ (အောက်တိုဘာ ၂၉) တွင် ထုတ်ပြန်ထားသည်။

အဆိုပါနယ်မြေတွင် လက်ရှိ ဝန်ထမ်းများကလွဲပြီး မည်သူမှ ဝင်ခွင့်ပြုမှာမဟုတ်ကြောင်း ဆိုထားသည်။

ကပ်ရောဂါထိန်းချုပ်နိုင်မှု အခြေအနေပေါ်မူတည်ပြီး ကျယ်ဂေါင်မြို့မှာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားများရဲ့ ပစ္စည်းတွေကို ပြန်ယူရန် စီစဉ်ပေးမှာဖြစ်ပြီး အရေးတကြီး ပစ္စည်းတွေကို ပြန်လည်ယူဆောင်လိုပါက ဒေသခံဝန်ထမ်းတွေရဲ့ ဦးဆောင်မှုနဲ့ ယူဆောင်ပြီးနောက် နေ့ချင်း တရုတ်နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာဖို့ ပါရှိသည်။

ကျယ်ဂေါင်မြို့ကနေ ရွှေလီမြို့ကို ပြောင်းရွှေ့ခံရတဲ့ မြန်မာနိုင်ငံသားများ၏ အခက်အခဲကို ကူမင်း မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသို့ အသနားခံစာ တင်ခဲ့ပြီးနောက် ယူနန်ပြည်နယ် တရုတ်ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးသို့ မေတ္တာရပ်ခံစာ ပို့ခဲ့ရာ ၎င်းကဲ့သို့ ပြန်လည် အကြောင်းပြန်လာတာဖြစ်ကြောင်း ပါရှိသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့်လည်း လက်ရှိသတင်းစကားကို နီးစပ်ရာ မြန်မာနိုင်ငံသားများ အချင်းချင်း လက်ဆင့်ကမ်း ဖြန့်ဝေပေးဖို့ မေတ္တာရပ်ခံထားသည်။

Show More

Related Articles

Back to top button