ကွတ်ခိုင်
-
Mar- 2026 -19 Marchသတင်း
တအောင်းနဲ့ကိုးကန့်တွေ့ဆုံမှု ၂ ရက်ကြာမြင်လာတဲ့အထိ အဖြေမသိရသေး
တအာင်း(TNLA) တပ်နဲ့ ကိုးကန့်တပ် MNDAA တို့ တွေ့ဆုံဆွေးနွေးမှု နှစ်ရက်ကြာမြင့်လာတဲ့အထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်ကို MNDAA ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မှုအပြီး လောက်ကိုင်မြို့မှာ MNDAA နဲ့ TNLA တို့ တွေ့ဆုံဆွေးနွေးမှုလုပ်နေပေမဲ့ မတ်လ ၁၉ ရက်နေ့ ဒီမနက်ပိုင်းအထိ အဖြေမသိရသေးဘူးလို့ PSLF/TNLA က ပြောဆိုပါတယ်။ “လောလောဆယ်ကတော့ သွားရောက်ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေလည်း ပြန်မရောက်သေးဘူး။ ဆွေးနွေးပွဲရလဒ်ကလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး”လို့PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးကပြောပါတယ်။ မတ်လ ၁၇ ရက်နေ့ကစပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့် MNDAA တပ်တို့အကြား လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။ ကိုးကန့် MNDAA နဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ကြား လောက်ကိုင်မှာ တွေ့ဆုံဆွေးနွေးနေတဲ့နေ့ကစပြီး နှစ်ဖက်တပ်ကြား မြေပြင်မှာ အပစ်ရပ်ထားတာကာ ကိုးကန့်ဖမ်းဆီးထားတဲ့ TNLA တပ်သား တုံ့ပန်းတချို့ကိုလည်း ပြန်လွှတ်ပေးတာတွေရှိတယ်လို့ ဆက်လက်သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မနက်ကစပြီး ကိုးကန့် MNDAA က စစ်အင်အားအလုံးအရင်းနဲ့ ၎င်းရဲ့ မဟာမိတ်အဖွဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို သိမ်းပိုက်ထိန်းချူပ်လိုက်တာဖြစ်ပါတယ်။ ကွတ်ခိုင်ကိုထိန်းချူပ်ထားတဲ့ တအာင်း(ပလောင်) TNLA ကို ကိုးကန့်တပ် MNDAA ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ မိတ်ဆက်ပြဿနာလို့သာTNLA က ရှုမြင်ပြီး ဆွေးနွေးမှုတွေနဲ့ အဖြေရှာကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ကာ လက်ရှိထိ နှစ်ဖက်တပ်ဟာ မဟာမိတ်အဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ “ကျမတို့က ဒီကိစ္စကို အဓိက ကိုင်တွယ်ပြီးဆွေးနွေးနေပါတယ်။ လောလောဆယ်ကတော့ အပစ်ရပ်နိုင်တဲ့ အနေအထားတော့ရှိပါတယ်။ လူထုတွေအနေနဲ့ ဝန်ထုတ်ဝန်ပိုး မဖြစ်ရလေအောင် တစ်ဖက်မှာလည်း တိုက်ပွဲတွေ ဆက်လက်မကြီးပွားဖို့ ကျမတို့အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ လောလောဆယ်ကတော့ ကျမတို့ဟာ ဒီပြဿနာကို မိတ်ဖက်ပြဿနာလို့ပဲ ရှုမြင်ပြီး မိတ်ဖက်တွေ့ဆုံဆွေးနွေးရေးကိုပဲ အဓိက ဆောင်ရွက်နေဆဲဖြစ်တာကြောင့် လောလောဆယ်ကတော့ မဟာမိတ်အနေနဲ့ ဆက်ရှိနေဆဲဖြစ်ပါတယ်။”လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ဆက်ပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်သံတွေတော့ ငြိမ်သက်နေပြီဖြစ်ပေမဲ့ မြေပြင်မှာ တအာင်း(ပလောင်) TNLA တပ်ဖွဲ့တွေကို ကိုးကန့်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ၊ အရပ်ဝတ်ထားတဲ့ ပလောင်စစ်သားတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ကိုးကန့်တပ်ဟာ TNLA ကို ဒရုန်းစစ်ဆင်ရေးနဲ့ အဓိက တိုက်ခိုက် ဗုံးကြဲခဲ့တာကြောင့် ကိုးကန့်တပ် MNDAA ဒရုန်းလက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ခန့်မှန်းဦးရေ ၁၀ ဦးထက်မနည်း ရှိခဲ့ကာ အရပ်သားနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ရှမ်းမြောက် လားရှိုး– မူဆယ် ပြည်ထောင်လမ်းမ ပြန်လည်ဖွင့်လှစ်ရေးနဲ့ တရုတ်နိုင်ငံ ယူနန်ကနေ ရှမ်းမြောက်ကိုဖြတ်ပြီး ကျောက်ဖြူအထိ ရထားလမ်းဖောက် စတင်နိုင်ဖို့ စစ်တပ်နဲ့ တရုတ်က စီမံကိန်းစတင်ဆောက်ရွက်နေခြင်းဖြစ်တယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောဆိုသုံးသပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် အဓိက တရုတ်နဲ့ စစ်ကော်မရှင်တပ်က ကိုးကန့်တပ် MNDAA နဲ့ အဓိက ဆွေးနွေးကာ အခုလို TNLA ကို ပစ်ခတ်တိုက်ခိုက်လာဖို့ကိုလည်း တရုတ်အစိုးရနဲ့ စစ်တပ်က အဓိကကြိုးကိုင်နေခြင်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။ ရှမ်းမြောက်ရှိ ဒေသခံပြည်သူတွေကတော့ စစ်ရေး၊ နိုင်ငံရေးအရှုပ်တွေကြား အခြေအနေမတည်ငြိမ်မှုတွေနဲ့ ရှမ်းမြောက်ဘယ်လို ဆက်ဖြစ်လာမလဲ စိုးရိမ်မှုတွေ မြှင့်တက်နေကြတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
16 Marchသတင်း
ကွတ်ခိုင်မြို့ ကိုးကန့်ထိန်းချုပ်လိုက်ပြီး နယ်မြေရှင်းလင်းရေးဟုဆိုကာ ဒရုန်းနဲ့တိုက်ခိုက်တာတွေ ဆက်လုပ်နေ
ကွတ်ခိုင်မြို့နယ်အားလုံးကို ကိုးကန့်တပ် MNDAA တပ်က သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး နယ်မြေရှင်းလင်းရေးဟုဆိုပြီး မြို့ပြင်တွေမှာ ဒရုန်းနဲ့ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကွတ်ခိုင်မြို့တွင်းနဲ့ မြို့ပြင်တွေမှာ TNLA တပ်ချထားတဲ့နေရာအားလုံးကို ကိုးကန့် တပ် MNDAA က…
Read More » -
14 Marchသတင်း
ကွတ်ခိုင်မှာ တိုက်ပွဲပြင်းထန်နေပြီး TNLA စခန်းတစ်ချို့ ကိုးကန့်တပ်ဝင်စီးထား
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ထိန်းချူပ်ထားတဲ့ TNLA ကို ကိုးကန့် MNDAA တပ်က ဒရုန်းတွေနဲ့စတင်တိုက်ခိုက်ပြီး လက်ရှိ မြို့ထဲက TNLA စခန်းတစ်ချို့ကို ကိုးကန့်တပ် ဝင်စီးထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့…
Read More » -
12 Marchသတင်း
ကွတ်ခိုင်မှာ PDF နှစ်ဦးကို TNLA ဖမ်းဆီး
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့မှာ မန္တလေး PDF တပ်ဖွဲ့အတွက် လက်နက်ဝယ်ယူစုဆောင်းနေတဲ့ PDF နှစ်ဦး TNLA ကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၁၁ ရက်နေ့ မွန်လွဲပိုင်း ၃ နာရီခွဲလောက်မှာ ကွတ်ခိုင်မြို့ ရပ်ကွက်…
Read More » -
Sep- 2025 -8 Septemberသတင်း
TNLA အပေါ်တရုတ်ဖိအားရှိနေတာကြောင့် ကွတ်ခိုင်၊ နမ့်ဖတ်ကာဒေသတွက် လုံခြုံရေးစိုးရိမ်လာဖွယ်ရှိနေ
စစ်ကော်မရှင်နဲ့ တရုတ်အစိုးရပူးပေါင်းပြီး တအာင်းလွတ် မြောက်ရေးအဖွဲ့ TNLA ကို ဆက်တိုက်ဖိအားပေးနေတာကြောင့် ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာဒေသတွေဟာ လုံခြုံရေးစိုးရိမ်လာနိုင်ဖွယ်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ လားရှိုး– မူဆယ် ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ မြို့နယ်တွေကို ပြန်လည်ရရှိဖို့ ကြိုးပမ်းနေပြီး တရုတ်အစိုးရနဲ့ပူးပေါင်းကာ…
Read More » -
Mar- 2025 -5 Marchသတင်း
ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ ဒေသခံတွေကို ကိုးကန့်တပ် သေနတ်နဲ့ပစ်ခတ်လို့ ဒေသခံ ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပြိန်းခမ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့ ကိုးကန့် ( MNDAA) တပ်ကို သွားရောက်ကန့်ကွက်တဲ့ ဒေသခံတွေသေနတ်ပစ်ခတ်ခံရပြီး KIA တပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ဒေသခံ ၄ ဦး စုစုပေါင်း ၆ ဦးသေဆုံးကာ၊ နောက်ထပ်…
Read More » -
Aug- 2024 -30 Augustသတင်း
ကွတ်ခိုင်မြို့ကို လေယာဉ်ဗုံးကြဲမယ်လို့ သတင်းကြောင့် ပြည်သူတစ်ချို့ထပ်မံထွက်ပြေးတိမ်းရှောင်နေ
ရှမ်းမြောက် ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ထပ်ပြီးဗုံးကြဲမယ်လို့ ကောလဟာလသတင်းတွေပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရသလို ထပ်ပြီးတိမ်းရှောင်သူတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့ကစ သတင်းစတင်ထွက်ပေါ်လာပြီးနောက် မြို့တွင်း စျေးဆိုင်အားလုံးနီးပါး ပိတ်သိမ်းထားကြတဲ့အပြင် ပြည်သူတစ်ချို့လည်းထပ်မံတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “အပေါ်ကနေ လေယာဉ်ဆက်တိုက်ပျံဝဲသွားနေတာတွေတော့ရှိတယ်။ အခုမူဆယ်ဘက်မှာ စစ်ရေးတင်းမာနေတာနဲ့ ဒီဘက်ကို လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ သတင်းတွေထွက်နေတော့ အားလုံးစိုးရိမ်နေကြတယ်။ ဟိုတနေ့ကတော့ လေယာဉ်နဲ့ဗုံးလာကြဲလိမ့်မယ် စျေးတွေသိမ်းကြဆိုပြီး သိမ်းကြတာတွေ ရှောင်တာတွေဖြစ်သွားတယ်။ ဒီတလောကြောက်လို့ တချို့ခေတ္တတိမ်းရှောင်သွားတာလည်းရှိတယ်။ စျေးဆိုင်တွေလည်း ရောင်းတဲ့သူကတော့ရောင်းပေမဲ့ မစီဘူး တိတ်တိတ်ဆိတ်ဆိတ်ပဲဟုကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒါပေမယ့် ဩဂုတ် ၂၉ မှာတော့ စျေးဆိုင်တချို့ ပြန်လည်ဖွင့်လှစ်လာတာတွေရှိပေမဲ့ လေကြောင်းရန်ကိုစိုးရိမ်နေကြတဲ့အတွက် စုလူဝေးဖြစ်မယ့်နေရာမျိုး မသွားရဲကြတဲ့အတွက် လမ်းသွားလမ်းလာမရှိသလောက် တိတ်ဆိတ်နေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ကွတ်ခိုင်အထက် မူဆယ်မြို့ စစ်ကောင်စီတပ်ဖွဲ့တွေကို ညီနောင်မဟာမိတ်တွေဘက်က လက်နက်ချဖို့ ပြောဆိုထားတာတွေရှိပေမဲ့ စစ်တပ်ဘက်က တုံ့ပြန်ခြင်းမရှိတာကြောင့် မူဆယ်ကိုတိုက်ခိုက်တော့မယ်လို့ ကောလဟာသသတင်းတွေလည်း ပျံ့နှံ့နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်း ၅ ရက်နေ့က စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ကွတ်ခိုင်မြို့မစျေးတစ်ခုလုံး မီးလောင်းပြာကျသွားခဲ့တဲ့အပြင် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ကွတ်ခိုင်မြို့မှာ စာသင်ကျောင်းအားလုံးလည်း ပိတ်လိုက်ရပြီး ဘုရားကျောင်းလူစုလူဝေး ဝတ်ပြုကိုးကွယ်တာတွေ အားလုံးရပ်နားထားကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ကွတ်ခိုင်မှာကျန်ရှိနေသေးတဲ့ ဒေသခံပြည်သူတွေလည်း လေကြောင်းအန္တရာယ်ကိုစိုးရိမ်နေတဲ့အပြင် တိမ်းရှောင်သွားကြတဲ့ပြည်သူတွေလည်း နေရပ်ပြန်မလာရဲကြဘူးလို့ ဆိုပါတယ်။ “တိမ်းရှောင်သွားတဲ့အားလုံး မပြန်လာရဲကြသေးဘူး။ တချို့ဆို အဝေးကိုသွားနေလိုက်တာတွေလည်းရှိတယ်။ စိုးရိမ်ရသေးတာပေါ့။ လေယာဉ်ဗုံးကြဲမှာကြောက်ပေမဲ့ ဒီတိုင်းစိုးရိမ်စိတ်နဲ့ ဖြတ်ကျော်နေတယ်။ လွယ်ဝေါ၊ ဇွပ်ရာ၊ ဧဒင် စတဲ့နေရာတကြောက ကလေးတွေတော့ ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီး ကောင်းခါးဘက်မှာ ကျောင်းဆက်တက်နေကြတယ်။” ဟုကွတ်ခိုင်ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။ ရှမ်းမြောက် နောင်ချိုမြို့ နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြီး စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲမဖြစ်တဲ့ နေရာဒေသခံတွေဆီ အကြောင်းမဲ့ လိုက်လံဗုံးကြဲတာတွေ ပြုလုပ်တာလည်းဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့နေ့ကစပြီး ရှမ်းမြောက်မှာ လားရှိုးအထက် မူဆယ်မြို့ကလွဲပြီး ကျန်မြို့နယ်အားလုံးကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဘက် ကိုယ်စီ သိမ်းပိုက်ထိန်းချူပ်လိုက်ပြီဖြစ်ပြီး လက်ရှိကျန်နေသေးတဲ့ မူဆယ်မြို့တဝိုက်မှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More » -
16 Augustဆောင်းပါး
တိတ်ဆိတ်သွားတဲ့ ကွတ်ခိုင်မြို့
အထပ်မြင့် လူနေအိမ် အုတ်တိုက်တွေ၊ ဟိုတယ်တွေ၊ ဈေးဆိုင်တွေအပြင် မီးကြိုးတွေ နှင့် ရှုပ်ရှက်နေတဲ့ဓာတ်တိုင်တွေဟာ ပေ ၃၀ ကျော်လောက်ကျယ်တဲ့ ကတ္တရာလမ်းမကြီးဘေးမှာ နေရာယူလျှက်ရှိပါတယ်။ ကွတ်ခိုင်မြို့ရဲ့ စည်ကားလှတဲ့ ကတ္တရာလမ်းမကြီးတစ်လျှောက်မှာ အခုတော့ လူသူမရှိ တိတ်ဆိတ်ခြောက်ကပ်နေပြီးပဲ့တင်ထပ်လာတဲ့ ဆိုင်ကယ်တစ်စီးရဲ့…
Read More » -
12 Augustသတင်း
ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် ပြည်သူအများပိုင်းနေရပ်စွန့်ခွာ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ မြို့မစျေးနဲ့ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် အရပ်သားပြည်သူတွေလေကြောင်းရန်ကိုစိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် စျေးတန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်စီးသွားတဲ့နောက် ကွတ်ခိုင်မြို့တွင်း ရပ်ကွက်နေ ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်သွားကြတာဖြစ်တယ်လို့ ကွတ်ခိုင်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “သိပ်ကိုစိုးရိမ်ပြီး နေနေရတာပေါ့ ဒါကြောင့် အားလုံးလည်း ရှောင်ကုန်ပြီ။ ကွတ်ခိုင်မှာက လတ်တလော တိတ်ဆိတ်နေတယ်။ ရက်ကွက် ၃ ၊ ရက်ကွက် ၄ တွေမှာဆိုရင် အိမ်တိုင်းနီးပါး သော့ခတ်ထားတယ်။ ၃ ပုံမှာ ၂ ပုံ လောက်က ရှောင်ကုန်ပြီ။ လားရှိုးလက်လွတ်လိုက်ရတော့ ဒီဘက်လည်း ဗုံးလာကြဲတာပေါ့။ အဲဒါ လက်မလွတ်မချင်းတော့ ဘာမှလာမလုပ်ဘူး ဟုတ်တယ်။ စိုးရိမ်မှုတွေကတော့ စကားလုံးတောင် ရှာမတွေ့တော့ပါဘူး။ ဒါကြောင့် ဘာမှမပြောတတ်တော့ဘူး။”လို ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ လက်ရှိ ရှမ်းမြောက်တစ်ခွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံး ပြတ်တောက်နေတာကြောင့် ကွတ်ခိုင်မြို့ ဒေသခံတွေနဲ့ ချိတ်ဆက်နိုင်ဖို့ခက်ခဲနေသလို Mytel ဖုန်းလိုင်းအနည်းငယ်ရရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြို့ထဲ ကျန်နေသေးတဲ့ပြည်သူတွေကလည်း လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီးနေထိုင်နေကြတယ်လို့ ကွတ်ခိုင်ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား ၆ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရရှိထားတယ်လို့ သိရပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် စာရင်းအတိအကျသိရဖို့ ခက်ခဲနေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။ “လေယာဉ်နဲ့ ၂ ရက်၊ ၂ ကြိမ်ပေါ့ ဗုံးလာကြဲတယ်။ စျေးတန်းအားလုံးမီးလောင်ကုန်ပြီ။ ဩဂုတ် ၅ ရက်နေ့က လာကြဲတာက ကွတ်ခိုင်စျေးတစ်ခုလုံး ကုန်သွားပြီ။ ပြီးတော့ ရပ်ကွက် ၃ ဘက် စျေးအထက်ဘက်တွေကိုလည်း ဗုံးကြဲသွားတယ်။ အဲဒီနောက် ထပ်လာကြဲတာက အရင် စစ်တပ်ထိုင်ခဲ့တဲ့ ဗျူဟာကုန်းနဲ့ရဲစခန်းမှာ လာကြဲတယ်။ အထဲမှာက TNLA တပ်သားတွေပဲ ရှိတာဆိုတော့ ထိခိုက်သေဆုံးမှုသတင်းက မထွက်တော့ဘူးလေနော်။”လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးက ဖြစ်စဉ်ကိုပြောပြပါတယ်။ ကွတ်ခိုင်မြို့စျေးတန်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးမကြဲခင် ၂ နာရီအလိုလောက်မှာ ကင်းထောက်လေယာဉ်တစ်စီးနဲ့ အရင်ဆုံး ကင်းထောက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ဆက်တိုက်ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် တစ်ရက်ခြားပြီး ဩဂုတ်လ ၇ ရက်နေ့ ကွတ်ခိုင်ဗျူဟာကုန်းနဲ့ရဲစခန်းကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ထပ်ပြီးဗုံးကြဲခဲ့ပေမယ့် ထိခိုက်သေဆုံးမှု ရှိ မရှိ မသိရပေ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ် MNDAA တပ်ဖွဲ့ကလည်း နေရာယူလှုပ်ရှားနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ လားရှိုးမြို့ကို လက်လွှတ်လိုက်ရပြီးနောက် အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်း စစ်တပ်က ဗုံးကြဲနေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်အပေါ် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကလည်း ကန့်ကွတ်ရှုတ်ချကြောင်း ထုတ်ပြန်တာတွေလည်းရှိသလို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာကိုလည်း စစ်ကောင်စီတပ်ရဲ့ကျူးလွန်မှုတွေကို ဝိုင်းဝန်းတားဆီးပေးကြဖို့ တောင်းဆိုတာတွေရှိပါတယ်။ By – ဂျာဘောက်ရာ
Read More » -
7 Augustသတင်း
ကွတ်ခိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၆ ဦးအထိရှိလာ ဆိုင်ပေါင်း ၄၀၁ ခန်းမီးလောင် ပျက်ဆီး
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၆ ဦးအထိရှိလာပြီး မြို့မဈေးက ဆိုင်ခန်းပေါင်း ၄၀၁ ခန်းမီးလောင်ပျက်ဆီးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က သတင်း ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့မဈေးနဲ့ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုက ဒေသခံတွေ အတွက် ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “သက်ရောက်မှုကတော်တော်ကြီးတယ်။ အခုလောလောဆယ်ထိတော့ဈေးလည်းသွားမရောင်းရဲသေးဘူး။ အခုလောင်တဲ့နေရာတွေက တန်ဖိုးကြီးပစ္စည်းတွေရောင်းတဲ့ဆိုင်တွေများတယ်။”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ကွတ်ခိုင်မြို့ခံတွေအားထားရာ မြို့မဈေးမှာ ဗုံး၂လုံး၊ ပြည်ထောင်စုလမ်းမကြီးပေါ်က ဂေါ်ရခါးဘုရားကျောင်း အနီးတစ်ဝှိုက် ၄ လုံး နဲ့ ရပ်ကွက်၃ တာမိုးညဲလမ်းဘေး၌ ၁ လုံး ပေါင်၅၀၀ ဗုံးတွေပဲ ၇လုံးတိတိကြဲချခဲ့တာ ဖြစ်ပါတယ်။ တအာင်းတပ်မတော် TNLA ဘက်ကတော့ စစ်ကောင်စီတပ်ရဲ့ဒီလုပ်ရပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမဟုတ်ပဲ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်တယ်လို့ မနေ့ကပဲ KNG ကိုပြောဆိုထားပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်းကစလို့လက်ရှိအချိန်ထိတော့ အဲ့ဒီအနီးတစ်ဝှိုက် လူသူအသွား အလာကင်းမဲ့သွားပြီလို့ဒေသခံတစ်ယောက်ကပြောပါတယ်။ “ဈေးနားတစ်ဝှိုက်ကတော့တစ်ချို့ရှောင်ကြပြီ တစ်ချို့တော့ပစ္စည်းတွေရွှေ့ပေါ့။ မြို့ကတော့ တော်တော် လေး ပြန်ခြောက်ကပ်သွားပြီ။ ဆိုင်တွေလည်းမဖွင့်ကြဘူး”လို့ပြောပါတယ်။ စစ်ကောင်စီရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုလုပ်ရပ်အပေါ် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကလည်း ကန့်ကွတ်ရှုတ်ချ ကြောင်းထုတ်ပြန်ချက်ထုတ်ထားသလို တရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာကိုလည်း စစ်တပ်ရဲ့ကျူးလွန်မှု တွေကို ဝိုင်းဝန်းတားဆီးပေးကြဖို့ တောင်းဆိုထားခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါးပြုလုပ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု ISP Myanmar က ဩဂုတ်လ ၅ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More »









