ဖားကန့် CDM တွင်ပါဝင်နေသူများ ဆက်သွယ်လာပါက ကူညီရန်အသင့်ရှိဟုဆို ကူညီရေးအဖွဲ့ပြော
,
စစ်ပြေးဒုက္ခသည်များကို ပြန်လည်နေရာချထားပေးသည့် ငွေပျော်စံပြကျေးရွာတွင် ကျေးရွာကျန်းမာရေးဆေးပေးခန်း တည်ဆောက်ရန်သတ်မှတ်ထားသည့် မြေနေရာတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတည်ဆောက်လိုက်မှုအပေါ် ပွင့်လင်းမြင်သာမှုရှိစေလိုကြောင်း ဒေသခံတစ်ချို့က ပြောဆိုနေကြသည်။
ကချင် စစ်ပြေးဒုက္ခသည်များကိုနေရာချထားသည့် မြစ်ကြီးနား ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချမှုနှင့် သုံးစွဲသူများလာသော်လည်း သက်ဆိုင်ရာက ထိရောက်စွာ တာဝန်ယူပေးခြင်းမရှိသဖြင့် လူငယ်မိဘများက စိုးရိမ်နေကြသည်။
မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာတွင် လျှပ်စစ်မီးမရရှိသေးသည့်ဒေသခံအိမ်ခြေတစ်ချို့က ပြည်နယ်အစိုးရထံ တောင်းဆိုထားသည့်အတိုင်း လျှပ်စစ်မီးအမြန်လိုချင်ကြောင်း ပြောဆိုနေကြသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာ တိုက်နယ်ဆေးရုံဆောက်လုပ်ရန် လျှာထားသောမြေနေရာတွင် ဗုဒ္စဘာသာဘုန်းကြီးကျောင်း ဆောက်လုပ်နေသည့်အတွက် စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း ယာယီရပ်နားထားရန် တားမြစ်ထားသော်လည်း ယနေ့ချိန်ထိ ဆက်လက်လုပ်ဆောင်နေသေးကြောင်း ငွေပျော်စံပြကျေးရွာအုပ်ချုပ်ရေးမှူး ပြောသည်။ “ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်း နားခိုင်းထားတယ်။ သူတို့မနားဘူး ဆက်လုပ်နေတယ်။ ပြီးတော့ ကျနော်သိရသလောက်ဆို ကျနော်ဝန်ကြီးချုပ်ဆီမှာ ကျနော်သွားတွေ့တုန်းကလည်း ဝန်ကြီးချုပ်လည်း နားခိုင်းရပ်ခိုင်းထားဖို့ ညွှန်ကြားချက်ပေးလိုက်ပြီ။ အဲဒါလည်း ဆက်လုပ်နေတုန်းဘဲ ခုကရေတွင်းတူးလိုက် တစ်ခြားနေ့တွေမှာ မလုပ်ဘူး။ တနင်္ဂနွေနေ့မှာမှ ၄ယောက် ၅ယောက်လောက်လာလိုက် ရေတွင်းတူးလိုက်…