,

Breaking News :

ကုန်းလောတွင် စစ်တပ်သတင်းပေးဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ

ကနီနယ်တွင် NUG အစိုးရ လမ်းညွန်မှုဖြင့် မီးသတ်သင်တန်းများပို့ချ

စစ်ကိုင်းတိုင်း ရေဦးမြို့တွင် စစ်ကောင်စီတပ် အရာရှိတစ်ဦးနှင့် စစ်သား ၂ဦးသေဆုံး

ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် မော်တော်ယာဉ်များပုံမှန်အတိုင်းသွားလာနိုင်ပြီဟုသိရ

ဖားကန့် လမ်းမပေါ်တွင် စစ်ကောင်စီတပ်သား ၆ ဦးကို KIA ဖမ်းဆီး

စစစ ရုံး‌ရှေ့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲခံရ

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေး သုံးစွဲမှုကြောင့် တပတ်အတွင်း လူငယ် ၃ ဦးသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့  ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် တစ်ပတ်အတွင်း သေဆုံးသူ ၃ ဦး ရှိပြီဟု ဒေသခံများထံမှ သိရသည်

မြစ်ကြီးနားမြို့မှ ၁၃ မိုင်ခန့် ကွာဝေးသော ပလနအုပ်စု၊ ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းသူနဲ့ သုံးစွဲသူ အလွန်များပြားလာပြီး မူးယစ်ဆေးထိုးသွင်းမှုကြောင့် ပြီးခဲ့အပတ်အတွင်း အသက် ၂၀ ကျော်လူငယ် အမျိုးသား ၂ ဦး နှင့် အသက် ၃၀ ဝန်းကျင် အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများပြောသည်။

“ရောင်းတဲ့သူလည်း လွတ်လွတ်လပ်လပ် ရောင်း ၊ သုံးစွဲတဲ့သူလည်း ဆိုးဆိုးရွားရွား ၊ သူခိုးကသောင်းကျန်း ငွေပျော်က အိမ်ကို စက္ကန့်ပိုင်းတောင် ထားခဲ့လို့မရဘူး။ အရမ်းဆိုးရွားနေပြီ။ အပြင်ကသူတွေလည်း ရွာသို့လာပြီး လာလာထိုးယူပြီး(မူးယစ်ဆေးဝါး) ပြန်ပြန်သွား၊ ဘယ်သူ့မှ ကြည့်ကြပ်တဲ့သူမရှိ၊ တာဝန်ယူတဲ့သူလည်းမရှိ” ဟု ငွေပျော်ကျေးရွာဒေသခံ တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာသောကြောင့် ခိုးမှုနှင့် လုယှက်မှုလည်း များပြားလာကြောင်း သူက ဆက်ပြောသည်။

ကျေးရွာအတွင်း မူးယစ်ဆေးဝါးကို မြန်မာငွေ ၅၀၀ ကျပ်ဖြင့် အလွယ်တကူ ဝယ်ယူရရှိနေသောကြောင့် နေရာအရပ်ရပ်မှ မူးယစ်ဆေးသုံးစွဲသူများ လာရောက်သုံးစွဲရာ ကျေးရွာတစ်ခုဖြစ်လာကြောင်း ဒေသခံများ ပြောသည်။

ငွေပျော်စံပြကျေးရွာသည် ၂၀၁၄ ခုနှစ်က စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားပေးသော ကျေးရွာတစ်ခုဖြစ်သော်လည်း လက်ရှိအခြေအနေတွင် မူးယစ်ဆေးဝါး လွတ်လပ်စွာ သုံးစွဲခွင့်ပေးထားသော နေရာတစ်ခုသဖွယ်ဖြစ်နေပြီဟု ဆိုသည်။

ယခင်က ဖမ်းဆီးမှုများရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဒေသခံများကိုယ်တိုင် တိုင်ကြားသော်လည်း ဖမ်းဆီးမှုမရှိတော့ကြောင်း ဒေသခံများ ပြောသည်။

“အရင်မူးယစ်ဆေးဝါးကြောင့် ထောင်ကျခံဖူးတဲ့သူတွေ ပြန်လာပြီး ဒီနေရာမှာ အဲ့ဒါနဲ့ ပြန်လည်စီးပွားရေးလို လုပ်နေကြတာဖြစ်တယ်။ အာဏာသိမ်းထားတဲ့အခြေအနေဖြစ်နေရင်တောင် ဒါကို တာဝန်ယူပြီး နှိမ်နင်းပေးတဲ့သူ ရှိစေချင်တယ်။ KIA ဘက်ကလည်း အရင်ကဆို ဖမ်းဆီးမှု အနည်းငယ်ရှိပေမဲ့ အခုက ငြိမ်နေတာ၊ တာဝန်မယူပေးဘူး။” ဟုငွေပျော်စံပြကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် မူးယစ်ဆေးဝါး လွတ်လပ်စွာ ရောင်းဝယ်ဖြန့်ဖြူးနေသူများကို လုပ်ပိုင်ခွင့်ရှိသူများအနေဖြင့် နှိမ်နင်းပေးရန် လိုလားသည်ဟု ငွေပျော်ဒေသခံများက ပြောဆိုနေကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် နေရာအများအပြားတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူနဲ့ သုံးစွဲသူများလာကြောင်း သတင်းပေးပို့ချက်များမှ သိရပါသည်။

Read Previous

စစ်ကောင်စီအောက် မြစ်ကြီးနား အထက်တန်းကျောင်းတွင် ကိုဗစ်ပိုးတွေ့သော်လည်း ကျောင်းဖွင့်ထားဆဲ

Read Next

ဝိုင်းမော် အ.ထ.က (၂) ကျောင်းဆောင် မီးကွင်းပစ် မီးရိူ့ခံရ

Leave a Reply

Your email address will not be published.