စခန်းသိမ်းပိုက်
-
Mar- 2024 -19 Marchသတင်း
နမ့်ကောန့်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် တပ်စခန်းတွေကျန်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာမှုရှိနေသေး
တနိုင်းမြို့နယ် မိုင်းခွန်အုပ်စု နမ်ကောန့်(Namkawn) စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပေမယ့် တပ်စခန်း ၃ နေရာထက်ကျန်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာတာတွေရှိနေသေးတယ်လို့သိရပါတယ်။ နမ်ကောန့်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက မတ်လ ၁၈ ရက်နေ့ မနေ့က မနက်ပိုင်း ၇ နာရီလောက်မှာ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့် ညနေပိုင်းမှသာ အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ မှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “အမှန်တော့ စစ်တပ်စခန်းကို မနက်ပိုင်း ၁၁ နာရီလောက်ကနေ အကုန်သိမ်းပြီးပြီ။ ဒါပေမယ့် စစ်တပ်အဆက်မပြတ် လေယာဉ်နဲ့ ဗုံးကြဲတော့ ခဏပြန်ဆုတ်ထားတာ။ ပြန်တိုက်လိုက်နဲ့ ပြန်နားလိုက်နဲ့ ညပိုင်းမှာပဲ သိမ်းလိုက်နိုင်တယ်။ စစ်တပ်ဘက်က သေဆုံးတာများတယ်လို့ပြောတယ်”လို့ပြောပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး ဖမ်းဆီးရမိတဲ့သူတွေလည်းရှိတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပေမယ့် KNG သတင်းဌာနက အချက်အတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်ကနေ ဂျက်လေယာဉ်နဲ့ ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နမ်ကောန့်ကျေးရွာထဲက စျေးတန်းနေရာမှာ လက်နက်ကြီး ၂ လုံးအထက် ကျကွဲခဲ့ပြီး လူနေအိမ်တစ်ချို့နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နမ့်ကောန့်အပါ တစ်ဆက်တည်းရှိတဲ့ အင်ဂါးဂါး(N-Ga Ga) စစ်ကောင်စီတပ်ဖွဲ့တွေကို ပြီးခဲ့တစ်လေလောက်ကနေ လက်နက်ချတပ်ဆုတ်ပေးဖို့ KIA တပ်မဟာ (၂) ၊ တပ်ရင်း ၁၄ အဖွဲ့တွေကစာပို့ထားတယ်လို့လည်းသိရပါတယ်။ စာပို့ထားတဲ့ တစ်လအတွင်း စစ်တပ်ဘက်နေ ဆုတ်ခွာသွားတာမရှိတာကြောင့် KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ထပ်ကျန်ရှိနေတဲ့ တပ်စခန်းနေရာမှာ တိုက်ပွဲထပ်မံဖြစ်လာနိုင်တယ်လို့ မှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက အခုလိုဆက်ပြောပါတယ်။ “စစ်တပ်စခန်းက ၂ နေရာ ၊ ၃ နေရာလောက်တောင်ကျန်သေးတယ်။ ပြီးရင် အင်ဂါးဂါးကိုကျတော့ ဆုတ်ပေးဖို့ စာပေးထားတာတစ်လလောက်တောင်ကြာနေပြီ။ အခုက ပြန်ငြိမ်သွားပြီဆိုပေမယ့် စစ်ရေးတင်းမာတာတွေက ရှိနေသေးတယ်။ တစ်ခုပြီးတစ်ခုသိမ်းလာမယ့်အနေအထားမှာရှိနေတယ်”လို့ပြောပါတယ်။ လက်ရှိ နမ်ကောန့် စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပေမယ့် နမ့်ကောန့်မှော်ရဲ့အထက် မှာ ပရင်းတောင်တပ်စခန်းတစ်ခုနဲ့ အောက်ဖက်မှာ လပူခ၊ အင်ဂါးဂါး တပ်စခန်း စတဲ့ အရေးကြီးတဲ့ တပ်စခန်း ၃ နေရာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ နမ့်ကောန့်၊ ပရင်းတောင်နဲ့ ၊ အင်ဂါးဂါးနဲ့ လပူမှော်ဒေသတွေဟာ အရင်က KIA ထိန်းချုပ်နယ်မြေတွေ ဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ်မှာ စစ်တပ်က ဟူးကောင့်ချိုင့်ဝှမ်းဒေသတစ်ခုလုံးကို စစ်အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် KIA က တပ်ဆုတ်ထားတဲ့ တပ်စခန်းနေရာတွေဖြစ်ပါတယ်။ အဲဒီတပ်စခန်းတွေဟာ နမ့်ကောန့်ရွာနဲ့ ၂ မိုင်လောက်အကွာမှာသာ ရှိနေပြီး နောက်ထပ် KIA ပူးပေါင်းတပ်တွေက ဆက်လက် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လာနိုင်ပြီး စစ်ရေးတင်းမာမှုရှိနေသေးတယ်လို့ ဆိုပါတယ်။ မတ်လ ၁၈ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့တွေက နမ်ကောန့် တပ်စခန်းကို လက်လွတ်လိုက်ရတဲ့အတွက် ရွှေမှော်ဒေသမှာ ဗုံးကြဲတိုက်ခိုက်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် လပူခနဲ့ အင်ဂါးဂါး မှော်သူ မှော်သားတစ်ချို့က တနိုင်းဘက်ကို ထွက်ခွာတဲ့လုပ်ငန်းရှင်လည်းရှိနေတယ်လို့ သိရပါတယ်။ နမ်ကောန့် ရွှေမှော်ပြည်သူတွေက တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့နေ့မှာတင် မိုင်းခွန်နဲ့ အခြားတိုက်ပွဲမဖြစ်တဲ့နေရာတွေမှာ ယာယီတိမ်းရှောင်နေကြပြီး တစ်ချိုလုပ်ငန်းရှင်တွေက တနိုင်းဘက်ကို ထွက်လာကြတယ်လို့လည်း ဆက်သိရပါတယ်။ နမ်ကောန့်တိုက်ပွဲဟာ ဒီနှစ် ၂၀၂၄ ခုနှစ်အတွင်း ဟူးကောင့်ချိုင့်ဝှမ်းဒေသမှာ ပထမဆုံးအကြိမ် စတင်ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်ပြီး KIA ဘက်ကနေ စခန်းသိမ်းပိုက်နိုင်တာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ စတင်ပြီးတော့ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ KIA ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတည်ရှိရာ KIO လိုင်ဇာဌာချုပ်အနီးတဝိုက်နဲ့ ဝိုင်းမော်၊ ဆွမ့်ပရာဘွမ့်၊ ဖားကန့် စတဲ့ နေရာတွေမှာ စခန်းသိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
11 Marchသတင်း
တာမခံတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးပြီး ၂၀ ကျော်ဖမ်းဆီးရမိ
၁၀ ရက်ကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့် တာမခံကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အပြီးသတ်ထိန်းချုပ်လိုက်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကနေ သေဆုံးသူ ၇၀ ခန့်အထိရှိခဲ့ပြီးတော့ ဖမ်းဆီးရမိသူ ၂၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ “တာမခံတိုက်ပွဲမှာက စစ်ကောင်စီသား…
Read More » -
7 Marchသတင်း
ဖွန်းပရန်ဘွမ့် စစ်ကောင်စီတပ်စခန်းအပါအဝင် ရှေ့တန်းစခန်းပေါင်း ၁၀ ခု KIA တိုက်ခိုက်သိမ်းပိုက်
“မနက် ၆ နာရီကနေ စတိုက်တယ်။ နေ့လည်ပိုင်းခဏငြိမ်ပြီး ညနေပိုင်းကနေ ပြန်တိုက်တာ လိုင်ဇာနဲ့အနီးဆုံး ဖွန်ပြန်ဘွမ်(Hpunpyen bum) ကို သိမ်းလိုက်ပြီပြောတယ်။ ပြီးတော့ ဘွမ်ရေဘွမ်၊ ခယာဘွမ်၊ ရှဒန်ပါ စသဖြင့် နေရာတိုင်းက တပ်ရင်းတွေရဲ့ ရှေ့တန်းစခန်းပေါ့ ကာကရိန်းPost စုစုပေါင်း ၁၀ ခုလောက်တော့သိမ်းလိုက်ပြီ” ဟုဗိုလ်မှူးကြီးနော်ဘူက ညနေ ၅ နာရီခွဲမှာ KNG ကချင်သတင်းဌာနကိုပြောပါတယ်။
Read More » -
Feb- 2024 -19 Februaryသတင်း
စီခမ်းကြီး ဗျူဟာမြောက် အထိုင်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်
နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိတဲ့ ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး (Jehkam) စစ်ကောင်စီ ဗျူဟာမြောက်အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ရက္ခိုင့်တပ်တော် AA နဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက ဒီကနေ့မနက် ၁၀…
Read More » -
Jan- 2024 -20 Januaryသတင်း
ဝှေခါဗျူဟာကုန်းကို KIA နဲ့ KPDF အပြီးသတ်သိမ်းပိုက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာ (Gwihka mare) မှာရှိတဲ့ ဝှေခါဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDFပူးပေါင်းတပ်တွေက ဒီကနေ့ မနက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့ကတည်းကနေ ဝှေခါရွာမှာအထိုင်ချထားတဲ့…
Read More » -
6 Januaryသတင်း
ဖားကန့် နမ့်တိန်နဲ့ ဝှေခါမှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက် စခန်းမှူးအရှင်ဖမ်းမိ
ဖားကန့်မြို့နယ်မှာရှိတဲ့ နမ့်တိန်တပ်စခန်းနဲ့ ဝှေခါ စစ်ကောင်စီ တပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဝှေခါစခန်းမှူးတစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ KPDF တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ဇန်နဝါရီလ ၆ ရက် ဒီကနေ့…
Read More »




