စင်းခန်း

  • Mar- 2026 -
    13 March
    သတင်း

    စင်းခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွှေဖောင်တွေလုပ်ငန်းရပ်နားထား

    ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်နေရာတွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားထားပြီး မြစ်ကမ်းတစ်လျှောက်ရှိကျေးရွာတွေလည်း လေကြောင်းအန္တရာယ်သတိထားနေထိုင်ရတယ်လို့ သိရပါတယ်။ စင်းခန်းကျေးရွာအပါ နန့်ခုတ်၊ ဘိုတောင်း၊ မြလယ် စတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူတွေဟာ မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် လေကြောင်းရန်စိုးရိမ်းနေရတယ်လို့ မြလယ်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လေကြောင်းတိုက်ခိုက်ခံရမှုအဆိုးဆုံးက စင်းခန်းနဲ့ နန့်ခုတ်မှာပေါ့လေ။ အဲ့ကြောင့် ဒီကြောမှာရှိကြတဲ့ ရွာသားတွေက သတိထားပြီးနေနေရတယ်။ တစ်ချို့က အပြင်တောင်မထွက်ကြသေးဘူး။ အချင်းချင်းလည်း သတိထားပြီးနေထိုင်ကြဖို့ ပြောဆိုထားတာတွေလည်းရှိတော့ သက်ကြီးရွယ်အိုရှိတဲ့သူတွေဆို ရှောင်ထားရတဲ့အခြေအနေမှာကြုံနေရတယ်”လို့ပြောပါတယ်။ လက်ရှိမှာ မြစ်ကမ်းတစ်လျှောက်ရှိတဲ့ ကျေးရွာနေပြည်သူတွေက ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျေးရွာတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြောဆိုဖို့တောင် ခက်ခဲတဲ့အခြေအနေမှာလည်း ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ မတ်လ ၁၀ ရက်နေ့ စင်းခန်းတံတားအထက် မြစ်ကမ်းတစ်လျှောက်ကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စင်းနဲ့ ရွှေဖောင်ရှိတဲ့နေရာတွေကို တပြိုင်နက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ထဲမှာ ရွှေတူးဖော်နေတဲ့ ရွှေဖောင် ၁၀ စီးကျော် မီးလောင်ပျက်စီးသွားပြီးတော့ KNG ရဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ရွှေဖောင်လုပ်သား ၃၀ နဲ့ ၅၀ ကြားမှာ အသက်သေဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေဖောင်လုပ်တဲ့မြစ်ကမ်းတစ်လျှောက်ကို Y -12 ၊ ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ပျံဝဲတာတွေဆက်ရှိနေသေးတာကြောင့် လုံခြုံရေးအတွက်စိုးရိမ်ပြီး ပြည်သူတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ ခက်ခဲနေကြတယ်လို့ဆိုပါတယ်။ “စစ်ကြောင်းတက်တာတွေကမရှိသေးဘူး။ ဒါပမယ့် လေယာဉ်ကမနေ့ကအထိလာရောက်ပျံဝဲတာတွေရှိနေသေးတယ်။ ဒီကနေ့ကတော့ အခုချိန်အထိလာဝဲတာမရှိသေးဘူး”လို့အထက်ပါ မြလယ်ရွာအမျိုးသားကဆက်ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၃၀ နဲ့ ၅၀ ကြားရှိခဲ့ပြီး များသောအားဖြင့် ရွှေဖောင်အစီးလိုက်မီးလောင်ကျွမ်းတဲ့ မီးတွင်းထဲသေဆုံးခဲ့ရတဲ့အပြင် တစ်ချို့ရုပ်အလောင်းတွေက ရေထဲမျောပါသွားတယ်လို့ဆိုပါတယ်။ ဒါကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို တိတိကျကျပြန်လည်ဖော်ယူဖို့ ခက်ခဲခဲ့တယ်လို့ ဒေသခံပြည်သူတွေပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်လုပ်ငန်းတွေကိုလည်း ရပ်နားထားကြတယ်လို့ နောက်ထပ် စင်းခန်းဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “လက်ရှိတော့ ရွှေဖောင်လုပ်ငန်းတွေအကုန်လုံးရပ်နားထားကြသေးတယ်။ ခဏနားတာလား ဘယ်လိုအခြေအနေရှိလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။ စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်တဲ့ ရွှေဖောင်အစီးရေ ထောင်ဂဏန်းခန့်ရှိပြီး စစ်တပ်က အခွန်မရရှိတဲ့အတွက် KIA ရဲ့ ဝင်ငွေပိတ်ဆို့ပေးတဲ့သဘောနဲ့ အရပ်သားတွေကို လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံပြည်သူတွေသုံးသပ်နေကြပါတယ်။ လက်ရှိ ရွှေဖောင်လုပ်ကိုင်နေတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၁) နယ်မြေထဲပါဝင်ပြီး အဲဒီဒေသမှာ ကွပ်ကဲနေတဲ့ တပ်မဟာ၊ တပ်ရင်းတွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ပိုင်ခွင့်ပေးထားတာလည်းဖြစ်နိုင်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောဆိုထားတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Mar- 2025 -
    19 March
    သတင်း

    စင်းခန်းနဲ့ ခူးလီကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၇ ဦးသေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက စင်းခန်းနဲ့ ခူးလီ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦးခန့်ထိခိုက် သေဆုံးမှုရှိခဲ့ပါတယ်။ KIA ရဲ့ သိမ်းပိုက်နယ်မြေဖြစ်တဲ့ စင်းခန်းနဲ့ ခူးလီကျေးရွာ  စစ်ကောင်စီတပ်က မတ်လ ၁၈ ရက်နေ့ မနက်ပိုင်း ၁၂ နာရီနဲ့ ၁ နာရီဝန်းကျင်ကြား တပြိုင်နက်ထဲဗုံးကြဲတိုက်ခိုက်သွား တာကြောင့် စင်းခန်းကျေးရွာက ၆ ဦးသေဆုံးပြီး ခူလီကျေးရွာကအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနက်အစောပိုင်း ခူးလီကျေးရွာကို ဗုံးကြဲသွားပြီးနောက် စင်းခန်းကျေးရွာကို ဗုံးကြဲသွားတာကြောင့် ကျေးရွာ နှစ်ခုက အရပ်သား ၇ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စင်းခန်းဒေသခံနဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “ခူးလီကျေးရွာမှာလည်း လေယာဉ်ဗုံးကျတယ်။ လဖိုင်လုဘူဆိုတဲ့ အမျိုးသမီးတစ်ဦးဆုံးသွားတယ်။ စင်းခန်းမှာလည်းကျတယ်။ အဲ့မှာက အရပ်သား ၄  ဦးနဲ့ KIA တပ်သား ၂ ဦး ဆုံးသွားတယ်။”လို့ပြောပါတယ်။ စင်းခန်းကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ KIA တပ်သားနှစ်ဦးဖြစ်တဲ့ ဒရှီလဆိုင်း၊ အင်ခွမ်ဆွတ်ထွယ်ကွမ်လီ နဲ့ ဒေါ်ဝါဝါခိုင်၊ မိတွယ်တာဝင်း၊ အိုင်ကြောနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ခူးလီ ကျေးရွာတိုက်ခိုက်ခံရမှုမှာ ဒေါ်လဖိုင်လုဘူဆိုသူ စုစုပေါင်း ၇ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေယာဉ်ဗုံးကြောင့် ၇ ဦးသေဆုံးခဲ့တဲ့အပြင် အသက် ၅၃ နှစ်အရွယ် ဦးမောင်ထွန်း၊ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်လှ၊ အသက် ၇၀ အရွယ် ဒေါ်သန်းတင်၊ အသက် ၄၆ နှစ်အရွယ် ဦးဖုန်စတဲ့ အရပ်သား ၄ ဦးနဲ့ KIA တပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စင်းခန်းနဲ့ ခူးလီကျေးရွာတွေမှာ တိုက်ပွဲနယ်မြေဖြစ်တဲ့ ဗန်းမော်မြို့နယ်ထဲကကျေးရွာဖြစ်ပေမယ့် အဲဒီကျေးရွာတွေ မှာ ပြီးခဲ့တဲ့ ၂၀၂၄ မတ်လတွင်း KIA သိမ်းပိုက်လိုက်ကတည်းက တိုက်ပွဲမရှိတောတဲ့ နေရာတွေဒေသဖြစ်ပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “စင်းခန်းက လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ မြစ်ကူးလမ်းတံတားတစ်ခုဖြစ်တယ်။ ပြီးရင် စစ်ကောင်စီတပ်တွေ လက်လွတ်လိုက်ရတဲ့ နေရာလည်းဖြစ်ပါတယ်။ နောက် တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်နဲ့လည်း နီးတဲ့နေရာလည်းဖြစ်ပါတယ်။ အဲ့ကြောင့် ဗုံးကြဲတာလို့ပဲမြင်ပါတယ်။ အဓိက ဗန်းမော်တိုက်ပွဲအတွက် လာပစ်တာလည်းဖြစ်နိုင်တယ်။ စင်းခန်းတံတားမှာလည်း KIA ဘက်က ပုံမှန်သွားလာနေတဲ့ နေရာလည်းဖြစ်တယ်။ ဒါကြောင့် သတင်းရတာလည်းဖြစ်နိုင်ပါတယ်”လို့ပြောပါတယ်။ လေယာဉ်ဗုံးကြဲခံရတဲ့ စင်းခန်းကျေးရွာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာလည်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ စင်းခန်းကျေးရွာဟာ ဗန်းမော်မြို့ရဲ့ တောင်ဘက်ခြမ်း ၁၂ မိုင်ခန့်အကွာမှာရှိပြီးတော့ ဒူးလီကျေးရွာက ဒေါ့ဖုန်းယန်ကျေးရွာအနီး အနောက်ဘက်ခြမ်းမှာရှိတဲ့ ရှမ်းလူမျိုးတွေ အများဆုံးနေထိုင်ကြတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။…

    Read More »
  • Sep- 2024 -
    13 September
    သတင်း

    KIA ပူးပေါင်းတပ်သိမ်းထားတဲ့ စင်းခန်းရွာဘက်ကို စစ်တပ်က လေကြောင်းအကူနဲ့မြေပြင်စစ်ကြောင်းထိုးနေ 

    “တိုက်ပွဲတော့ အဲလောက်မဖြစ်ဘူး သူတို့က ရွှေကူကနေ စစ်ကြောင်းထိုးလာတာ လေယာဉ်နဲ့ပစ်ပြီး စစ်ကြောင်းဆက်တိုက်ထိုးလာနေတယ်။ ကျနော်တို့ ဆုတ်ပေးရမယ့်အခြေနေဖြစ်နေတယ် ”လို့ ပြောပါတယ်။

    Read More »
  • May- 2024 -
    13 May
    သတင်း

    စင်းခန်းကနေထွက်ပြေးလာတဲ့ စစ်တပ်က အရာရှိတစ်ဦးနဲ့တပ်သားတစ်ဦး KIA ပူးပေါင်းတပ်ဖမ်းဆီးရမိ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် အရာခံဗိုလ်တစ်ဦးနဲ့တပ်သားတစ်ဦးကို ရွှေကူနယ်ထဲမှာ ဖမ်းဆီးထားရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ကနေ သိရပါတယ်။ မေလ ၇ ရက်နေ့ စင်းခန်းကျေးရွာ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း၊ ကာကင်းစခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်စဥ် စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အထဲက အရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးကို မေလ ၁၂ ရက်နေ့မွန်းလွှဲ ၁ နာရီခွဲဝန်းကျင်မှာ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဖမ်းတာက ဒီဘက်ကျွန်တော်တို့ LPDF တွေကဖမ်းမိလိုက်တာ သူတို့နှစ်ယောက်က အရပ်ဝတ်နဲ့ထွက်လာတာဟုတ်တယ် ရွာထဲမှာဖမ်းလိုက်မိတာ အရာခံဗိုလ်တစ်ယောက်၊တပ်သားတစ်ယောက်ပါတယ် ခုတော့စစ်ဆေးနေတုန်း”လို့ သူကပြောပါတယ်။ ဖမ်းဆီးရမိတဲ့စစ်ကောင်စီစစ်သားနှစ်ဦးကို သက်ဆိုင်ရာအဖွဲ့တွေက စိစစ်နေဆဲဖြစ်တယ်လို့သိရပြီး စစ်ဆေးပြီးပါက လုပ်ထုံးလုပ်နည်းအရသက်ဆိုင်ရာကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့ စင်းခန်းကျေးရွာ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဝင်ရောက်သိမ်းပိုက်စဥ် ရဲစခန်း၊ ကာကင်းဂိတ်နေရာတွေက စစ်ကောင်စီတပ်သားများ၊စင်းခန်းချောင်းကူးတံတားတွေမှာ အထိုင်ချထားတဲ့စစ်ကောင်စီစစ်သားတွေဟာ ရွာနဲ့တစ်မိုင်ကျော်ဝေးတဲ့ ဥဒေါင်းတောင်ခေါ် တာဝါတိုင်ကုန်းတပ်စခန်းထဲကို ထွက်ပြေးသွားကြတာဖြစ်ပါတယ်။ ဒါပေမယ့် တာဝါတိုင်းကုန်းတပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ ညနေပိုင်းမှာ ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် တာဝါတိုင်ကုန်းမှာရှိနေတဲ့ စစ်ကောင်စီစစ်သား၊ရဲနဲ့ပျူစောထီးတွေ စုပေါင်းအင်အား ၈၀ ဝန်းကျင်ဟာ ညတွင်းချင်း ရွှေကူနယ် တောတောင်တွေထဲကို ထွက်ပြေးသွားပြီး KIA ပူးပေါင်းတပ်ကလည်း လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ပထမကတော့ထွက်ပြေးသွားတဲ့အဲ့အဖွဲ့က ရွှေကူတပ်ထဲကိုရောက်နေပြီဆိုပြီး ဆိုက်ဝါးသတင်းဖြန့်တာတကယ်တော့မရောက်သွားဘူး ဥဒေါင်းတောင်ခြေတစ်ဝိုက်မှာပဲပျောက်နေတယ်။ ဘယ်နေရာမှာပျောက်နေလဲတော့မသိဘူးအဲ့တစ်ဝိုက်မှာက လှိုင်ဂူတွေလည်းပေါတယ်။ လှိုင်ဂူတွေထဲအောင်းနေတာဖြစ်မယ် မနေ့ကဒီကနေ့စစ်ကြောင်းတစ်ကြောင်းတော့တက်သွားတယ် သူတို့ရှာဖို့ဆိုပြီး”လို့ ရွှေကူ KPDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။ မေလ ၁၂ ရက်နေ့ စစ်ကောင်စီစစ်သားနှစ်ဦးကို ဖမ်းဆီးရမိတဲ့ ဇင်းဘုံကျေးရွာဟာ ဥဒေါင်းတောင်ခေါ် တာဝါတိုင်ကုန်းရဲ့တောင်ခြေမှာရှိတာဖြစ်ပြီး ကျန်ရှိနေတဲ့စစ်သားတွေလည်း အဲ့ဒီတောင်ခြေ တစ်ဝိုက်မှာပဲပျောက်ဆုံးနေတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် စင်းခန်းကျေးရွာစခန်းသိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒေသခံပြည်သူတွေထဲက အများပိုင်းဟာ မေလ ၁၀ ရက်နေ့လောက်ကတည်းက နေရပ်ပြန်ဝင်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ဗန်းမော်ခရိုင်ထဲက ဗန်းမော်မြို့အပါ မံစီ၊မိုးမောက်မြို့တွင်းထဲက စစ်ကောင်စီအထိုင်တပ်တွေနဲ့ရဲစခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံပြည်သူ ထောင်ချီလည်းထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ By – Zaw Zaw

    Read More »
  • 7 May
    သတင်း

    မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ ဗျူဟာမြောက်တပ်စခန်းအားလုံးနီးပါး KIA တိုက်ခိုက်နေ

    ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ၁၀ နေရာလောက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ မြို့နယ် ၃ ခုက ဗန်းမော်မြို့နယ် ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာ၊ မိုးမောက်မြို့တွင်းတပ်နဲ့ မံစီမြို့တဝိုက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြို့နယ် ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်း ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာကို KIA က သိမ်းပိုက်လိုက်ပြီးတော့ ကျန်ရှိတဲ့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မိုးမောက်နဲ့ မံစီက တိုက်ပွဲပြင်းထန်နေတုန်းပဲ။ မိုးမောက်မှာဆိုရင် မြို့တွင်းထဲမှာကို တိုက်ပွဲဖြစ်ပွားနေတာ။ စင်းခန်းက ရွာတစ်ခုလုံးကို သိမ်းထားပြီ။ တံတား ဟိုဘက်ခြမ်း ဒီဘက်ခြမ်း စစ်တပ်စခန်းအားလုံးကို သိမ်းထားပြီ။ အခုက ရွာအပြင်မှာရှိတဲ့ တာဝါတိုင်စခန်းအနည်းငယ်ကျန်သေးတယ်”လို့ပြောပါတယ်။ စင်းခန်းရွာထဲမှာအထိုင်ချထားတဲ့ ရဲစခန်းအပါ၊ တပ်စခန်းနေရာတွေကို KIA သိမ်းပိုက်ထားပြီ လက်ရှိ ၁၀ နာရီဝန်းကျင်အထိ ရွာအပြင် တာဝါတိုင်တပ်စခန်းနေရာကို အပြီးသတ်ရှင်းလင်းဖို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ မိုးမောက်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ အားလုံးနီးပါးခန့်က မြို့တွင်းရပ်ကွက်တွေမှာ နေရာယူပုန်းရှောင်သွားတဲ့အတွက် မြို့တွင်းမှာတင် ၂ ဖက်တပ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ KIA တပ်တွေက မိုးမောက်မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နဲ့ မြို့တွင်း ၂ နေရာမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဘက်ကို ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ စစ်တပ်ဘက်ကနေ ဂျက်လေယာဉ် တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တာကြောင့် မြို့တွင်းထိခိုက်ပျက်စီးတာတွေရှိသလို ဒေသခံတွေလည်း ကိုယ်လွတ်ထွက်ပြေးနေကြဆဲဖြစ်တယ်လို့ မိုးမောက်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “တိုက်ပွဲက ဒီကမနက် ၆ နာရီလောက်ကဖြစ်ပြီ။ ပြည်သူတစ်ချို့က ထွက်ကြပြီလို့ ပြောတယ်။ တစ်ချို့က မြို့ထဲမှာ ကျန်နေသေးတယ်လို့လည်းကြားတယ်။ အားလုံးက တစ်ကွဲတပြားဖြစ်ကုန်ပြီ။ စစ်သားတွေအကုန်လုံးက မြို့ထဲကို ဝင်ပြေးသွားပြီဖြစ်တဲ့အတွက် မြို့ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပြီ”လို့ပြောပါတယ်။ မံစီမြို့မှာလည်း ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ မံစီ ခမရ ၆၀၁ တပ်ရင်းအနောက်မှာရှိတဲ့ ကာကင်းတပ်စခန်းကြီးနေရာမှာ ၂ ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့မံစီဒေသခံတွေကပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ၃ နေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုအသေးစိတ်ကို သိရှိဖို့ရန် ခက်ခဲနေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Apr- 2023 -
    29 April
    စစ်ပြေးဒုက္ခသည်များ

    ဗန်းမော်တွင် ကျေးရွာ ၃ ရွာမှ စစ်ရှောင်ပြည်သူများအတွက် စစ်ရှောင်အကူအညီများအရေးပေါ်လိုအပ်နေ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၃ ခုမှ စစ်ကြောင်ပြည်သူများအတွက် စစ်ရှောင်အကူအညီများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။ ဧပြီလ ၂၆ ရက်နေ့မှစတင်ကာ တိုက်ပွဲကြောင့် ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ခဲမနိုင်၊…

    Read More »
Back to top button