လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စင်းခန်းနဲ့ ခူးလီကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၇ ဦးသေဆုံး

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက စင်းခန်းနဲ့ ခူးလီ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦးခန့်ထိခိုက် သေဆုံးမှုရှိခဲ့ပါတယ်။

KIA ရဲ့ သိမ်းပိုက်နယ်မြေဖြစ်တဲ့ စင်းခန်းနဲ့ ခူးလီကျေးရွာ  စစ်ကောင်စီတပ်က မတ်လ ၁၈ ရက်နေ့ မနက်ပိုင်း ၁၂ နာရီနဲ့  နာရီဝန်းကျင်ကြား တပြိုင်နက်ထဲဗုံးကြဲတိုက်ခိုက်သွား တာကြောင့် စင်းခန်းကျေးရွာက  ဦးသေဆုံးပြီး ခူလီကျေးရွာကအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနက်အစောပိုင်း ခူးလီကျေးရွာကို ဗုံးကြဲသွားပြီးနောက် စင်းခန်းကျေးရွာကို ဗုံးကြဲသွားတာကြောင့် ကျေးရွာ နှစ်ခုက အရပ်သား  ဦးသေဆုံးပြီး  ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စင်းခန်းဒေသခံနဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။

ခူးလီကျေးရွာမှာလည်း လေယာဉ်ဗုံးကျတယ်။ လဖိုင်လုဘူဆိုတဲ့ အမျိုးသမီးတစ်ဦးဆုံးသွားတယ်။ စင်းခန်းမှာလည်းကျတယ်။ အဲ့မှာက အရပ်သား   ဦးနဲ့ KIA တပ်သား ၂ ဦး ဆုံးသွားတယ်။လို့ပြောပါတယ်။

စင်းခန်းကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ KIA တပ်သားနှစ်ဦးဖြစ်တဲ့ ဒရှီလဆိုင်း၊ အင်ခွမ်ဆွတ်ထွယ်ကွမ်လီ နဲ့ ဒေါ်ဝါဝါခိုင်၊ မိတွယ်တာဝင်း၊ အိုင်ကြောနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ခူးလီ ကျေးရွာတိုက်ခိုက်ခံရမှုမှာ ဒေါ်လဖိုင်လုဘူဆိုသူ စုစုပေါင်း  ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

စစ်တပ်ရဲ့ လေယာဉ်ဗုံးကြောင့်  ဦးသေဆုံးခဲ့တဲ့အပြင် အသက် ၅၃ နှစ်အရွယ် ဦးမောင်ထွန်း၊ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်လှ၊ အသက် ၇၀ အရွယ် ဒေါ်သန်းတင်၊ အသက် ၄၆ နှစ်အရွယ် ဦးဖုန်စတဲ့ အရပ်သား  ဦးနဲ့ KIA တပ်သား  ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စင်းခန်းနဲ့ ခူးလီကျေးရွာတွေမှာ တိုက်ပွဲနယ်မြေဖြစ်တဲ့ ဗန်းမော်မြို့နယ်ထဲကကျေးရွာဖြစ်ပေမယ့် အဲဒီကျေးရွာတွေ မှာ ပြီးခဲ့တဲ့ ၂၀၂၄ မတ်လတွင်း KIA သိမ်းပိုက်လိုက်ကတည်းက တိုက်ပွဲမရှိတောတဲ့ နေရာတွေဒေသဖြစ်ပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

စင်းခန်းက လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ မြစ်ကူးလမ်းတံတားတစ်ခုဖြစ်တယ်။ ပြီးရင် စစ်ကောင်စီတပ်တွေ လက်လွတ်လိုက်ရတဲ့ နေရာလည်းဖြစ်ပါတယ်။ နောက် တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်နဲ့လည်း နီးတဲ့နေရာလည်းဖြစ်ပါတယ်။ အဲ့ကြောင့် ဗုံးကြဲတာလို့ပဲမြင်ပါတယ်။ အဓိက ဗန်းမော်တိုက်ပွဲအတွက် လာပစ်တာလည်းဖြစ်နိုင်တယ်။ စင်းခန်းတံတားမှာလည်း KIA ဘက်က ပုံမှန်သွားလာနေတဲ့ နေရာလည်းဖြစ်တယ်။ ဒါကြောင့် သတင်းရတာလည်းဖြစ်နိုင်ပါတယ်လို့ပြောပါတယ်။

လေယာဉ်ဗုံးကြဲခံရတဲ့ စင်းခန်းကျေးရွာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာလည်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် အရပ်သားပြည်သူ  ဦး သေဆုံးပြီး  ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

စင်းခန်းကျေးရွာဟာ ဗန်းမော်မြို့ရဲ့ တောင်ဘက်ခြမ်း ၁၂ မိုင်ခန့်အကွာမှာရှိပြီးတော့ ဒူးလီကျေးရွာက ဒေါ့ဖုန်းယန်ကျေးရွာအနီး အနောက်ဘက်ခြမ်းမှာရှိတဲ့ ရှမ်းလူမျိုးတွေ အများဆုံးနေထိုင်ကြတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။

တစ်ဖက်မှာ နှစ်လ ဝန်းကျင်ခန့်အကြာ မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်တွေဟာ ဗန်းမော်လက်မလွတ်ရေးအတွက် နေ့စဉ် လေကြောင်း၊ ဒရုန်းတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button