ဖမ်းဆီးခံရမှုသတင်း

စင်းခန်းကနေထွက်ပြေးလာတဲ့ စစ်တပ်က အရာရှိတစ်ဦးနဲ့တပ်သားတစ်ဦး KIA ပူးပေါင်းတပ်ဖမ်းဆီးရမိ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် အရာခံဗိုလ်တစ်ဦးနဲ့တပ်သားတစ်ဦးကို ရွှေကူနယ်ထဲမှာ ဖမ်းဆီးထားရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ကနေ သိရပါတယ်။

မေလ  ရက်နေ့ စင်းခန်းကျေးရွာ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း၊ ကာကင်းစခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIAKPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်စဥ် စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အထဲက အရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးကို မေလ ၁၂ ရက်နေ့မွန်းလွှဲ  နာရီခွဲဝန်းကျင်မှာ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

ဖမ်းတာက ဒီဘက်ကျွန်တော်တို့ LPDF တွေကဖမ်းမိလိုက်တာ သူတို့နှစ်ယောက်က အရပ်ဝတ်နဲ့ထွက်လာတာဟုတ်တယ် ရွာထဲမှာဖမ်းလိုက်မိတာ အရာခံဗိုလ်တစ်ယောက်၊တပ်သားတစ်ယောက်ပါတယ် ခုတော့စစ်ဆေးနေတုန်းလို့ သူကပြောပါတယ်။

ဖမ်းဆီးရမိတဲ့စစ်ကောင်စီစစ်သားနှစ်ဦးကို သက်ဆိုင်ရာအဖွဲ့တွေက စိစစ်နေဆဲဖြစ်တယ်လို့သိရပြီး စစ်ဆေးပြီးပါက လုပ်ထုံးလုပ်နည်းအရသက်ဆိုင်ရာကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မေလ  ရက်နေ့ စင်းခန်းကျေးရွာ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဝင်ရောက်သိမ်းပိုက်စဥ် ရဲစခန်း၊ ကာကင်းဂိတ်နေရာတွေက စစ်ကောင်စီတပ်သားများ၊စင်းခန်းချောင်းကူးတံတားတွေမှာ အထိုင်ချထားတဲ့စစ်ကောင်စီစစ်သားတွေဟာ ရွာနဲ့တစ်မိုင်ကျော်ဝေးတဲ့ ဥဒေါင်းတောင်ခေါ် တာဝါတိုင်ကုန်းတပ်စခန်းထဲကို ထွက်ပြေးသွားကြတာဖြစ်ပါတယ်။

ဒါပေမယ့် တာဝါတိုင်းကုန်းတပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်တွေက မေလ  ရက်နေ့ ညနေပိုင်းမှာ ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် တာဝါတိုင်ကုန်းမှာရှိနေတဲ့ စစ်ကောင်စီစစ်သား၊ရဲနဲ့ပျူစောထီးတွေ စုပေါင်းအင်အား ၈၀ ဝန်းကျင်ဟာ ညတွင်းချင်း ရွှေကူနယ် တောတောင်တွေထဲကို ထွက်ပြေးသွားပြီး KIA ပူးပေါင်းတပ်ကလည်း လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပထမကတော့ထွက်ပြေးသွားတဲ့အဲ့အဖွဲ့က ရွှေကူတပ်ထဲကိုရောက်နေပြီဆိုပြီး ဆိုက်ဝါးသတင်းဖြန့်တာတကယ်တော့မရောက်သွားဘူး ဥဒေါင်းတောင်ခြေတစ်ဝိုက်မှာပဲပျောက်နေတယ်။ ဘယ်နေရာမှာပျောက်နေလဲတော့မသိဘူးအဲ့တစ်ဝိုက်မှာက လှိုင်ဂူတွေလည်းပေါတယ်။ လှိုင်ဂူတွေထဲအောင်းနေတာဖြစ်မယ် မနေ့ကဒီကနေ့စစ်ကြောင်းတစ်ကြောင်းတော့တက်သွားတယ် သူတို့ရှာဖို့ဆိုပြီးလို့ ရွှေကူ KPDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

မေလ ၁၂ ရက်နေ့ စစ်ကောင်စီစစ်သားနှစ်ဦးကို ဖမ်းဆီးရမိတဲ့ ဇင်းဘုံကျေးရွာဟာ ဥဒေါင်းတောင်ခေါ် တာဝါတိုင်ကုန်းရဲ့တောင်ခြေမှာရှိတာဖြစ်ပြီး ကျန်ရှိနေတဲ့စစ်သားတွေလည်း အဲ့ဒီတောင်ခြေ တစ်ဝိုက်မှာပဲပျောက်ဆုံးနေတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် စင်းခန်းကျေးရွာစခန်းသိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒေသခံပြည်သူတွေထဲက အများပိုင်းဟာ မေလ ၁၀ ရက်နေ့လောက်ကတည်းက နေရပ်ပြန်ဝင်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဗန်းမော်ခရိုင်ထဲက ဗန်းမော်မြို့အပါ မံစီ၊မိုးမောက်မြို့တွင်းထဲက စစ်ကောင်စီအထိုင်တပ်တွေနဲ့ရဲစခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံပြည်သူ ထောင်ချီလည်းထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button