တိုက်ပွဲသတင်း

မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ ဗျူဟာမြောက်တပ်စခန်းအားလုံးနီးပါး KIA တိုက်ခိုက်နေ

ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့အပါ မြို့နယ်  ခုမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ၁၀ နေရာလောက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။

KIA ပူးပေါင်းတပ်တွေက မေလ  ရက်နေ့ မနက်ပိုင်း  နာရီခန့်ကနေ မြို့နယ်  ခုက ဗန်းမော်မြို့နယ် ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာ၊ မိုးမောက်မြို့တွင်းတပ်နဲ့ မံစီမြို့တဝိုက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

မြို့နယ်  နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်း ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာကို KIA က သိမ်းပိုက်လိုက်ပြီးတော့ ကျန်ရှိတဲ့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

မိုးမောက်နဲ့ မံစီက တိုက်ပွဲပြင်းထန်နေတုန်းပဲ။ မိုးမောက်မှာဆိုရင် မြို့တွင်းထဲမှာကို တိုက်ပွဲဖြစ်ပွားနေတာ။ စင်းခန်းက ရွာတစ်ခုလုံးကို သိမ်းထားပြီ။ တံတား ဟိုဘက်ခြမ်း ဒီဘက်ခြမ်း စစ်တပ်စခန်းအားလုံးကို သိမ်းထားပြီ။ အခုက ရွာအပြင်မှာရှိတဲ့ တာဝါတိုင်စခန်းအနည်းငယ်ကျန်သေးတယ်လို့ပြောပါတယ်။

စင်းခန်းရွာထဲမှာအထိုင်ချထားတဲ့ ရဲစခန်းအပါ၊ တပ်စခန်းနေရာတွေကို KIA သိမ်းပိုက်ထားပြီ လက်ရှိ ၁၀ နာရီဝန်းကျင်အထိ ရွာအပြင် တာဝါတိုင်တပ်စခန်းနေရာကို အပြီးသတ်ရှင်းလင်းဖို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။

မိုးမောက်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ အားလုံးနီးပါးခန့်က မြို့တွင်းရပ်ကွက်တွေမှာ နေရာယူပုန်းရှောင်သွားတဲ့အတွက် မြို့တွင်းမှာတင်  ဖက်တပ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

KIA တပ်တွေက မိုးမောက်မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နဲ့ မြို့တွင်း  နေရာမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဘက်ကို ဒီကနေ့ မနက်ပိုင်း  နာရီလောက်မှာ စစ်တပ်ဘက်ကနေ ဂျက်လေယာဉ် တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တာကြောင့် မြို့တွင်းထိခိုက်ပျက်စီးတာတွေရှိသလို ဒေသခံတွေလည်း ကိုယ်လွတ်ထွက်ပြေးနေကြဆဲဖြစ်တယ်လို့ မိုးမောက်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

တိုက်ပွဲက ဒီကမနက်  နာရီလောက်ကဖြစ်ပြီ။ ပြည်သူတစ်ချို့က ထွက်ကြပြီလို့ ပြောတယ်။ တစ်ချို့က မြို့ထဲမှာ ကျန်နေသေးတယ်လို့လည်းကြားတယ်။ အားလုံးက တစ်ကွဲတပြားဖြစ်ကုန်ပြီ။ စစ်သားတွေအကုန်လုံးက မြို့ထဲကို ဝင်ပြေးသွားပြီဖြစ်တဲ့အတွက် မြို့ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပြီလို့ပြောပါတယ်။

မံစီမြို့မှာလည်း ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ မံစီ ခမရ ၆၀၁ တပ်ရင်းအနောက်မှာရှိတဲ့ ကာကင်းတပ်စခန်းကြီးနေရာမှာ  ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့မံစီဒေသခံတွေကပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်  နေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုအသေးစိတ်ကို သိရှိဖို့ရန် ခက်ခဲနေဆဲဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button