စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး
,
စစ်ကိုင်းတိုင်းဒေသ ထီးချိုင့်မြို့ပေါ်ရှိ ဘောလုံးကွင်းတွင် စစ်ကြောင်းထိုးပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက် ၂ဦးထက်နည်း သေဆုံးပြီး ၅ဦးထက်နည်း ခြေပြတ်လက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင်ခန့်တွင် ထီးချိုင့်မြို့လယ် ဘောလုံးကွင်းတွင် စစ်အင်အား ၇၀ ခန့် အနားယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ ကြိုတင်စီစဉ်ထားသည့် ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ တန်ပြန်ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦး
အရာတော်မြို့နယ် ဆင်တလည်ကျေးရွာမှ နေအိမ် ၃၇ လုံးကို ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀နာရီ ဝန်းကျင်က စစ်ကောင်စီ တပ်သားများ နှင့် ပျူစောထီးအဖွဲ့များ ဝင်ရောက်စီးနင်းကာ မီးရှို့သွားကြောင်း Ayadaw Bone Naing PDF ထံမှ သိရသည်။ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ဆင်တလည်ရွာကို လက်နက်ကြီး ၁၅ လုံး ခန့် ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး နေအိမ်များကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ချက်ချင်းပြန်ထွက်ခွာသွားကြောင်း
ဆွမ်ပရာဘွမ်မြို့နယ် ခဂရန်းယန်ကျေးရွာ ကျေးလက်ဆေးခန်းမှ CDM ကျန်းမာရေးဝန်ထမ်း ဆရာမများ၏ သော့ခတ်ထားသည့် အိပ်ဆောင်ကို စစ်ကောင်စီ တပ်သားများ ရိုက်ဖွင့်ခဲ့ပြီး အခန်းတွင်းပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများထံ မှ သိရသည်။ မြစ်ကြီးနား မှ ပူတာအိုဘက်သို့ တက်လာသည့် စစ်ကောင်စီတပ် စစ်ရိက္ခာသယ်ယဉ်တန်းသည် ဆွမ်ပရာဘွမ် မြို့နယ် ခဂရန်းယန်ကျေးရွာတွင် မေလ ၁၆ ရက်နေ့က စတင်ဝင်ရောက်ခဲ့ပြီး ခဂရန်းယန်ကျေးရွာအတွင်းရှိ စာသင်ကျောင်း ၊ ကျေးလက်ဆေးခန်း နှင့် လူနေအိမ်များတွင်