,
မိုးမောက်မြို့တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာနေသောကြောင့် နှစ်ဖက်တပ်ကြားတွင် ရှိနေသော ဒေသခံ ၃၀၀ ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေသည်ဟု သိရသည်။ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဗန်းမော်မြို့မှ စစ်ကောင်စီ ခမရ ၄၃၇ အင်အား ၂၀၀ ကျော် ဝင်ရောက်လာပြီး လက်ရှိ မိုးမောက်မြို့ ခါနန်ရပ်ကွက်အရှေ့ခြမ်း နှင့် အနောက်ခြမ်းတွင်ရှိသော KIA နှင့် ထိပ်တိုက်အနေအထားရှိနေသောကြောင့်တိမ်းရှောင်ရခြင်းဖြစ်သည်ဟု မိုးမောက်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ''အခုက တစ်ဖက်နဲ့ တစ်ဖက် စောင့်ကြည့်နေကြတဲ့အနေအထားပေါ့။ သူတို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကွာအဝေး ပေ ၄၀၀ လောက်ပဲ ရှိတယ်ဗျ။ ခါနန်ရပ်ကွက်က အိမ်တွေနဲ့ ဝဝမ်ရွာက
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ပျဥ်ထောင်ကျေးရွာတွင် ပျူစောထီး၊ စစ်ကောင်စီ ပူးပေါင်းတပ် နှင့် နယ်မြေခံ ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့က ပျဥ်ထောင်ကျေးရွာတွင် ရောက်ရှိနေသော ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့များကို နယ်မြေခံကာကွယ်ရေးတပ်များမှ ဒရုန်းဖြင့်ပစ်ခတ်ခဲ့ပြီးနောက် တဲစုကျေးရွာ ဦးတည်လာတဲ့ အင်အား ၄၀ ပါ စစ်ကြောင်းနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရောင်နီပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ပျဥ်ထောင်ရွာက ပျူတွေ လုံခြုံရေးယူနေတဲ့အချိန် မြို့နယ် ပကဖက ဒရုန်းနဲ့ပစ်တယ် အောင်တော့မအောင်မြင်ခဲ့ဘူး။ အဲ့မှာအင်အား ၄၀
ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် တပ်စွဲထားနေထိုင်သော စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကျေးရွာအတွင်း ပိတ်မိနေသော ဒေသခံ အမျိုးသား ၆ ဦးကို သတ်ဖြတ်ကာ ဥရုချောင်းထဲ ပစ်ချလိုက်သည်ဟု ထွက်ပြေး လွတ်မြောက်လာသူများထံ မှ သိရသည်။ “ဆယ်ဇင်းမှာ ကျန်ရှိနေတဲ့ ပြည်သူ ၆ယောက်ကို သေနတ်နဲ့ ပစ်သတ်ပြီး ဥရုချောင်းထဲပစ်ထည့်လိုက်တယ်။ အဲ့ဒီ ပစ်သတ်လိုက်တဲ့ ၆ယောက်ကို သူတို့က ဆယ်ဇင်းမှာ ပြည်သူတွေပစ်ထားခဲ့တဲ့ ပြည်သူပိုင် တန်ဖိုးရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ဘန့်ဘွေးကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုတွင် အထိနာခဲ့သည့်အတွက် စစ်အင်အားအလုံးအရင်းဖြင့် ထပ်မံ အင်အားဖြည့်တင်နေဆဲ ဖြစ်ကြောင်း သိရသည်။ ဩဂုတ် ၂၂ ရက်နေ့ နံနက် ၅နာရီဝန်းကျင် ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၅၀ ထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကာ လက်ရှိတွင် စစ်အင်အား ၁၀၀ ကျော်ခန့် ထံမံ ဖြည့်တင်းလာကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး KNG ကိုပြောသည်။ “တိုက်ပွဲဖြစ်တဲ့ညမှာပဲ ကသာဘက်ကနေ ဧရာဝတီမြစ်ကြောင်း ကနေ စစ်အင်အား ၇၀ လောက်ပြန်ဖြည့်လာတယ်။ ပြီးတော့ မနေ့က နေ့လည်ပိုင်းလည်း ကသာဘက်ကနေ အင်အား
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့နံနက် ၂နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဆယ်ဇင်းကျေးရွာတွင် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် SNA တပ်စခန်း ၂ခုကို KIA က သွားရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA နှင့် နီးစပ်သည့် မိုင်းနှောင် ဒေသခံပြည်သူ အမျိုးသားတစ်ဦးက KNG
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာတွင် ၄ ရက်ကြာ တပ်စွဲနေထိုင်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်အဆင့် တစ်ဦးနှင့် တပ်သားအဆင့် ၂၅ ဦး သေဆုံးခဲ့သည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) မှ သိရသည်။ ဇူလိုင်လ ၂၈ ရက်နေ့ စစ်ကောင်စီတပ်များသည် ဒီပဲယင်း မှ ရေဦးမြို့နယ် တင်းတိမ်ရံ ကျေးရွာသို့ အင်အား၁၄၀ ဖြင့် ဦးတည်လာစဥ်
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ရေခါးကျေးရွာတွင် စစ်ကြောင်းထို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အသက် ၁၁နှစ်အရွယ်ရှိ ကလေး ငယ် ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသကာကွယ်ရေးတပ်မှ သိရသည်။ ယနေ့ နံနက် ၈နာရီဝန်းကျင် စစ်အင်အား ၂၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဆားလင်းကြီးမြို့မှ ရေခါးကျေးရွာအနောက်ဘက် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာတွင် ရေခါးကျေးရွာမှ ဆိတ်ကျောင်းနေသည့် ၁၁ နှစ်အရွယ် ကလေးငယ် ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည်ဟု လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားနေ သောကြောင့် ယနေ့ တစ်ရက်အတွင်း စစ်ကောင်စီတပ်ဘက် ဂျက်လေယာဉ်ဖြင့် ၃ကြိမ်ထက်မနည်း လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း ဒေသခံများထံမှသိရသည်။ တာမခန်ဘက်မှ ဆယ်ဇင်းဘက်သို့ စစ်ကြောင်း ၂ခုဖြင့် ဆင်းလာသည့် စစ်ကောင်စီတပ်ကို ဆယ်ဇင်းကျေးရွာအနီး ချမ်းသာကျေးရွာ ရွာထိပ် နားတွင် KIA က ကြားဖြတ် ဝန်းရံပိတ်ဆို့ထားကာ တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်ဘက် လေကြောင်းလိုင်း အသုံးပြုကာ လာရောက်တိုက်ခိုက်ခဲ့သည်ဟု
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထွက် မုဒ်ဝနားတွင် ဇူလိုင်လ ၁၄ ရက်နေ့ ဖမ်းဆီးခံလိုက်ရသည့် PDF လူငယ်ကို စစ်ကောင်စီတပ်သည် မြို့တွင်းရပ်ကွက်အတွင်း PDF များနေထိုင်သည့် နေရာများကို လိုက်လံပြခိုင်းနေကြောင်း တပ်နှင့် နီးစပ်သူများမှ သိရသည်။ "အရင်ကလို ဖုန်းကနေတစ်ဆင့် ကွင်းဆက်မလိုက်ဘူး။ PDF တွေရှိတဲ့နေရာ လိုက်ပြဖို့ နေရာတကာ ခေါ်သွားနေတာ ဟုတ်တယ်"ဟု တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ PDF အဖွဲ့များနေထိုင်သည့် ကွင်းဆက်များ ဖမ်းဆီးရန် မြစ်ကြီးနားမြို့ပေါ်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းချထားသည့် စစ်ကောင်စီတပ်သားများနှင့် မိုင်းရှာရန်ခြေလျင်လာသည့် တပ်ဖွဲ့များကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၇နာရီ ဝန်းကျင်က Peoples Defence Force South Monywa ပြည်သူ့ကာကွယ်ရေးတပ်က ပဒေသာမိုင် ၇လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ဦး သေဆုံးသွားသည်ဟု သိရသည်။ "ပထမ ၄ကောင်က အရင်ကင်းယူတဲ့သဘောနဲ့ရောက်လာတယ်။ တဲအတွင်းမှာ ၃ ကောင် အပြင်မှာ ၁ကောင်ပါကင်းချထားတယ်။