စစ်ကောင်စီတပ်
-
May- 2023 -15 Mayသတင်း
နန်းမားတွင် စစ်ကောင်စီတပ် ဝင်ရောက်လာသောကြောင့် ကျေးရွာ ၂ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
မိုးညှင်းမြို့နယ် နန်းမားမြို့ လက်ပံ တန်းကျေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့် လန်ပံတန်ရွာနဲ့ ကျားကြီးကွင်းကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နမ်းမားဒေသခံများထံမှ သိရသည်။ လက်ပံတန်းကျေးရွာတွင် အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် မေလ ၁၂ တွင် ကျေးရွာတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေမှုကြောင့် လက်ပံတန်းကျေးရွာနှင့် လက်ပံတန်းရွာအနီးရှိ ကျားကြီးကွင်း ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နန်းမားဒေသခံတစ်ဦးက KNG ကို ပြောသည်။ “စစ်ကြောင်းက ရွာထဲမှာတပ်စွဲနေတာ သုံးရက်ရှိပြီ ခုထိ မထွက်သေးဘူး။ ဘယ်ကိုစစ်ကြောင်းထိုးချင်တာ လဲမသိဘူး။ ရွာသားတွေကတော့ ထွက်ပြေးနေရတာပေါ့။ စစ်ကြောင်းဝင်လာကတည်းက။ တချို့က မိုးညှင်းမြို့ထဲမှာ တချို့ကတော့ ဘီလူးမြို့တို့ ကျိုးကုန်းရွာတို့ဘက်ကိုရှောင်နေကြတယ်”ဟု…
Read More » -
Apr- 2023 -22 Aprilတိုက်ပွဲ
စစ်တပ်ဖမ်းဆီးသွားသော Maden Yang ကျေးရွာသားများကို ပြန်မလွတ်သေးဘဲ နောက်ထပ်ကျေးရွာများသို့ စစ်ကြောင်းထိုးနေ
ဖားကန့်မြို့နယ် မှော်ဘုံကျေးရွာတွင် စစ်ကောင်စီဖမ်းဆီးသွားသည့် အရပ်သားများ လွတ်မြောက်လာခြင်းမရှိသေးသည့်အပြင် စစ်ကောင်စီတပ်သည် မှော်ရှန်၊ ကံဆီးနှင့် ဆန်ခါဘက်သို့ ဆက်လက်ပြီး စစ်ကြောင်းထိုးနေသည်ဟု သိရသည်။ ဧပြီလ ၂၁ ရက်နေ့ မနက် ၄ နာရီအချိန်တွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် Maden Yang (မှော်ဘုံ) ကျေးရွာကို ဝင်ရောင်စီးနင်းခဲ့ပြီး…
Read More » -
Feb- 2023 -14 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
မှော်စီစာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများ အမျိုးသမီးတစ်ဦးကိုပစ်သတ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာ ကျေးရွာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများမှ အမျိုးသမီးတစ်ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများမှ သိရသည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် မှော်စီဆာတာဝါကုန်းအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများသည်…
Read More » -
Jan- 2023 -27 Januaryသတင်း
ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ တစ်သောင်းကျော်အတွက် အရေးပေါ်အကူညီ လိုအပ်နေကြောင်း သိရသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ စစ်အင်အား ၁၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရေဦးမြို့နယ် ဆည်ကြီး၊…
Read More » -
Dec- 2022 -20 Decemberသတင်း
အင်းတော်နယ် ဘုန်းကြီးကျောင်းတစ်ခုတွင် စစ်ကောင်စီသတ်ဖြတ်ထားသည့် အရပ်သား ၄ ဦး၏ အလောင်းတွေ့ရှိ
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပိန်းအင်းကျေးရွာဘုန်းကြီးကျောင်းဝန်းတွင် စစ်ကောင်စီ သတ်ဖြတ် မြှုပ်နှံထားသည့် အရပ်သားလေးဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၇ ရက်ည ပိန်းအင်းကျေးရွာအတွင်းသို့ ဝင်ရောက်တပ်…
Read More » -
8 Decemberသတင်း
ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေဆဲ
ထီးချိုင့်မြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သည် ကျေးရွာများကို မီးရှို့နေဆဲဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်များထံ မှ သိရသည်။ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ မြောက်ဘက်နှင့် အနောက်ဘက်ခြမ်းတွင် စစ်အင်အား ၃၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ၄ခုခွဲကာ ကျေးရွာ ၁၄ ရွာခန့်ကို ဝင်ရောက်မီးရှို့ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လောလောဆယ် စစ်ကြောင်းက အင်အား…
Read More » -
7 Decemberတိုက်ပွဲ
ဖားကန့် Maden Yang တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်မှုနှင့် သေဆုံးမှု ၅၀ ဦး ထက်မနည်းရှိ
ကချင်ပြည်နယ် ဖားကန့်မြို့ Maden Yang (မှော်ပုံ)ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူ ၅၀ ဦး ထက်မနည်းရှိကြောင်း ဒေသခံများမှ သိရသည်။ ဒီဇင်ဘာလ ၅…
Read More » -
5 Decemberသတင်း
ဖမ်းဆီးသွားသည့် ရွှေကူဒေသခံ ၁၃ ဦးအနက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသာ မိသားစုနှင့် အဆက်သွယ်ရ
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဆင်တပ်ကျေးရွာတွင် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ၁၃ ဦးကို လက်ရှိအချိန်ထိ ပြန်လွတ်ပေးခြင်း မရှိသေးသည့်အပြင် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးသာ မိသားစုဝင်များနှင့် အဆက်သွယ်ရသေးကြောင်း သိရသည်။ နိုဝင်ဘာ ၂၃ ရက်နေ့…
Read More » -
Nov- 2022 -19 Novemberတိုက်ပွဲ
အင်းတော်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော်သေဆုံး
အင်းတော်မြို့မြောက်ဘက် တောတွင်းတစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား တစ်ရက်တည်း ထိတွေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦးအပါအဝင် ၂၀ ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အင်းတော်မြို့တွင်းမှ မြောက်ဘက်တောထဲသို့ စစ်ကြောင်းထိုးတက်လာသည့်…
Read More » -
Oct- 2022 -10 Octoberသတင်း
စစ်ဘေးရှောင်ရင်း ဒေသခံ ၂ဦးမြွေကိုက်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဘေးလွတ်ရာတောဘက်သို့ ထွက်ပြေးတိမ်းရှောင်းခဲ့ရသည့် ဒေသခံ ၂ဦး မြွေကိုက်ခံမှုကြုံတွေ့ခဲ့ရကြောင်းသိရသည်။ မြွေကိုက်ခံရသူ ဒေသခံ ၂ဦးသည် အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်ကြပြီး…
Read More »